> 首页 > MFN

နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပဖို့ စီစဉ်နေ

လာမယ့်၂၀၂၃ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလမှာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ဖို့ လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးထည့်သွင်းကျင်းပတာမို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအငွေ့အသက်တွေ မပျောက်ပျက်အောင် စံနမူနာပြ ဆောင်ရွက်သွားမှာဖြစ်သလို သင်္ကြန်ပွဲတော်ကို ဘက်ပေါင်းစုံရှုထောင့်ပေါင်းစုံမှ စနစ်တကျသုံးသပ်စီမံနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

အခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်မှာ နေပြည်တော်ရှိဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဒေသနေပြည်သူများ ပျော်ရွှင်စွာဆင်နွှဲနိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းထားပါတယ်။

နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို ကုန်ခဲ့တဲ့ ၂၀၂၀၊ ၂၀၂၁ခုနှစ်တွေမှာ ကိုဗစ်-၁၉နဲ့ ပြည်တွင်းအခြေအနေတို့ကြောင့် မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာစပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: