> 首页 > MFN

ဆင်နဲ့ ဆင်စခန်းများရဲ့ သဘာဝအလှ အလွတ်တန်း ဓာတ်ပုံပြိုင်ပွဲ ကျင်းပမယ်

မြန်မာနိုင်ငံအတွင်းရှိ ဆင်နဲ့ဆင်စခန်းများရဲ့ သဘာဝအလှပေါ်လွင်စေမယ့် အလွတ်တန်းဓာတ်ပုံပြိုင်ပွဲကို ကျင်းပသွားမယ်လို့ မြန်မာ့သစ်လုပ်ငန်း (နေပြည်တော်)မှ သိရပါတယ်။

အဓိက ဆင်စခန်းတွေရဲ့ သဘာဝအလှတွေကို ထင်ဟပ်စေမယ့် သဘာဝကျကျ အလှဓာတ်ပုံတွေ၊ သာယာလှပတဲ့ ရှုမြင်ကွင်းများ ပေါ်လွင်စေတဲ့ ပြိုင်ပွဲဓာတ်ပုံများကို အကောင်းဆုံးရွေးချယ်ပြီးတော့ ပြပွဲများသီးသန့် ပြုလုပ်ပေးသွားမှာဖြစ်သလို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆင်များနဲ့ပတ်သက်တဲ့ သဘာဝအလှဓာတ်ပုံပြိုင်ပွဲကို မတ်လ၁ရက်ကနေ၃၀ရက်အတွင်း ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲဓာတ်ပုံတွေကို မတ်၁ရက်မှာ စတင်ပေးပို့ဖို့ ဖိတ်ခေါ်ထားပါတယ်။

နိုင်ငံတစ်ဝန်းရှိ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ဆင်စခန်းတွေထဲက ငလိုက်စခန်းသာ ဆင်စခန်း၊ ပလင်းကမ်းသာယာ ဆင်စခန်း၊ မန်းရွှေစက်တော်ရာ မန်းချောင်းဆင်စခန်း၊ ဝင်္ဂဘော်ဆင်စခန်း၊ ငွေဆောင်ဆင်စခန်း၊ မိုးမခဆင်စခန်း၊ ဖိုးကျားဆင်စခန်းနဲ့ (၇)မိုင်ဆင်ဆေးရုံတို့အတွင်း ဆင်စခန်းများရှိဆင်များရဲ့ ဆင်သဘာဝ၊ ဆင်အလှ၊ ဆင်စခန်းအလှ၊ တောတောင်ရေမြေ သဘာဝတို့နဲ့ ပတ်သက်တဲ့ဓာတ်ပုံများကို ရိုက်ကူးယှဉ်ပြိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ ဆင်စခန်းတွေကနေ ပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးရှိ ရေတာရှည်မြို့နယ်နဲ့ အုတ်တွင်းမြို့နယ်တို့မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: