> 首页 > MFN

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ဆင်ပြတိုက်သို့ ရုံးပိတ်ရက်တွေမှာ လည်ပတ်သူ ၂ ဆခန့် မြင့်တက်နေ

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ရှိ ဆင်ပြတိုက်သို့ ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်သူ ၂ဆခန့် မြင့်တက်လာတယ်လို့ သိရပါတယ်။ ဆင်ပြတိုက်ကို ကုန်ခဲ့တဲ့ ၂၀၂၂ခုနှစ် မတ်လမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ ယင်းနှစ်ရဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတို့ရဲ့ ရုံးပိတ်ရက်တွေမှာ လာရောက်လည်ပတ်သူဟာ ၂၅၀၀ခန့်လောက်သာ ရှိခဲ့တာဖြစ်ပြီး ၂၀၂၃ခုနှစ် မတ်လ၁ရက်ထိကိုတော့ လာရောက်လည်ပတ်သူဦးရေ ၅၀၀၀လောက် ရှိခဲ့သလို ကြားရက်တွေမှာတော့ ၁၀၀၀ဦးရေခန့် ရှိတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ သိရပါတယ်။

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၅၀ခန့်ရှိပြီး၊ တိရစ္ဆာန်အကောင်ရေ ၁၄၀၀ခန့်ရှိကာ သဘာဝ သမိုင်းပြတိုက်အပြင် ဆင်ပြတိုက်ကိုပါ တိုးချဲ့ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ယင်းဆင်ပြတိုက်မှာ အများပြည်သူ လေ့လာကြည့်ရှုနိုင်ဖို့အတွက် အာရှဆင်များရဲ့ ပျံ့နှံ့ကျက်စားရာ ဒေသများနှင့် အလေ့အထ၊ မြန်မာနိုင်ငံတွင်း တောဆင်ရိုင်းများ ပျံ့နှံ့ကျက်စားပုံ အမူအကျင့်များနှင့် ၎င်းတို့ရဲ့ ခေတ်အဆက်ဆက် သမိုင်းကြောင်း အသေးစိတ်များကို လေ့လာကြည့်ရှု နိုင်ပါတယ်။

ဒါ့အပြင် ဆင်အစိတ်အပိုင်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ကျောက်ဖြစ်ရုပ်ကြွင်းများ၊ အရိုးစုရုပ်ပုံ၊ အစွယ်များ၊ ဆင်အစိတ်အပိုင်းများနဲ့ ပြုလုပ်ထားတဲ့ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများကို အသေးစိတ် အနီးကပ် လေ့လာနိုင်မှာ ဖြစ်သလို ဆင်များနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို လေ့လာဖတ်ရှုနိုင်ဖို့ စာအုပ်များ ထားရှိပေးထားကြောင်း သိရပါတယ်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထံ ဝင်ကြေးအနေနဲ့ လူကြီးတစ်ဦးကို ငွေကျပ်၂၅၀၀နဲ့ ကလေးတစ်ဦးကို ငွေကျပ် ၁၅၀၀ သတ်မှတ်ကောက်ခံနေသလို နိုင်ငံခြားသားများ ဝင်ရောက်ပါက လူကြီးတစ်ဦးကို ငွေကျပ်၇၀၀၀နဲ့ ကလေးတစ်ဦးကိုတော့ ငွေကျပ်၅၀၀၀ ကောက်ခံနေတာ ဖြစ်ပါတယ်။ သို့ပေမယ် ရဟန်း၊ သံဃာ၊ သီလရှင်များကိုတော့ အခမဲ့ ဝင်ရောက်ခွင့် ပြုထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: