> 首页 > MFN

ရန်ကုန်ရှိ CNG နဲ့ လေဆိပ် အငှားတက္ကစီ ယာဉ်အစီးရေ ၅၀၀ မှာ မီတာစနစ်နဲ့ ယာဉ်စီးခပေးချေနိုင်ဖို့စီစဉ်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ သင့်တင့်မျှတတဲ့ ယာဉ်စီးခပေးဆောင်နိုင်ရေးအတွက် CNGနဲ့ လေဆိပ်အငှားတက္ကစီ ယာဉ်အစီးရေ ၅၀၀မှာမီတာ တပ်ဆင်သွားဖို့ ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ထံမှ သိရပါတယ်။ 

၂၀၁၅ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး နည်းဥပဒေ၂၈(င)အရ အငှားတက္ကစီ ယာဉ်များမှာ မီတာများတပ်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားရှိတဲ့အပြင် ယာဉ်စီးခတွေကိုလည်း YRTCအနေနဲ့ တင်ပြအသိအမှတ်ပြုရမယ်လို့လည်း ပါရှိကြောင်း YRTCတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆိုထားပါတယ်။

ဒီအတွက်ကြောင့် ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ တက္ကစီအငှားယာဉ်စီးခတွေကို သင့်တင့်မျှတတဲ့ ယာဉ်စီးခနှုန်းထားဖြစ်အောင် မီတာစနစ်နဲ့ လုပ်ဆောင်သွားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမှာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ကနဦးPliot Project အနေနဲ့ အငှားတက္ကစီယာဉ် အစီးရေ၅၀၀အတွက် စီစဉ်ထားရှိပြီး အဓိကတပ်ဆင်သွားမှာက CNGတက္ကစီ အငှားယာဉ်တွေနဲ့ လေဆိပ်မှာပြေးဆွဲ ဝန်ဆောင်မှုပေးနေတဲ့ အငှားယာဉ်တွေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အထက်ပါ မီတာစနစ်နဲ့ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်မှာ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ စိတ်ချယုံကြည်စွာ စီးနင်းနိုင်ဖို့ အပြင် မီတာမတပ်ဆင်သေးတဲ့ အငှားတက္ကစီယာဉ်များလည်း တပ်ဆင်လာနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ဆိုထားပြန်ပါတယ်။ ကုန်ခဲ့တဲ့ ၂၀၂၂ခုနှစ်စာရင်းအရ YRTCအောက်မှာရှိတဲ့ City Taxiမှတ်ပုံတင်ထားတဲ့ အငှားယာဉ်စုစုပေါင်း ၆၅၀၀၀ကျော် ရှိနေတယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: