တတိယအကြိမ် ၂၀၂၃ ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လူသုံးကုန်ပစ္စည်းပြပွဲ (Hainan Expo) ကို ဧပြီ ၁၁ ရက်တွင် စတင်ကျင်းပမယ်
တတိယအကြိမ် ကျင်းပမယ့် ၂၀၂၃ခုနှစ် တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လူသုံးကုန်ပစ္စည်းပြပွဲ (2023China International Consumer Products Expo-Hainan Expo)ကို တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်၏ မြို့တော်ဟိုင်ခိုတွင် လာမယ့်ဧပြီလ၁၁ရက်မှ ၁၅ရက်နေ့အထိ ကျင်းပမယ်လို့ သိရှိရပါတယ်။
Hainan Expoဟာ အဓိကအမျိုးသား အဆင့်ပြပွဲကြီးလေးခုအနက်မှ တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဟိုင်နန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းကျင်းပသည့် ပြပွဲလည်းဖြစ်ပါတယ်။
အဆိုပါပြပွဲဟာ ဟိုင်နန်ပြည်နယ်၏ လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်း တည်ဆောက်ခြင်းအလုံးစုံ စီမံကိန်းနှင့် နိုင်ငံတော်ကောင်စီ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြခြင်းခံထားရတဲ့ ပြပွဲလည်းဖြစ်ပါတယ်။
၃ကြိမ်မြောက် Hainan Expoရဲ့ ဖွင့်ပွဲအခမ်းအနားကို ဧပြီလ၁၀ရက်နေ့တွင် ကျင်းပမှာဖြစ်ပြီး အဆိုပါပြပွဲဟာ စားသုံးသူထုတ်ကုန်များ၏ ခေါင်းစဉ်ဖြင့် ပထမဆုံးကျင်းပသော အမျိုးသားအဆင့်ပြပွဲလည်းဖြစ်ကာ အာရှ-ပစိဖိတ်ဒေသတွင် အကြီးမားဆုံးသော လူသုံးကုန်ပစ္စည်းပြပွဲလည်း ဖြစ်ပါတယ်။
၂၀၂၃ခုနှစ် Hainan Expoဟာ "ပိုမိုကောင်းမွန်သော ဘဝဖန်တီးရန် အခွင့်အလမ်းများကို မျှဝေပါ"ဟူသည့် ဆောင်ပုဒ်ဖြင့် အရည်အသွေးမြင့်ပြီး ဆန်းသစ်သော လူသုံးကုန်ပစ္စည်းများကို အဓိကထားပြသသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်းပြပွဲ ဧရိယာသည် စတုရန်းမီတာတစ်သိန်းဖြစ်ပြီး၊ စတုရန်းမီတာ ၈၀၀၀၀ဟာနိုင်ငံတကာပြပွဲ ဧရိယာဖြစ်ပါတယ်။
ပြပွဲတက်ရောက်ရန် ပြပွဲတက်ရောက်လိုသော ပွဲကျင်းပသူများ၊ ပညာရှင်များ၊ ကိုယ်စားလှယ်များ ဝင်ခွင့်အတွက် အွန်လိုင်းမှတ်ပုံတင်ခြင်းအား ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် စတင်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ယခုနှစ်ပြပွဲတွင် ယခင်နှစ်က ထုတ်ပေးထားသည့် အုပ်စုလိုက်ဧည့်သည် ဖြတ်သန်းခွင့်၊ ကျင်းပရေးကော်မတီ ဖြတ်သန်းခွင့် သို့မဟုတ် မီဒီယာဖြတ်သန်းခွင့် ကတ်များ ကိုင်ဆောင်ထားသူများသည် အဆိုပါကတ်အဟောင်းများကို ပြပွဲရဲ့တရားဝင် ဝက်ဘ်ဆိုဒ်တွင် ပြန်လည် reactivate ပြုလုပ်ကာ အသုံးပြုနိုင်မယ်လို့ သိရှိရပါတယ်။
Hainan Expoကို ၂၀၂၁ခုနှစ် မေလကပထမဆုံးအကြိမ် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၂၂ခုနှစ် ဇူလိုင်လတွင် ကျင်းပခဲ့တာဖြစ်ပါတယ်။
