> 首页 > MFN

မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုသူများလာပြီဖြစ်တဲ့ Viber AI Chart & Create Chatbot အသစ်

    မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဆက်သွယ်ရေး အက်ပလီကေးရှင်း (App)တစ်ခုဖြစ်တဲ့ Viberတွင် ဉာဏ်ရည်တု(AI) လုပ်ဆောင်ချက်ပါဝင်သော Chatbotအသစ် Viber AI Chart &Create ကို ယခုမတ်လဆန်းမှစလို့ မြန်မာနိုင်ငံအတွင်းမှာ အသုံးပြုသူ များပြားလာပြီဖြစ်တယ်လို့ သုံးစွဲသူများထံက သိရှိရပါတယ်။

အဆိုပါ ဉာဏ်ရည်တု လုပ်ဆောင်ချက်အသစ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းက စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ယင်းChatbotဟာ စာရိုက်ပြီးပုံများ ဖန်တီးပေးနိုင်သော ဉာဏ်ရည်တု Dell-Eနှင့် Davinci AI Generatorsများ၏ အကူအညီဖြင့် အသုံးပြုသူများ၏ မေးခွန်းများကို ဖြေဆိုခြင်းနှင့် စာသားဖြင့် ရေးဆွဲခိုင်းသော ပုံများကို အမှန်တကယ်ပုံများအဖြစ် ဖန်တီးရေးဆွဲပေးခြင်းကို လုပ်ဆောင်ပေးမှာ ဖြစ်တယ်လို့ Viberက ကြေညာထားပါတယ်။

လက်ရှိတွင် စာဖြင့်မေးခွန်းများ ရေးသားရာတွင် အင်္ဂလိပ်၊ စပိန်၊ ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ၊ ရုရှား၊ အာရပ်၊ ဂျာမနီ၊ ပိုလန်၊ ဟီးဘရူးစသည့် ဘာသာစကား၁၀မျိုးကိုသာ နားလည်ပြီး မြန်မာဘာသာအပါအဝင် မြန်မာလူမျိုးများနှင့် နီးစပ်သည့်၊ တရုတ်၊ ဂျပန်ဘာသာစကားများဖြင့်တော့ မေးမြန်းလို့ မရသေးဘူးလို့လည်း အသုံးပြုဖူးသူ အချို့ထံက သိရှိရပါတယ်။

Viber အသုံးပြုနေသူများအနေဖြင့် မည်သည့် Viber App ဗားရှင်းကို အသုံးပြုနေသည်ဖြစ်စေ အဆိုပါ AI Chart&Create ချန်နယ်ကို အလွယ်တကူ အသုံးပြုနိုင်ပြီး Appအတွင်း AI Chart&Createဟု ရိုက်၍ ရှာဖွေနိုင်မည်ဖြစ်ကာ လူမှုကွန်ယက်များတွင် မျှဝေလိုပါက https://vb.me/8ab600 လင့်ခ်ဖြင့် မျှဝေနိုင်မယ်လို့ Viberက ဆိုထားပါတယ်။

Rakuten Viber စီအီးအို Ofir Eyalက"အက်ပ်တွင် အသုံးပြုသူများအနေဖြင့် AI ကိရိယာများကို တိုက်ရိုက်ဝင်ရောက်ခွင့် ပေးထားပြီး သုံးစွဲသူများသည် ၎င်းတို့၏ ဖန်တီးမှုများသို့မဟုတ် အဖြေများကို လျင်မြန်စွာ မျှဝေနိုင်ပါတယ်။ မဝေးတော့သော အနာဂတ်တွင် ဝန်ဆောင်မှုများကို ဆက်လက်တိုးချဲ့ သွားပါမယ်"လို့ ပြောကြားထားပါတယ်။

လက်ရှိ အသုံးပြုနေသူများရဲ့ ပြောဆိုချက်များအရတော့ အဆိုပါ Chatbot ချန်နယ်သို့ ဝင်ရောက်လိုက်ပါက မေးခွန်းမေးရန်အတွက် Ask a Question၊ ပုံဆွဲခိုင်းရန်အတွက် Create Artနှင့် နမူနာမေးမြန်း/ ပုံဆွဲခိုင်းပုံများ လေ့လာရန်အတွက် InspireMeနှင့် သူငယ်ချင်းများထံ မျှဝေရန် Share with Friends စတဲ့ လုပ်ဆောင်ချက်တွေ ကို ပြုလုပ်နိုင်ပြီး ပုံမှန်စာပို့သကဲ့သို့ စာရိုက်၍ ကိုယ်ကြိုက်နှစ်သက်ရာကို ခိုင်းစေနိုင်တယ်လို့ သိရှိရပါတယ်။

မတ်လ ၁၃ရက်နေ့အထိ AI Chart& Create chatbotသို့ စာရင်းသွင်းသူ (၉၄,၀၀၀)ကျော်နှင့် ကြည့်ရှုသူ (၂၅၀,၀၀၀) ကျော်ရှိကြော င်းViberမှ ပြောကြားထားပါတယ်။


郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: