> 首页 > MFN

ဧပြီ ၁ ရက်မှ စပြီး ထိုင်း အခမဲ့ဗီဇာ ၁၄ ရက်သာ ခွင့်ပြုတော့မယ်

ထိုင်းနိုင်ငံအစိုးရဟာ အခမဲ့ဗီဇာ(Visa Free) သဘောတူညီမှုရရှိထားတဲ့ မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံများမှ နိုင်ငံသားများအား နေထိုင်ခွင့်Visa သက်တမ်းကို၁၄ရက်မှ ၄၅ရက်သို့ ကုန်ခဲ့တဲ့၂၀၂၂ အောက်တိုဘာ၁ရက်မှ စတင်တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး ဆိုက်ရောက်ဗီဇာ (Visa on Arrival) ရရှိထားသော နိုင်ငံသားများသည်လည်း ၃၀ရက်အထိ နေထိုင်ခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နေထိုင်ခွင့်ကာလ တိုးမြှင့်ပေးမှုကို ၂၀၂၃ခုနှစ်မတ်လ၃၁ရက်အထိ ခွင့်ပြုပေးခဲ့တာဖြစ်လို့ လာမယ့်ဧပြီ၁ရက်မှ စပြီးတော့Visa သက်တမ်းကို ယခင်အတိုင်း၁၄ရက်ပဲ ပြန်လည်ရရှိတော့မှာဖြစ်တယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာနိုင်ငံသံရုံးမှ သိရပါတယ်။

ဒါကြောင့်မို့လို ရက်ရှည်နေထိုင်လိုသူ မြန်မာနိုင်ငံသားများအနေနဲ့ ထိုင်းသံရုံး(ရန်ကုန်)မှာ ဗီဇာလျှောက်ထားပြီးတော့ ထိုင်းနိုင်ငံသို့ သွားရောက်နိုင်တယ်လို့လည်း သိရပါတယ်။

"ဧပြီ၁ရက်မှစပြီး အခမဲ့ဗီဇာသက်တမ်းကို ၁၄ရက်သို့လျှော့ချထားပေမယ့် ရက်ရှည်နေလိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာသံရုံးတွေကနေတဆင့် ရက်ပေါင်း၆၀အထိ နေထိုင်ခွင့်သက်တမ်းတိုးပြီး နေထိုင်လို့ရပါတယ်။ ယခင်က ထိုင်းနိုင်ငံအနေနဲ့ ၄၅ရက် ရက်ရှည်သတ်မှတ်ထားတာက မြန်မာသံရုံးမှာ ဗီဇာသက်တမ်းတိုးဖို့ အချိန်ရတယ်။ အခုဟာ၁၄ရက်ဖြစ်တော့ ရက်တိုသွားပြီ။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာသံရုံးက ဆက်သွယ်လို့မရတာတို့ ပိတ်တာမျိုးတွေဆိုရင်တော့ ထိုင်းမှာနေတဲ့ မြန်မာနိုင်ငံသားတွေ အခက်အခဲ ရှိသွားနိုင်တယ်"လို့ ထိုင်းရောက် မြန်မာနိုင်ငံသား တစ်ဦးမှ MFNဆက်သွယ်မေးမြန်းတာကို အခုလိုပြောပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: