မတ်လအတွင်း မြင့်တက်ခဲ့တဲ့ ရွှေဈေးကွက်အခြေအနေ
ကမ္ဘာ့ရွှေဈေးဟာဆိုရင် မတ်လရဲ့လအစပိုင်းမှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁,၈၃၀)ဝန်းကျင်ကနေ တရိပ်ရိပ်မြင့်တက်လာပြီး ယနေ့မတ်လ(၃၁)ရက်နေ့မှာတော့ တစ်အောင်စကို အမေရိကန်ဒေါ်လာ (၁,၉၇၅)ထိ မြင့်တက်လာခဲ့ပါတယ်။
အကယ်ဒမီ မီးလင်းရွှေဈေးဟာဆိုရင်လဲ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း(YGEA)မှ မတ်လ(၁)ရက်နေ့မှာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို (၂,၁၅၅,၉၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယနေ့မတ်လ (၃၁)ရက်နေ့မှာတော့ တစ်ကျပ်သားကို (၂,၃၂၆,၈၀၀)ကျပ်ထိ မြင့်တက်ခဲ့ပါတယ်။
ပြင်ပရွှေဈေးကွက်ထဲမှာတော့ အောက်ဖော်ပြပါဇယားအတိုင်း မတ်လ(၁)ရက်နေ့မှာတော့ ၁၆ပဲရည် တစ်ကျပ်သားကို (၂,၈၆၀,၀၀၀)ကျပ်ဝန်းကျင်ကနေ မတ်လ(၁၄)ရက်နေ့မှာ တစ်ကျပ်သားကို (၂,၉၀၀,၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ပြီး မတ်လ၁၈၊၁၉၊၂၀ ရက်နေ့တွေမှာတော့ တစ်ကျပ်သားကို (၂,၉၈၀,၀၀၀)ကျပ်အထိ ရောက်ရှိလာကာ ယနေ့မတ်လ (၃၁)ရက်နေ့မှာတော့ (၂,၉၄၂,၀၀၀)ကျပ် ဝန်းကျင်တန်းမှာ ရှိနေပါတယ်။