> 首页 > MFN

သင်္ကြန်ကာလအတွင်း ကျိုက်ထီးရိုးစေတီတော်ထံ ဘုရားဖူးခရီးသွားများလာရောက်လေ့ရှိလို့ တောင်တက်ကား အစီး ၁၅၀ ကျော် စီစဉ်ထား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ထံ သင်္ကြန်ကာလအတွင်း လာရောက်မယ့် ပြည်တွင်း၊ပြည်ပ ခရီးသွားများအတွက် တောင်တက်ကားအစီးရေ ၁၅၀ကျော်ကို စီစဉ်ထားရှိတယ်လို့ ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။

ဒါ့အပြင် ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်ခန်းများကိုလည်း ဖွင့်လှစ်ထားမှာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင် ဦးလှစိုးကပြောပါတယ်။

ကျိုက်ထီးရိုး စေတီတော်သို့ ပြည်တွင်း၊ပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှုဟာဆိုရင် ကုန်ခဲ့တဲ့၂၀၂၂ခုနှစ် အောက်တိုဘာလမှ ယခု၂၀၂၃ခုနှစ် မတ်လအထိကို ဘုရားဖူးခရီးသွားဦးရေ ၁၆၀,၀၀၀ကျော်လောက် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ် အောက်တိုဘာမှာ ပြည်တွင်း၊ ပြည်ပ ခရီးသွားဦးရေ ၂၀,၀၀၀၊ နိုဝင်ဘာလမှာ ၁၈,၀၀၀၊ ဒီဇင်ဘာလမှာ ၃၃,၀၀၀၊ ၂၀၂၃ခုနှစ်ဇန်နဝါရီလမှာ ၃၇,၀၀၀၊ ဖေဖော်ဝါရီလမှာ ၁၈,၀၀၀ကျော်နဲ့ မတ်လမှာ ၃၈,၀၀၀အထိ လာရောက်ခဲ့ကြတာပါ။

ကျိုက်ထီးရိုး စေတီတော်ကြီးကို တစ်နှစ်တာ ကာလပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာဖြစ်ပြီး ဘုရားပွဲတော်ကာလဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည်နေ့အထိကို ပြည်တွင်း၊ပြည်ပ ခရီးသွားများ ပိုမိုဝင်ရောက်လေ့ ရှိတယ်လို့ သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: