> 首页 > MFN

သင်္ကြန်မဏ္ဍပ်များမှာ တေးသီချင်း သီဆို ဖျော်ဖြေမှုများအတွက် မူပိုင်ခွင့် ရှိသူများထံ အခမဲ့ သုံးစွဲခွင့်ပြုဖို့ မေတ္တာရပ်ခံ

မြန်မာ့ရိုးရာ မဟာအတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲရာမှာ နိုင်ငံတော်မှ ပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်များ၌ တေးသီချင်း သီဆိုဖျော်ဖြေမှုများအတွက် မူပိုင်ခွင့်ရှိသူများမှ မေတ္တာဖြင့် အခမဲ့သုံးစွဲခွင့်ပြုဖို့ နစက ပြန်ကြားရေးဝန်ကြီးဌာနမှ မေတ္တာရပ်ခံ ပန်ကြားစာ ထုတ်ထားပါတယ်။

ယင်းပန်ကြားစာမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများမှ မဟာသင်္ကြန် တေးသီချင်းများကို ဖျော်ဖြေသီဆိုမှုများဖြင့် တင်ဆက်ကပြမှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ ပါရှိပါတယ်။

ဒါကြောင့် မြို့တော်ဝန်မဏ္ဍပ်များနဲ့ ယခုနှစ် နေပြည်တော်တွင် စတင်ပြုလုပ်မယ့် လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များမှာ သင်္ကြန်နှင့် သက်ဆိုင်တဲ့ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စီးပွားရေးအကျိုးအမြတ်အတွက် မဟုတ်ဘဲ အများပြည်သူသို့ အခမဲ့ထုတ်လွှင့်ပြသသွားမှာ ဖြစ်တာကြောင့် သီဆိုဖျော်ဖြေခြင်း၊ ထုတ်လွှင့်ဖော်ပြခြင်းတွေမှာ ပါဝင်တဲ့တေးသီချင်းများကို မေတ္တာဖြင့် အခမဲ့သုံးစွဲခွင့်ပြုနိုင်ဖို့ မူပိုင်ခွင့်ရှိတဲ့ ပညာရှင်ကြီးများကို လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အသုံးပြုခွင့်ပေးတဲ့ သက်ဆိုင်ရာ မူပိုင်ခွင့်ရှိသူ ပုဂ္ဂိုလ်တစ်ဦးချင်းစီကိုလည်း နစကပြန်ကြားရေး ဝန်ကြီးဌာနမှ အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့လည်း ဆိုထားပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: