သမားရိုးကျ ပြခန်းငယ်တွေအစား တကယ့်အခမ်းအနားပွဲအတိုင်း ပြင်ဆင်ပြသမည့် Meliá Wedding & MICE Fair
သမားရိုးကျပြခန်းငယ်တွေအစား တကယ့်အခမ်းအနားပွဲ ကျင်းပသည့်အတိုင်း ပြင်ဆင်ပြသမည့် "Love Stories by Meliá"Wedding& MICE Fair2023ပွဲကြီးကို လာမယ့်ဧပြီလ၂၉ရက်နှင့် ၃၀ရက်တို့မှာ MeliáYangon ဟိုတယ်၌ စည်ကားစွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ယခုပြပွဲအတွင်း မင်္ဂလာပွဲနှင့် အခြားအခမ်းအနားပွဲအပြင်အဆင် အခင်းအကျင်းတွေကို Grand Ballroom အပြည့်ပြင်ဆင်ပြသမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ အဆိုပါပွဲနှင့် ပတ်သက်၍ မီဒီယာရှင်းလင်းပွဲကို ယနေ့ဧပြီ(၂၁)ရက်နေ့မှာ ရန်ကုန်မြို့ MeliáYangonဟိုတယ်၌ ကျင်းပခဲ့တာပါ။
ပြပွဲသို့လာရောက်မယ့် မင်္ဂလာမောင်နှံများအတွက် မင်္ဂလာပွဲစီစဉ်သည့် အချိန်တွင် အဆင်ပြေချောမွေ့စေရန်အတွက်သာမက ကုမ္ပဏီများ၊ သံရုံးများ၊ NGOနှင့် အခြားသောအဖွဲ့အစည်းများအတွက် အစည်းအဝေးပွဲများ၊ ကုမ္ပဏီနှစ်ပတ်လည်ပွဲများနှင့် မိတ်ဆုံစားပွဲများအတွက် လိုအပ်သည့် အကောင်းဆုံးဝန်ဆောင်မှုများကို အချိန်များစွာပေး၍ ရှာဖွေနေရန်မလိုအပ်ဘဲ တစ်နေရာတည်း၊ တစ်ချိန်တည်းတွင် လွယ်ကူစွာရရှိစေနိုင်ရန် ရည်ရွယ်ပြီး ယခုပွဲကိုကျင်းပရခြင်း ဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အခမ်းအနားအပြင်အဆင်ပိုင်းနဲ့ ပတ်သက်လို့ My Dream One Stop Wedding Service&Event Planningရဲ့ တည်ထောင်သူနှင့် Chairmanဦးသန်းနိုင်က“ထူးခြားချက်အနေနဲ့ ပွဲမှာပါဝင်သူတွေရော၊ ပွဲလာမယ့်သူတွေရဲ့ တစ်ခါမှမမြင်ဘူးတဲ့ပွဲအပြင်အဆင် အခင်းအကျင်းတွေကို မြင်ရပါစေမယ်လို့ အာမခံပါတယ်။ ဒီတစ်ခေါက်မှာ MeliáYangonဟိုတယ် Grand Ballroomမှာ မည်သည့်ဆိုင်ခန်းမှ ထည့်မှာမဟုတ်ဘဲ Grand Ballroomအပြည့် ခမ်းခမ်းနားနားကို ပြင်ဆင်သွားမှာဖြစ်ပါတယ်။ သိန်းပေါင်း၁၂၀၀ကျော် အကုန်ကျခံပြင်ဆင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒါကိုလည်း လာရောက်လေ့လာဖို့ လေးလေးစားစားဖိတ်ခေါ်ချင်ပါတယ်”လို့ ပြောပါတယ်။
MeliáYangon၏ Grand Ballroomတွင် လူဦးရေအနည်းဆုံး(၃၀၀)ကျော်မှ အများဆုံး(၇၀၀)ကျော်အထိ ကျင်းပဧည့်ခံနိုင်မှာဖြစ်ပြီး ခန်းမအတွင်း မင်္ဂလာစင်မြင့်၊ လျှောက်လမ်းနှင့် ခန်းမအဝင် ပန်းအပြင်အဆင်များသာမက ထပ်မံအသစ်တပ်ဆင်ထားသော နောက်ဆုံးပေါ်အဆင့်မြင့် LED Screenများနှင့်အတူ ပရောဂျက်တာ အခမဲ့အသုံးပြုခွင့်၊ မင်္ဂလာကိတ်မုန့်၊ မိတ်ကပ်ပြင်ဆင်ရန် အခန်းစတာတွေကို အသုံးပြုခွင့်တွေလည်း ပါဝင်တယ်လို့ သိရှိရပါတယ်။
ဦးသန်းနိုင်က ဆက်လက်ပြီး“ကျွန်တော်တို့ MY DREAM One Stop Wedding Serviceမှာ အလုပ်အပ်နှံမယ်ဆိုရင်တော့ ဒီခမ်းနားတဲ့အပြင်အဆင်တွေ ပြင်ဆင်ထားတဲ့ Grand Ballroomထဲမှာ လက်မှတ်ထိုးပွဲတစ်ပွဲကို ၂၉ရက်နေ့စနေနေ့မှာ လုပ်ချင်တာပဲဖြစ်ဖြစ်၊ ၄လပိုင်း၃၀ရက်နေ့မှာ လုပ်ချင်တာပဲဖြစ်ဖြစ်၊ ၅လပိုင်း၁ရက်နေ့မှာ လုပ်ချင်တာပဲဖြစ်ဖြစ် ၃ရက်တာကာလမှာ ကျွန်တော်တို့ MY DREAMရယ်၊ Meliáဟိုတယ်ရယ် ပူးပေါင်းပြီးမင်္ဂလာမောင်နှံတွေအတွက် အခမဲ့လက်မှတ်ထိုးပွဲကို ပြင်ဆင်ပေးသွားမှာပါ။ အခမ်းအနားမှူး၊ တရားသူကြီး၊ မိတ်ကပ်၊ ဆံပင်၊ ဓါတ်ပုံ၊ ဗီဒီယို၊ လက်ထပ်စာချုပ်အားလုံးအခမဲ့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ယခုကျင်းပမယ့် "Love Stories by Meliá "Wedding&MICE Fair2023ပွဲကြီးကို MeliáYangonနှင့် MY DREAM One Stop Wedding Service&Event Planningတို့ အတူပူးပေါင်း စီစဉ်ကျင်းပပြီး Main Sponsorအဖြစ် Lucky Diamonds Myanmar စိန်လက်ကားဒိုင်မှ ပါဝင်ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Wedding&MICE Fair ဖြစ်တဲ့အတွက် Coporate Companyတွေကလည်း ပညာရေး၊ ကျန်းမာရေး ကဏ္ဍကနေစပြီးတော့ ပူးပေါင်းပါဝင်ပြသကြမယ်လို့လည်း သိရှိရပါတယ်။ ပါဝင်ပြသသည့် ကုမ္ပဏီပေါင်းများစွာမှလည်း ၅၀ရာခိုင်နှုန်းအထိ အမြင့်ဆုံးလျှော့ဈေးများအပြင် ရင်ခုန်ဖွယ်ရာ အထူးလက်ဆောင်များ ပေးအပ်သွားမယ်လို့ သိရှိရပါတယ်။
ပြပွဲနှစ်ရက်တာအတွင်း လာရောက်ကြမည့် မင်္ဂလာမောင်နှံများထဲမှ ကံထူးရှင်စုံတွဲ၁၀တွဲ (၂၀ဦး)တိတိကို မေလ၁ရက်နေ့တွင် MeliáYangon Hotel Grand Ballroomတွင် ကျင်းပပြုလုပ်မည့် Thank You Partyပွဲသို့ ဖိတ်ကြားသွားမည့်အပြင် ကံထူးရှင်စုံတွဲ၅တွဲကို MeliáHotelတွင် One Night Stay လက်ဆောင်ချီးမြှင့် ပေးသွားမယ်လို့ သိရှိရပါတယ်။
ဒါ့အပြင် ပြပွဲကာလအတွင်း ကြိုတင်စာရင်းသွင်းသော အကြိုမင်္ဂလာမောင်နှံများအတွက် အထူးသက်သာသော နှုန်းထားများနှင့်အတူ luck Drawဆုတွေအဖြစ် ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေရှိ MeliáPhuket (ကံထူးရှင်မောင်နှံ၂ဦးအတွက် အသွားအပြန် လေယာဉ်လက်မှတ် အပါအဝင်)၊ အင်ဒိုနီးရှားနိုင်ငံ MeliáBail၊ ထိုင်းနိုင်ငံKoh Samuiကျွန်းရှိ MeliáKoh Samuiနှင့် ချင်းမိုင်မြို့ရှိ MeliáChiang Mai၊ ဗီယက်နမ်နိုင်ငံ Danangကမ်းခြေရှိ MeliáDanang စသောအဆင့်မြင့် ကြယ်ငါးပွင့် Meliáဟိုတယ်ကြီးများသို့ ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်ခွင့် အထူးဆုမဲများလည်း ထည့်သွင်းထားတယ်လို့ သိရှိရပါတယ်။