တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ကိုသွားပြီး စိန်ပန်းပြာများကို ကြည့်ရှုခံစားခြင်း
![]()
ဖူရှင်အမှတ်D887ရထားသည်ချစ်ကြည်ရေးလိုဏ်ခေါင်းထဲမှထွက်လာခဲ့ပါပြီ
တရုတ်-လာအိုမီးရထားလမ်းသည် ၂၀၂၁ခုနှစ်ဒီဇင်ဘာလ၌ စတင်လည်ပတ်ကတည်းက အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် စွမ်းဆောင်နိုင်မှု တနေ့တခြားထင်ရှားလာနေ၍ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသောစွမ်းအားများကို ဖြည့်တင်းပေးလျက်ရှိသည်။ ၂၀၂၃ခုနှစ် ဧပြီလ၁၃ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်ရထား စတင်လည်ပတ်ခြင်းကမူ လာအိုနိုင်ငံဗီယင်ကျန်းမှ တရုတ်နိုင်ငံကူမင်းမြို့သို့ ရထားဖြင့် နေ့ချင်းပေါက်ရောက်နိုင်ပါသည်။ နှစ်နိုင်ငံပြည်သူများ သွားလာရေးအတွက် ပိုမိုလွယ်ကူ အဆင်ပြေလာစေခဲ့ပါသည်။
တရုတ်-လာအိုမီးရထား၏ တရုတ်နိုင်ငံအတွင်းမှ ဂိတ်စဖြစ်သည့် ယူနန်ပြည်နယ် ကူမင်းမြို့သည် ကောင်းမွန်သောသဘာဝအခြေအနေနှင့် တစ်နှစ်ပတ်လုံးနွေဦးရာသီကဲ့သို့သော ရာသီဥတုရှိသောကြောင့် ကူမင်းမြို့ကိုနွေဦးမြို့ဟု ခေါ်ဝေါ်ကြသည်။ အောက်ပါအကြာင်းအရာများသည် စာဖတ်သူအတွက် ကူမင်းမြို့ဝူဟွာရပ်ကွက်တွင် အချိန်၃၉နှစ်ကြာ နေထိုင်လျက်ရှိသည့် စိန်ပန်းပြာကို မိတ်ဆက်သွားရမည်ဖြစ်၍ နွေဦးမြို့ရှိပန်းများ၏ ညှို့နိုင်စွမ်းကို ခံစားကြရစေမည်ဖြစ်ပါသည်။
ကျောက်ချန်အလယ်လမ်းဘေးတွင်ပွင့်ဖူးနေသောစိန်ပန်းပြာများ
နွေဦးမြို့တွင်နေရာအနှံ့ ပန်းများပွင့်ဖူးပြီး နှစ်စဉ်နှစ်တိုင်းနွေဦးကုန်၊ နွေရာသီအစပိုင်းကာလရောက်လျှင် မြို့တစ်မြို့ကို ဆည်းဆာကဲ့သို့သော စိန်ပန်းပြာများဖြင့် ခရမ်းပြာရောင်ဆေးဆိုးစေ၍ မြို့သူမြို့သားများနှင့် ခရီးသည်များကို ပန်းပွင့်အောက်တွင် ရပ်နားကြည့်ရှုရန် ဆွဲဆောင်ထားကြပါသည်။
စိန်ပန်းပြာ၏ ပန်းပွင့်ဖူးချိန်သည် နှစ်စဉ်နှစ်တိုင်းဧပြီလမှ ဇွန်လအထိဖြစ်သည်။ ကူမင်းမြို့မှ စိန်ပန်းပြာသည် ၁၉၉၇ခုနှစ်၌ သွင်းယူခဲ့သည်ဖြစ်၍ ၂၀၂၀ပြည့်နှစ်၌ ကျောက်ချန်အလယ် လမ်းဘေးတွင် စိန်ပန်းပြာအပင် ၂၅၀ကိုစိုက်ပျိုးထားသည့် အခြေခံပေါ်တွင်အပင် ၃၀၁ပင်ကိုထပ်စိုက်ခဲ့ကာ စိန်ပန်းပြာဥယျာဉ်ကို တည်ဆောက်ခဲ့သည်။ နှစ်ပေါင်းများစွာ ဂရုတစိုက်ထိန်းသိမ်းခြင်းဖြင့် ယခုအချိန်တွင် ကျောင်ဆန်အလယ်လမ်းတွင် စိန်ပန်းပြာအပင်ပေါင်း ၅၅၁ပင်စိုက်ပျိုးထား၍ နွေဦးမြို့မှ ပန်းမြို့ထူးခြားချက်ရှိသည့် ရှုခင်းရှုကွက်တစ်ခုဖြစ်လာကာ မြို့သူမြို့သားများနှင့် အခြားနေရာမှ ခရီးသည်များ နှစ်သက်ကြသည့် နေရာတစ်ခုဖြစ်လာသည်။
ကျောက်ချန်အလယ်လမ်းဘေးတွင်ပွင့်ဖူးနေသောစိန်ပန်းပြာများ
စိန်ပန်းပြာများ အလွန်လှပသော်လည်း ပန်းပွင့်ချိန်တိုတောင်းသည်။ ၂လ၃လအတွင်း လေအလာတွင် ဝေဝေဆာဆာပွင့်ဖူးနေသည့် ပန်းပွင့်များသည် ကြွေကျလေ့ရှိပါသည်။ ထို့ကြောင့် မကြာသေးမီနှစ်များတွင် ဝူဟွာရပ်ကွက်သည် စိန်ပန်းပြာကို ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်များ၊ ယဉ်ကျေးမှုတို့နှင့် ပေါင်းစပ်စေ၍ ကြွေမကျသည့် စိန်ပန်းပြာကို ထုလုပ်ထားကာ နွေဦးမြို့အတွက်အရောင်နှင့် တက်ကြွမှုများကို တိုးဖြည့်ပေးသည်။
ကျောက်ချန်အလယ်လမ်းဘေးတွင်ပွင့်ဖူးနေသောစိန်ပန်းအပြာများ
နှစ်စဉ်နှစ်တိုင်း ဧပြီလမှမေလအထိ ကူမင်းမြို့ဝူဟွာရပ်ကွက်၌ တည်ရှိသည့် ကျောက်ချန်အလယ်လမ်းသည် ထွန်းလင်းတောက်ပသော စိန်ပန်းပြာများဖြင့် အလှဆင်ထားပြီး ခရမ်းပြာရောင်ဖြစ်သည့် ပန်းပင်လယ်ကဲ့သို့ ဖြစ်သည်။ ထို့ပြင် ဖန်လုံမြစ်ကမ်းပေါ်တွင် လှပသောစိန်ပန်းပြာများ ပွင့်ဖူးနေပြီးရေပြင်ပေါ်တွင် ထပ်ဟပ်နေသော ပြောင်းပြန်အရိပ်များသည် မြစ်ရေနှင့် အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေစည်စည်ရှိသည်။ စိန်ပန်းပြာများ ဝေဝေဆာဆာပွင့်ဖူးချိန်တွင် ဝူဟွာရပ်ကွက်လျန်ဟွာလမ်း ရုံးဌာနသည်စိန်ပန်းပြာ ဆိုင်ရာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို ၅နှစ်ဆက်တိုက် ကျင်းပခဲ့သည်။ စိန်ပန်းပြာရေခဲမုန့်၊ စိန်ပန်းပြာစတစ်ကာ၊ စိန်ပန်းပြာLollipop ကဲ့သို့သော ယဉ်ကျေးမှုနှင့် တီထွင်ဖန်တီးမှုဆိုင်ရာ ထုတ်ကုန်များအဆက်မပြတ် ထွက်ပေါ်နေပြီး ကူမင်းမြို့နှင့်စိန်ပန်းပြာ၏ အပြန်အလှန် ဆက်ဆံရေးတွင် မြို့သစ်အမှတ်တံဆိပ်ကို ထူထောင်နိုင်စေကာ တစ်ချိန်တည်းမှာပင် အနုပညာ၊ ယဉ်ကျေးမှုနှင့် ပညာရေး၊ ဖျော်ဖြေရေး၊ ပြည်သူ့သက်သာချောင်ချိရေး၊ သိပ္ပံပညာရေပန်းစားလာမှုနှင့် ဖက်ရှင်တို့ကို ပုံစံမျိုးစုံဖြင့် တင်ဆက်ထားသောကြောင့် ယဉ်ကျေးမှုနှင့် ရှုခင်းများပေါင်းစည်းနိုင်စေရန် နက်နဲသော အဓိပ္ပါယ်ရှိပါသည်။
စိန်ပန်းပြာယဉ်ကျေးမှုနှင့်အနုပညာပွဲတော်ယဉ်ကျေးမှုဆန်းသစ်တီထွင်မှုဆိုင်ရာထုတ်ကုန်များ
၂၀၂၃ခုနှစ် ကူမင်းမြို့ပဉ္စမမြောက် စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို ဧပြီလ၂၂ရက်နေ့မှ ဇွန်လ၃၀ရက်နေ့အထိ ကျောက်ချန်လမ်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ အနုပညာပွဲတော်အတွင်း ဝူဟွာရပ်ကွက်သည် ဒေသဆိုင်ရာလက္ခဏာများဖြင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်း၏ ပုံရိပ်အမှတ်တရကို ဆက်လက်ခိုင်မာစေပြီး "ရောင်စုံဝူဟွာရပ်ကွက်" စိန်ပန်းပြာဂီတပွဲတော်၊" ရောင်စုံဝူဟွာရပ်ကွက်" ပြပွဲ၊ လမ်းအမြန်လျှောက်ခြင်း၊ စကိတ်စီးပြိုင်ပွဲများကဲ့သို့သော အွန်လိုင်းနှင့်အော့ဖ်လိုင်း လှုပ်ရှားမှုများကို စတင်ခဲ့ပြီး "စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်"၏ အမှတ်တံဆိပ်တန်ဖိုးကို စဉ်ဆက်မပြတ်မြှင့်တင်ကာ စိန်ပန်းပြာယဉ်ကျေးမှုအမှတ်တံဆိပ်၏ အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းရှာဖွေကာ "ယဉ်ကျေးမှု+တီထွင်ဖန်တီးနိုင်မှု" "ယဉ်ကျေးမှု+ဂေဟဗေဒ"နှင့် "ယဉ်ကျေးမှု+စားသုံးမှု"တို့၏ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်မြှင့်တင်ရန်နှင့် စိန်ပန်းပြာကိုကူမင်းမြို့၏ ထူးခြားသော မြို့အဆင့်ယဉ်ကျေးမှု IP အဖြစ် နွေဦးမြို့အတွက်ထူးခြားသော ပန်းများ၏ ညို့နိုင်စွမ်းကို အကြမ်းဖျင်းဖော်ပြပါသည်။
စိန်ပန်းပြာများဖြင့် ဒီဇိုင်းထုတ်ထားသော IP ပုံ"လန်ယင်ယင်"သည် အနုပညာပွဲတော်တွင် ထွက်ပေါ်လာပြီး နွေဦးမြို့ကို ကိုယ်စားပြုကာအဝေးမှ ဧည့်သည်များကို ကြိုဆိုလျက်စိန်ပန်းပြာများကို အတူတကွကြည့်ရှုခံစားပါသည်။
ကျောက်ချန်အလယ်လမ်းစိန်ပန်းပြာလမ်းမြင်ကွင်း
စိန်ပန်းပြာလမ်းမကြီး၏ လူကြိုက်များမှုတိုးမြင့်လာသည်နှင့်အမျှ ခရီးသွားဧည့်သည်အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တိုးလာကာ ပန်းကြည့်ခရီးသွားလုပ်ငန်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရုံသာမက ပတ်ဝန်းကျင် ဈေးကွက်များတွင် စားသုံးမှုတိုးပွားလာမှုကိုလည်း လှုံ့ဆော်ပေးပါသည်။ ၂၀၂၂ခုနှစ်တွင် လူအယောက်(၄) သိန်းခန့်သည် ဝူဟွာရပ်ကွက်ကျောက်ဆန် အလယ်လမ်းတွင် ပန်းများလာရောက်ခံစားကြပြီး "စတုတ္ထမြောက် စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်နှင့် စားသုံးမှုရာသီ"၏ ဦးဆောင်မှုဖြင့် ဝူဟွာရပ်ကွက်သည် မေလအတွင်း ခရီးသွားပေါင်း(၆.၄)သိန်းနီးပါးကို လက်ခံကြိုဆိုခဲ့ပြီး စုစုပေါင်းခရီးသွား ဝင်ငွေယွမ်၄၄၄သန်း ရရှိခဲ့ပါသည်။ လက်ရှိတွင် "စိန်ပန်းပြာယဉ်ကျေးမှုနှင့် အနုပညာပွဲတော်"သည် ကနဦးတွင် သတ်မှတ်ထားသော အမှတ်တံဆိပ်တန်ဖိုးကို ပိုင်ဆိုင်ထားပြီး နွေဦးမြို့ဖြစ်သည့် ကူမင်းမြို့၏ လှပသောမြို့တော် ပို့စကတ်တစ်ခု ဖြစ်လာခဲ့ပါသည်။
နွေရာသီအစောပိုင်းတွင် စိတ်ကူးယဉ်မှုအပြည့်ရှိသော စိန်ပန်းပြာများအပြင် ကူမင်းမြို့၏ ဝူဟွာရပ်ကွက်တွင် နွေဦးမြို့၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်နေသည့်စိမ်းမြကန်သာ (Green Lake)ကန်နှင့် မီးရှူးမီးပန်းများနှင့် ညမီးများပြည့်နေသော နန်ချန်လမ်းလည်းရှိပါသည်။ ယခုနွေရာသီတွင် သင်သည် တရုတ်-လာအို မီးရထားလမ်းဖြင့် ကူမင်းမြို့သို့ လမ်းလျှောက်ထွက်ကာ ဝူဟွာရပ်ကွက်ရှိ ကျောက်ချန်လမ်းသို့ စိန်ပန်းပြာများကို ကြည့်ရှုခံစားပြီး အပြာရောင်နဲ့ ခရမ်းရောင်ပန်း မိုးရေချိုးပြီး ယူနန်လို့ခေါ်တဲ့ ဘဝတစ်ခုကို ခံစားလိုက်ပါ။
Source: Kunming Information Hub