> 首页 > MFN

ဒုတိယအချီမှာပဲ အောင်လအန်ဆန် တရုတ်ဖိုက်တာကို အနိုင်ရ

အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMAယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖိုက်တာဖန်ရောင်း (Fan Rong)ကို မြန်မာ့စပါးအုံး အောင်လအန်ဆန်က ဒုတိယအချီ ၄၇စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။

ဒုတိယအချီမှာ ဖန်ရောင်းကသူရဲ့ ထိုးချက်မိပြီး အနည်းငယ်ဟန်ချက် ပျက်သွားတဲ့ အောင်လကို လှဲချပြီး အနိုင်ယူဖို့ ကြိုးပမ်းပေမယ့် အောင်လကဖန်ရောင်းရဲ့ လည်ပင်းကို အမြန်ချုပ်နိုင်ခဲ့တဲ့အတွက် အဲဒီချုပ်ကွက်အောက်မှာ ဖန်ရောင်းအရှုံးပေးခဲ့ရပါတယ်။

အောင်လနဲ့ ဖန်ရောင်းတို့ပွဲဟာ တစ်ဖက်နဲ့တစ်ဖက် အကြိတ်အနယ်ရှိခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ ပွဲအပြီးမှာ အောင်လကနောက်ပွဲကို သူ့အတွက် ခါးပတ်စိန်ခေါ်ပွဲအဖြစ် ထိုးသတ်ချင်ကြောင်း၊ သူမြန်မာပြည်က ဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ပြောဆိုသွားခဲ့ပါတယ်။

ဒီပွဲက အောင်လအန်ဆန်နဲ့ ONE Championshipရဲ့ စာချုပ်ပြည့်တဲ့ နောက်ဆုံးပွဲဖြစ်သလို ဒီပွဲမှာ အနိုင်ရတဲ့သူက ချန်ပီယံခါးပတ် စိန်ခေါ်ဖို့ရှိနိုင်တာကြောင့် MMAပရိသတ်တွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့တာပါ။

ONE Championshipရဲ့ ONE Fight Night10 ပြိုင်ပွဲကို အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာ အမေရိကန် ကော်လိုရာဒိုဒေသစံတော်ချိန် မေလ၅ရက်ညပိုင်းမှာ ပြုလုပ်နေတာဖြစ်ပြီး မြန်မာစံတော်ချိန်အရ မေလ၆ရက် မနက်ပိုင်းမှာ ကျရောက်တာဖြစ်ပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: