> 首页 > MFN

ရှင်းကျန်းမှာ ခရီးသွားရင်း ပျော်ရွှင်မှုများကိုခံစားမယ်

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

ဟာလီခသည် အပေါင်းအဖော်များ၏ အော်ဟစ်သံနှင့်အတူ ယခုလေးတင်လုပ်ထားသော နံပြားကို ကိုင်ကာလက်မောင်းကို လှုပ်ယမ်းပြီး လူအရပ်တစ်ဝက်ခန့်အထိ မြင့်မားသော နံပြားဖိုထဲသို့ ထည့်လိုက်ပါတယ်။ နံပြားဟာချက်ခြင်းပင် မီးသွေးအပူနဲ့ထိတွေ့ပြီး ဂျုံနံ့သင်းပျံ့လာကာ ခရီးသည်များကို ဆွဲဆောင်နေပါတယ်။

ဟာလီခဟာ"Grand Bazaar"မှာ အလုပ်လုပ်ပါတယ်။ သူဟာ အရသာရှိတဲ့ နံပြားတွေကို နေ့တိုင်းလုပ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ခရီးသွားများထံ  ရောင်းချနေပါတယ်။

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

နံပြားဟာရှင်းကျန်း (Xinjiang)ဒေသ၏ ရိုးရာစားဖွယ်တစ်မျိုးဖြစ်ပါတယ်။ အဓိကအားဖြင့် ဂျုံမှုန့်၊ နှမ်း၊ ကြက်သွန်နီ၊ ကြက်ဥ၊ ဆီသန့်၊ နို့၊ ဆား၊ သကြားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့် ပြုလုပ်ထားပြီးနောက် နံပြားဖိုထဲမှာ ဖုတ်ရပါတယ်။ နံပြားဖိုကို မြေဝါ၊ ကောက်ရိုးတို့ဖြင့် ပြုလုပ်ထားပြီး အလယ်တွင်ကျောက်မီးသွေး၊ ထင်းတို့ဖြင့် မီးမွှေးထားကာ နံပြားဖိုအတွင်း ဘေးပတ်လည်နံရံတွင် နံပြားကိုကပ်ပြီး ဖုတ်ရပါတယ်။

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

စီးပွားရေး ပိုမိုကောင်းလာပြီး "ရှင်းကျန်းကို ခရီးသွားများလာလည်ဖို့ မျှော်လင့်ပါတယ်။ ရှင်းကျန်းရဲ့ အလှကိုခံစားဖို့ပါ" လို့ ဟာလီခကMFN သတင်းထောက်ကို အပြုံးလေးနဲ့ ပြောပါတယ်။

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

Grand Bazaarကို ရှင်းကျန်းဘာသာစကားဖြင့် ပြောရလျှင် “ပါးကျား”ဟုခေါ်ပြီး စျေးရုံကြီးဟု အဓိပ္ပါယ်ရပါတယ်။ Xinjiang International Grand Bazaarဟာ တရုတ်နိုင်ငံရှင်းကျန်းဒေသရှိ ဝူလူမှုချီ (Urumqi) မြို့တွင် တည်ရှိပြီးကမ္ဘာပေါ်တွင် အကြီးဆုံး Grand Bazaar ဖြစ်ပါတယ်။

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

MFN သတင်းထောက်သည် "Grand Bazaar"တွင်ရှင်းကျန်း၏ ဝိသေသလက္ခဏာများပါရှိသည့် ကုန်ပစ္စည်းမျိုးစုံရောင်းချနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဈေးဆိုင်များရှိဝီဂါ၊ ကာဇက်နှင့်ဟန်လူမျိုး ဆိုင်ရှင်များကလည်း မိမိတို့ဆိုင်ရှေ့တွင် မတ်တပ်ရပ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ ရောက်ရှိလာသည့် ဧည့်သည်များကို ပျူငှာစွာကြိုဆိုနှုတ်ဆက် နေကြပါတယ်။ ဈေးရင်ပြင်မှာလည်း လူများဟာ တေးဂီတနဲ့အတူစင် အလယ်ဗဟိုသို့ လျှောက်လာခဲ့ကြပြီး တိုင်းရင်းသားအကတွေနဲ့ ကပြဖျော်ဖြေခဲ့ကြလို့ ပျော်ရွှင်မှုကို လူအယောက်စီတိုင်းသို့ ကူးစက်စေခဲ့ပါတယ်။

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

Grand Bazaarအပြင် ရှင်းကျန်းရှိ Kashgarရှေးဟောင်းမြို့တွင်လည်း ထိုကဲ့သို့သော မြင်ကွင်းရှိပါတယ်။ နံပြား၊ ဆိတ်သားတုတ်ထိုး၊ ကြက်ဥဖုတ်၊ ဒိန်ချဉ်၊ ဒိန်ခဲနှင့် အခြားရှင်းကျန်း အထူးဟင်းလျာများဟာ နိုင်ငံတကာခရီးသွားများ၏ နှစ်သက်ခြင်းကိုခံရပါတယ်။ ဒေသခံပြည်သူများသည် မြို့တွင်းမှာ နေထိုင်ကြပြီး ခရီးသွားဧည့်သည်များကို ဖော်ရွေစွာ ကြိုဆိုကာ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ကြပါတယ်။

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

ရှင်းကျန်းဒေသရှိGrand Bazaarမြင်ကွင်း(ဓာတ်ပုံ-MFN)

#ရှင်းကျန်း #တရုတ် #GrandBazaar #Xinjiang #MFN #MyanmarFutureNews

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: