> 首页 > MFN

ပြင်းအား ၄.၈ အဆင့်ရှိ မြေငလျင်လှုပ်ခတ်၊ ၂ ဦး သေဆုံး

ယနေ့ဇွန်လ၇ရက်နေ့ညနေ၄နာရီ၂၃မိနစ်အချိန်ကဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ညောင်တုန်းမြို့အနီးကိုဗဟိုပြု၍ပြင်းအားရစ်(ခ်)တာစကေး၄.၈အဆင့်ရှိမြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးအဆောက်အဦးအချို့ပြိုကျကာလူ၂ဦးသေဆုံးခဲ့ပါတယ်။

ယင်းငလျင်ကြောင့်ဧရာဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာပါလှုပ်ခတ်မှုကိုခံစားခဲ့ရတယ်လို့ဒေသခံများထံမှသိရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့်မအူပင်မြို့မှာသီလရှင်တစ်ပါးနှင့်အမျိုးသမီးတစ်ဦးသေဆုံးမှုရှိခဲ့ကြောင်းနဲ့ရွှေဘုန်းမြင့်စေတီတော်မြတ်ကြီး၏ထီးတော်ထိခိုက်မှုရှိခဲ့တယ်လို့လည်းYangon Rescue Diver Team-YRDTပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းထံမှသိရှိရပါတယ်။

"ပြင်းအား၄.၈ရှိပါတယ်။ဗဟိုစင်တာကညောင်တုန်းနားကစလှုပ်ပါတယ်"လို့မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှတာ၀န်ရှိသူတစ်ဦးကMFNဆက်သွယ်မေးမြန်းတာကိုဖြေကြားပါတယ်။

မိုးဇလထုတ်ပြန်ချက်အရ၂၀၂၃ခုနှစ်၊ဇွန်လ(၇)ရက်နေ့၊မြန်မာစံတော်ချိန်(၁၆)နာရီ၊(၂၃)မိနစ်၊(၅၁)စက္ကန့်အချိန်တွင်ကမ္ဘာအေးမြေငလျင်စခန်းမှအနောက်-အနောက်မြောက်ဘက်(၃၃)မိုင်ခန့်အကွာ၊မြန်မာနိုင်ငံပြည်တွင်း(ညောင်တုန်းမြို့၏တောင်-အရှေ့တောင်ဘက်(၅)မိုင်ခန့်အကွာ)မြောက်လတ္တီတွဒ်(၁၆.၉၈)ဒီဂရီ၊အရှေ့လောင်ဂျီတွဒ်(၉၅.၆၇)ဒီဂရီ၊အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍အင်အားအနည်းငယ်ရှိသောမြေငလျင်တစ်ခုလှုပ်ရှားသွားတာဖြစ်တယ်လို့သိရပါတယ်။

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: