၁၀ တန်းစာမေးပွဲ အောင်ချက် ၆၇ ရာခိုင်နှုန်းကျော်ရှိ
ယနေ့ ဇွန်၉ရက်မှာထွက်ရှိတဲ့ ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်စာမေးပွဲ(၁၀တန်း)အောင်စာရင်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ၆၇ဒသမ၈၇ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ နိုင်ငံတစ်ဝန်းဖြေဆိုတဲ့ကျောင်းသား/သူစုစုပေါင်း၁၆၁,၈၅၀ဦးအနက် အောင်မြင်သူ၁၀၉,၈၅၁ဦးနှင့် ကျရှုံးသူ၅၁,၉၉၉ဦး ရှိခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရပါတယ်။
အဆိုပါစာမေးပွဲဟာ သင်ရိုးဟောင်းတက္ကသိုလ်ဝင်တန်း(၁၀တန်း)ကျောင်းသား/သူများအတွက် နောက်ဆုံးကျင်းပခဲ့တာဖြစ်ပြီး စာမေးပွဲမအောင်မြင်သူများနဲ့မဖြေဆိုခဲ့သူများဟာ ၂၀၂၃-၂၀၂၄ပညာသင်နှစ်Grade-12သင်ရိုးသစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ကျောင်းတက်ရောက်ခွင့်ရရှိတော့မည် မဟုတ်ဘဲ ပြင်ပမှကိုယ်တိုင် လေ့လာ၍ သော်လည်းကောင်း၊ ပြင်ပသင်တန်းများ တက်ရောက်၍ သော်လည်းကောင်း လေ့လာသင်ယူပြီး ဝင်ရောက်ဖြေဆိုခွင့်ရမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။
စာရင်းများအရရန်ကုန်တိုင်းဒေသကြီးမှာဖြေဆိုသူ၂၃၈၀၇ဦးမှအောင်မြင်သူ၁၅၂၈၅ဦး၊မန္တလေးတိုင်းဒေသကြီးမှာဖြေဆိုသူ၂၂၀၆၉ဦးမှအောင်မြင်သူ၁၆၀၁၈ဦး၊နေပြည်တော်ကောင်စီနယ်မြေမှာ ဖြေဆိုသူ ၆၄၃၃ဦးမှ အောင်မြင်သူ၄၁၀၈ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ဖြေဆိုသူ၂၀၀၅၉ဦးမှ အောင်မြင်သူ၁၃၆၃၀ဦး၊ မကွေးတိုင်းဒေသကြီးမှာဖြေဆိုသူ၁၂၄၂၁ဦးမှ အောင်မြင်သူ၉၃၂၁ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာဖြေဆိုသူ၉၉၃၈ဦးမှ အောင်မြင်သူ၆၅၂၀ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ဖြေဆိုသူ၃၉၀၇ဦးမှ အောင်မြင်သူ၂၆၅၈ဦး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှာ ဖြေဆိုသူ၆၃၂၂ဦးမှ အောင်မြင်သူ၄၃၃၂ဦး၊ ပဲခူးတိုင်းဒေသကြီး(အနောက်)မှာ ဖြေဆိုသူ၆၀၇၃ဦးမှ အောင်မြင်သူ၄၁၉၉ဦးနဲ့ အသီးသီးရှိခဲ့ပါတယ်။
ဒါ့အပြင်ကချင်ပြည်နယ်မှာဖြေဆိုသူ၉၅၃၃ဦးမှအောင်မြင်သူ၇၀၅၇ဦး၊ကယားပြည်နယ်မှာဖြေဆိုသူ၉၂၁ဦးမှအောင်မြင်သူ၆၃၇ဦး၊ကရင်ပြည်နယ်မှာဖြေဆိုသူ၂၅၄၀ဦးမှအောင်မြင်သူ၁၆၆၅ဦး၊ချင်းပြည်နယ်မှာဖြေဆိုသူ၂၈၂၄ဦးမှအောင်မြင်သူ၂၀၄၅ဦး၊မွန်ပြည်နယ်မှာ၅၇၆၈ဦးမှအောင်မြင်သူ၄၁၇၂ဦး၊ရခိုင်ပြည်နယ်မှာ၁၆၉၂၈ဦးမှအောင်မြင်သူ၉၉၆၄ဦး၊ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိဖြေဆိုသူ၇၈၂၀ဦးမှအောင်မြင်သူ၅၂၂၁ဦး၊ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိဖြေဆိုသူ၃၃၁၅ဦးမှအောင်မြင်သူ၂၃၆၆ဦး၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိဖြေဆိုသူ၁၁၆၁ဦးမှအောင်မြင်သူ၆၄၃ဦးရှိခဲ့သလိုနိုင်ငံခြားစာစစ်ဌာနမှဖြေဆိုသူ၁၁ဦးရှိတဲ့အနက်၁၀ဦးအောင်မြင်ခဲ့တယ်လို့သိရပါတယ်။
၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်တန်း(၁၀တန်း)စာမေးပွဲကိုမတ်လ၈ရက်ကစတင်ကာမတ်လ၁၈ရက်နေ့အထိနိုင်ငံခြားစာစစ်ဌာန၅ခုနဲ့ပြည်တွင်းစာစစ်ဌာန၈၅၈ခု၊စုစုပေါင်း၈၆၃ခုဖွင့်လှစ်ကာကျင်းပပေးခဲ့ပြီးဖြေဆိုရန်စာရင်းပေးသွင်းသူဦးရေစုစုပေါင်း၁၇၉,၈၄၃ဦးထိရှိခဲ့ပြီးဘာသာရပ်အလိုက်စာမေးပွဲဖြေဆိုဖို့ပျက်ကွက်မှုပေါင်း၁သိန်းနီးပါးရှိခဲ့တယ်လို့အခြေခံပညာဦးစီးဌာနကထုတ်ပြန်တဲ့စာရင်းများအရသိရပါတယ်။