> 首页 > MFN

အောင်ဘာလေ အွန်လိုင်းထီစနစ် စတင်

Photos–Aung Bar Lay Application

အောင်ဘာလေအွန်လိုင်းထီစနစ်စတင်လိုက်ပြီဖြစ်ပြီး ဇွန်လ၈ရက်နေ့မှစတင်ကာဝယ်ယူကံစမ်းနိုင်ပြီး ထီတစ်စောင်လျှင် ကျပ်၁၀၀၀ကျသင့်မယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှသိရှိရပါတယ်။ အဆိုပါ အွန်လိုင်းထီစနစ်ကိုစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် Service Provider အဖြစ် တင်ဒါအောင်မြင်ခဲ့သော Telecom International Myanmar Co.,Ltd (Mytel) တို့ ပူပေါင်း အကောက်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး ယင်းထီစနစ်စတင်ခြင်းခမ်းအနားကို ဇွန်လ၈ရက်နေ့ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂မှာ ကျင်းပခဲ့ပါတယ်။

အွန်လိုင်းမှဝယ်ယူကံစမ်းလိုသူများအနေဖြင့်Aung Bar Lay Application ကို ဝန်ကြီးဌာနဝက်ဘ်ဆိုဒ် aungbarlay.ird.gov.mm မှာ download ရယူနိုင်မှာ ဖြစ်ပါတယ်။ ယင်း App မှတဆင့် မိမိတို့နှစ်သက်ရာ အက္ခရာနှင့်နံပါတ်အား ရွေးချယ်ဝယ်ယူခြင်း၊ စနစ်မှ အလိုအလျောက်ရွေးချယ်ပေးသော အက္ခရာနှင့်နံပါတ်အား ရွေးချယ်ဝယ်ယူခြင်းတို့ကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး ထီလက်မှတ်ဝယ်ယူပြီးပါက ဝယ်ယူသူ၏အကောင့်တွင် ပြန်လည်ကြည့်ရှုစစ်ဆေးနိုင်မယ်လို့ သိရှိရပါတယ်။ မိမိဝယ်ယူထားသော ထီနံပါတ်ကံထူးခဲ့ပါက ကံထူးသူ၏ဖုန်းသို့ စာတို(SMS) ပေးပို့အကြောင်းကြားခြင်း၊ ကျပ်၁၀သိန်းနှင့်အောက် ထီဆုငွေများ ဖြစ်ပါက App မှတဆင့် ထီဆုငွေထုတ်ယူနိုင်ရန်အတွက် လျှို့ဝှက်ကုတ်နံပါတ်ပေးပို့ခြင်းများကို ဆောင်ရွက်ပေးမယ်လို့လည်းသိရှိရပါတယ်။

ကျပ် ၁၀သိန်းနှင့်အောက် ထီဆုငွေများကို အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကို အသုံးပြု၍ ပြန်လည်ထုတ်ပေးရာတွင် App မှ ဝယ်ယူကံစမ်းကတည်းက ပထမအဆင့်အဖြစ် KBZ pay၊ AYA၊ CB၊ uab နှင့် Mytel Pay များကို အသုံးပြုနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ယခု အွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိအသုံးပြုနေသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုလည်း ဆက်လက် အသုံးပြုမှာဖြစ်ပြီး အွန်လိုင်းထီအတွက် ထီဖွင့်ပွဲကို (၅၂)ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲ နှင့်အတူ ၂၀၂၃ခုနှစ် ဇူလိုင်၁ရက်နေ့တွင် ပူးတွဲ ကျင်းပမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရှိရပါတယ်။ ၂၀၂၁ခုနှစ်ကတည်းက ကျဆင်းနေတဲ့ အောင်ဘာလေထီရောင်းအားကို ပြန်လည်တိုးတက်လာစေဖို့ ယခုလို နည်းပညာအသစ်နဲ့စီစဉ်လာတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း ဝင်ငွေရရှိမှုအပိုင်းမှာ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူများအတွက် အွန်လိုင်းထီထိုးတဲ့စနစ်ကို စိတ်ဝင်စားလာအောင်လုပ်နိုင်ရင် အဆင်ပြေနိုင်ပေမယ့် လက်ရှိထီက ရောင်းအားကျနေတာရှိတော့ စောင့်ကြည့်မယ့်အနေအထားလို့ ထီလုပ်ငန်းလုပ်ကိုင်သူအချို့က သုံးသပ်ကြပါတယ်။

Photos–Aung Bar Lay Application

郑重声明:本则消息未经严格核实,也不代表本站观点,本站不承担任何法律责任。
分享到: