> 首页 > MFN

ရန်ကုန်ဆိပ်ကမ်းမှာ သမိုင်းတစ်လျှောက် အကြီးမားဆုံးကွန်တိန်နာတင်သင်္ဘော SITC Zhaoming ဆိုက်ကပ်မိတ်ဆက်

SITC International Holding Co.,Ltdမှကွန်တိန်နာတင်သင်္ဘောSITC Zhaomingသည်ဇွန်လ၂၂ရက်နေ့တွင်ရန်ကုန်ဆိပ်ကမ်းသို့ဆိုက်ရောက်လာခဲ့ပြီးအဆိုပါသင်္ဘောသည်၂၀၂၂ခုနှစ်တွင်တည်ဆောက်ပြီးစီးခဲ့သောသင်္ဘောအသစ်ဖြစ်ကာအရှည်(LOA)၁၈၆မီတာနှင့်အကျယ်၃၅မီတာရှိပြီးကွန်တိန်နာတင်ဆောင်နိုင်စွမ်း၂၆၀၀TEUရှိသောကြောင့်ရန်ကုန်မြို့တွင်းဆိပ်ကမ်းများတွင်ဆိုက်ကပ်ခဲ့သောသင်္ဘောမျာအနက်အကြီးဆုံးသင်္ဘောဖြစ်တယ်လို့သိရပါတယ်။

SITC International Holding Co.,Ltdဟာဟောင်ကောင်အခြေစိုက်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုလုပ်ကိုင်တဲ့သင်္ဘောကုမ္ပဏီတစ်ခုဖြစ်ပြီးအာရှဒေသတွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှာဦးဆောင်နေတဲ့ကုမ္ပဏီတစ်ခုလို့လည်းသိရှိရပါတယ်။

မြန်မာနိုင်ငံရဲ့ရေကြောင်းကုန်စည်ပို့ဆောင်ရေးကိုယခင်ကထက်ပိုမိုကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရန်ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာသည့်သမိုင်းတစ်လျှောက်အကြီးမားဆုံးရေယာဉ်အဖြစ်SITC Zhaomingရေယာဉ်သစ်ကိုSITCကုမ္ပဏီမှမိတ်ဆက်ခဲ့ပါတယ်။

#SITCZhaoming #SITCInternationalHoldingCoLtd #SITCLineMyanmar #ရေယာဉ်သစ် #ရေကြောင်းပို့ဆောင်ရေး #မြန်မာ့ဆိပ်ကမ်းအာဏာပိုင် #MyanmarPortAuthority #MFN #MyanmarFutureNews

分享到: