ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းတွေမှာစားသောက်ကုန်လုပ်ငန်းများလာ
တရားဝင်မှတ်ပုံတင် ဆောင်ရွက်နေတဲ့ ပုဂ္ဂလိကစက်မှုလုပ်ငန်းများအနက် စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းများ များပြားလာတယ်လို့ စက်မှုဝန်ကြီးဌာန သတင်းများအရ သိရပါတယ်။
မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုမှတ်ပုံတင်ဖြင့် ဆောင်ရွက်နေတဲ့ စက်မှုလုပ်ငန်း အမျိုးအစားပေါင်း ၂၄မျိုးရှိရာ ၎င်းတို့အနက်မှ အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းများကို အများဆုံးလုပ်ကိုင်လာတာ တွေ့ရှိရတယ်လို့ စက်မှုဝန်ကြီးဌာနက သိရပါတယ်။
၂၀၂၃-၂၄ဘဏ္ဍာနှစ်ရဲ့ ဧပြီလကုန်အထိ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက စက်မှုလုပ်ငန်းပေါင်း ၄၄,၉၅၁ခုရှိလာပြီး ယင်းထဲမှာမှ အစားအစာ ထုတ်လုပ်တဲ့ လုပ်ငန်းများဟာ ၅၀ရာခိုင်နှုန်းကျော် ရှိနေတာပါ။
အရေအတွက်အားဖြင့်ဆိုရင် အစားအစာထုတ်လုပ်တဲ့ အကြီးစားလုပ်ငန်းပေါင်း ၃,၇၀၂ခု၊ အလတ်စားလုပ်ငန်းပေါင်းက ၅,၃၈၀ခု၊ အသေးစားလုပ်ငန်းပေါင်းက ၁၃,၅၅၁ခု၊ စုစုပေါင်း၂၂,၆၃၃ခုရှိတယ်လို့ စက်မှုဝန်ကြီးဌာန စာရင်းတွေမှာ ဖော်ပြထားတာပါ။
စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့်လည်း အဆိုပါပုဂ္ဂလိက စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ စနစ်တကျလုပ်ကိုင် ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် အကူအညီများပေးနိုင်ဖို့ အခုလို လုပ်ငန်းမှတ်ပုံတင်တွေ လုပ်ဆောင်ပေးနေတာမို့ တစ်နိုင်တစ်ပိုင် လုပ်ကိုင်သည်ဖြစ်စေ မှတ်ပုံတင်လာရောက် လျှောက်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
#ပုဂ္ဂလိက#စက်မှုလုပ်ငန်း#စားသောက်ကုန်#စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေဦးစီးဌာန#MFN #MyanmarFutureNews
