> 首页 > MFN

ငလျင်ဒဏ်သင့်ခဲ့တဲ့မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ပေးပွဲနဲ့စာမေးပွဲဖြေဆိုရက်များရွှေ့ဆိုင်း

ငလျင်ဒဏ်သင့်ခဲ့တဲ့ မအူပင်တက္ကသိုလ်မှ အဝေးသင်ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ နေ့သင်တန်း စာမေးပွဲဖြေဆိုရက်များကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဇွန်လ၇ရက်နေ့ ညနေ၄နာရီ၂၃မိနစ် အချိန်က ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့အနီးကို ဗဟိုပြု၍ ပြင်းအားရစ်(ခ်)တာစကေး ၄.၈အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မအူပင်တက္ကသိုလ် မုခ်ဦးလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

ဒီအတွက်ကြောင့် မအူပင်တက္ကသိုလ်အဝေးသင် သင်တန်း၏ ဇွန်၉၊၁၀၊၁၁ရက်တို့မှာ ကျင်းပဖို့ ကျန်ရှိနေသေးတဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားအား သဘာဝဘေးအန္တရာယ်ကြောင့် ယာယီရွှေ့ဆိုင်းလိုက်သလို နေ့သင်တန်း ၂၀၂၂-၂၀၂၃ပညာသင်နှစ် ပထမနှစ်(၂၀၂၀)အောင် သင်တန်းတွင် ကျရှုံးခဲ့သော ဘာသာရပ်များကို ဇွန်၈ရက်မှ၁၅ရက်နေ့အထိ ပြန်လည်ဖြေဆိုရမယ့် နောက်ဆက်တွဲ စာမေးပွဲများကိုလည်း ယာယီရွှေ့ဆိုင်းလိုက်ပြီး ပြန်လည်ကျင်းပမယ့်ရက်ကို မအူပင်တက္ကသိုလ်မှ ထပ်မံကြေညာပေးသွားမယ်လို့ သိရပါတယ်။

အထက်ပါ ငလျင်ဒဏ်ကြောင့် မအူပင်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းများ၊ ဘုရားကျောင်းကန်များ ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့ပြီး မအူပင်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာအတွင်း သန့်ရှင်းရေး လုပ်ဆောင်နေတဲ့ ဆရာလေး၁ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို အသက်ကြီးရွယ်အိုအဖွားအိုတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မအူပင်မြို့နယ် လူမှုကူညီရေးအသင်းမှ ကိုနေလင်းအောင်က MFNသို့ ပြောကြားတယ်။

#ငလျင်#ညောင်တုန်း#မအူပင်တက္ကသိုလ်#မအူပင်#Quake#MFN#MyanmarFutureNews

分享到: