ဖီဖာနိုင်ငံတကာခြေစမ်းပွဲအတွက်မြန်မာ့လက်ရွေးစင်အသင်းအပြီးသတ်လူစာရင်း၌ပြည်ပကလပ်များတွင်ခြေစွမ်းပြနေတဲ့ကစားသမားများပါဝင်
တရုတ်၊ မကာအိုလက်ရွေးစင်အသင်းတွေနဲ့ ကစားမယ့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွေအတွက် ကစားသမား၂၄ဦး ပါဝင်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းအပြီးသတ် လူစာရင်းကို ထုတ်ပြန်လိုက်ပြီး ပြည်တွင်း၊ ပြည်ပကလပ်အသင်းတွေ ခြေစွမ်းပြကစားနေတဲ့ ကစားသမားတွေ ပါဝင်လာပါတယ်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းဟာ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲတွေအဖြစ် ဇွန်လ၁၆ရက်မှာ တရုတ်နိုင်ငံ လက်ရွေးစင်အသင်း၊ ဇွန်လ၁၉ရက်မှာ မကာအိုနိုင်ငံ လက်ရွေးစင်အသင်းတွေနဲ့ ခြေစမ်းပွဲကစားမှာလည်း ဖြစ်ပါတယ်။
ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲကစားမယ့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းတွင် ဂိုးသမားအဖြစ် ပြည့်ဖြိုးသူ(ရတနာပုံအက်ဖ်စီ)၊ ကျော်ဇင်ဖြိုး (ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်)ပါဝင်ပြီး၊ နောက်တန်းအဖြစ် ဇွဲခန့်မင်း၊ ရဲမင်းသူ၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း (Ratchaburi)၊ သက်ဟိန်းစိုး (ရတနာပုံအက်ဖ်စီ)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)နှင့် သီဟထက်အောင် (ရခိုင်ယူနိုက်တက်)တို့ ပါဝင်ပါတယ်။
အလယ်တန်းအဖြစ် ဝေလင်းအောင် (ဒဂုံစတား)၊ ရန်နိုင်ဦး (ရန်ကုန်ယူနိုက်တက်)၊ ကျော်မင်းဦး (PDRM)၊ ငြိမ်းချမ်းအောင်၊ လွင်မိုးအောင် (Rayoung FC)၊ မောင်မောင်လွင် (Lamphun Warriors)၊ ဟိန်းထက်အောင် (Selangor FC)၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့်နှင့် ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်) ပါဝင်ကာ ရှေ့တန်းတိုက်စစ်မှူးများအဖြစ် စည်သူအောင် (Ayutthaya UTD)၊ အောင်ကောင်းမာန် (Chonburi FC)၊ ဝင်းနိုင်ထွန်း (Borneo)နှင့် သန်းပိုင်တို့ပါဝင်တယ်လို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF)ရဲ့ ထုတ်ပြန်ထားမှုအရ သိရှိရပါတယ်။
ဂျာမနီလူမျိုးနည်းပြချုပ် မိုက်ကယ်တာဝန်ယူ ကိုယ်တွယ်မယ့် ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲကာလအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်က ထုတ်ပြန်ခဲ့တဲ့ ပဏာမ လူစာရင်းမှာ အောင်သူ့အမည်ပါဝင်ခဲ့ပေမယ့် အပြီးသတ်လူစာရင်းမှာ တော့ မြန်မာဘောလုံးပရိသတ်များ မျှော်လင့်နေတဲ့ နာမည်ကျော်တိုက်စစ်မှူး အောင်သူပါဝင်လာခြင်း မရှိတာကို တွေ့ရပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေနဲ့ အောင်သူဘာကြောင့် မပါလာသလဲဆိုတာတော့ သီးခြားထုတ်ပြန်တာ မရှိခဲ့ပါဘူး။
မြန်မာဘောလုံးပရိသတ်တစ်ဦးက အောင်သူက မြန်မာ့လက်ရွေးစင်အသင်းမှာ တောက်လျှောက်အရွေးခံခဲ့ရတာ ဒီတစ်ခေါက်ဘာလို့ မပါလာလဲပေါ့။မ တ်လကကစားခဲ့တဲ့ အိန္ဒိယ၊ ကာဂျစ္စတန်တို့နဲ့ ခြေစမ်းပွဲတွေမှာ ပါခဲ့သေးတယ်လို့ ပြောပါတယ်။
ထိုင်းလိဂ်(၁)ကလပ် လမ်ဖွန်ဝါရီယာအသင်းမှာ ကစားနေတဲ့ အောင်သူမြန်မာယူ-၂၀ အသင်း၂၀၁၅ ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ဖို့အတွက် အဓိကနေရာက စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး အာဆီယံအကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိဖူးသူဖြစ်ပါတယ်။
#ဖီဖာ#FIFA#မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း#တရုတ်#မကာအို#မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် #MFF #MFN #MyanmarFutureNews