> 首页 > MFN

ဇွန်လ လဝက်အတွင်း ရွှေဈေး ၇သောင်းနီးပါး မြင့်တက်

ပြည်တွင်းရွှေဈေးကွက်၌ ၁၆ပဲရည် တစ်ကျပ်သားကို ဇွန်လ(၁)ရက်နေ့မှာ (၃,၀၆၀,၀၀၀)ကျပ်ရှိခဲ့ရာမှ ယနေ့ဇွန်လ (၁၅)ရက်နေ့မှာတော့ (၃,၁၂၈,၀၀၀)ကျပ်ဖြစ်လာပြီး လဝက်အတွင်းမှာ (၆၈,၀၀၀)ကျပ် မြင့်တက်လာခဲ့ပါတယ်။

အကယ်ဒမီ မီးလင်းရွှေဈေးကတော့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ ရည်ညွှန်းဈေးအရ ဇွန်လ(၁)ရက်နေ့မှာ တစ်ကျပ်သားကို (၂,၃၁၃,၈၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ဇွန်လ(၁၅)ရက်နေ့မှာတော့ (၂,၂၇၉,၆၀၀)ကျပ်ဖြင့် ဈေးဖွင့်ခဲ့တဲ့အတွက် (၃၄,၂၀၀)ကျပ် ပြန်လည်လျော့ကျခဲ့ပါတယ်။

#အခေါက်ရွှေ#ရွှေဈေး#၁၆ပဲရည်#အကယ်ဒမီမီးလင်းရွှေ#ရွှေ#MFN#MyanmarFutureNews

分享到: