> 首页 > MFN

တရုတ်ရိုးရာလမုန့်မြည်းစမ်းခြင်းနှင့်အထူးဈေးရောင်းပွဲတော်ကျင်းပ

တရုတ်ရိုးရာလမုန့်ပွဲတော်ဟာ လာမယ့်စက်တင်ဘာ၂၉ရက်မှာ ကျရောက်မှာဖြစ်ပြီးတော့ ပွဲတော်အကြိုအနေနဲ့"Mid-Autumn Festival Mooncake Delight Event"ကိုရန်ကုန်မြို့ရှိMeliáYangon Hotelမှာဩဂုတ်လ၃၁ရက်နေ့ညပိုင်းမှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါပွဲတော်မှာMeliáYangon Hotelမှဝါရင့်စားဖိုမှူးကြီးအထူးပြုလုပ်ထားတဲ့တရုတ်ရိုးရာလမုန့်များကိုမြည်းစမ်းခြင်းနှင့်လမုန့်အထူးဈေးရောင်းပွဲတို့ကိုကျင်းပခဲ့ပြီးတရုတ်ရိုးရာခြင်္သေ့အကနှင့်တေးသီချင်းများဖြင့်ဖျော်ဖြေတင်ဆက်မှုတွေရှိခဲ့ပါတယ်။

ယင်းလမုန့်များတွင်မူရင်းကွမ်ကျိုးဒေသထွက်ကုန်များကိုသာအသုံးပြုထားပြီးမြန်မာပြည်မှစိုက်ပျိုးထွက်ရှိသောလက်ဖက်စိမ်း၊ဆွမ်းမွှေးစသဖြင့်သီးပင်ထွက်ကုန်များကိုပေါင်းစပ်ထားကာထူးကဲသောအရသာရှိအောင်ပြင်ဆင်ထုတ်လုပ်ထားတယ်လို့သိရပါတယ်။ လမုန့်များမှာ ဆွမ်းမွှေးလမုန့်၊ ပဲနီလမုန့်၊ လက်ဖက်စိမ်းလမုန့်(Green Tea)၊ ကြာစေ့လမုန့် (White Lotus)နှင့် ဒူးရင်းသီးလမုန့် တို့ပါဝင်ပြီး ဘဲဥအရသာကြိုက်နှစ်သက်သူများအတွက်လည်း ထုတ်လုပ်ပေးထားတယ်လို့သိရပါတယ်။။

လက်ဆောင်ပေးချင်သူများအတွက်လည်းထုပ်ပိုးမှုအပိုင်းမှာအရသာတစ်မျိုးတည်းထုပ်ပိုးခြင်းအပြင်ရွေးချယ်စရာအရသာလေးမျိုးပါရှိတဲ့ရောစပ်ထုပ်ပိုးခြင်းတို့ကိုရရှိနိုင်မှာဖြစ်ပြီးစက်တင်ဘာ၁ရက်မှ၁၅ရက်နေ့အထိတစ်ဘူးလျှင်၄ခုပါတဲ့လမုန့်၁၀ဘူးဝယ်ယူပါကတစ်ဘူးအခမဲ့ရရှိနိုင်တယ်လို့ဆိုထားပါတယ်။

ဒါ့အပြင်ပမာဏအများဝယ်ယူလိုသူများအတွက်သြဂုတ်လ၁၅ရက်နေ့မှစတင်ကာစက်တင်ဘာလ၃၀ရက်နေ့အထိကြိုတင်မှာယူနိုင်ပြီးဘူး၅၀မှ၁၀၀အထိမှာယူပါကဝယ်ယူမှုရဲ့၂၀ရာခိုင်နှုန်းနှင့်ဘူး၁၀၀မှ၂၀၀အတွင်းဝယ်ယူပါကဝယ်ယူမှုရဲ့၂၅ရာခိုင်နှုန်းဈေးလျှော့ကာရောင်းချပေးနေတယ်လို့သိရပါတယ်။

ယခု"Mid-Autumn Festival Mooncake Delight Event"ဟာMeliáYangon Hotelရဲ့ဒုတိယမြောက်ကျင်းပတဲ့လမုန့်ပွဲတော်ဖြစ်ပါတယ်။

တရုတ်ရိုးရာယဉ်ကျေးမှုအရ လမုန့်ပွဲတော်ဆင်နွှဲခြင်းဟာ မိသားစုလက်ဆုံစားပွဲ(သို့မဟုတ်) မိသားစုဝင်များစည်းလုံးညီညွတ်မှုကိုပြသခြင်းဖြစ်ပြီး ရိုးရာလမုန့်ပွဲတော်ကိုဆင်နွှဲကြတဲ့အခါ လမုန့်များဟာ ရိုးရာကန်တော့ပွဲပစ္စည်းများတွင် မပါမဖြစ်ဘဲဖြစ်ပါတယ်။ မိသားစုဝင်များနဲ့အတူဝိုင်းဖွဲ့သုံးဆောင်ရန် အရသာရှိတဲ့လမုန့်များကိုဝယ်ယူကြတဲ့အပြင် ခန့်ညားတဲ့အပြင်အဆင်နဲ့ အရသာရှိတဲ့လမုန့်တွေကို ခင်မင်ရင်းနှီးသော ဆွေမျိုးများ၊ မိတ်ဆွေများနှင့် ကျေးဇူးတင်ထိုက်သူများကိုလက်ဆောင်ပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။


分享到: