Miss Universe Myanmar2023အဖြစ်ကျိုင်းတုံကိုယ်စားပြုအလှမယ်“အမရာဘို”ရွေးချယ်ခံရ
ကမ္ဘာ့မယ်စကြဝဠာ (Miss Universe) ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့်သူအဖြစ် ကျိုင်းတုံကိုယ်စားပြုအလှမယ် အမရာဘို ရွေးချယ်ခံရတယ်လို့သိရှိရပါတယ်။ Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲကြီးကို စက်တင်ဘာ၁၄ရက်နေ့က Novotel Hotel တွင် ကျင်းပခဲ့ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ တိုင်းနှင့်ပြည်နယ်များမှ အလှမယ်၃၂ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
Miss Universe Myanmar 2023 ဆု ရရှိခဲ့တဲ့အလှမယ်“အမရာဘို”ကတော့ ၂၀၂၃ခုနှစ်နိုဝင်ဘာလအတွင်း အယ်လ်ဆာဗေးဒေါနိုင်ငံ၌ နိုင်ငံပေါင်း (၈၀)ကျော်ဖြင့် ကျင်းပပြုလုပ်မည့် (၇၂)ကြိမ်မြောက် Miss Universe2023 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သွားတော့မှာဖြစ်ပါတယ်။
ထို့အပြင် Miss Universe Myanmar 2023 ၏1st Runner Up ဆုကို မော်လမြိုင်ကိုယ်စားပြုအလှမယ်“ဒီး”၊ 2nd Runner Up ဆုကို ဗန်းမော်ကိုယ်စားပြုအလှမယ်“ခေမာ”၊ 3rd Runner Up ဆုကို တာချီလိတ်ကိုယ်စားပြုအလှမယ်“နန်းနန္ဒာလင်း”၊ 4th Runner Up ဆုကို ပုသိမ်ကိုယ်စားပြုအလှမယ်“နိုနိုမေ”၊ 5th Runner Up ဆုကိုပြင်ဦးလွင်ကိုယ်စားပြုအလှမယ်“သင်းစန္ဒာပြည့်သီဟအောင်”တို့က အသီးသီးဆွတ်ခူးရရှိခဲ့ကြောင်းသိရှိရပါတယ်။