လေကြောင်းကုန်စည်သယ်ယူပို့ဆောင်မှုအတွက်MAIရဲ့Boeing737ကုန်တင်လေယာဉ်သစ်ရောက်ရှိ
မြန်မာနိုင်ငံ၏လေကြောင်းကုန်စည်သယ်ယူပို့ဆောင်မှုအတွက်ခြေလှမ်းသစ်တစ်ခုအဖြစ်MAIရဲ့Boeing737ကုန်တင်လေယာဉ်သစ်ရောက်ရှိလာတယ်လို့အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း(MAI)သိရှိရပါတယ်။
အသစ်ထပ်မံရောက်ရှိလာသည့်Boeing737ကုန်တင်လေယာဉ်ဟာရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့စက်တင်ဘာ၁၄ရက်နေ့ကဆိုက်ရောက်ခဲ့ပြီးရေပက်ဖြန်းဂုဏ်ပြုကာခရီးဦးကြိုဆိုသည့်အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်။
MAIဟာMy Indoလေကြောင်းလိုင်း(2Y)နှင့်ACMIစနစ်ကိုအခြေခံကာအကျိုးတူလက်တွဲပူးပေါင်း၍အဆိုပါကုန်တင်လေယာဉ်ကိုပျံသန်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။
Boeing737ကုန်တင်လေယာဉ်စတင်မိတ်ဆက်မှုသည်လေကြောင်းလိုင်း၏ကတိကဝတ်ဖြစ်သည့်လေကြောင်းကုန်စည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုများကိုတိုးမြှင့်ခြင်း၊ကုန်စည်စီးဆင်းမှုမှတဆင့်မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုကိုမြှင့်တင်ပေးခြင်းနှင့်နိုင်ငံကိုကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးလမ်းကြောင်းများသို့ချိတ်ဆက်ပေးခြင်းတို့အတွက်အထောက်အပံ့တစ်ခုဖြစ်တယ်လို့လည်းသိရှိရပါတယ်။