> 首页 > MFN

ရန်ကုန်မှာMG EVကားသစ်များနဲ့Taxiဝန်ဆောင်မှုပေးမယ်

ရန်ကုန်မြို့တွင်းမှာKilo Taxi GroupမှMG EVကားသစ်ကြီးများဖြင့်ယခုလကုန်ပိုင်းတွင်Taxiဝန်ဆောင်မှုပေးသွားမယ်လို့သိရှိရပါတယ်။ Kilo Taxi Groupဟာရန်ကုန်မြို့တွင်းခရီးစဉ်များအတွက်EVကားကုမ္ပဏီတစ်ခုဖြစ်တဲ့MGနှင့်လက်တွဲကာယခုအစီအစဉ်ကိုဆောင်ရွက်တာဖြစ်ပြီးဆက်လက်လက်တွဲလုပ်ဆောင်မယ့်အစီအစဉ်တွေကိုလည်းဆွေးနွေးနေတယ်လို့သိရှိရပါတယ်။

Kilo Taxi Groupရဲ့Founder ဖြစ်သူကိုလင်းက“အခုလကုန်ပိုင်းလောက်စဖြစ်မယ်ခင်ဗျ။ရက်အတိအကျသတ်မှတ်ပြီးရင်ပြန်ကြေညာပေးပါမယ်။ MGနဲ့တွဲပြီးလုပ်တဲ့သဘောပေါ့။ ကားကတော့သိတဲ့အတိုင်းပဲအရမ်းကောင်းတယ်။ Premium Grade ပေါ့၊ ခရီးသည်တွေကိုစီးစေချင်တယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်းစမ်းမောင်းကြည့်မှာပေါ့။ မော်ဒယ်ကMG5ဖြစ်မယ်။ လောလောဆယ်ကား၂စီးနဲ့မိတ်ဆက်တဲ့အနေနဲ့ကား၂စီးနဲ့၁လ၊ ၂လလောက်ဝန်ဆောင်မှုပေးပါမယ်။ ဈေးကအစကကြေညာထားတာက ပုံမှန်ထက်ကျပ်၅၀၀၀ပိုများမယ်ဆိုပေမယ့် အခုအဲလိုမလုပ်တော့ဘဲ ကျွန်တော်တို့ပုံမှန်ယူနေကြအတိုင်းယူဖို့ ဆုံးဖြတ်ထားတယ်။ နောက်ထပ်ကား၁၀စီးလောက်ဖြစ်လာဖို့လည်းရှိမယ်"လို့ MFNရဲ့ဆက်သွယ်မေးမြန်းမှုအပေါ်ပြောပါတယ်။

Kilo Taxi Group ဟာ မြန်မာနိုင်ငံမှာ ကီလိုနဲ့ဝန်ဆောင်မှုပေးတဲ့အဖွဲ့ တစ်ခုဖြစ်ပြီး ၂၀၁၈ခုနှစ်ကတည်းက တည်ထောင်ထားတာဖြစ်ကာ ယခုအချိန်မှာတော့ကားအစီးရေ၁၀၀ဝန်းကျင်ဖြင့် ဝန်ဆောင်မှုပေးနေတယ်လို့လည်း သိရှိရပါတယ်။


分享到: