လျှပ်စစ်ဆိုင်ကယ်တစ်စီးကို ၃၆ စက္ကန့်အတွင်း ထုတ်လုပ်နိုင်တယ်ဆိုတာ သင်သိပါသလား?
တရုတ်နိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသGuigangမြို့ရှိဧက(၁၆၀၀)ကျော် ကျယ်ဝန်းတဲ့EVစက်မှုဥယျာဉ်မှာ လျှပ်စစ်ဆိုင်ကယ်တစ်စီးကို အချိန်၃၆စက္ကန့်အတွင်းထုတ်လုပ်လျက်ရှိပါတယ်။
လက်ရှိမှာတရုတ်နိုင်ငံက ထုတ်လုပ်တဲ့လျှပ်စစ်စက်ဘီးများကိုကမ္ဘာမှာလူကြိုက်များလာပြီးယင်းEVယာဉ်များကို အာဆီယံစျေးကွက်သို့ ထိုးဖောက်တင်ပို့သွားရန် ကြိုးပမ်းလျက်ရှိနေပါတယ်။
Guigang ရှိ Gangbei ခရိုင်မှာတည်ရှိတဲ့တရုတ်-အာဆီယံစွမ်းအင်သစ် လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းရှိ နည်းပညာစက်ရုံ တစ်ခုဖြစ်သော Guangxi Luyuan Electric Vehicle Co.,Ltdသို့နိုင်ငံတကာမီဒီယာသတင်းထောက်၂၀ ကျော်နှင့်အတူMFNကလည်းအောက်တိုဘာ၂၅ရက်ကသွားရောက် ကြည့်ရှုလေ့လာခဲ့ပါတယ်။
မဟာဗျူဟာကျတဲ့ထွန်းသစ်စ စက်မှုလုပ်ငန်းများကိုရည်ရွယ်ပြီးGuigangဟာမြင့်မားသောစံနှုန်းများနှင့်အညီတရုတ်-အာဆီယံ စွမ်းအင်သစ် လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်းကို တည်ဆောက်ခဲ့ပါတယ်။ ယင်းအခြေစိုက်စခန်းမှာ Aima၊ Luyuan၊ Tailg၊ Lima နှင့် Opai လိုနာမည်ကြီးပြည်တွင်း မော်တော်ယာဉ်လုပ်ငန်းများနဲ့ ပံ့ပိုးပေးတဲ့လုပ်ငန်းပေါင်း ၁၀၀ ကျော် အခြေချလုပ်ဆောင်လျက်ရှိပါတယ်။
Guigang ရဲ့ နှစ်စဉ်ထုတ်လုပ်မှု စွမ်းရည်မှာနှစ်ဘီးလျှပ်စစ်ယာဉ်အစီးရေသိန်း(၅၀)၊ သုံးဘီးလျှပ်စစ်ယာဉ်အစီးရေ (၅)သိန်းနဲ့ အစိတ်အပိုင်းအစုံပေါင်း သိန်း(၅၀)ရှိပါတယ်။ ထိပ်တန်းအဆင့် အစိတ်အပိုင်းများကိုက်ညီမှုနဲ့ နည်းပညာဆိုင်ရာ အားသာချက်တွေကြောင့် အဆိုပါ အခြေစိုက်စခန်းဟာ စတုတ္ထမြောက်အကြီးဆုံး တရုတ်နိုင်ငံအခြေစိုက် EV ယာဉ်ထုတ်လုပ်ရေးစခန်း ဖြစ်လာပါတယ်။
#EV #လျှပ်စစ်သုံးယာဉ် #Guangxi #Guigang #တရုတ်_အာဆီယံစွမ်းအင်သစ်လျှပ်စစ်ယာဉ်ထုတ်လုပ်ရေးအခြေစိုက်စခန်း #China_ASEANNewEnergyElectricVehicleProductionBase #MFN #MyanmarFutureNews