စတုတ္ထအကြိမ်မြောက်တရုတ်-မြန်မာThink Tankအဆင့်မြင့်ဖိုရမ်ကိုမန်စီမြို့တွင်ကျင်းပမည်
1700035090315
၂၀၂၃ခုနှစ်နို၀င်ဘာလ၁၅ရက်နေ့မှ၁၈ရက်နေ့အထိ“Belt and Road”အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရုတ်-မြန်မာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးဟူသော အဓိကဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ်မြောက် တရုတ်-မြန်မာThink Tank အဆင့်မြင့်ဖိုရမ်ကို ယူနန်ပြည်နယ် တယ်ဟုန်တိုင်၊ ဂျိမ်းဖောတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ မန်စီမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။
တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု ခေတ်သစ်၊"Belt and Road"နှင့် အပြန်အလှန် ဆက်နွယ်ပေါက်ရောက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အဆိုပြုချက်နှင့်တရုတ်မြန်မာပြည်သူကြား နှလုံးသားချင်းနီးစပ်မှုဟူသော ဆွေးနွေးမှုခေါင်းစဉ် ၃ခုဖြင့် ပါ၀င်တက်ရောက်မည့် ဧည့်သည်တော်များမှ ဆွေးနွေးကြပါမည်။
ဆောင်းပါးအရင်းအမြစ်။။ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီပြန်ကြားရေးဌာန
ဘာသာပြန်။။ Zhang Yinglin