> 首页 > MFN

တောတောင်ရေမြေ စိမ်းလန်းစိုပြေ၍ ဇီဝလှပခြင်း၊ ကွမ်ရှီးသည် အလှပဆုံးသော ပန်းချီကားလိပ်ဖြင့် အစိမ်းရောင် ဖွံ့ဖြိုးရေးအဖြေကို ဖော်ပြခြင်း

တောတောင်ရေမြေစိမ်းလန်းစိုပြေ၍ဇီဝလှပခြင်း၊ကွမ်ရှီးသည်အလှပဆုံးသောပန်းချီကားလိပ်ဖြင့်အစိမ်းရောင်ဖွံ့ဖြိုးရေးအဖြေကိုဖော်ပြခြင်း

ဆောင်းပါးရှင်- ဝေကျာရှုတ်

မြစ်ချောင်းဟာကျယ်ဝန်းရှည်လျားပြီးမြေပြင်ရုက္ခဝေဆာလျက်ကန်ရေပြည့်ဖြိုးကာအစုလိုက်သောဗျိုင်းဖြူများသည်ကောင်းကင်တွင်ပျံဝဲနေသလိုရေပေါ်တွင်ကစား၍လည်းအစာရှာနေပါသည်။နိုဝင်ဘာလမှာတရုတ်နိုင်ငံကွမ်ရှီးဟန်ကျိုးမြို့ရှိစီကျင်အမျိုးသားရေတိမ်ဥယျာဥ◌်သည်နိုင်ငံတော်အဆင့်အရေးကြီးသောရေတိမ်ဒေသစာရင်းသို့ထည့်သွင်းခြင်းခံခဲ့ရသည်။

အဆိုပါ“ရေတိမ်ဥယျာဉ်”ကိုကာကွယ်စောင့်ရှောက်ရန်ဒေသခံအစိုးရသည်ငါးဖမ်းပိုက်ကွန်များကိုရှင်းလင်းခြင်း၊တရားမဝင်အဆောက်အဦးနှင့်သဲကွင်းကိုဖျက်ပစ်ခြင်းစသည်တို့ကိုဆက်လက်၍လုပ်ဆောင်ပါသည်။နားနေမြေ၂၃ဧကကိုပြန်ဖြစ်စေပြီးကမ်းရိုးတန်းကို၂၇ကီလိုမီတာအထိပြန်လည်ပြုပြင်ပါသည်။စိုစွတ်မြေသယံဇာတကိုအဆက်မပြတ်ကာကွယ်ပြုပြင်ပြီးစနစ်တကျအသုံးဝင်စေသည်။နှစ်ပေါင်းများစွာပြုပြင်ပြီးစီကျင်အမျိုးသားရေတိမ်ဥယျာဥ◌်၏ဇီဝပတ်ဝန်းကျင်သည်အဆင့်မြင့်လာသည်။အဖိုးတန်ရှားပါးသောတိရစ္ဆာန်များ၏နားနေမြေဖြစ်လာသည်။စီကျင်စိုစွတ်မြေဇီဝကာကွယ်ရေးလုပ်ငန်းလည်းတရုတ်တောင်ပိုင်းဒေသသာမကတစ်ပြည်လုံးတွင်စိုစွတ်မြေဇီဝစနစ်ကာကွယ်ရေးနှင့်ဆက်လက်၍အသုံးပြုနိုင်သောစံပြဖြစ်လာသည်။

စီကျင်အမျိုးသားရေတိမ်ဥယျာဉ်မြင်ကွင်း။

ယခုတလောကွမ်ရှီးသည်ဇီဝပတ်ဝန်းကျင်ကာကွယ်ရေးလုပ်ငန်းနှင့်ဖွံ့ဖြိုးတိုးတက်နည်းအစိမ်းရောင်ပုံစံပြောင်းခြင်းကိုစနစ်တကျအကောင်ထည်ဖော်နေပါသည်။ဂေဟဗေဒဆိုင်ရာ“အစိမ်းရောင်အချက်အလက်”များဖြင့်ဖွံ့ဖြိုးတိုးတက်ရေး“ရွှေရောင်အချက်အလက်”များကိုတိုးမြှင့်စေပြီးကွမ်ရှီးလက္ခဏာပါအစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုဖြစ်ထွန်းစေရန်ကြိုးစားနေသည်။

“ခိုတာတောင်မှလေကိုငါစောင့်နေ၊လှေကားထစ်လယ်ကွက်တွင်ရွှေရောင်ပင်လယ်လိုတိမ်စိုင်ပျံ့နှံ့နေ”ကိုယ်တိုင်ဖန်တီးသောဂီတခိုတာလှေကားထစ်လယ်ကွက်တွင်လည်းအစိမ်းရောင်ပြောင်းလဲမှု၏လှပသောရှုခင်းကိုသရုပ်ဖော်ထားပါတယ်။

ကွမ်ရှီးဟိုကျူမြို့ဖူချွန်ရောက်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ပိုင်စာမြို့နယ်မြောက်ပိုင်းရှိခိုတာတောင်သည်စွန့်ပစ်ခံရသောလုပ်ကွက်ဖြစ်ဖူးသည်။ယခုတလောဟိုကျူမြို့သည်ဇီဝပြန်လည်ပြုပြင်ခြင်း၊အတိုးအလျှော့သက်ဆိုင်ခြင်း၊မြေပြင်ကိုပြုပြင်မွမ်းမံခြင်းစသောစီမံကိန်းများဖြင့်“မြေပြင်ပြုပြင်မွမ်းမံ+ဇီဝ+လယ်ယာစိုက်ပျိုးရေး”ပုံစံကိုအကောင်ထည်ဖော်နေသည်။လယ်ယာ၏အရည်အသွေး၊အရည်အချင်းနှင့်ဇီဝကိုသုံးမျိုးစပ်ကာကွယ်ပေးသည်။ခိုတာတောင်ကို“အစိမ်းရောင်ပြောင်း၊ရွှေရောင်အဝတ်ခြုံ”စေပြီးမျိုးဆက်သစ်နာမည်ကျော်ရှုခင်းဖြစ်လာသည်။“ကျေးလက်ဒေသခရီးသွားလုပ်ငန်း”ကိုထိရောက်စွာတွန်းအားပေးသည်။

လှေကားထစ်လယ်ကွက်အားတွေ့ရစဉ် (ဓာတ်ပုံ-သိန်ကျိန်စီ)

အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုကျင့်သုံးရန်ကွေ့လင်မြို့သည်လီမြစ်ကိုညစ်ညမ်းစေသောမြစ်တစ်လျှောက်ရှိလုပ်ငန်းများကိုပိတ်လိုက်ကာပြောင်းရွှေ့ခဲ့ပါသည်။လင်ကွေ့ရပ်ကွက်သစ်ကိုစီစဉ်ထားပြီးမြို့ပြကျေးလက်တည်ထောင်ရေး၊လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုလီမြစ်နှင့်ဝေးအောင်ခွဲခွာစေသည်။ထို့အပြင်ကွေ့လင်သည်ဒီဂျီတယ်လီမြစ်5Gပေါင်းစပ်၍ဇီဝကာကွယ်ရေးအထွေထွေပလတ်ဖောင်းကိုတည်ထောင်ခဲ့သည်။လီမြစ်ရေအရည်အသွေး၊တောင်ကိုယ်ထည်၊ဇီဝမျိုးစုံမှု၊ခရီးသွားစနစ်ကိုအချိန်မီစောင့်ကြပ်အုပ်ချုပ်နေပြီးလီမြစ်ပေါ်ရှိဖောင်နှင့်ခရီးသည်တင်သင်္ဘောများကိုလျှပ်စစ်စွမ်းအားဖြင့်လောင်စာဆီကိုအစားထိုးစေခဲ့ပါသည်။

စနစ်တကျပြုပြင်ပြီးသောလီမြစ်တွင်တောတောင်ရေမြေစိမ်းလန်းစိုပြေကာမြစ်ဝှမ်းဒေသတွင်သစ်တောဖုံးလွှမ်းမှု၈၀%ကျော်ရှိပြီးပင်မရေစီးကြောင်းတွင်ရေအရည်အသွေးအမြဲတမ်း၂မျိုးအဆင့်ထိန်းသိမ်းထားသည်။လီမြစ်သည်တရုတ်နိုင်ငံ၏ပထမအသုတ်အမျိုးသားအဆင့်“လှပသောမြစ်ကန်”စာရင်းသို့ထည့်သွင်းခြင်းခံထားရပါသည်။လီမြစ်ဝှမ်းဒေသ၏ဇီဝသည်တနေ့တခြားတက်ကြွလာသည်။လူနှင့်သဘာဝပြေပြစ်အောင်အတူနေထိုင်သောအနက်ဖွင့်ဆိုချက်ပင်ဖြစ်ပါသည်။

နန်နင်မြို့ရှုခင်း(ဓာတ်ပုံ-ဇူချီဖောင်)

ဖော်ပြထိုက်သည်မှာကွမ်ရှီးမြေပေါ်ရေအရည်အသွေးထူးချွန်နှုန်းဟာ၆နှစ်ဆက်လက်၍၉၆% ကျော်ရှိပါသည်။ဒီနှစ်အောက်တိုဘာလ၂၈ရက်မှာတရုတ်ဇီဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ၂၀၂၃ခုနှစ်တတိယသုံးလပတ်(၇-၉လ)နှင့်၁-၉လတစ်နိုင်ငံလုံးမြေပေါ်ရေပတ်ဝန်းကျင်အရည်အသွေးကိုဖော်ပြခဲ့ပြီးကွမ်ရှီးလျူကျူမြို့သည်ပထမတန်းရှိခဲ့ပါသည်။ယင်းမြို့သည်သုံးနှစ်ဆက်လက်၍တစ်နိုင်ငံလုံးမြေပေါ်ရေပတ်ဝန်းကျင်အရည်အသွေးဗိုလ်စွဲသူဖြစ်ပါသည်။ထို့အပြင်ကွမ်ရှီး၏ဒေသ(၈)ခုသည်ထိပ်ဆုံး၃၀သို့ဝင်ခဲ့ပြီးအရေအတွက်အများဆုံးဖြစ်ကာစုစုပေါင်းအရေအတွက်၏သုံးပုံတစ်ပုံနီးပါးရှိပါသည်။

အစိမ်းရောင်သည်ခေတ်သစ်မှာခန့်ညားသောကွမ်ရှီး၌အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်ခြင်းတွင်အထင်ရှားဆုံး၊အလေးနက်ဆုံး၊အခိုင်လုံဆုံးသောအောက်ခံအရောင်ဖြစ်လာပါသည်။ကွမ်ရှီးဇီဝပတ်ဝန်းကျင်ဌာနမှသတင်းအရ၂၀၂၂ခုနှစ်ကွမ်ရှီးဇီဝအရည်အသွေးအညွှန်းကိန်းသည်တရုတ်နိုင်ငံ၏ဒုတိယတန်းကျနေပါသည်။၂၀၂၃ခုနှစ်၁-၁၀လအတွင်းမြို့ကြီးပတ်ဝန်းကျင်လေအရည်အသွေးထူးချွန်သည့်ရက်အချိုးအစားမှာ၉၈.၁%ဖြစ်သည်။အလုံးနုပစ္စည်း(PM2.5) ပျမ်းမျှအပျစ်ဒီဂရီမှာ၂၅မိုက္ကရိုဂရမ်/ကုဗမီတာဖြစ်သည်။နိုင်ငံတော်မြေပေါ်ရေအရည်အသွေးစစ်ဆေးသောဖြတ်ပိုင်းပုံ၁၁၂ပုံများတွင်ထူးချွန်မှုသည်၉၈.၂%ဖြစ်သည်။၅မျိုးရေဆိုးအချိုးအစား“၀” (သုည)ဖြစ်ပါသည်။

လီမြစ်ရှုခင်း(ဓာတ်ပုံ-ရန်ကြုံစိန်)

ကောင်းမွန်သောဇီဝပတ်ဝန်းကျင်သည်သက်သာချောင်ချိရေးသာမကဖွံ့ဖြိုးတိုးတက်ရန်အထောက်အကူဖြစ်စေပါသည်။၎င်းကိုအခြေခံ၍ကွမ်ရှီးသည်“ကာဗွန်လျှော့ခြင်း၊ညစ်ညမ်းမှုလျှော့ခြင်း၊အစိမ်းရောင်တိုးခြင်းနှင့်တိုးတက်မှု”တွင်အကျိုးပြုပါသည်။လုပ်ငန်းများကိုအစိမ်းရောင်အသွင်းပြောင်းအဆင့်မြင့်စေပါသည်။

နန်နင်မြို့သည်ကာဗွန်အထိပ်ရောက်“လှုပ်ဆောင်မှု၁၀ခု”ကိုအကောင်ထည်ဖော်သည်။ကျောက်မီးသွေးလျှပ်စစ်၊ဆောက်လုပ်ရေးပစ္စည်း၊ပြားပုံအရာဝတ္ထု၊သကြားစသောလုပ်ငန်းများကိုပြုပြင်ပြောင်းလဲသည်။စွမ်းအင်သစ်၊စွမ်းအင်သစ်သုံးကားနှင့်အစိတ်အပိုင်းပစ္စည်းစသောအစိမ်းရောင်လုပ်ငန်းများကိုအစွမ်းကုန်ဖွံ့ဖြိုးတိုးတက်နေပါသည်။ပီယာတီစသောထိပ်ပိုင်းလုပ်ငန်းများကိုသွင်းယူလာသည်။

ပိုင်စေမြို့သည်ဇီဝလုပ်ငန်းကွင်းဆက်ကိုတည်ထောင်ပြီးလှည့်ပတ်စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေခြင်း၊ဇီဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်း၊စီးပွားရေးဖွဲ့စည်းပုံကိုအဆင့်မြှင့်စေခြင်းနှင့်အစိမ်းရောင်အလူမီနီယံလုပ်ငန်းကိုအစွမ်းကုန်ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ကိုလုပ်ဆောင်ခဲ့သည်။၂၀၂၂ခုနှစ်မှာအလူမီနီယံလုပ်ငန်းထုတ်လုပ်ရေးတန်ဖိုးသည်ပထမအကြိမ်ယွမ်၁၀၀ဘီလီယံကျော်ခဲ့ပြီးတရုတ်နိုင်ငံတွင်အနည်းစုသောအပြည့်အဝစက်မှုလုပ်ငန်းကွင်းဆက်အစုများထဲမှတစ်ခုဖြစ်လာသည်။

ဝူကျူမြို့ထိန်ခရိုင်သည်မြေထည်ကြွေထည်လုပ်ငန်းကိုအစိမ်းရောင်အဆင့်မြှင့်ခြင်းနှင့်သိပ္ပံနည်းပညာတီထွင်ခြင်းကိုအရှိန်မြင့်လုပ်ဆောင်လာပါသည်။မြေထည်ကြွေထည်လုပ်ငန်းတွင်စွမ်းအင်ချွေတာခြင်း၊အသုံးလျှော့ချခြင်း၊ညစ်ညမ်းမှုလျှော့ခြင်း၊အကျိုးသက်ရောက်မှုတိုးခြင်းကိုဖြစ်ထွန်းစေပါသည်။သိပ္ပံနည်းပညာမြင့်ပြီးစီးပွားရေးအကျိုးစွမ်းဆောင်မှုကောင်းကာသယံဇာတအသုံးနည်း၊ပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းသောဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသစ်ကိုဖြစ်ထွန်းစေပါသည်။

တိုးမြှင့်ရန်အစိမ်းရောင်စွမ်းအင်သစ်ကိုတက်ကြွစွာပြုစုပျိုးထောင်ပြီးအစိမ်းရောင်လုပ်ငန်းနှင့်စက်မှုစိမ်းလန်းစိုပြေရေးကိုဖြစ်စေပါသည်။အစိမ်းရောင်ထုတ်လုပ်ရေးလုပ်ငန်းနှင့်အစိမ်းရောင်ကာဗွန်နည်းသောနည်းပညာတီထွင်မှုကိုအကောင်ထည်ဖော်သည်။ကွမ်ရှီးတွင်နိုင်ငံတော်အဆင့်အစိမ်းရောင်ဇုန်၈ခုနှင့်အစိမ်းရောင်စက်ရုံ၆၇ရုံကိုတည်ထောင်ခဲ့ပါသည်။၂၀၂၂ခုနှစ်မှာစက်မှုထုတ်လုပ်ရေးတန်ဖိုးတိုးရန်စွမ်းအင်သုံးနှုန်းသည်၅.၅%လျှော့ချလာသည်။ကာဗွန်နည်းထုတ်ကုန်သက်သေပြုရသောလုပ်ငန်းနှင့်လက်မှတ်အရေအတွက်သည်တရုတ်နိုင်ငံတွင်အများဆုံးဖြစ်သည်။

လုပ်ငန်းဖွဲ့စည်းပုံနှင့်ထုတ်လုပ်နည်းလမ်းများသည်အစိမ်းရောင်နှင့်ကာဗွန်နည်းစွာဖြင့်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှအစိမ်းရောင်ထုတ်လုပ်မှုနှင့်လူနေမှုပုံစံများသည်ကွမ်ရှီးတွင်ပိုမိုရေပန်းစားလာပါသည်။ကာဗွန်နည်းသောအစိမ်းရောင်လှည့်ပတ်စီးပွားရေးစနစ်ကိုအစွမ်းကုန်တည်ထောင်နေပြီးရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်ရေးအတွက်ကိန်းဝပ်စွမ်းအင်နှင့်နောက်ခံစွမ်းအင်ဖြစ်လာသည်။လက်ရှိတွင်ကွမ်ရှီး၌နိုင်ငံတော်အဆင့်ဇီဝယဉ်ကျေးမှုစံပြဇုန်၁၉ခုနှင့်“တောင်နှစ်လုံး”စခန်း(“တောတောင်ရေမြေစိမ်းလန်းစိုပြေခြင်းသည်ရွှေတောင်ငွေတောင်”တီထွင်အကောင်အထည်ဖော်စခန်း)၆ခုကိုတည်ထောင်ခဲ့သည်။အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်သောအစိမ်းရောင်နောက်ခံရောင်ကိုအခြေခံ၍ဇီဝအားသာမှုကိုဖွံ့ဖြိုးတိုးတက်ရေးအားသာမှုအဖြစ်ပြောင်းစေမည်ဖြစ်ပါသည်။

分享到: