ငလျင်လှုပ်ခတ်ပြီးနောက် Meliá Yangon ဟိုတယ်အဆောက်အဦး၏ ကြံ့ခိုင်ရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းမှုကို ဆောင်ရွက်ခဲ့ပြီး ဘေးကင်းလုံခြုံပြီးခိုင်ခံ့မှုရှိကြောင်း အတည်ပြုထောက်ခံချက်ရရှိခဲ့ဟုဆို
ငလျင်လှုပ်ခတ်ပြီးနောက် Meliá Yangon ဟိုတယ်အဆောက်အဦး၏ ကြံ့ခိုင်ရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းမှုကို ဆောင်ရွက်ခဲ့ပြီး ဘေးကင်းလုံခြုံပြီးခိုင်ခံ့မှုအပြည့်အဝရှိကြောင်း အတည်ပြုထောက်ခံချက်ရရှိခဲ့ပြီးဖြစ်တယ်လို့ အဆိုပါ ဟိုတယ်မှ သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အချိန်တိုအတွင်း အဆောက်အဦး၏ ကြံ့ခိုင်ရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုကို ဆောင်ရွက်ခဲ့ပြီး San Kyu & Associates Ltd (Consultancy,Inspection,Construction Management & QA/QC Services)မှ ဆောင်ရွက်ခဲ့သော အဆောက်အဦးကြံ့ခိုင်ရေးစစ်ဆေးရေးအစီရင်ခံစာအရ ဟိုတယ်အဆောက်အဦးမှာ ဘေးကင်းလုံခြုံပြီးခိုင်ခံ့မှုအပြည့်အဝရှိကြောင်း အတည်ပြုထောက်ခံချက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Meliá Yangon ဟိုတယ်သည် မကြာသေးမီကဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီးတွင် ဧည့်သည်များနှင့်ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကို ဦးစားပေးဆောင်ရွက်ခဲ့ပြီး ငလျင်လှုပ်ခတ်ခြင်းသဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသူများအားလုံးအတွက် အထူး၀မ်းနည်းကြောင်း ဆိုခဲ့ပါတယ်။
ထို့အပြင် Meliá Yangon ဟိုတယ်သည် မြန်မာနိုင်ငံကြက်ခြေနီအသင်း(Myanmar Red Cross Society)နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) (Free Funeral Service Society-Yangon)တို့မှတဆင့် ငလျင်ဘေးဒဏ်ခံစားခဲ့ရသည့်ပြည်သူများအတွက် ကူညီထောက်ပံ့ခဲ့တယ်လို့လည်း သိရပါတယ်။
#MeliáYangonhotel #မြန်မာ့ငလျင်၂၀၂၅ #MFN #MyanmarFutureNews
Photos- Meliá Yangon
MFNသတင်းများအားအောက်ပါLinkများတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook–https://www.facebook.com/myanmarfuturenewsagency
Telegram–https://t.me/myanmarfuturenews