၂၀၂၅ ခုနှစ် အာဆီယံ အဓိကမီဒီယာများ၏ ဟွိုင်ဟွခရီးစဉ်နှင့် ဒုတိယအကြိမ်မြောက် ဟူနန် (ဟွိုင်ဟွ) RCEP စီးပွားရေးနှင့် ကုန်သွယ်ရေးပြပွဲ စတင်ဖွင့်လှစ်
၂၀၂၅ခုနှစ်အာဆီယံအဓိကမီဒီယာများ၏ဟွိုင်ဟွခရီးစဉ်ကိုမေလ၈ရက်နေ့တွင်ဟူနန်ပြည်နယ်၊ဟွိုင်ဟွမြို့၌တရားဝင်စတင်ခဲ့ပြီးနောက်ငါးရက်တာအတွင်းအာဆီယံ၇နိုင်ငံဖြစ်တဲ့ဖိလစ်ပိုင်၊ကမ္ဘောဒီးယား၊လာအို၊မလေးရှား၊မြန်မာ၊ထိုင်းနဲ့အင်ဒိုနီးရှားတို့ကအဓိကမီဒီယာ၁၀ခုကျော်သည်မြို့တော်နှင့်ပတ်ဝန်းကျင်ဒေသများသို့အသေးစိတ်လေ့လာရေးခရီးစဉ်တစ်ခုစတင်ခဲ့ပါသည်။
အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအနေဖြင့်မီဒီယာကိုယ်စားလှယ်များသည်ဒုတိယအကြိမ်မြောက်ဟူနန်(ဟွိုင်ဟွ)RCEPစီးပွားရေးနှင့်ကုန်သွယ်ရေးပြပွဲသို့တက်ရောက်ခြင်း၊ဟွိုင်ဟွအပြည်ပြည်ဆိုင်ရာကုန်းတွင်းဆိပ်ကမ်းကဲ့သို့သောအဓိကပလက်ဖောင်းများအကြောင်းသတင်းယူခြင်းနှင့်ဟူနန်ပြည်နယ်၏အာဆီယံနှင့်စီးပွားရေးနှင့်ကုန်သွယ်ရေးဖလှယ်မှုများတွင်တက်တက်ကြကြွရှိမှုနှင့်အခွင့်အလမ်းများကိုကိုယ်တိုင်တွေ့ကြုံခံစားကြည့်ခြင်းများ၊ဒေသ၏ထူးခြားသောယဉ်ကျေးမှုအမွေအနှစ်များနောက်ကွယ်ရှိသဘာဝ၊ယဉ်ကျေးမှုနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကြောင်းအရာများကိုလေ့လာရန်အတွက်Zhijiang၊Xinhuangနှင့်Xupuတို့သို့လည်းသွားရောက်လည်ပတ်ခြင်းများပါဝင်ပါသည်။
ဟွိုင်ဟွသည်အနောက်ပိုင်းကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံလမ်းသစ်၏“၁၃+၂”ပြည်နယ်ချင်းညှိနှိုင်းတိုင်ပင်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုယန္တရားတွင်အဖွဲ့ဝင်အဖြစ်ပါဝင်ပြီးအာဆီယံဈေးကွက်များကိုဦးတည်သောဟူနန်ပြည်နယ်၏တစ်ခုတည်းသောကုန်စည်ပို့ဆောင်ရေးဗဟိုချက်လည်းဖြစ်ပါသည်။
၂၀၂၂ခုနှစ်တွင်ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP)သဘောတူစာချုပ်အသက်ဝင်လာပြီးနောက်ဟွိုင်ဟွသည်အနောက်ပိုင်းကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံလမ်းသစ်နှင့်အိန္ဒိယသမုဒ္ဒရာသို့မျက်နှာမူသောနိုင်ငံတကာကုန်းလမ်း-ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံလမ်းတို့ဆုံတွေ့ရာဖြစ်သည့်၎င်း၏မဟာဗျူဟာမြောက်တည်နေရာကိုအသုံးချ၍တရုတ်နိုင်ငံ၏ကုန်းတွင်းဒေသများပြင်ပကမ္ဘာသို့ဖွင့်လှစ်ရန်အတွက်တံခါးပေါက်သစ်တစ်ခုဖြစ်လာခဲ့သည်။၂၀၂၂ခုနှစ်မှ၂၀၂၄ခုနှစ်အထိဟွိုင်ဟွ၏အခြားRCEPအဖွဲ့ဝင်နိုင်ငံများနှင့်ကုန်ပစ္စည်းတင်သွင်းမှုနှင့်တင်ပို့မှုသည်ပျမ်းမျှနှစ်စဉ်၈၇ဒသမ၂၃ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ပြီးဟူနန်ပြည်နယ်တွင်သုံးနှစ်ဆက်တိုက်အမြင့်ဆုံးတိုးတက်မှုနှုန်းကိုထိန်းသိမ်းထားနိုင်ခဲ့တယ်လို့သိရပါတယ်။
ဟွိုင်ဟွသည်၎င်း၏အပြည်ပြည်ဆိုင်ရာကုန်းတွင်းဆိပ်ကမ်းကိုအသုံးပြုပြီးတရုတ်နိုင်ငံနှင့်လာအို၊ဗီယက်နမ်နှင့်မြန်မာနိုင်ငံတို့ကိုဆက်သွယ်ထားသောနိုင်ငံတကာကုန်စည်ပို့ဆောင်ရေးစင်္ကြံလမ်းကြောင်း၇ခုအပြင်နိုင်ငံနှင့်ဒေသပေါင်း၅၀ရှိဆိပ်ကမ်းများနှင့်ဂိတ်ပေါင်း၁၃၈ခုကိုလွှမ်းခြုံထားသောပြည်တွင်းနှင့်နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်း၁၅၅ခုကိုဖွင့်လှစ်ခဲ့သည်။၂၀၂၄ခုနှစ်တွင်ဟွိုင်ဟွသည်ကုန်တင်ရထား၁,၀၀၉စီးကိုပြေးဆွဲခဲ့ပြီး၎င်း၏အာဆီယံသို့ဦးတည်သောရထားများသည်တစ်နိုင်ငံလုံးတွင်အဆင့်အမြင့်ဆုံးထဲ၌ပါဝင်ကာ၎င်း၏တရုတ်-လာအိုရထားများသည်တရုတ်နိုင်ငံအလယ်ပိုင်းတွင်ပထမအဆင့်မှာရပ်တည်နေတယ်လို့သိရပါတယ်။
မီဒီယာခရီးစဉ်အတွင်းအာဆီယံသတင်းထောက်များသည်ဟွိုင်ဟွအပြည်ပြည်ဆိုင်ရာကုန်းတွင်းဆိပ်ကမ်းရှိစီမံကိန်းပြခန်း၊အကောက်ခွန်စီမံခန့်ခွဲမှုဇုန်၊အိတ်ထုတ်လုပ်ရေးစက်မှုဥယျာဉ်နှင့်ဆိပ်ကမ်းအနီးရှိစီးပွားရေးလုပ်ငန်းများကိုသွားရောက်လေ့လာကြမည်ဖြစ်ပါသည်။ဤလေ့လာမှုများမှဟွိုင်ဟွသည်ကုန်းတွင်းဆိပ်ကမ်းအနီးကိုဗဟိုပြု၍ပွင့်လင်းသည့်ကုန်စည်ပို့ဆောင်ရေးအချက်အချာနေရာတစ်ခုကိုမည်ကဲ့သို့တည်ဆောက်နေပြီး“ဆိပ်ကမ်းကုန်စည်ပို့ဆောင်ရေး+စည်းမျဉ်းစည်းကမ်းဆိုင်ရာတီထွင်ဆန်းသစ်မှု+စက်မှုလုပ်ငန်းပေါင်းစပ်ညှိနှိုင်းမှု”တို့ကိုပေါင်းစည်းထားသည့်ကုန်းတွင်းဖွံ့ဖြိုးတိုးတက်မှုပုံစံသစ်တစ်ခုကိုမည်သို့တည်ထောင်နေသည်ကိုပြသပေးမည်ဖြစ်ပါသည်။
ခရီးစဉ်တွင်စိုက်ပျိုးရေးထုတ်ကုန်ပြုပြင်ထုတ်လုပ်ခြင်း၊တရုတ်ရိုးရာဆေးဝါးနှင့်ပစ္စည်းအသစ်များထုတ်လုပ်သည့်လုပ်ငန်းများကိုလေ့လာရန်အတွက်Zhijiang၊Xinhuangနှင့်Xupuကောင်တီများသို့လည်းသွားရောက်လည်ပတ်မှာဖြစ်ပြီး“အာဆီယံအရင်းအမြစ်များ–ဟွိုင်ဟွထုတ်လုပ်မှု–RCEPဈေးကွက်များ”ဟူသောပုံစံအောက်တွင်ဟွိုင်ဟွ၏“ကုန်စည်ပို့ဆောင်မှုစီးပွားရေး”မှ“စက်မှုစီးပွားရေး”သို့ကူးပြောင်းမှုကိုပြသပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါခရီးစဉ်သည်စီးပွားရေးအပြင်ဟွိုင်ဟွ၏ကြွယ်ဝသောတိုင်းရင်းသားနှင့်ယဉ်ကျေးမှုအမွေအနှစ်များအကြောင်းကိုလည်းသေချာစွာနားလည်သိရှိနိုင်ရန်ပြသပေးသွားမှာဖြစ်ကာတရုတ်နိုင်ငံ၏ဂေဟစနစ်ကြွယ်ဝသောဒေသ၉ခုအနက်မှတစ်ခုဖြစ်သောဟွိုင်ဟွတွင်Dong၊Miao၊Tujiaနှင့်Yaoတို့အပါအဝင်တိုင်းရင်းသားအုပ်စု၅၀ကျော်လည်းရှိနေပြီးရိုးရာကျေးရွာအရေအတွက်အများဆုံးဟာဟူနန်ပြည်နယ်မှာရှိနေပါသည်။
ခရီးစဉ်အတွင်းအာဆီယံသတင်းထောက်များသည်Wuxiဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဥယျာဉ်၊တရုတ်ပြည်သူများ၏ဂျပန်ကျူးကျော်မှုခုခံတော်လှန်ရေးစစ်ပွဲအောင်ပွဲအထိမ်းအမှတ်ခန်းမ၊Longxiရှေးဟောင်းမြို့နှင့်XupuရှိSimeng Bishui Danxiaသဘာဝရှုခင်းဒေသတို့ကိုသွားရောက်လည်ပတ်ကြမည်ဖြစ်ပြီးယခုလိုလည်ပတ်မှုများသည်Miaoငွေထည်လက်ဝတ်ရတနာများ၊Chenhe Mulianအော်ပရာနှင့်Xupu Nuoအော်ပရာစသည့်တရုတ်လက်မှုအတတ်ပညာများကိုအနီးကပ်ကြည့်ရှုခွင့်ရရှိစေမှာဖြစ်ပြီးယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းပေါင်းစပ်မှုကိုခံစားနိုင်သောအတွေ့အကြုံကိုရရှိနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
ထို့နောက်မေလ၉ရက်နေ့တွင်ဒုတိယအကြိမ်မြောက်ဟူနန်(ဟွိုင်ဟွ)RCEPစီးပွားရေးနှင့်ကုန်သွယ်ရေးပြပွဲကို"အခွင့်အလမ်းများမျှဝေခြင်းဖြင့်အားလုံးအကျိုးရှိမည့်အနာဂတ်ဆီသို့"ဟူသောဆောင်ပုဒ်ဖြင့်ဟူနန်ပြည်နယ်ဟွိုင်ဟွမြို့၌တရားဝင်ဖွင့်လှစ်ခဲ့ပြီးမီဒီယာကိုယ်စားလှယ်အဖွဲ့ဟာလည်းအဆိုပါပွဲသို့တက်ရောက်ခဲ့ကြပါတယ်။
ပြပွဲတွင်ကျန်ရှိတဲ့RCEPအဖွဲ့ဝင်၁၄နိုင်ငံနှင့်တရုတ်နိုင်ငံတစ်ဝန်းကပြည်နယ်၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့မြို့နယ်ပေါင်း၂၀ကျော်ပါဝင်ပြီးပြပွဲကိုအွန်လိုင်းနဲ့အော့ဖ်လိုင်းနှစ်မျိုးလုံးကျင်းပမှာဖြစ်ကာထုတ်လုပ်မှု၊ထောက်ပံ့မှုနဲ့ရောင်းချမှုအတွက်ပေါင်းစည်းထားတဲ့ပွင့်လင်းတဲ့ပလက်ဖောင်းတစ်ခုတည်ဆောက်ဖို့ရည်ရွယ်တယ်လို့သိရပါတယ်။
ဖွင့်ပွဲသို့တရုတ်နိုင်ငံနန်နင်းမြို့ရှိမြန်မာကောင်စစ်ဝန်ချုပ်ရုံးမှကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းတက်ရောက်ပြီးအမှာစကားပြောကြားရာတွင်မြန်မာနိုင်ငံမှလည်းဆန်၊ပဲအမျိုးမျိုး၊နှမ်း၊ပြောင်း၊ကော်ဖီ၊လက်ဖက်ရည်၊ဘီယာ၊ပယင်းနှင့်လက်မှုပညာပစ္စည်းများအစရှိသည့်မြန်မာ့ထူးခြားသောထုတ်ကုန်မျိုးစုံကိုပါဝင်ပြသထားပြီးမြန်မာပြခန်းသို့လာရောက်လေ့လာကာနှစ်ဦးနှစ်ဖက်အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အခွင့်အလမ်းများကိုရှာဖွေကြပါရန်ဖိတ်ခေါ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။
ကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းကယခုပြပွဲဟာမြန်မာ့ထုတ်ကုန်များကိုဟူနန်ဈေးကွက်သို့ဝင်ရောက်နိုင်ရန်နှင့်ဟူနန်ပြည်နယ်တွင်သာမကတရုတ်နိုင်ငံအလယ်ပိုင်းရှိအလားအလာရှိသောဝယ်သူများ၊စားသုံးသူများနှင့်လည်းကွန်ယက်ချိတ်ဆက်မှုများတည်ဆောက်နိုင်ရန်လမ်းဖွင့်ပေးလိမ့်မယ်လို့ယုံကြည်ကြောင်း၊နှစ်နိုင်ငံကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်ကြိုးပမ်းသောအားဖြင့်နန်နင်းမြို့ရှိမြန်မာကောင်စစ်ဝန်ချုပ်ရုံးသည်ဟူနန်ပြည်နယ်နှင့်နီးကပ်သောကုန်သွယ်ရေးနှင့်စီးပွားရေးဆက်ဆံမှုများတည်ဆောက်ထားပြီးအထူးသဖြင့်ကုန်စည်ပြပွဲများနှင့်ကုန်သွယ်ရေးပြပွဲများတွင်ပါဝင်ပြသခဲ့ကြောင်း၊မြန်မာနိုင်ငံသည်၂၀၂၃ခုနှစ်တွင်ကျင်းပခဲ့သောပထမအကြိမ်ဟူနန်(ဟွိုင်ဟွ)RCEPစီးပွားရေးနှင့်ကုန်သွယ်ရေးပြပွဲတွင်ပါဝင်ခဲ့ပြီးယခုတစ်ကြိမ်သည်ဒုတိယအကြိမ်မြောက်ပါဝင်ခြင်းဖြစ်ကြောင်း၊မြန်မာပြည်သူများ၏လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက်မြန်မာနိုင်ငံအစိုးရသည်ပြည်တွင်းရှိအခြေအနေများနှင့်လိုအပ်ချက်များကိုအခြေခံ၍ဦးစားပေးမူများသတ်မှတ်ကာဒေသတွင်းစီးပွားရေးအခြေအနေများတိုးတက်ကောင်းမွန်လာစေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ထို့အပြင်အာဆီယံနှင့်RCEPအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့်ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကိုအလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ကုန်သွယ်ရေး၊စီးပွားရေးနယ်ပယ်အသီးသီး၊ဆက်သွယ်ရေးနှင့်ပြည်သူအချင်းချင်းဖလှယ်ရေးတို့တွင်တရုတ်၊အာဆီယံနှင့်အခြားRCEPအဖွဲ့ဝင်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုလည်းတည်ဆောက်လျက်ရှိကြောင်းပြောကြားခဲ့ပါတယ်။
ပြည်တွင်း၌မြန်မာနိုင်ငံအစိုးရ၏စီးပွားရေးဆိုင်ရာမဟာဗျူဟာတွင်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)ကိုအားပေးကူညီခြင်းနှင့်ပို့ကုန်မြှင့်တင်ခြင်းတို့ဖြင့်“တိုးတက်ပြီးခိုင်မာသောစီးပွားရေး”ကိုတည်ဆောက်ရန်ပါဝင်ကြောင်း၊ပို့ကုန်/သွင်းကုန်ကဏ္ဍတွင်စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့်မူဝါဒလွတ်လပ်ခွင့်များချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊နိုင်ငံတကာကုန်သွယ်မှုကိုမြှင့်တင်ရန်နှင့်ဒေသတွင်းကုန်စည်ထောက်ပံ့ရေးကွင်းဆက်(supply chain)အတွင်းသို့ပေါင်းစည်းရန်ရည်ရွယ်၍ပို့ကုန်သွင်းကုန်ဥပဒေ၊စားသုံးသူကာကွယ်ရေးဥပဒေ၊ပြိုင်ဆိုင်မှုဥပဒေ၊ဉာဏပစ္စည်းဆိုင်ရာဥပဒေတို့ကိုပြဋ္ဌာန်းထားကြောင်းလည်း၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့်ဟူနန်ပြည်နယ်တို့၏ကုန်သွယ်ရေးနှင့်စီးပွားရေးဆက်ဆံမှုများကိုလေ့လာကြည့်လျှင်၂၀၂၄ခုနှစ်တွင်နှစ်ဖက်ကုန်သွယ်မှုသည်သန်း၁၀၀ခန့်ရှိခဲ့တာကြောင့်တစ်ဦးနှင့်တစ်ဦးအားသာချက်များကိုအသုံးပြုခြင်းဖြင့်နောက်ထပ်တိုးချဲ့ရန်အခွင့်အလမ်းများစွာကျန်ရှိနေသေးကြောင်း၊ထို့အပြင်နှစ်နိုင်ငံကုန်သွယ်မှုကိုမြှင့်တင်ရန်အတွက်ဆေးဖက်ဝင်အပင်များ၊ဝါဂွမ်း၊ကော်ဖီနှင့်လတ်ဆတ်သောသစ်သီးများနှင့်ပြုပြင်ထားသောသစ်သီးများကဲ့သို့သောအလားအလာရှိသည့်ကုန်ပစ္စည်းအသစ်များကိုရှာဖွေခြင်းဖြင့်ကုန်သွယ်မှုအမျိုးအစားကိုတိုးချဲ့နိုင်ကြောင်းလည်းမြန်မာကောင်စစ်ဝန်ချုပ်ကပြောကြားခဲ့ပါတယ်။
ကုန်သွယ်ရေးကဏ္ဍတွင်တရုတ်နိုင်ငံသည်မြန်မာနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး၂၀၂၄ခုနှစ်တွင်နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည်အမေရိကန်ဒေါ်လာ၁၆ဘီလီယံကျော်ရှိခဲ့ကာမြန်မာနိုင်ငံ၏စုစုပေါင်းပြည်ပကုန်သွယ်မှု၏၃၀ရာခိုင်နှုန်းနီးပါးရှိကြောင်း၊မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့သဘာဝဓာတ်ငွေ့၊ဆန်နှင့်ဆန်ကွဲ၊ပဲစိမ်း၊ရော်ဘာ၊နှမ်း၊ပြောင်း၊ငါးနှင့်ပုစွန်၊အထည်အလိပ်နှင့်သတ္တုများကိုအဓိကတင်ပို့သလိုရင်းနှီးမြှုပ်နှံမှုအနေဖြင့်တရုတ်နိုင်ငံသည်၂၀၂၅ခုနှစ်မတ်လအထိစုစုပေါင်းအမေရိကန်ဒေါ်လာ၂၂ဘီလီယံနီးပါးရင်းနှီးမြှုပ်နှံထားပြီးမြန်မာနိုင်ငံတွင်ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကာတရုတ်ရင်းနှီးမြှုပ်နှံသူများ၏၈၅ရာခိုင်နှုန်းဟာကုန်ထုတ်လုပ်ငန်းကဏ္ဍတွင်ရင်းနှီးမြှုပ်နှံထားတယ်လို့မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှသိရပါတယ်။
#၂၀၂၅ခုနှစ်အာဆီယံအဓိကမီဒီယာများ၏ဟွိုင်ဟွခရီးစဉ် #ဒုတိယအကြိမ်မြောက်ဟူနန်ဟွိုင်ဟွRCEPစီးပွားရေးနှင့်ကုန်သွယ်ရေးပြပွဲ #2ndHunanHuaihuaRCEPEconomicandTradeExpo #MFN #MyanmarFutureNews
Photos-MFN
MFNသတင်းများအားအောက်ပါLinkများတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
Facebook–https://www.facebook.com/myanmarfuturenewsagency
Telegram–https://t.me/myanmarfuturenews
YouTube-https://www.youtube.com/@MyanmarFutureNews-MFN