《胞波心语——中缅建交75周年故事集》特别专栏丨【一等奖】长江伊江奔流不息
一等奖
长江伊江奔流不息
缅甸作家 杜敏敏登
目之所及,是广袤无垠的甘蔗田。这一带乃甘蔗主产区,甘蔗田随处可见。
因甘蔗叶片坚硬,近观或许难言美观,但远眺之下,大片的甘蔗田却别有一番魅力。甘蔗植株种植得井然有序,疏密均匀,恰似阅兵场上的士兵,排列得整齐划一。
中国,作为一个人口众多、消费规模庞大的市场,对糖的需求量极为可观。尽管在工业技术领域,中国已达世界领先水平,然而,随着人口增长,对基本食品、饮料、水果以及各类农作物的需求亦与日俱增。鉴于此,中国政府始终将农业置于重要地位,农业亦如工业技术一般正加速发展。
尽管中国已从传统的手工农业逐步向工业化农业转型,但基础人力资源依旧不可或缺,当前中国的人力资源尚无法满足所有需求,因而对工人存在需求。
中缅两国,同处一片大地,互为邻邦,恰似手足兄弟。自古以来,中缅两国便情谊深厚,是忠诚不渝、血浓于水的挚友,缔结了超越国界、跨越地域的牢固且持久的友谊。正因如此,中国人民与缅甸人民在经济、社会、宗教、文化艺术,乃至政治、地理等各个层面的交流从未间断,友谊之花始终绽放。
中国地域辽阔,物产丰富,农业发达,众多缅甸人前往中国务工,以填补制造业所需的人力资源缺口。这一事实,对双方而言皆有益处,同时也进一步巩固了两国之间的友谊。每当甘蔗种植季节来临,昂觉便会与家人一同前往中国那广袤的甘蔗田,担任农业工人。
对于昂觉和他的家人来说,缅甸与中国,不过是本村到邻村的区别。由于从甘蔗种植季节至甘蔗收获季节,大部分时间都在中国度过,昂觉一家学会了说汉语。正如与缅甸人交往的中国人学会了说缅甸语一样,中国与缅甸,在他们心中,已然成为了一个大家庭。
甘蔗种植季节尚未到来,中国的甘蔗种植园主便已翘首以盼缅甸甘蔗工人的到来。甘蔗田面积广阔,每个甘蔗种植户依据其种植规模,都有相应的劳动力需求。
通常而言,缅方能够满足这些必要的劳务需求。缅甸与中国隔河相望,有着相同的传统,一致的宗教信仰,正因如此,中国农民与缅甸工人一同劳作时更加方便。甘蔗种植季节开启之前,昂觉一家便已从缅甸踏入中国境内。
昂觉和大多数村民,世世代代都在中国从事甘蔗种植行业,因此,前往中国对他们而言,就如同回到自己的村庄一般,毫无困难可言。
早在昂觉等缅甸工人到来之前,中国的甘蔗种植园主便已开始为工人们建造房屋和公寓,宿舍也早已准备妥当。水电等基础设施亦提前完备。中国的甘蔗种植户为其雇佣的缅甸工人提供合法跨境务工资质,确保他们能便利地在两国间往返,因此边境通行并无障碍。
“虽然我现在人就在中国,可心里头老惦记着咱家。”此刻,昂觉满心都是对家乡的牵挂,思念着母亲。“昂觉,你搁这儿发啥呆呢?是不是想家想得慌啦?”身后传来询问声,原来是昂觉的好友阿梯走了过来。阿梯是甘蔗田主的儿子,与昂觉年龄相仿。
每逢甘蔗种植季节,昂觉的父亲便会来到阿梯父亲在中国的甘蔗田里劳作。如今,昂觉的父亲年事已高,已出家为僧,而长大的昂觉则追随父亲的脚步,来到阿梯家,成为一名甘蔗工人。自昂觉父亲那一辈起,他们每年都会与昂觉和阿梯的家人一同劳作,正因如此,昂觉的村民与阿梯的家人多年来一直保持着亲密无间的友谊。
如今,昂觉已成为一百多名缅甸工人的领袖。阿梯的父亲时常将所有重要的商业事务都交由昂觉处理。甘蔗种植园主的儿子阿梯,自小便与缅甸工人一同劳作,缅甸语说得十分流利。昂觉经常来中国工作,他也会说一些中文。语言障碍的消除,使得家人和朋友之间的联系愈发紧密。
阿梯每日都会驾车前往城里上学,在上学日和课余时间,他都会与昂觉一同在甘蔗地里度过。阿梯的父亲表示,他的儿子阿梯日后要接管他的甘蔗种植生意,他喜欢儿子像这样待在甘蔗田里,如此一来,儿子便能提前适应这个行业了。
此刻,当阿梯从身后询问昂觉时,昂觉转过身来,对他报以微笑,随后回应道:“可不就是嘛,阿梯,我老想我留在村子里的老妈了,还有我那帮朋友呢。”阿梯一听,伸手轻轻拍了拍昂觉的肩膀,一个劲儿地安慰他。
“等把甘蔗都砍完咯,你就能回你们国家啦,路又不咋远嘞。我虽说没去过你们那儿,不过你们家应该也是靠这些活儿来过日子吧?我跟你说啊,你心里惦记的可不单单是你妈吧,还有在家等你的女朋友吧?”阿梯笑嘻嘻地打趣道。
“我可没女朋友嘞,我连谈婚论嫁的岁数都还没到呢!”昂觉撇了撇嘴。
“那就这么定啦,昂觉!等我毕业咯,我爸就打算让我接手咱家甘蔗种植园那摊子事儿。你可是我爸的得力助手,要不干脆把你妈也一块儿接过来,咱都住一块儿。我在这头给你张罗个媳妇儿,以后咱就热热闹闹、开开心心地永远在一块儿过日子,咋样。”阿梯拍着胸脯,满脸带笑地说道。
“谢啦,阿梯!我其实老想照你说的那么做嘞,”昂觉挠挠头,挺诚恳地说,“不过呢,朋友,你得理解哈。你们国家工业技术那么发达,农业技术也先进得很,搞工业化农业生产轻轻松松。可咱祖国呢,这才刚开始起步呀,咱现在还是传统的手工农业,加上那么一丢丢机械化农业,好多地方都得改头换面。所以,我必须为我的国家去努力拼命。”
“我真为你那股子爱国劲儿感到自豪,朋友,”阿梯说,“你也知道,咱中国这么多年大风大浪走过来,也碰上了数不清的难关和挑战。中国人民为了能有今天这好日子,那可都是拼命奋斗出来的。你们国家现在不也正卯着劲儿往前冲嘛,只要大家都能带着那股子热情,努力打拼,啥事儿都能成,努力肯定不会白费!”
“多谢你这么挺我,阿梯!不过咱那边情况复杂着呢,好多需求都眼巴巴等着解决。而且时不时还闹武装冲突,大家也都在为实现一个稳定的政治体制而努力着。”
“我们以前也遇到过那些困难事儿。不过我跟你打包票,总有一天,啥事儿都能好起来。你看你们缅甸,自然资源多丰富,地理条件也好,人还多,这些都是宝!昂觉,我觉着吧,你们缅甸以后指定能扬眉吐气的!”
“我也跟你一样盼着这天呢!现在咱们缺的是技术和能源,这对咱国家工业的发展是重中之重!”
“可不咋的。能源这事儿啊,又不是光你们缅甸缺,咱中国也一样需要!所以我们现在也正想尽办法用各种方式弄能源呢。就好比咱中国有长江这条大动脉,你们缅甸也有伊洛瓦底江,还有很多其他河流。要是能从这些河里头把能源给整出来,那缅甸以后能源肯定够使!”阿梯一脸认真地说道。
“当然,能源的事儿虽说如此,但有时候的一些阻碍我们也无能为力。”阿梯说,“不过,朋友,不管碰上什么坎儿,你的困难就是我们的困难,毕竟,我们是同甘共苦、同饮一江水的亲人。”
“你瞅瞅,就说咱身边的甘蔗田。从种下去,到天天伺候,再到最后收成……多亏了你们缅甸工人努力地干,才有今天这成绩。这世间万物并非都是顺顺当当的,都是相互依靠着过日子,你说是不?”
阿梯接着说:“我们中国有句成语叫‘江水同源’。你看你们的伊洛瓦底江、萨尔温江、湄公河一直都奔腾不息,只要江水还在流淌,我们两国的友谊就会一直亲亲密密。我们不仅‘共饮一江水’,血脉也同样亲如兄弟。就像诗里说的那样,我们中国和你们缅甸,就像长江和伊洛瓦底江似的汇聚在一起,咱们两国人民的友谊,也一定是地久天长,昂觉!”昂觉一听,立马紧紧攥住阿梯的手,阿梯也使劲回握过去。
“你这话很酷!真心谢谢你这么讲,我相信你讲的一定能实现!”昂觉激动地说,“我相信,只要伊洛瓦底江和长江之水奔流不息,缅中两国就一定能携手前行,一起过上好日子!”
“另外,阿梯,我也要和你讲,明年甘蔗季节一到,我估摸着没法儿来找你了。我还是想为了自己的祖国出份力。我已经打定主意,要借着跟你们一块儿干活攒的经验,在我们缅甸建一个用现代技术的甘蔗种植园。咱那边空地多的是,只要有本钱和技术,那发展肯定能起飞!”
“你瞧,跟着你这么长时间,我拿的报酬挺不少,技术也学到手了。我的朋友,我可得好好利用这些,给我国家能出多少力就出多少力!”昂觉的眼眸中充满了对未来的憧憬。
“我真心祝福你成功。”阿梯握着昂觉的手又紧了几分。
这些长期在中国打工的缅甸人,他们的一举一动愈发贴近中国人,而中国也愈发变得像他们的第二个家。
甘蔗收获季后,昂觉结束了在中国的务工生活,重返缅甸故土。每当甘蔗收获季落下帷幕,众多赴中国务工的缅甸农民工便纷纷踏上归途,返回缅甸。与此同时,也有部分人选择前往其他地区另谋生计。
时光荏苒,岁月穿梭。十年的时间足以改变一切。在这期间,昂觉和阿梯并不经常联系,只是偶尔互通音讯。就如同阿梯在中国成家立业,并经营着父母的甘蔗种植园一样,昂觉也在缅甸成家,并在自己的地区建立了甘蔗种植园。由于工作和社会责任繁忙的原因,两人已有大约两年未曾联系。
2025年3月28日,是昂觉一生中难以忘怀的日子,亦是缅甸历史上值得铭记的一天。当日,缅甸发生强烈地震,造成了广泛且惨重的破坏。
此次强烈地震过后,曼德勒、内比都、实皆等地区遭受了巨大的损失。缅甸政府第一时间赶赴灾区,看望慰问受灾群众,并迅速开展救灾援助工作。缅甸政府还呼吁国际社会为地震造成的巨大损失提供援助。
包括中国在内的国际救援队立即抵达缅甸。在中国从事社会工作的阿梯也加入了中国派往缅甸的社会工作队。
当时,昂觉和他的村庄受损程度较轻,但城市却遭受了严重破坏……同样热衷于慈善事业的昂觉,带领着一个慈善团体,正在竭尽全力救助曼德勒的人们。
在紧张而忙碌的救援行动中,两个熟悉的身影映入了对方的眼帘,这对多年未曾谋面的挚友,此刻正站在对方面前。
“哈……阿梯,是阿梯吗?我的老友,我们还真是……许久未见啊!”昂觉激动不已,两个生活在不同国度的朋友,竟在缅甸意外重逢。他们的目光交汇的那一刻,所有的言语都显得多余。悲伤与欣喜交织的情感如潮水般涌来。他们不由自主地迈开步伐,向对方奔去,紧紧地拥抱在一起。
“正如你所看到的,阿梯,我们的国家遭受了巨大的灾难。”
“昂觉,看到你们受难,我们心里也很难受,但灾难既然已经发生,我们就必须勇敢地去面对,坚强些,你们的背后还有我们!”
“真的感谢你们来帮助我们的国家,我的好朋友。”泪水在昂觉的眼眶中打转。
“朋友啊,我必须得帮你。咱们缅甸和中国,是血脉相连的邻居,是比亲人还亲的存在。你们的苦,就是我们的苦,我们也能感同身受。咱们同饮一江水,共踏一方土,就像一家人一样。现在你们国家遭遇了地震灾害,我们当然得赶过来,搭把手,帮帮忙。”阿梯的眼中满是真诚,“朋友,你放心,全中国人民都会全力支持你们重建家园的。就像我和你讲过的,中国有长江,缅甸有伊洛瓦底江。只要这两条江一直流淌,咱们中国和缅甸的情谊就永远不会断,我们永远都是朋友。两国人民也会一直像兄弟姐妹一样相亲相爱,同舟共济。”
“昂觉,你们缅甸人民可是有着伟大历史的民族啊。你们面对困难时,那股子坚韧不拔的劲儿,我真是由衷地佩服。我不知道你们具体会面临什么危险,也不知道途中会经历多少艰辛,但我知道,你们一定会像凤凰一样,从历史的灰烬中重生。我坚信,这一次,你们也一定能跨越灾难,再次崛起!”昂觉和阿梯含泪微笑,他们拥抱得更加紧了。
他们都坚信,只要长江之水还在奔流,只要伊江之水还未停歇,中缅兄弟友谊便将地久天长,坚如磐石,历久弥新。
此时此刻,东方红日升起,曙光灿烂绽放,为中缅兄弟友谊送上永恒的祝福。
ပထမဆု
ယန်စီ၊ ဧရာဝတီ ကမ္ဘာတည်သရွေ့
တက္ကသိုလ်မြမဉ္ဇူ
စာရေးဆရာမ
ကြံခင်းကြီးက မျက်စိတစ်ဆုံးကျယ်ပြောလှသည်။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် ကြံခင်းများကိုသာ မြင်တွေ့နေရသည်။ ကြံကို အဓိကသီးနှံအဖြစ် စိုက်ပျိုးသည့်ဒေသဖြစ်၍ မြင်မြင်သမျှ ကြံခင်းများသာ ဖြစ်နေခြင်းဖြစ်သည်။
ကြံခင်းကြီးတွေက အနီးကပ်ဆိုလျှင် သန်မာကြမ်းရှသောကြံရွက်များကြောင့် အရုပ်ဆိုးအကျည်းတန်သယောင်ရှိသော်လည်း အဝေးကကြည့်လျှင်တော့ လွန်စွာလှပသည်။စနစ်တကျ ညီညီညာညာ စိုက်ပျိုးထားကြသဖြင့် ကြံပင်တွေကို မြင်ရသည်မှာ စစ်ရေးပြကွင်းကြီးထဲတွင် မတ်တပ်ရပ်နေသော စစ်သားကြီးများကို မြင်ရသလို ညီညီညာညာ စုစုစည်းစည်းရှိသည်။
ဤဒေသက ကြံထွက်သည်။ ဒီကြံတွေက သကြားချက်သည့်ကြံတွေဖြစ်သည်။ လူဦးရေအလွန်များသော စားသုံးသူ ဈေးကွက်ကြီးမားလှသည့် တရုတ်ပြည်ကြီးအတွက် သကြားလိုအပ်ချက်လည်း မြင့်မားလှသည်။စက်မှုနည်းပညာ၌ ကမ္ဘာ့ထိပ်တန်းအဆင့်သို့ တက်လှမ်းနေသော်လည်း အခြေခံစားကုန်သောက်ကုန်၊ သစ်သီးဝလံ၊ ကောက်ပဲသီးနှံလိုအပ်ချက်မှာ လူဦးရေနှင့်အမျှ မြင့်မားနေသဖြင့် တရုတ်ပြည်အစိုးရက စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍကိုလည်း စက်မှုနည်းပညာနည်းတူ အရှိန်မြှင့်တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းခဲ့ပြီဆိုသော်လည်း အခြေခံကျသည့် လူ့စွမ်းအားအရင်းအမြစ်ကလည်း မရှိမဖြစ်လိုအပ်နေသေးရာ တရုတ်ပြည်ကြီး၏ လိုအပ်သမျှသော လူ့စွမ်းအားအရင်းအမြစ်က သူ့လူနှင့်သူ မလုံလောက်တော့ပေ။ လုပ်သားလိုအပ်ချက် ရှိလာပေတော့သည်။
တရုတ်ပြည်နှင့် မြန်မာပြည်ဆိုသည်က နယ်မြေချင်းထိစပ်နေသော အိမ်နီးချင်းညီရင်းအစ်ကိုများ ဖြစ်ကြသည်။လွန်လေပြီးသော ရှေးနှစ်ပေါင်းအတီတေကတည်းကပင် တရုတ်ပြည်နှင့် မြန်မာပြည်သည် ရေကိုတား၍ ကြားမထင်သော နှစ်ကိုယ့်တစ်စိတ် ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာမြဲမြံအောင် တည်ဆောက်ထားခဲ့ကြသော သစ္စာရှိသွေးသောက်မိတ်ဆွေနိုင်ငံများ ဖြစ်ကြသည်။
ထိုကြောင့်လည်း တရုတ်ပြည်သူများနှင့် မြန်မာပြည်သူများသည် စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအနုပညာသာမက နိုင်ငံရေး၊ ပထဝီရေး အစရှိသည့် ဘက်ပေါင်းစုံ၌ ကူးလူးဆက်သွယ် ရင်းနှီးကျွမ်းဝင်မှုများ အစဉ်ထာဝရရှိခဲ့ကြသည်။
များပြားကျယ်ပြောလှသော တရုတ်ပြည်ကြီး၏ စိုက်ပျိုးမွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးတို့တွင် လိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်အတွက် မြန်မာပြည်သားအမြောက်အမြားသည် တရုတ်ပြည်ထဲတွင် သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိကြလေသည်။ ထိုအချက်ကပင် နှစ်ဦးနှစ်ဖက်အကျိုးရှိစေကာ နှစ်ဦးနှစ်ဖက်ချစ်ကြည်ရင်းနှီးမှုကိုလည်း ပိုမိုတိုးတက်ခိုင်မာစေခဲ့လေသည်။
ကြံစိုက်ရာသီရောက်လျှင် အောင်ကျော်တို့က တရုတ်ပြည်ရှိ ကြံခင်းကြီးများဆီသို့ စိုက်ပျိုးရေးလုပ်သားများအဖြစ် သွားရောက်လုပ်ကိုင်ကြစမြဲဖြစ်သည်။ အောင်ကျော်တို့အဖို့ တရုတ်ပြည်နှင့် မြန်မာပြည်ဆိုသည်က အိမ်ဦးနှင့် ကြမ်းပြင်သာ ဖြစ်သည် ကြံစိုက်ရာသီမှစ၍ ကြံခုတ်ရာသီပြီးသည်အထိ တရုတ်ပြည်တွင်သာ အနေများလေရာ အောင်ကျော်တို့လည်း တရုတ်စကားကို တတ်မြောက်လာကြသကဲ့သို့ မြန်မာလူမျိုးများနှင့် လက်ပွန်းတတီးရှိကြသော တရုတ်လူမျိုးတွေလည်း မြန်မာစကားကို တတ်မြောက်လာကြသည်။ ထိုအခါ တရုတ်လည်းမြန်မာ၊ မြန်မာလည်းတရုတ်ဖြစ်သွားပြီး ဆွေမျိုးပေါက်ဖော်တစ်သားတည်း ဖြစ်သွားကြသည်။
ကြံစိုက်ရာသီမရောက်ခင်ကတည်းက တရုတ်ပြည်ရှိ ကြံခင်းပိုင်ရှင်များက မြန်မာပြည်ဘက်က ကြံခင်းလုပ်သားများကို မျှော်နေတတ်ကြသည်။ ကြံခင်းကြီးတွေက ဧရိယာကျယ်လှသည်။ကြံခင်းပိုင်ရှင် တောင်သူကြီးတစ်ဦးတစ်ဦးလျှင် သူပိုင်ဆိုင်သည့် စိုက်ခင်းဧရိယာအလိုက် လုပ်သားလိုအပ်ချက်ရှိသည်။
ထိုသို့လိုအပ်သော လုပ်သားလိုအပ်ချက်ကို မြန်မာပြည်ဘက်ကရယူလေ့ရှိသည်။ မြန်မာနှင့်တရုတ်ဆိုတာက ရေမြေသဘာဝ၊ ဓလေ့စရိုက်၊ ကိုးကွယ်ရာဘာသာ အတူတူဖြစ်၍ မြန်မာလုပ်သားများနှင့် အလုပ်လုပ်ရခြင်းက တရုတ်တောင်သူကြီးများအတွက် ပို၍ အဆင်ပြေသည်။ ကြံစိုက်မည့်ရာသီတွင် မြေကို စတင်ပြုပြင်ရမည့်ရက်မတိုင်မီကတည်းက အောင်ကျော်တို့က မြန်မာပြည်ကနေ တရုတ်ပြည်ထဲကို ဝင်ရောက်သွားကြပြီဖြစ်သည်။
အောင်ကျော်တို့ နယ်သူနယ်သားအများစုက တရုတ်ပြည်သို့ ကြံခင်းလုပ်သားများအဖြစ် အစဉ်အဆက်သွားရောက်လုပ်ကိုင်နေကျဖြစ်၍ တရုတ်ပြည်ထဲသို့သွားရသည်မှာလည်း မိမိရပ်ရွာကို ပြန်ရသလိုမျိုးဖြစ်ပြီး ဘာအခက်အခဲမှမရှိပေ။
တရုတ်ပြည်ရှိ ကြံခင်းပိုင်ရှင် တောင်သူကြီးများကလည်း အောင်ကျော်တို့လို မြန်မာလုပ်သားတွေ ရောက်မလာမီကတည်းက လုပ်သားများ နေဖို့ထိုင်ဖို့အတွက် နေစရာအိမ်များ၊ အဆောင်တန်းလျားများကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ရေတွေ မီးတွေ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ခွင့်ရရေးနှင့် တရုတ်ပြည်ထဲတွင် တရားဝင်နေထိုင်ခွင့်ရရေးအတွက် တရုတ်ပြည်ရှိ ကြံတောင်သူကြီးများက မိမိအလုပ်သမားများအတွက် မိမိတာဝန်ယူထားပြီးဖြစ်သည်။ ထို့ကြောင့် နယ်စပ်ဖြတ်ကျော်ခြင်းအတွက် ဘာအခက်အခဲမှမရှိခြင်းဖြစ်သည်။
ဝမ်းစာရေးအတွက် အမိမြေကိုခွဲခွာပြီး တရုတ်ပြည်ထဲတွင် အလုပ်လာလုပ်နေရပေမယ့် အမိမြေကိုတော့ လွမ်းမိနေသည်။ ယခုလည်း အောင်ကျော်တစ်ယောက်ရွာကို လွမ်းသည်။ အမေ့ကိုလွမ်းသည်။“ဘာတွေတွေးပြီး ငေးနေတာလဲ အောင်ကျော်၊မင်းတို့တိုင်းပြည်ကို သတိရနေတာလား”ဟု အောင်ကျော်နောက်ပါးကို ရောက်လာပြီး ထိုသို့မေးလိုက်သူက အားတီဖြစ်သည်။ အားတီက ကြံခင်းပိုင်ရှင်တောင်သူကြီး၏သားဖြစ်ပြီး အောင်ကျော်နှင့်သက်တူရွယ်တူ ဖြစ်သည်။
အောင်ကျော်ဖခင်က ကြံစိုက်ရာသီတိုင်း တရုတ်ပြည်ရှိ အားတီ၏ဖခင်ကြီးပိုင်ဆိုင်သော ကြံခင်းများဆီသို့ အလုပ်လာလုပ်နေကျဖြစ်သည်။ ယခုတော့ အောင်ကျော်ဖခင်ကြီးမှာ အသက်ကြီး၍ ရဟန်းပြုသွားပြီဖြစ်ရာ အရွယ်ရောက်လာသော အောင်ကျော်ကလည်း ဖခင်ခြေရာနင်းကာ အားတီတို့ဆီသို့ ကြံခင်းလုပ်သားအဖြစ် လာရောက်အလုပ်လုပ်နေခြင်းဖြစ်သည်။ ထိုသို့ ဖခင်လက်ထက်ကတည်းက အားတီတို့ဆီ နှစ်စဉ်လာရောက်အလုပ်လုပ်နေကြသဖြင့် အောင်ကျော်တို့ရွာသားတွေနှင့် အားတီတို့မိသားစုမှာ နှစ်ရှည်လများ ရင်းနှီးကျွမ်းဝင်မှုရှိကြသည်။
ယခုတော့ အောင်ကျော်သည် မြန်မာလုပ်သားတစ်ရာကျော်၏ လုပ်သားခေါင်းဆောင် ဖြစ်သည်။ အားတီ၏ဖခင်ကလည်း ကြံခင်းကြီးများ၏ ကိစ္စအဝဝကို အောင်ကျော်နှင့်သာလွှဲထားတာများသည်။ ကြံခင်းပိုင်ရှင်တောင်သူကြီး၏ သားဖြစ်တဲ့အားတီမှာလည်း ကလေးဘဝကတည်းက မြန်မာလုပ်သားများနှင့် လက်ပွန်းတတီးနေခဲ့သူဖြစ်၍ မြန်မာစကားကို ပြောတတ်ဆိုတတ်သည်။အောင်ကျော်ကလည်း တရုတ်ပြည်ဘက်သို့ မကြာခဏလာပြီး အလုပ်လုပ်နေကျဖြစ်၍ တရုတ်စကား ပြောတတ်ဆိုတတ်သည်။ ဘာသာစကား အတားအဆီးမရှိတော့၍ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးမှာ ခိုင်မြဲသထက် ခိုင်မြဲလာသည်။
အားတီမှာ မြို့ကျောင်းရှိရာသို့ ကားနှင့်နေ့စဉ်ကျောင်းသွားတက်နေသူဖြစ်ပြီး ကျောင်းအားရက်များနှင့် ကျောင်းချိန်ပြင်ပများတွင် ကြံခင်းထဲ၌သာ အောင်ကျော်တို့နှင့် အချိန်ကုန်လေ့ရှိသည်။ အားတီ၏ဖခင်ကြီးကလည်း သူ့သားအားတီသည် သူ၏လက်ငုတ်လက်ရင်းဖြစ်သော ကြံစိုက်ပျိုးရေးလုပ်ငန်းကို တစ်နေ့နေ့တစ်ချိန်ချိန်တွင် သူ့ကိုယ်စားဦးစီးဦးဆောင်ပြုရမည်ဖြစ်၍ လုပ်ငန်းသဘာဝနှင့်ကျွမ်းဝင်စေရန်အတွက် သူ့သားအားတီကြံခင်းထဲတွင် ယခုလိုရှိနေခြင်းကိုသဘောကျသည်။
ယခုလည်း အောင်ကျော်နောက်ပါးကနေ အားတီမေးလိုက်မှုကြောင့် အားတီဘက်ကို လှည့်ကာပြုံးပြလိုက်ပြီးနောက်“အေးကွာ အားတီ၊ ရွာမှာကျန်ခဲ့တဲ့အမေ့ကို သတိရနေတာပါ သူငယ်ချင်းရာ”လို့ အဖြေပြန်ပေးခဲ့ရာ အားတီက အောင်ကျော်ပခုံးကို ဖက်လိုက်ပြီး အားပေးနှစ်သိမ့်လိုက်သည်။
အားတီက“ကြံခုတ်ပြီးရင်တော့ မင်းတို့တိုင်းပြည်ကို ပြန်ရမှာပေါ့ကွာ၊ ဘာမှဝေးတာလည်းမဟုတ်ဘူး။ ငါကတစ်ခါမှမရောက်ဖူးပေမယ့် မင်းတို့တွေ အိမ်ဦးနဲ့ကြမ်းပြင်လို ကူးချည်သန်းချည်လုပ်နေကြတာပဲ မဟုတ်ဘူးလား။ မဟုတ်မှလွဲရော မင်းလွမ်းနေတာ မင်းအမေတင်မကလောက်ဘူး။ မင်းကောင်မလေးကိုများ လွမ်းနေတာလား အောင်ကျော်ရယ်”လို့မေးလိုက်သည်။
“ငါ့မှာ လွမ်းစရာကောင်မလေးမရှိပါဘူး သူငယ်ချင်းရယ်၊ ငါအဲလောက်မစွံသေးပါဘူး”လို့အောင်ကျော်မှ ပြန်ဖြေသည်။
“ဒါဖြင့် ဒီလိုလုပ်ပါလား အောင်ကျော်၊ ငါလည်းကျောင်းပြီးရင် ဒီကြံခင်းလုပ်ငန်းတွေကို အဖေကလွှဲပြောင်းပေးတော့မှာ၊ မင်းကလည်း ငါ့အဖေရဲ့ လက်ရုံးပဲကွာ၊ မင်းရောမင်းအမေရော ငါတို့ဆီမှာ အပြီးပြောင်းနေကြပါလားကွာ၊ ငါတို့ဆီမှာ မိန်းမယူပြီး ငါတို့နဲ့အတူ ရာသက်ပန်နေကြရအောင် သူငယ်ချင်း”လို့ အားတီရဲ့အပြောကို အောင်ကျော်က“ကျေးဇူးတင်ပါတယ် အားတီရယ်၊ မင်းပြောသလို ငါလည်းနေချင်ပါတယ်”လို့ပြန်ပြောသည်။
“ဒါပေမယ့် သူငယ်ချင်းရယ်၊ မင်းတို့တိုင်းပြည်ကြီးက စက်မှုနည်းပညာတွေ၊ စိုက်ပျိုးရေးနည်းပညာတွေ တိုးတက်နေပြီ။ ငါတို့တိုင်းပြည်က အခုမှဖွံ့ဖြိုးဖို့ အားယူနေတုန်းပဲ ရှိသေးတယ်။ငါ့တိုင်းပြည်ကို မင်းတို့တိုင်းပြည်လို တိုးတက်လာအောင် ကြိုးစားဖို့က ငါတို့လိုလူငယ်တွေမှာ တာဝန်ရှိတယ်။ မင်းတို့ဆီမှာ စက်မှုလယ်ယာဖြစ်နေပေမယ့် ငါတို့ဆီမှာ အခုထိ မိရိုးဖလာလက်မှုလယ်ယာနဲ့ စက်မှုလယ်ယာအချို့သာ ရှိနေသေးတယ်။ဒါတွေကို ပြုပြင်ပြောင်းလဲဖို့ အများကြီးကျန်သေးတယ် သူငယ်ချင်းရယ်၊ ဒါကြောင့် ငါ့နိုင်ငံအတွက် ငါကြိုးစားရဦးမယ်အားတီ”
“အေးကွာ အောင်ကျော်၊ မင်းရဲ့တိုင်းပြည်ချစ်စိတ်ကိုတော့ ငါဂုဏ်ယူတယ်ကွာ သူငယ်ချင်း၊ မင်းသိတဲ့အတိုင်း ငါတို့တရုတ်ပြည်ကြီးလည်း ခါးသီးခက်ထန်တဲ့ ဒုက္ခဆင်းရဲတွေ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ မျိုးစုံကို နှစ်ရှည်လများ ခံစားခဲ့ရတာပါပဲ။အခုလို အခြေအနေမျိုးရောက်အောင် ငါတို့တရုတ်လူမျိုးတွေ ကျားကုတ်ကျားခဲရုန်းကန်ခဲ့ကြရတယ် သူငယ်ချင်း။ အခု မင်းတို့တိုင်းပြည်လည်း မဆုတ်မနစ်တဲ့ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ ကြိုးစားရုန်းကန်နေတာပဲ မဟုတ်ဘူးလား။ ကြိုးစားမှုတိုင်းဟာ အောင်မြင်မှုရလဒ်ကို ဖြစ်စေနိုင်တယ် အောင်ကျော်”
“အခုလို အားပေးတာ ကျေးဇူးတင်ပါတယ် အားတီရယ်၊ ဒါပေမယ့် ငါတို့ဆီမှာက လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်။ ပြီးတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေလည်း ရှိနေသးတယ်။တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ရောက်ဖို့လည်း ကြိုးစားနေကြရတုန်းပဲ အားတီ”
“မင်းပြောတဲ့ အခက်အခဲတွေဟာ ငါတို့လည်းရင်ဆိုင်ခဲ့ကြရတယ်။ တစ်ချိန်မှာတော့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။ မင်းတို့ မြန်မာပြည်က သဘာဝသယံဇာတတွေ၊ ပထဝီအရင်းအမြစ်တွေ၊ လူသားအရင်းအမြစ်တွေ ပေါကြွယ်ဝပါတယ်။ငါထင်တယ် အောင်ကျော်၊ တစ်ချိန်ကျရင် မင်းတို့မြန်မာတွေဟာ အာရှမှာကျားတစ်ကောင်ဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်တယ် အောင်ကျော်”၊“အေးကွာ အားတီ ငါလည်း အဲဒီလိုပဲမျှော်လင့်တယ်၊ ဒါပေမဲ့ စက်မှုကဏ္ဍတိုးတက်ဖို့ အဓိကကျတဲ့နည်းပညာနဲ့ စွမ်းအင်က ငါတို့ဆီမှာ အများကြီးလိုအပ်နေသေးတယ် သူငယ်ချင်းရယ်”
“ဟုတ်တယ် အောင်ကျော်၊ စွမ်းအင်လိုအပ်ချက်က မင်းတို့ဆီမှာ တင်မဟုတ်ဘူး။ ငါတို့တရုတ်ပြည်မှာလည်း လိုအပ်နေသေးတယ်။ ဒါကြောင့် ငါတို့က စွမ်းအင်ရရှိနိုင်တဲ့နေရာမျိုးစုံကနေ နည်းမျိုးစုံနဲ့စွမ်းအင်ကို ရယူဖို့ကြိုးစားနေကြတယ်။ငါတို့ တရုတ်ပြည်မှာ ယန်စီမြစ်ကြီးရှိသလို မင်းတို့မြန်မာပြည်မှာလည်း ဧရာဝတီမြစ်ကြီးရှိတယ်။ အခြားမြစ်တွေလည်း အများကြီးရှိတယ်။ အဲဒီမြစ်ကြီးတွေဆီကသာ စွမ်းအင်ထုတ်ယူနိုင်မယ်ဆိုရင် မင်းတို့မြန်မာတွေ လိုအပ်နေတဲ့စွမ်းအင်က အလုံအလောက်ရရှိနိုင်မယ်လို့ ငါထင်တယ်အောင်ကျော်”
“ဟုတ်တယ်အားတီ။ ငါတို့ဆီမှာ မင်းပြောသလို စွမ်းအင်ရရှိနိုင်တဲ့ သဘာဝအရင်းအမြစ်တွေ အများကြီးရှိပေမယ့် အမျိုးမျိုးသော ပယောဂတွေကြောင့် ဘာမှမလုပ်နိုင်သေးဘူး အားတီရယ်”“အေးပါ သူငယ်ချင်းရယ်။ဘာအခက်အခဲတွေရှိရှိ မင်းတို့နဲ့ ငါတို့ဟာ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြရတဲ့ ဆွေမျိုးပေါက်ဖော်တွေပါပဲ။ မင်းတို့အခက်အခဲဟာ ငါတို့ရဲ့အခက်အခဲပါပဲ။ ငါတို့ဟာ အေးအတူပူအမျှနေခဲ့ကြတဲ့ ဆွေမျိုးရင်းချာတွေပါပဲ သူငယ်ချင်း။ အခုပဲ ကြည့်လေကွာ၊အနီးစပ်ဆုံး သာဓကအနေနဲ့ပြောရရင် ငါတို့ရဲ့ကြံခင်းကြီးကိုပဲကြည့်လိုက်၊ ဒီကြံခင်းကြီးတွေ စိုက်ဖို့၊ ပျိုးဖို့ ကြံခင်းကြီးကို ပြုစုပျိုးထောင်ဖို့ နောက်ဆုံးရိတ်သိမ်းတဲ့အထိ မင်းတို့မြန်မာလုပ်သားတွေရဲ့ စွမ်းဆောင်မှုကြောင့်သာ ပြီးမြောက်အောင်မြင်လာရတာပဲ သူငယ်ချင်း။အရာရာဟာ အထီးတည်းဖြစ်တည်နေတာမဟုတ်ပဲ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ ဖြစ်တည်နေကြရတာပဲ မဟုတ်ဘူးလား။ ငါတို့တရုတ်လူမျိုးတွေမှာ ကဗျာတစ်ပုဒ်ရှိတယ်။‘ယန်စီမြစ်ကြီးလည်း စီးဆင်းနေတယ်။ ဧရာဝတီမြစ်ကြီးလည်း စီးဆင်းနေတယ်။ သံလွင်မြစ်ကြီးလည်း စီးဆင်းနေတယ်။ မဲခေါင်မြစ်ကြီးလည်း စီးဆင်းနေတယ်။ ဒီမြစ်ကြီးတွေ စီးဆင်းနေသမျှ ငါတို့ရဲ့ဒေသတွင်း နိုင်ငံတွေ ရင်းနှီးချစ်ကြည်နေမယ်။ ရေဟာလည်း အတူတူပဲ။ သွေးဟာလည်း အတူတူပဲ။ ငါတို့လူသားတွေက အတူတူပဲ။ မြစ်ကြီးတွေ ထာဝရစီးဆင်းနေလိမ့်မယ်။ ငါတို့အားလုံးဟာ သွေးချင်းတွေပဲ’တဲ့ သူငယ်ချင်း၊ အဲဒီကဗျာထဲကအတိုင်း ငါတို့တရုတ်ပြည်နဲ့ မင်းတို့မြန်မာပြည်လည်း ယန်စီမြစ်ကြီးနဲ့ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနေသလို ငါတို့နှစ်နိုင်ငံပြည်သူတွေရဲ့ ချစ်ကြည်ရေးလည်း ထာဝရတည်မြဲနေလိမ့်မယ်လို့ ငါယုံကြည်တယ် အောင်ကျော်”
အောင်ကျော်သည် အားတီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ အားတီကလည်း အောင်ကျော်၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်သည်။
“အေးပါ အားတီရယ်၊ အခုလိုပြောတာကို ကျေးဇူးတင်ပါတယ်။ ငါလည်း မင်းပြောသလို ယုံကြည်တယ်။ဧရာဝတီမြစ်နဲ့ ယန်စီမြစ်တွေ စီးဆင်းနေသရွေ့ ငါတို့နှစ်ပြည်ထောင်ဟာ ထာဝရလက်တွဲပြီး အောင်မြင်တိုးတက်လာလိမ့်မယ်လို့ ငါယုံကြည်တယ် အားတီ။ငါလည်း လာမယ့်နှစ်ကြံရာသီရောက်ရင် မင်းတို့ဆီကို လာဖြစ်တော့မယ်မထင်ဘူး။ ငါ့နိုင်ငံထဲမှာ ငါတတ်နိုင်သလောက် အလုပ်လုပ်စရာတွေ ရှိသေးတယ်။အခု မင်းတို့ဆီမှာ လာအလုပ်လုပ်ရတဲ့ အတွေ့အကြုံတွေကို အရင်းအနှီးပြုပြီး ငါတို့မြန်မာပြည်မှာ ခေတ်မီနည်းပညာသုံး ကြံစိုက်ခင်းတစ်ခု ထူထောင်ဖို့ ငါဆုံးဖြတ်ထားတယ်။ ငါတို့ဆီမှာ မြေလွတ်မြေရိုင်းတွေ အများကြီးရှိတယ်။ အရင်းအနှီးနဲ့ နည်းပညာသာရှိရင် အများကြီးစိုက်ပျိုးလို့ရတယ်။ အခုငါ့မှာ မင်းတို့ဆီကရထားတဲ့ လုပ်အားခငွေလည်း အထိုက်အလျောက် စုမိဆောင်းမိထားပြီ။ မင်းတို့ဆီက နည်းပညာတွေလည်း ငါရထားပြီ။ အဲဒါတွေကို အရင်းပြုပြီး ငါ့နိုင်ငံမှာငါလုပ်နိုင်တာကို လုပ်ရတော့မယ် အားတီ။”“အေးပါ သူငယ်ချင်းရယ်။မင်းအောင်မြင်ပါစေလို့ ငါဆုတောင်းပါတယ် အောင်ကျော်”
မည်သို့ပင်ဆိုစေကာမူ အောင်ကျော်တို့လို မြန်မာရွှေ့ပြောင်းလုပ်သားတွေအဖို့ ကြာလာတော့ မြန်မာလည်းတရုတ်၊ တရုတ်လည်းမြန်မာ ဖြစ်သွားကြသည်။
ထိုနှစ်ကြံခုတ်ရာသီပြီးသည့်နောက် အောင်ကျော်လည်း မြန်မာပြည်သို့ ပြန်ခဲ့သည်။ကြံရာသီကုန်ပြီဆိုလျှင် မြန်မာပြည်ဘက်က တရုတ်ပြည်ဘက်သို့ သွားရောက်အလုပ်လုပ်ကြသော မြန်မာရွှေ့ပြောင်းလုပ်သားတွေက မြန်မာပြည်ထဲသို့ ပြန်လာကြသူများရှိသလို အခြားလုပ်ငန်းခွင်များသို့ ပြောင်းရွှေ့သွားကြသူများလည်းရှိသည်။
နှစ်တွေကကြာခဲ့ပြီ။ ဆယ်နှစ်ဆိုသောအချိန်ကာလသည် အရာရာကို ပြောင်းလဲရွေ့လျားစေသည်။အောင်ကျော်နှင့် အားတီတို့က အဆက်အသွယ်သိပ်မပြန်ကြဘဲ ရံဖန်ရံခါသာ အဆက်အသွယ်ရှိကြသည်။ အားတီလည်း တရုတ်ပြည်တွင် အိမ်ထောင်ကျပြီး သူ့မိဘလက်ငုတ်လက်ရင်း ကြံစိုက်ခင်းကြီးမျာကို ဦးစီးဆောင်ရွက်နေသလို အောင်ကျော်လည်း မြန်မာပြည်တွင် အိမ်ထောင်ကျကာ သူ့ဒေသတွင် ကြံစိုက်ခင်းတစ်ခု ထူထောင်ထားသည်။ အိမ်ထောင်ရေး၊ စီးပွားရေးတွေအပြင် လူမှုရေးလုပ်ငန်းများကြောင့် သူတို့ချင်း အဆက်အသွယ်မပြုဖြစ်သည်မှာ နှစ်နှစ်ခန့်ကြာသွားခဲ့လေပြီ။
၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့မှာ အောင်ကျော်ဘဝတွင် သာမက မြန်မာပြည်အတွက် မေ့မရသောနေ့ ဖြစ်ခဲ့သည်။ထိုနေ့သည် အလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြီး မြန်မာပြည်တွင် ဖြစ်သွားပြီး ပျက်စီးဆုံးရှုံးမှုက အလွန်များပြားလှပြီး ကြေကွဲဝမ်းနည်းစရာဖြစ်ခဲ့သည်။
ဧရာမမြေငလျင်ကြီး ဖြစ်ပွားပြီးနောက် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်ဒေသများတွင် အပျက်အစီး၊ အဆုံးအရှုံး ပို၍ကြီးမားသည်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးသော အစိုးရအဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူများဆီ ချက်ချင်းသွားရောက်ကာ အားပေးစကားပြောပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ပေးခဲ့သလို မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများပြားသဖြင့် လိုအပ်သော အကူအညီများပေးကြပါရန် နိုင်ငံတကာသို့ မေတ္တာရပ်ခံခဲ့သည်။
ထိုသို့ မေတ္တာရပ်ခံမှုကြောင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ မြန်မာပြည်သို့ ချက်ချင်းရောက်ရှိလာကြသည်။ တရုတ်ပြည်တွင် လူမှုဝန်ထမ်းပရဟိတအလုပ်ကို လုပ်ဆောင်နေသော အားတီသည်လည်း မြန်မာပြည်သို့ စေလွှတ်သော တရုတ်ပြည်လူမှုဝန်ထမ်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်လာခဲ့သည်။
ထိုအချိန်တွင် အောင်ကျော်တို့ ကျေးရွာဘက်တွင် အပျက်အစီးသိပ်မရှိသော်လည်း မြို့ကြီးများပေါ်တွင် အပျက်အစီးများသဖြင့် ပရဟိတဆောင်ရွက်နေသော အောင်ကျော်လည်း ပရဟိတအဖွဲ့တစ်ခုကို ဦးဆောင်ကာ မန္တလေးမြို့ပေါ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေခိုက် ပရဟိတလုပ်ငန်းခွင်တစ်ခုတွင် နှစ်ပေါင်းကြာရှည်ဝေးကွာခဲ့ကြသော အားတီနှင့် အောင်ကျော်တို့ သူငယ်ချင်းနှစ်ယောက် အမှတ်မထင် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။
“ဟာ...အောင်ကျော်သူငယ်ချင်း”....“အားတီ”
မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းနှစ်ယောက်၊ တစ်တိုင်းတစ်ပြည်စီ ခြားနေကြသည့် သူငယ်ချင်းနှစ်ယောက် ယခုတော့ မြန်မာပြည်တွင် မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ကြလေပြီ။
သူငယ်ချင်းနှစ်ယောက် ဝမ်းနည်းဝမ်းသာဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာပွေ့ဖက်ထားမိကြသည်။ နှစ်ယောက်စလုံး မျက်ရည်လည်နေကြသည်။“ငါတို့တိုင်းပြည်ဟာ မင်းမြင်တဲ့အတိုင်း အများကြီးပျက်စီးဆုံးရှုံးသွားပြီ အားတီရယ်”....“သဘာဝဘေးကတော့ ဘာတတ်နိုင်မှာလဲ အောင်ကျော်ရယ်၊ဖြစ်လာရင် ရင်ဆိုင်ကြရတော့မှာပဲပေါ့။ အားတင်းထားပါကွာ”
“အေးကွာ၊ အခုလို ငါတို့တိုင်းပြည်ကို လာကူညီတာကို ကျေးဇူးတင်ပါတယ် သူငယ်ချင်းရယ်”
“ကူညီရမှာပေါ့ သူငယ်ချင်းရယ်၊ မင်းတို့မြန်မာပြည်နဲ့ ငါတို့တရုတ်ပြည်ဆိုတာ သွေးရင်းသားရင်း အိမ်နီးနားချင်း၊ ဆွေမျိုးပေါက်ဖော်တွေပဲ။ မင်းတို့ဒုက္ခဟာ ငါတို့ဒုက္ခပဲပေါ့။မင်းတို့အပူဟာ ငါတို့အပူပဲပေါ့။ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြတဲ့ ဆွေမျိုးရင်းချာတွေဆိုတော့ မင်းတို့တိုင်းပြည်ရဲ့ အခုငလျင်ဘေးအတွက် ကူညီကယ်ဆယ်ရေးတွေ၊ ပျက်စီးသွားတဲ့အရာတွေကို ပြန်လည်ထူထောင်ရေးတွေ အားလုံးမှာ မင်းတို့အတွက် ငါတို့တရုတ်ပြည်သူတစ်ရပ်လုံး ရပ်တည်ကူညီပေးမှာပေါ့ သူငယ်ချင်းရယ်။ ဟိုတစ်ချိန်က မင်းကို ငါပြောခဲ့သလို ငါတို့တရုတ်ပြည်မှာ ယန်စီမြစ်ကြီးရှိသလို မင်းတို့မြန်မာပြည်မှာ ဧရာဝတီမြစ်ကြီးရှိတယ်။ယန်စီမြစ်နဲ့ ဧရာဝတီမြစ်တွေ စီးဆင်းနေသမျှ ငါတို့ တရုတ်ပြည်နဲ့ မင်းတို့မြန်မာပြည်ဟာ တစ်သွေးတစ်သား၊ တစ်စိတ်တစ်ဝမ်းတည်း ချစ်ကြည်ရင်းနှီးနေလိမ့်မယ်။ ယန်စီမြစ်ကြီးနဲ့ ဧရာဝတီမြစ်ကြီးက ကမ္ဘာတည်သရွေ့စီးဆင်းနေမှာ ဖြစ်သလို ငါတို့နှစ်နိုင်ငံဟာလည်း ဆွေမျိုးပေါက်ဖော်အဖြစ် ထာဝရလက်တွဲနေထိုင်ကြလိမ့်မယ်လို့ ငါတို့ယုံကြည်တယ်။ ပြီးတော့ မင်းတို့မြန်မာလူမျိုးတွေဟာ ရာဇဝင်ကြီးမြတ်တဲ့လူမျိုးတွေပဲ အောင်ကျော်၊ မင်းတို့လူမျိုးတွေဟာ ဘာအခက်အခဲရှိရှိ၊ ဘယ်လိုအန္တရာယ်ကြုံကြုံ၊ ဘယ်လောက်ဒုက္ခရောက်ရောက်၊မဆုတ်မနစ်တဲ့ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ ပြန်လည်ရုန်းထရှင်သန်လာကြတဲ့ လူမျိုး၊ ရာဇဝင်မှာ ပြာပုံထဲက ရှင်သန်ထမြောက်တဲ့ ဖီးနစ်ငှက်လို ရဲရင့်တဲ့လူမျိုးတွေပဲ အောင်ကျော်။အခုလည်း မင်းတို့တွေ ပြန်လည်ရုန်းထရှင်သန်ကြမှာ မလွဲဘူးလို့ ငါယုံကြည်တယ် အောင်ကျော်”
အောင်ကျော်နှင့် အားတီတို့သည် မျက်ရည်များကြားထဲက ပြုံးလိုက်ကြသည်။ တစ်ယောက်ကို တစ်ယောက်လည်း ပိုမို၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ကြသည်။
ယန်စီမြစ်ကြီး စီးဆင်းနေသမျှ၊ဧရာဝတီမြစ်ကြီး စီးဆင်းနေသမျှ တရုတ်ပြည်နှင့် မြန်မာပြည်၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ကမ္ဘာတည်သရွေ့ အဓွန့်ရှည်ခိုင်မာမြဲမြံနေပေလိမ့်မည်ဟု သူတို့နှစ်ယောက်လုံး ယုံကြည်နေကြပေသည်။
ထိုစဉ် အရှေ့အရပ်ဆီမှ ဝင်းပရွှန်းမြသော ရောင်နီသစ် ထွက်ပေါ်လာလေတော့သည်။ တရုတ်-မြန်မာ ထာဝရ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ။