> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【二等奖】胞波情谊 源远流长

二等奖

胞波情谊源远流长

《胞波月刊》总编辑 吴耶乃梭

“虽有国界分隔,

但我们江水相连,

彼此的心紧紧相依,如手足之情,

这是友谊的真实见证……”

在阵阵热烈掌声中,缅甸友好青年团朗诵了缅甸诗人貌奇埃(吴丁乌大使)创作的诗歌《比海洋更宽更深的友谊见证》,以此拉开了缅甸表演团的精彩序幕。

2023年7月,应德宏州青年联合会的诚挚邀请,缅甸友好组织一行前往芒市进行友好访问。在出席中缅青年友好交流活动期间,缅甸代表团不仅以诗传情,更以歌会友,集体演唱了《掸族腰鼓声》与《曼山的荫凉》两首动人歌曲,将缅甸舞蹈的独特魅力展示给众人。中国青年团队则以“共谱胞波情谊,共筑现代梦想”为主题,献上了一场精彩纷呈的文艺演出。正如演出所展现的那样,胞波情谊始终在两国人民心中共同谱写,不断延续。

此行,是我首次踏上中国的土地,也是我首次以团长的身份,肩负起两国友好交流的崇高使命。这一系列振奋人心的两国友好活动,给予了我巨大的动力与鼓舞。参与此次交流活动的缅甸友好代表团成员,皆为经验丰富、善于交流的各组织负责人。他们可谓是缅甸对外交流的杰出使者。

仪式结束后,我们一行人与德宏州相关领导在芒市孔雀湖景酒店院内花园里,共同种下了一棵象征友谊的缅桂花树。

笔者在瑞丽种下“第三代”缅桂花树

ရွှေလီမြို့၌ မျိူးဆက်သစ် စကားဝါပင်ကို စိုက်ပျိုးနေစဉ်။


种树之际,德宏州青年联合会主席陈春晓女士说:“这是新一代的缅桂花树。”

“为何称其为‘新一代’?”我好奇地追问,“烦请您详细讲讲。”

陈女士娓娓道来:“事情是这样的……1956年12月15日至16日,是中缅友好交往历史上重要的一天,两国人民携手举办了一场盛大的联欢活动。中国总理周恩来与缅甸总理吴巴瑞共同出席了此次活动。为纪念这一时刻,两国总理在芒市酒店前栽种下一棵象征着深厚友谊的缅桂花树。时光流转,如今,我们所种下的正是当年两位总理亲手栽种的那两棵缅桂花树的后代苗木。这“第三代”缅桂花树,也将见证我们的中缅两国新一代青年之间更具深远意义的交流。”


听她如此解说,我深感震撼与欣喜。作为缅甸友好青年团的一员,我们有幸参与种下这棵“第三代”缅桂花树,倍感荣耀,也更加敬佩和感激东道国的用心与诚意。

我感慨道:“我真想亲眼看看当年两位总理亲手种下的那棵缅桂花树。”

陈女士回应道:“您这次考察行程中会前往芒市博物馆,那里展示了很多相关的历史文献。”随后,女翻译也补充说:“您们的代表团还会前往瑞丽,到时候还会参观‘一寨两国’。”得知此次考察行程中将会参观“一寨两国”,这不禁唤起了我对过往的一段回忆。

时间回溯到1989年。那时,我作为一名军官在掸邦北部地区执行任务,被派到“芒秀村”驻扎,执行安全任务。芒秀村是一个从南坎市,通过瑞丽江抵达中国边境的小村庄。

整个村里能说缅语的,仅有村长吴皎亨、一户缅甸教师家庭以及助产士南推茵。其余村民多为掸族和掸裔华人,多说中文。即便是说掸语,对我们一行来说,也只能听懂一些而已。

在芒秀村,遵循掸邦习俗,每隔五天便会举行一场热闹非凡的集市。村子里有一口水井,还有一座掸族风格的佛寺。村口设有中缅边境通道,中国一侧的安保人员全天候驻守。在我们驻守期间,恰巧赶上了一场传统的掸族集市。集市上,我们还瞧见有不少中国制造的啤酒瓶摆放在摊位上售卖。

我仍清晰记得,芒秀村是一个横跨中缅两国的村庄,一部分在中国境内,另一部分则在缅甸境内。因执行任务,我要负责巡逻缅甸境内的区域安全。为避免越界,我向村里的长老请教:“老伯,怎么才能辨别出缅甸和中国的国界呢?”老伯说:“种着甘蔗的那一侧就是中国,长官。”如此清晰明了。

早在那个时期,中国就已开始致力于推动边境地区的发展。距离木姐县棒赛镇最近的中国边境口岸“畹町”,当时已灯火通明,成为边境贸易的重要通道。

在芒秀村一带的边境线上,中国一侧道路状况良好,随时可以通行。边境地区的中国人民只要拥有土地,便广泛种植甘蔗,生产的甘蔗用拖拉机运输,直接卖给糖厂,提高了收入。沿着公路都修建有糖厂,不仅降低了运输成本,也促进了当地的生产。

当时,在我们缅甸一侧的边境地区尚不发达,芒秀村的生活依赖于邻国中国。由于两边的村民大多都有亲戚关系,所以在他们心目中,他们是不区分缅甸与中国的,就像两个院子里的一家人一样自然走动。在我年轻充满干劲时,曾在这些边境地区的很多地方执行安全巡逻任务,而芒秀村一直萦绕在我的心头。最令我难以忘怀的,当属“芒秀”这个地方。

笔者随缅甸友好团一行人前往瑞丽市开展学习考察。所到之处,我们欣喜地看到当地处处呈现蓬勃发展态势,中国政府为推动边境地区发展,有序推进乡村发展计划。在此次行程中,笔者还实地参观了曾只能在缅甸一侧远眺的畹町口岸。畹町口岸是中缅两国边境贸易的重要通道,距离缅甸最大的陆路贸易区——木姐镇105码仅13公里,在缅中经济中占据十分重要的地位。随着中缅边境经济开放政策的实施,缅方一侧的木姐市也得以发展,与过去状况大不相同。

接下来的考察之旅,便是“一寨两国”了。年轻时生活过的芒秀村,如今已声名远扬,成为一处著名旅游景点,在我看来,芒秀着实幸运。

“一寨两国”坐落于缅中边境,距离云南省德宏州瑞丽市区约8公里,与缅甸掸邦北部木姐县芒秀村接壤,村子位于中国一侧的部分称作银井村。介绍行程的年轻女老师解释道,之所以将这一景点命名为“一寨两国”,是因为在1960年勘定缅中边界时,边界线恰好穿过这个村子,国境线将这个掸族村寨一分为二。虽说分属两个国家,但它依然是一个完整的村庄。可以说,这个地方就是缅中友好关系的历史见证。

我心中忍不住暗自感慨:“芒秀啊,你变化竟如此之大,我几乎都快认不出你来了。”事实的确如此。曾经那尘土漫天飞扬的农村泥土路,如今已铺上了平坦的柏油路;曾经低矮简陋、逢雨便漏的茅草农屋,如今全都换成了崭新的楼房。我们曾经居住过的军营,也早已不见踪影。如今这里通了电,道路上满是汽车往来穿梭。至于安全方面,一切都按照两国的边界规定有序管理。而对于前来参观的旅客而言,这里已被精心打造成一个极具历史意义的展示区。置身“一寨两国”,就仿佛走进了一座小型博物馆。不过,那些原有的竹篱笆、老水渠,依旧保留着当年的独特气息。

在“一寨两国”景区里,一树两国、一桥两国、一石两国、一井两国等独特景观交相辉映,还有热闹的缅中集市、极具缅甸风情的柚木屋、充满趣味的两国秋千,以及那波光粼粼的湖泊、造型精致的小型蒲甘佛塔、小巧玲珑的小型风动石佛塔、庄重典雅的小型大金塔等,这些充满缅甸特色的佛塔景色,与火龙果果园、荷花池、水上休闲亭等景点一道,处处都洋溢着浓郁的缅甸文化风貌。虽说这些美丽独特的地方在过去并不存在,但如今因对缅甸传统文化的重视,以及对两国之间深厚友谊的珍视而精心打造,让人深切感受到了中缅之间深厚的胞波情谊。

位于中缅边境上的“一寨两国”水井

တရုတ်-မြန်မာ နယ်စပ်တွင်ရှိသော "နှစ်ပြည်တစ်ရွာ" ရေတွင်း။


当我瞧见村子里那口用缅中两种语言共同命名的“一寨两国”水井时,我当下便不再需要随身携带的瓶装水了。我伸手拉起缅甸这一侧的汲水滑杆,用木桶从井里打水来喝,那水的滋味,一下子把我带回了年轻的时光里。谢谢你,“一寨两国”。无论你叫芒秀,还是银井,显然“一寨两国”这个蕴含着深刻意义的名字更适合你。

在考察期间,中方专家特地为我们举办了一场交流座谈。通过这场活动,我们了解到边境地区如今的发展状况,也对中国农村扶贫历经的100年历程中,如何成功推动乡村脱贫、实现农村振兴这一进程,有了更为深入的认识。此外,我们还有机会前往一个模范村进行实地参观与学习。

此后,我也曾多次前往中国考察学习。但最令我难以忘怀的,依旧是第一次前往的芒秀和一寨两国时的感动。中国是缅甸永远的友好邻居,每当缅甸遭遇困难,双方都秉持着深厚的胞波情谊,始终愿意伸出援手。今年恰逢两国正式建交75周年。展望未来,双方也必将携手共同延续与弘扬这份珍贵的胞波情谊。

祝中缅友谊世代长存,“中缅友好,万万岁!”



ဒုတိယဆု

ပေါက်ဖော်မေတ္တာ အဓွန့်ရှည်ကြာ

ဦးရဲနိုင်စိုး 

အယ်ဒီတာချုပ်၊ ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း

“နယ်နိမိတ်များပိုင်းခြားထားလည်း

ရေကိုတား၍အကြားမထင်၊ဒို့များရင်က

တူယှဉ်နေသော၊သွေးကပြောသည့်

ချစ်ကြည်ရေးကသက်သေတည်…”

“ဖျောင်းဖျောင်းဖျောင်း”..လက်ခုပ်သံများကြားမှာ မြန်မာချစ်ကြည်ရေးလူငယ်အဖွဲ့က အထက်ပါရွတ်ဆိုခဲ့သည့် ကဗျာပိုင်ရှင်မောင်ချစ်အေး(သံအမတ်ကြီးဦးတင်ဦး)ရဲ့ “သမုဒ္ဒရာထက် ကျယ်ဝန်းနက်ရှိုင်းသော ချစ်ကြည်ရေးသက်သေများ”ကဗျာကို သံပြိုင်ရွတ်ဆိုရင်း မြန်မာအဖွဲ့ရဲ့ ဖျော်ဖြေမှုကို စတင်လိုက်ပါတယ်။

၂၀၂၃ခုနှစ် ဇူလိုင်လမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ ကွန်မြူနစ်ပါတီလူငယ်အဖွဲ့ချုပ် (Dehong Youth Federation) က ဖိတ်ကြားချက်အရ မြန်မာချစ်ကြည်ရေးအဖွဲ့ဟာ မန်စီမြို့ကို သွားရောက်ခဲ့ကြပါတယ်။ တရုတ်-မြန်မာ လူငယ်ချစ်ကြည်ရေး ဆွေးနွေးဖလှယ်ရေးလှုပ်ရှားမှု အခမ်းအနားကို တက်ရောက်ခဲ့စဉ် ဖွင့်ပွဲအခမ်းအနားမှာ အထက်ပါ ကဗျာရွတ်ဆိုမှုနဲ့အတူ “ရှမ်းရိုးမကအိုးစည်သံ”နှင့် “မန်းတောင်ရိပ်ခို” တေးနှစ်ပုဒ်ကို စုပေါင်းသီဆိုရင်း မြန်မာအကနဲ့ပါ ပြန်လည်တင်ဆက်ခဲ့ကြပါတယ်။ တရုတ်လူငယ်အဖွဲ့ကလည်း“ပေါက်ဖော်မေတ္တာ တူစွာဖော်ကျူး၊ ခေတ်သစ်အိပ်မက် တူစွာဖော်ဆောင်”ဆိုတဲ့ ခေါင်းစဉ်အောက်က အဆိုအကများနဲ့ မြူးကြွလှပစွာ တင်ဆက်မှုတွေက အံ့မခန်းပါပဲ တကယ်လည်း ပေါက်ဖော်မေတ္တာကို တူစွာဖော်ကျူးခဲ့ကြပါတယ်။

ဒီခရီးစဉ်ဟာ စာရေးသူရဲ့ တရုတ်နိုင်ငံ ပထမဆုံးခရီးစဉ်လည်းဖြစ်ပြီး အဖွဲ့ခေါင်းဆောင်တာဝန်နဲ့ နှစ်နိုင်ငံချစ်ကြည်ရေးတာဝန်ကို ပထမဆုံးစတင်ထမ်းဆောင်ခဲ့တဲ့အချိန် ဖြစ်ပါတယ်။ရင်ခုန်စရာကောင်းတဲ့ နှစ်နိုင်ငံချစ်ကြည်ရေးလှုပ်ရှားမှုတွေက မိမိအတွက် ခွန်အားတွေကို များစွာဖြစ်စေခဲ့ပါတယ်။ပါဝင်တဲ့ မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှာလည်း အတွေ့အကြုံ ရင့်ကျက်ပြီး ဆက်ဆံရေးကောင်းမွန်တဲ့ အဖွဲ့အစည်းပေါင်းစုံက တာဝန်ရှိသူတွေဖြစ်ကြလို့ မြန်မာနိုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ခဲ့ကြတဲ့ သံတမန်ကောင်းများပဲ ဖြစ်ကြပါတယ်။

အခမ်းအနားအပြီးမှာ မန်စီမြို့ ဥဒေါင်းကန်ဟိုတယ် (Peacock Lake View Hotel) ဝင်းထဲက ပန်းခြံထဲမှာ တယ်ဟုန်ပြည်နယ်ခွဲ၏ သက်ဆိုင်ရာခေါင်းဆောင်များနှင့်အတူ ချစ်ကြည်ရေးအထိမ်းအမှတ် စကားဝါပင်ကို စိုက်ပျိုးခဲ့ကြပါတယ်။

အတူစိုက်ပျိုးရင်း တယ်ဟုန်ပြည်နယ်ခွဲညွန့်ပေါင်းလူငယ်အသင်းဥက္ကဋ္ဌ Ms.Chen Chunxiao က“ဒီစကားဝါပင်က မျိုးဆက်သစ်စကားဝါပင်ပါဆရာ”လို့ ရှင်းပြတယ်။ စာရေးသူက“ဘယ်လိုမျိုးဆက်သစ်လဲ ဆရာမ၊ရှင်းပြပေးပါဦး”လို့ မေးတော့“ဒီလိုဆရာရေ… လွန်ခဲ့တဲ့ ၁၉၅၆ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၁၆ရက်နေ့ထိ တရုတ်-မြန်မာချစ်ကြည်ရေးသမိုင်းတွင်တဲ့ နှစ်နိုင်ငံပြည်သူတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပခဲ့ကြပါတယ်။အဲဒီပွဲတော်ကို တရုတ်နိုင်ငံက ဝန်ကြီးချုပ်ချူအင်လိုင်းနဲ့ မြန်မာဝန်ကြီးချုပ်ဦးဗဆွေတို့ တက်ရောက်ခဲ့ကြပါတယ်။ ပွဲတော်အထိမ်းအမှတ်အဖြစ် မန်စီဟိုတယ်ရှေ့မှာ နှစ်နိုင်ငံဝန်ကြီးချုပ်များက ချစ်ကြည်ရေးအထိမ်းအမှတ် စကားဝါပင်ကို တစ်ယောက်တစ်ပင်စီ အတူစိုက်ပျိုးခဲ့ကြတယ်။ယခုလို နှစ်နိုင်ငံ မျိုးဆက်သစ်လူငယ်များ ပြန်လည်တွေ့ဆုံပွဲကို ပိုမိုအနှစ်သာရပြည့်စုံစေရန် ရည်ရွယ်ပြီးတော့“တတိယမျိုးဆက်သစ်ပင်”လို့ အဓိပ္ပာယ်ဖော်ဆောင်တဲ့ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံတဲ့ ဒီ“စကားဝါပင်”က ရှေးတုန်းက ဝန်ကြီးချုပ်တို့ စိုက်ခဲ့တဲ့အပင်ကနေ မျိုးပွားပြီးယူထားတဲ့အပင်ပေါ့”လို့ ရှင်းပြတော့ ကျွန်တော်အံ့အားသင့်ပြီး အရမ်းဝမ်းသာမိခဲ့တယ်။ မြန်မာချစ်ကြည်ရေးလူငယ်အဖွဲ့အနေနဲ့ ကံထူးစွာဖြင့်“တတိယမျိုးဆက်သစ်ပင်”ကို စိုက်ပျိုးနိုင်ခဲ့လို့ ဂုဏ်ယူဖွယ်ဖြစ်ပြီး အိမ်ရှင်နိုင်ငံရဲ့ စေတနာနဲ့ရည်ရွယ်ချက်ကို အထူးလေးစားတန်ဖိုးထားမိပါတယ်။

ကျွန်တော်က“အဲဒီဝန်ကြီးချုပ်တို့ စိုက်ခဲ့တဲ့ စကားဝါပင်ကို ကြည့်ချင်လိုက်တာ”ဆိုတော့“ဆရာတို့ လေ့လာရေးခရီးစဉ်မှာ မန်စီမြို့ပြတိုက်ကိုလည်း ရောက်မှာပါ။အဲဒီမှာ သမိုင်းကြောင်းအထောက်အထားတွေ အများကြီးပြထားပါတယ်ဆရာ”လို့ ရှင်းပြပါတယ်။ စကားပြန်ဆရာမလေးက“ဆရာတို့အဖွဲ့ ရွှေလီဘက်လည်းရောက်မှာ အဲဒီဘက်မှာလေ့လာရင်း“နှစ်ပြည်တစ်ရွာ”ကိုလည်း လေ့လာရေးရောက်မှာပါဆရာ”တဲ့။“နှစ်ပြည်တစ်ရွာ”တဲ့။ ကြားဖူးပေမယ့် စိတ်ထဲအမှတ်မထားခဲ့တာ။အခုလေ့လာရေးခရီးစဉ်မှာ နှစ်ပြည်တစ်ရွာကို လေ့လာရမယ်ဆိုတော့ စိတ်ထဲမှာ အတိတ်ကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။

အချိန်က ၁၉၈၉ခုနှစ်ကဖြစ်ပါတယ်။ မြန်မာနိုင်ငံရှမ်းမြောက်ဒေသမှာ ဗိုလ်ရဲနိုင်တစ်ယောက် တာဝန်ထမ်းဆောင်ခဲ့ချိန်ပေါ့။“မန့်ဟီးရိုးရွာ”ကို တာဝန်ထမ်းဖို့ ရောက်ရှိခဲ့ပါတယ်။ အဲ့ဒီရွာမှာ စခန်းထိုင်လုံခြုံရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။မန့်ဟီးရိုးရွာက နန့်ခမ်းမြို့ကနေပြီး ရွှေလီမြစ်ကို ဖြတ်ကူးပြီးရောက်တဲ့ တရုတ်နိုင်ငံနယ်စပ်က ရွာလေးတစ်ရွာပေါ့။

တစ်ရွာလုံးမှာ မြန်မာလိုပြောနိုင်တာ ကျေးရွာလူကြီးဦးကျောင်းဟိန်းဆိုသူနဲ့ မြန်မာကျောင်းဆရာမိသားစု၊ သားဖွားဆရာမနန်းထွေးရင်တို့ပဲ ရှိပါတယ်။ ကျန်တဲ့ရွာသားတွေက ရှမ်းတရုတ်အနွယ်ဝင် ရှမ်းလူမျိုးအများစု ဖြစ်ကြပြီး တရုတ်လိုပြောကြပါတယ်။ ရှမ်းလိုပြောရင်တော့ ဗိုလ်ရဲနိုင်တို့ အနည်းအကျဉ်း နားလည်ရတာပေါ့။

မန့်ဟီးရိုးရွာမှာ ရှမ်းပြည်နယ် ထုံးစံ (၅)ရက်တစ်ဈေး ဖွင့်တဲ့ဈေးနေ့ဆို စည်ကားတယ်။ ကျေးရွာထဲမှာ ရေတွင်းတွေရှိတယ်။ ရှမ်းဘုန်းတော်ကြီးကျောင်းလည်းရှိတယ်။ ရွာထိပ်မှာ တရုတ်-မြန်မာနယ်ခြားဂိတ်ရှိပြီး တရုတ်နိုင်ငံက လုံခြုံရေးအချိန်ပြည့်ရှိနေတယ်။ မိမိတို့ရှိတဲ့ ကာလအတွင်းမှာ ရှမ်းရိုးရာဈေးပွဲတော်လည်း ကြုံခဲ့ပြီး ထိုအချိန်က တရုတ်နိုင်ငံထုတ် ဘီယာပုလင်းတွေ ပေါပေါများများ ရောင်းချတာတွေ့ခဲ့ရတယ်။

မန့်ဟီးရိုးရွာက တရုတ်နိုင်ငံထဲမှာလည်းရှိပြီး မြန်မာနိုင်ငံမှာလည်း ရှိနေတဲ့ တစ်ရွာတည်းဖြစ်ကြောင်း မှတ်မိခဲ့တယ်။တာဝန်အရ မြန်မာနိုင်ငံအတွင်းပိုင်တဲ့နေရာတွေကို လုံခြုံရေးကင်းလှည့်ဆောင်ရွက်ရတော့ နယ်မြေမမှားရအောင် ရွာလူကြီးကို“ပီအိုက်..မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကို ဘယ်လိုသတ်မှတ်ထားလဲ”လို့ မေးကြည့်တော့“ကြံပင်တွေ စိုက်ထားတဲ့နေရာက တရုတ်နိုင်ငံပဲ ဗိုလ်ကြီး”လို့ ပြန်ပြောတယ်။ မှတ်ရတာလွယ်သွားတာပေါ့။

တရုတ်နိုင်ငံဟာ ထိုအချိန်ကတည်းက နယ်စပ်ဒေသတွေကို ဖွံ့ဖြိုးဖို့ ကြိုးစားဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မူဆယ်ခရိုင် ကြူကုတ်မြို့နဲ့ အနီးဆုံး တရုတ်နိုင်ငံနယ်စပ်ဂိတ်“ဝမ်တိန်”ဆိုလျှင် လျှပ်စစ်မီး ထိန်ထိန်ညီးပြီး နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာ ဖြစ်နေခဲ့ပါပြီ။

မန့်ဟီးရိုးရွာရဲ့ နယ်ခြားမျဉ်းတစ်လျှောက် တရုတ်နိုင်ငံဘက်မှာ ကားလမ်းက အလွန်ကောင်းနေပြီး အချိန်မရွေး သွားလာလို့ရတဲ့နေရာပါပဲ။နယ်စပ်ဒေသက တရုတ်ပြည်သူတွေက မြေရှိသရွေ့ ကြံပင်များ စိုက်ပျိုးထားပြီး ထွက်ရှိတဲ့ကြံပင်ကို ထွေလာဂျီခေါ်တဲ့ယာဉ်နဲ့ သယ်ဆောင်ကာ သကြားစက်ကို တိုက်ရိုက်ရောင်းချခဲ့ကြပြီး ဝင်ငွေတိုးပွားစေခဲ့ပါတယ်။ သကြားစက်တွေကလည်း ကားလမ်းတစ်လျှောက် တည်ဆောက်ပေးထားတာမို့ ခရီးစရိတ်သက်သာပြီး ဒေသထွက်ကုန်ကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ထိုစဉ်က မိမိတို့ မြန်မာနိုင်ငံဘက်အခြမ်းနယ်စပ်ဒေသမှာကတော့ မဖွံ့ဖြိုးသေးပဲ မန့်ဟီးရိုးရွာဟာ အိမ်နီးချင်းမိတ်ဆွေ တရုတ်နိုင်ငံအပေါ် မှီခိုခဲ့ကြရပါတယ်။ ကျေးရွာပြည်သူတွေက နှစ်ဖက်စလုံးမှာ အမျိုးအဆွေတွေချည်းပဲဆိုတော့ သူတို့စိတ်ထဲမှာ မြန်မာနိုင်ငံရယ်၊ တရုတ်နိုင်ငံရယ်ဆိုပြီး ခွဲခြားမမြင်ကြဘဲ နှစ်အိမ်တစ်အိမ် သဘောမျိုး သွားလာနေကြတာပါ။ မိမိအနေနဲ့ ငယ်ရွယ်တက်ကြွတဲ့အချိန်ဆိုတော့ ထိုနယ်စပ်ဒေသရဲ့ နေရာအတော်များများအထိရောက်အောင် သွားရောက်လုံခြုံရေးဆောင်ရွက်ရင်း မန့်ဟီးရိုးရွာလေးက စိတ်ထဲမှာ စွဲထင်နေမိခဲ့ပါတယ်။ တစ်ချိန်က လွမ်းစရာ“မန့်ဟီးရိုး”ပေါ့။

စာရေးသူတို့ မြန်မာချစ်ကြည်ရေးအဖွဲ့ဟာ ရွှေလီမြို့ကို လေ့လာရေးသွားရောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံဟာ နယ်စပ်ဒေသတွေကို ဖွံ့ဖြိုးအောင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ စနစ်တကျဆောင်ရွက်ခဲ့လို့ မိမိတို့သွားတဲ့နေရာအားလုံးက ဖွံ့ဖြိုးတိုးတက်နေတာ ဝမ်းမြောက်ဖွယ် တွေ့ရှိခဲ့ကြရပါတယ်။ လေ့လာရေးခရီးစဉ်မှာ မိမိအနေနဲ့ တစ်ချိန်က မြန်မာပြည်ဘက်ခြမ်းက ငေးမောကြည့်ခဲ့ရတဲ့ မြန်မာ-တရုတ် နယ်စပ်က ဝမ်တိန်နယ်စပ်ဂိတ်ကို ယခုတော့ တရုတ်နိုင်ငံဘက် အခြမ်းက သွားရောက်လေ့လာခဲ့ရပါတယ်။ ဝမ်တိန်နယ်စပ်ဂိတ်ဟာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုအတွက် အရေးပါတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဝမ်တိန်နယ်စပ်ဂိတ်ဟာ မြန်မာနိုင်ငံ မူဆယ်မြို့နယ်ရှိ မြန်မာနိုင်ငံရဲ့ အကြီးဆုံးသော ကုန်းတွင်းပိုင်း စီးပွားရေးကုန်သွယ်မှုဇုန်ဖြစ်တဲ့ ၁၀၅မိုင်ကုန်သွယ်ရေးဇုန်နဲ့ ၁၃ကီလိုမီတာသာ ဝေးတဲ့နေရာဖြစ်ပါတယ်။ မြန်မာ-တရုတ် စီးပွားရေးအတွက်အရေးပါတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးတံခါးဖွင့်မူဝါဒကြောင့်ပဲ မြန်မာဘက်က မူဆယ်မြို့ဟာ ဖွံ့ဖြိုးတိုးတက်ပြီး ယခင်က အခြေအနေတွေနဲ့ မဆိုင်တော့သလို ပြောင်းလဲသွားခဲ့ပါတယ်။

ခရီးစဉ်မှာ ခဏပဲသွားလိုက်ရပြီး ရောက်ပြီဆိုတာ သိလိုက်ပါပြီ။“နှစ်ပြည်တစ်ရွာ”တဲ့။ ငယ်ဘဝက နေခဲ့ဖူးတဲ့ မန့်ဟီးရိုးရွာလေးက အခုချိန်မှာ ခရီးသွားလုပ်ငန်းအတွက် ထင်ရှားတဲ့ နေရာလေးတစ်ခုဖြစ်နေပြီဆိုတော့ ကံကောင်းတဲ့မန့်ဟီးရိုးပဲ လို့ တွေးနေမိပါတယ်။

“နှစ်ပြည်တစ်ရွာ”က ယူနန်ပြည်နယ် အနောက်ဘက် တယ်ဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွှေလီမြို့လယ်နဲ့ ၈ကီလိုမီတာခန့်အကွာ မြန်မာ-တရုတ်နယ်စပ်ဒေသမှာ တည်ရှိပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မန့်ဟီးရိုးမြို့ (ယခင်က“မန့်ဟျှိုး”ဟုခေါ်သည်)နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေပြီး တရုတ်နိုင်ငံဘက်အခြမ်းကိုတော့ ရင်းကျင်(Yinjing)ရွာလို့ ခေါ်ဆိုကြပါတယ်။ မိတ်ဆက်ရှင်းပြတဲ့ ဆရာမလေးက“နှစ်ပြည်တစ်ရွာလို့ အမည်တပ်ခေါ်ဝေါ်ထားတဲ့ ခရီးသွားလည်ပတ်စရာ ဒီနေရာလေးကို ဘာကြောင့်ဒီလိုခေါ်ဝေါ်ခဲ့ကြတာလဲဆိုရင်တော့ အတိတ်သမိုင်းမှာ လွန်ခဲ့တဲ့ ၁၉၆၀ပြည့်နှစ်က မြန်မာ-တရုတ်နယ်နိမိတ်မျဉ်း တိုင်းတာသတ်မှတ်ချိန်မှာ နယ်စပ်မျဉ်းက ဒီရွာကိုဖြတ်သွားပြီး မူလကရှိပြီးတဲ့ ရှမ်းရွာတစ်ရွာကို နှစ်နိုင်ငံခွဲယူလိုက်ခြင်းကြောင့် နိုင်ငံနှစ်နိုင်ငံခြားနေပေမယ့် ဒီနေရာလေးကို နှစ်ပြည်တစ်ရွာလို့ နာမည်ပေးထားခြင်းဖြစ်ပါတယ်။ ဒီနေရာလေးဟာ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးမှုကို သမိုင်းသက်သေအဖြစ် ဖော်ပြနိုင်တဲ့နေရာဆိုလည်း မမှားပါဘူးရှင်”လို့ ရှင်းပြပါတယ်။

မိမိအနေနဲ့ကတော့“မန့်ဟီးရိုးရေ မင်းပြောင်းလဲသွားလိုက်တာ ငါမင်းကိုမမှတ်မိနိုင်အောင်ပဲကွာ”လို့ ရင်ထဲကတွေးမိပါတယ်။ တကယ်ပါပဲ။ တစ်ချိန်က မြေကြီးဖုန်ဖုန်နဲ့ ရွာလမ်းတွေက အခုကတ္တရာလမ်းတွေဖြစ်လို့နေပြီး ဟိုတုန်းက သက်ကယ်မိုးပျဉ်ကာကျေးရွာအဆင့် အိမ်တွေက တိုက်အိမ်တွေ ဖြစ်ကုန်ပြီ။ ငါတို့နေခဲ့တဲ့ စစ်တပ်စခန်းလည်း မရှိတော့။ လျှပ်စစ်မီးနဲ့ မော်တော်ကားတွေ သွားလာနေကြပြီ။ လုံခြုံရေးအနေနဲ့ နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းအရ သတ်မှတ်ချက်သာရှိတော့ပြီမို့ လာရောက်လေ့လာတဲ့သူတွေအတွက် လေ့လာစရာသမိုင်းကြောင်းတွေကို ဖန်တီးပြသထားတာကြောင့် နှစ်ပြည်တစ်ရွာ(မန့်ဟီးရိုး)က ပြတိုက်လေးတစ်ခုလိုတောင် ခံစားမိပါတယ်။ ဒါပေမယ့် မူလလက်ရာမပျက်ရှိနေတဲ့ ဝါးခြံစည်းရိုး၊ရေမြောင်းလေးတွေကတော့ အရင်က အငွေ့အသက်လေးတွေ ရှိနေဆဲပါပဲ။

နှစ်ပြည်တစ်ရွာထဲမှာ သစ်တစ်ပင်နှစ်နိုင်ငံ၊ တံတားတစ်စင်းနှစ်နိုင်ငံ၊ ကျောက်တုံးတစ်တုံးနှစ်နိုင်ငံ၊ ရေတွင်းတစ်တွင်းနှစ်နိုင်ငံ၊ မြန်မာ-တရုတ်စျေးတန်း၊ မြန်မာဆန်သော ကျွန်းအိမ်လေး၊ နှစ်နိုင်ငံဒန်းစီး၊ ဘေးမဲ့ကန်၊ ပုဂံဘုရား‌စေတီပုံစံငယ်များ၊ကျိုက်ထီးရိုးဘုရားပုံစံငယ်၊ ရွှေတိဂုံစေတီပုံစံငယ် စတဲ့ မြန်မာမှုဆန်သော စေတီပုထိုးရှုခင်းရှုကွက်များနဲ့ နဂါးမောက်သီးခြံ၊ ကြာပန်းကန်၊ ရေပေါ်အပန်းဖြေစခန်းစတဲ့ မြန်မာ့ယဉ်ကျေးမှုပုံရိပ်များ လွှမ်းခြုံနေတဲ့ ထူးခြားလှပတဲ့ နေရာလေးတွေကတော့ အရင်က မရှိခဲ့ပေမယ့် အခုလို မြန်မာဓလေ့နဲ့ နှစ်နိုင်ငံချစ်ကြည်မှုကို တန်ဖိုးထား၊ အလေးထားပြီး ဆောင်ရွက်ပေးထားလို့ ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုကို လေးနက်စေခဲ့တာပေါ့။

ကျေးရွာထဲက ရေတွင်းတစ်ခုမှာ မြန်မာ-တရုတ်နှစ်ဘာသာနဲ့ အတူသောက်ခဲ့တဲ့ရေတွင်းကို တွေ့ရတော့ ပါလာတဲ့ရေသန့်ဘူးကို မလိုတော့ဘူးပေါ့ မန့်ဟီးရိုးရယ်။ မြန်မာဘက်ခြမ်းက ရေငင်မောင်းတံကို ဆွဲပြီး ရေပုံးနဲ့ယူငင်ခပ်ယူသောက်ခဲ့ရတဲ့ ရေရဲ့အရသာက ငယ်ဘဝကို ပြန်ရောက်စေခဲ့ပါတယ်။ ကျေးဇူးပါ နှစ်ပြည်တစ်ရွာရေ။ မန့်ဟီးရိုးပဲခေါ်ခေါ်.. ရင်းကျင်ပဲဆိုဆို နှစ်ပြည်တစ်ရွာဆိုတာက ပိုပြီးအဓိပ္ပာယ်လေးနက်နေတာ အထင်အရှားပါပဲ။

နယ်စပ်ဒေသတွေ ဒီလိုဖွံ့ဖြိုးတိုးတက်လာတာဟာ တရုတ်နိုင်ငံရဲ့ နှစ်၁၀၀အတွင်း ကျေးလက်တောရွာများ ဆင်းရဲမှုပပျောက်ရေး လုပ်ဆောင်မှုများကို ဘယ်လိုအောင်မြင်အောင် ဆောင်ရွက်ခဲ့ကြောင်းကို ဗဟုသုတရရှိစေနိုင်ဖို့အတွက် ပညာရှင်ဆွေးနွေးဟောပြောပို့ချမှုကို နိုင်ငံခြားဆက်ဆံရေးဌာနမှ ကျွမ်းကျင်ပညာရှင်က လေ့လာရေးခရီးစဉ်မှာ လာရောက်ဆွေးနွေးပြောပြတာကြောင့် မိမိတို့ သိရှိခဲ့ရပြီး စံပြကျေးရွာတစ်ရွာကိုလည်း လေ့လာခွင့်ရခဲ့ပါသေးတယ်။

တရုတ်နိုင်ငံကို နောက်ပိုင်းမှာလည်း မကြာခဏဆိုသလို လေ့လာရေးတွေ ရောက်ရှိခဲ့ပါတယ်။ ပထမဆုံးသွားခဲ့ရတဲ့ မန်စီမြို့နဲ့ လွမ်းစရာနှစ်ပြည်တစ်ရွာကတော့ ရင်ထဲစွဲထင်စေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထာဝရအိမ်နီးချင်းမိတ်ဟောင်းဆွေကောင်းပဲ ဖြစ်တာကြောင့် အရေးကြုံရင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်နဲ့ အားတက်သရော ကူညီဆောင်ရွက်ခဲ့ကြတာပါပဲ။ ယခုနှစ်ဆိုရင် သံတမန်ချစ်ကြည်ရေး တရားဝင်အကောင်အထည်ဖော်ခဲ့တာ စိန်ရတုကာလ(၇၅)နှစ်ကိုတောင် ရောက်ခဲ့ပါပြီ။ နောင်လည်း ရတုအဆက်ဆက်ပေါက်ဖော်မေတ္တာကို တူစွာဖော်ကျူးနေကြဦးမှာပဲ ဖြစ်ပါတယ်။

ကမ္ဘာတည်သရွေ့“ကျုံးမြန်ယိုဟောင်ဝမ်ဝမ်ဆွေ့”中缅友好,万万岁 တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ….။     ။

分享到: