> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【二等奖】爱无国界

二等奖

爱无国界

缅甸广播电视台部门主管、编辑 杜苏泰素

2025年3月28日,当我亲眼目睹中国在缅甸曼德勒地区遭受强烈地震侵袭后,向缅甸伸出援手的那幕动人场景时,才真切领悟到“大爱无疆”这四个字沉甸甸的分量,内心满是感动。我看到,中国的援助恰似一道温暖而明亮的光,穿透国界的藩篱,跨越种族与宗教的沟壑,无私地洒向这片饱经创伤的土地。

这无疑是国际合作画卷中浓墨重彩的美好典范,更是中缅建交75年来,两国情谊如陈酿美酒般愈发醇厚的生动写照。这份超越国界、倾心助人的精神,宛如一座熠熠生辉的灯塔,值得全世界为学习。

来自中国朋友的星夜驰援

3月28日中午12点51分02秒,天崩地裂,一场7.7级的强烈地震如恶魔般降临。曼德勒、内比都、实皆等地区皆未能幸免,被地震的阴影所笼罩。刹那间,无数生命消逝,许多人受伤,房屋、建筑物如脆弱的积木般纷纷倒塌,学校、办公室、部门大楼、宗教建筑、古代文化瑰宝皆在瞬间化为废墟,道路、桥梁更是支离破碎。这一切,让原本就艰难的救援行动变得举步维艰。

地震的阴霾尚未散去,希望的曙光便已悄然降临。3月29日早6时,一支由37名队员组成的中国云南省抗震救灾医疗队,星夜驰援,最早抵达缅甸,投身到紧张的救援工作中。

18小时,中国援助火速赶到缅甸

身着鲜艳红色制服的云南省救援队队员们,率先出现在地震的废墟之上。他们所处的位置,距离震中50英里,位于内比都彬马那附近。“地震发生后,我们在18小时内就赶到了缅甸。”搜救队队长的话语中,透着使命必达的坚定。

与他们一同奔赴战场的,还有那先进的生命探测仪以及100多架无人机和紧急医疗物资,为救援工作提供了强大的支持。

当地居民的感激之情溢于言表:“中国救援队来之前,我们完全手足无措,根本不知道该怎么办……是他们的无人机第一个在废墟下发现了被困的人们。”

3月29日,震后的内比都奥格拉迪瑞医院,俨然已成为一座摇摇欲坠的危楼。医院主楼共三层,其中一层已完全被掩埋在地下,二楼和三楼也严重受损,楼柱摇摇欲坠,随时都有再次倒塌的危险。地震导致30多人被困医院地下,生命危在旦夕。29日下午4时许,内比都再次发生5.1级地震,医院大楼再度崩塌,原本就与外界几乎失去联系的伤者,此刻更被完全困住,生命受到前所未有的威胁。

但中国云南省救援队的队员们没有丝毫退缩,他们争分夺秒,全力抢救。经过3个小时的艰苦奋战,3月30日凌晨5时,在地震后被困近40个小时的老妇人终于成功获救。那一刻,每个人的脸上都洋溢着欣慰的笑容,汗水湿透了衣衫,却丝毫无法掩盖成功救下一条鲜活生命的喜悦。正是中国云南救援医疗队在震后18个小时就赶到了缅甸,率先吹响了救援的号角,此时此刻,任何词汇都难以表达对他们的感激和敬意。

中国蓝天救援队

来自中国湖南省岳麓区的蓝天救援队,在曼德勒的一座寺庙中,凭借着先进的设备和敏锐的洞察力,发现了一名幸存者的心跳。他们迅速与当地消防部门展开合作,共同商讨救援计划。随后,各方果断展开救援行动,成功将一名幸存者从废墟中救出。

就在现场,仍有大量人员被困在建筑物的废墟之下。废墟中不时传来他们声嘶力竭的高喊:“救救我!”那声音里满是恐惧与绝望,让在场的人无不揪心。目睹这一惨状,大家都泪流满面,却又只能咬紧牙关,强忍着悲痛。要知道,从这些倒塌且随时可能再次坍塌的危险建筑物中救出被困人员,绝非易事,只有专业的救援专家才能胜任。许多人因为无力救出自己的家人而绝望地哭泣。与此同时,余震不断袭来,照明也还没恢复,但救援人员没有丝毫犹豫和退缩,他们争分夺秒展开救援行动,在黑暗中与时间赛跑,抢救每一条鲜活的生命。

曼德勒的救援行动在继续

大灾当前,中国的搜救队始终坚守在倒塌建筑物的废墟中,持续不懈地开展幸存者搜寻工作。3月31日凌晨刚过零点,曼德勒长城酒店中,一名妇女在中国救援队的奋力营救下成功脱险。

3月31日全天,救援队一直进行着高强度的密集救援工作,持续有幸存者被救出——曼德勒天空公寓一名5岁儿童被困60个小时后被救出,随后一名孕妇和29岁女子也成功获救。

4月2日下午,52岁的曼德勒金色乡村酒店废墟中的幸存者吴昂奈,在被困楼宇近125个小时后,被中缅联合救援队历经3个多小时的艰苦奋战,劈开混凝土板,成功救出并迅速送往医院。吴昂奈也成为中国救援队救出的第九名幸存者。

一名救援人员回忆起当时的场景,感慨地说:“当我们找到他时,他虽然躺在废墟中……但仍在顽强地呼吸。”听到这个消息,我们的心中充满了喜悦和幸福。能够拯救那些长期被困在黑暗中的人,这无疑是一件了不起的事情。这进一步彰显了中缅两国人民友谊与合作的力量,这种在困难时刻守望相助的精神,让两国的关系更加坚如磐石。中国的慷慨援助,如同黑暗中的明灯,给地震受灾民众带来了更加光明的希望。

中国不仅向地震受灾民众提供了及时的救灾援助,还在曼德勒和内比都为受灾民众修建了两座临时营地,可容纳约900名地震受灾民众。同样,4月3日,中国国际救援医疗队在曼德勒明加拉市场附近的临时救援营地,为地震受灾民众提供了贴心的基本医疗服务。

中国也曾经历过大地震的洗礼,因此,中国救援队积累了丰富的救援经验。他们深知,“缅甸这次地震不是普通的地震。”因此,中国救援队才更清楚援助和救援的重要性,特别是缅甸此次发生的是百年一遇的严重自然灾害。

这是对中缅两国领导人构建中缅命运共同体共识的坚决落实,是推动中缅两国人民相互扶持、紧密协作、并肩前行的有力举措。灾难面前共克时艰,正是中缅友谊历久弥新的生动诠释。在缅甸地震救援中,中国救援队和医疗队秉承“不怕困难、不放弃”的优良传统,严格遵守各项规章制度,服从命令,团结协作、密切配合。他们以专业的知识、热情的态度、务实的作风和高效的行动,全力协助缅甸开展抗震救灾和伤员救治工作。他们展现了携手战胜危机的决心和信心,增进了中缅友谊。此外,还有28个政府及民间救援组织、超600名成员向缅甸提供了大量紧急人道主义援助。

中国政府宣布向缅甸地震灾区提供总计11亿元人民币援助,首批帐篷、毛毯和急救医疗包在3月31日就迅速运抵缅甸并完成移交,此后,多批次的援助物资也由中国陆续运抵缅甸。此外,云南省政府在地震发生后3小时内紧急安排运送价值500万元的救灾物资,包括药品、食品、帐篷、折叠床、蚊帐、防疫物资等。云南省德宏州政府向灾区捐赠了价值110万元的药品及其他所需物资。中缅边境口岸实行应急过境机制,提供24小时通关服务,并开设“绿色应急通道”。

虽然天灾无情,但中缅两国人民的关爱却无疆无界,中缅一家亲的情谊坚如磐石。中国人民将与缅甸人民相互支持,携手共同克服当前困难。他们通过实际行动,展现了兄弟友谊的纽带和中缅团结的精神。

“中国救援队这么快就给我们提供了帐篷和毯子……没有他们我们根本无法办到。”曼德勒的一些当地人感激地说道。“在国际救援队伍中,中国救援队速度最快,效率最高。”缅甸本土救援人员由衷地赞叹道。

在这次灾难中,中国秉承着“中缅胞波一家亲”的精神,率先向缅甸伸出了援手,开展了一系列务实且贴心的救援行动与援助项目。援助自中国的医疗用品、食品、清洁水和移动净水器等基本必需品以及食品物资等被一一送到了地震受灾群众的手中,温暖着他们的心。与此同时,中国救援队带着专业的救援技术和先进的设备,如同一束束希望之光,照亮了被困在建筑物下人员的求生之路。

中缅友谊万古长青

中缅两国,宛如共沐同一片苍穹的手足。此语非止温馨问候,实为历史长河中诸多温情时刻的生动映照。2008年纳尔吉斯飓风侵袭缅甸,中国即刻施以无私援手。历史一次次见证,每逢自然灾害降临,中国皆毫不犹豫地伸出援手,2015年洪灾如此,此次地震亦然。

地震虽给缅甸带来巨大伤痛,但中国真诚援助如暖光,照亮缅甸人民心田,令其备受鼓舞。缅甸人民定不会忘却中国人民慷慨的人道主义援助与支持。此次地震,更铸就中缅兄弟情谊,我坚信,未来75年,这份情谊将如陈酿,愈发醇厚。身为记者,我有幸在中缅建交75周年之际,记录这些动人篇章。我深信,未来两国人民会继续相互扶持,构建更美关系。

我们不分国界、种族与宗教,当以爱之名共御灾害。我借本文传递,中缅兄弟情谊乃全球人性之典范,愿此温暖与爱,播撒世界每个角落。


ဒုတိယဆု

နယ်နိမိတ်မရှိသည့်မေတ္တာ

စုသက်မှူး(မရမ်းကုန်း)

ဦးစီးအရာရှိ(အယ်ဒီတာ)၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)


“နယ်နိမိတ်မရှိသည့်မေတ္တာ”ဟူသော ဤစကားလုံး၏အဓိပ္ပာယ်ကို ကျွန်မသည် ၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့တွင် မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးကို လှုပ်ခတ်ခဲ့သည့် ကြီးမားသော ငလျင်ဘေးနှင့်အတူ တရုတ်နိုင်ငံမှ‌ ကူညီပေးခဲ့မှုများကို မြင်တွေ့ရသည့်အခါမှ စစ်မှန်စွာ နားလည်သဘောပေါက်ခဲ့ပါသည်။ ထိုအချိန်က ကျွန်မ၏နှလုံးသားသည် နက်ရှိုင်းစွာ လှုပ်ခတ်ခံခဲ့ရပါသည်။တရုတ်နိုင်ငံ၏ ကူညီမှုများသည် နယ်စပ်များကို ကျော်လွန်ကာ လူမျိုးဘာသာမရွေး ကူညီထောက်ပံ့သည့် စစ်မှန်သော လူသားချင်းစာနာမှုကို ကိုယ်စားပြုနေသည်ကို သိမြင်ခဲ့ရပါသည်။

ဤသည်မှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အလှပဆုံး သာဓကတစ်ရပ်ဖြစ်ပြီး တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅နှစ်အတွင်းမှာ နှစ်နိုင်ငံကြားတွင်ရှိသည့် နက်နဲသောဆက်ဆံရေးနှင့် မေတ္တာတရားများကို ထင်ဟပ်စေပါသည်။နယ်နိမိတ်များကို ကျော်လွန်ကာ လူသားချင်း ကူညီရိုင်းပင်းသည့် ဤစိတ်ဓာတ်သည် ကမ္ဘာကြီးအတွက် အတုယူစရာကောင်းလှပါသည်။

မိတ်ဆွေကောင်းပီသသည့် တရုတ်နိုင်ငံ၏ အရေးပေါ်တုံ့ပြန်မှု

မတ်လ၂၈ရက်နေ့ မွန်းတည့် ၁၂နာရီ ၅၁မိနစ် ၂စက္ကန့်တွင် ရစ်ချ်တာစကေး ၇.၇အဆင့်ရှိ ငလျင်ကြီးသည် မြန်မာနိုင်ငံ၏ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် ကျန်တိုင်းဒေသကြီး(၃)ခုကို အထိနာစေခဲ့သည်။ လူအများအပြား သေကြေဒဏ်ရာရရှိခဲ့ပြီး အိမ်များ၊ အဆောက်အအုံများ၊ ကျောင်းများ၊ ရုံးဌာနများ၊ သာသနိကအဆောက်အအုံများ၊ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံများ ပျက်စီးကာ လမ်းများ၊ တံတားများ ပြိုကျခဲ့သည်။ ယင်းကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ အလွန်ခက်ခဲခဲ့ရပါသည်။

သို့သော် ငလျင်လှုပ်ပြီးနောက် မတ်လ ၂၉ရက်နေ့ နံနက်၆နာရီခန့်တွင် အဖွဲ့ဝင်၃၇ဦးပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် အရေးပေါ်အကူအညီများပေးရန် မြန်မာနိုင်ငံသို့ အစောဆုံး ရောက်ရှိလာခဲ့ကြပါသည်။

၁၈နာရီအတွင်း မြန်မာနိုင်ငံသို့ အလျင်အမြန်ရောက်ရှိလာတဲ့ တရုတ်အကူအညီ

ငလျင်ဗဟိုချက်မှ မိုင်၅၀အကွာ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားတွင် ဖုန်မှုန့်များနှင့် ရောထွေးနေသော ငလျင်ကြောင့် ပြိုကျပျက်စီးမှုများကြားမှ ယူနန်ပြည်နယ် ကယ်ဆယ်ရေးတပ်ဖွဲ့၏ အနီရောင် ယူနီဖောင်းဝတ်ထားသည့် အဖွဲ့ဝင်များကို ပထမဆုံးမြင်တွေ့ရပါသည်။“ကျွန်တော်တို့ဟာ ငလျင်ဖြစ်ပြီး ၁၈နာရီအတွင်း မြန်မာနိုင်ငံကို ရောက်လာတာပါ”ဟု ရှာဖွေရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

သူတို့နှင့်အတူ အသက်ရှာဖွေရေးစက် (Life Detector)၊ ဒရုန်းများနှင့် အရေးပေါ်ဆေးဘက်ဆိုင်ရာပစ္စည်း ၁၀၀ကျော်ကို သယ်ဆောင်လာခဲ့သည်။

ဒေသခံတစ်ဦးက“တရုတ်အဖွဲ့တွေ မရောက်သေးခင်က ဘာလုပ်ရမှန်းမသိခဲ့ဘူး။သူတို့ရဲ့ ဒရုန်းတွေက အပျက်အစီးအောက်က လူတွေကို အရင်ဆုံးရှာဖွေပေးနိုင်ခဲ့တယ်”ဟု ကျေးဇူးတင်စကားပြောခဲ့ပါသည်။

မတ် ၂၉ရက်နေ့၌ နေပြည်တော် ဥတ္တရသီရိဆေးရုံတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့သည် အသက်ကယ်ကိရိယာကို အသုံးပြုပြီး ပြိုကျသည့် ကြမ်းပြင်အောက်တွင် နစ်မြုပ်နေသည့် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို တွေ့ရှိခဲ့သည်။ငလျင်လှုပ်ခတ်မှုကြောင့် ဆေးရုံသည် အလွန်ဆိုးရွားစွာ ပျက်စီးခဲ့သည်။ ဆေးရုံ၏ အဓိကအဆောက်အအုံမှာ အလွှာ၃ထပ်ရှိပြီး ပထမအလွှာသည် မြေကြီးအောက်ထဲ လုံးဝမြုပ်သွားခဲ့သည်။ ဒုတိယအလွှာနှင့် တတိယအလွှာလည်း ဆိုးရွားစွာ ပျက်စီးနေပြီး အဆောက်အအုံထောက်တိုင်များ ကျိုးကျလုနီးပါး ဖြစ်နေသည်။ ဆေးရုံ၏ မြေအောက်မှာ ငလျင်ဒဏ်ကြောင့် လူအယောက်၃၀ကျော် ပိတ်မိနေသည်။ ၂၉ရက်နေ့ မွန်းလွဲပိုင်း ၄နာရီခန့်တွင် နေပြည်တော်၌ ၅.၁အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ပြီးနောက် ဆေးရုံသည် ဒုတိယအကြိမ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ပထမတုန်းက ပြင်ပနှင့် အဆက်အသွယ်အနည်းငယ်ရှိသေးသည့် ဒဏ်ရာရရှိသူများသည် လုံးဝပိတ်မိသွားခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ခဲ့ရသည်။

၃နာရီကြာ ကြိုးစားပမ်းစားလုပ်ဆောင်ပြီးနောက် မတ်လ ၃၀ရက်နေ့ နံနက်၅နာရီတွင် ငလျင်လှုပ်ခတ်ပြီးနောက် နာရီ၄၀နီးပါး ပိတ်မိနေတဲ့ သက်ကြီးအဘွားအိုတစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။ အားလုံး၏ မျက်နှာတွင် အပြုံးပန်းတို့ ဝေနေကြသည်။ ထွက်နေသည့် ချွေး‌တို့သည် ရာသီဥတု အပူဒဏ်ကိုမမှုဘဲ အသက်တစ်ခု ကယ်ဆယ်နိုင်ခဲ့ပြီဆိုသည့် ပီတိဖြင့် အေးမြ၍ နေသည်။ လူ့အသက်တစ်ချောင်းကို ခက်ခက်ခဲခဲ ကြိုးစားပမ်းစား အောင်မြင်စွာ ကယ်တင်နိုင်မှုကို ဂုဏ်ပြုရမည်ဖြစ်သည်။ငလျင်လှုပ်ခတ်ပြီး ၁၈နာရီအကြာမှာ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အသက်ရှင်ကျန်ရစ်သူတွေကို ပထမဆုံး ကယ်ဆယ်နိုင်သော တရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့ကို ဦးညွှတ်မိသည်။

တရုတ်နိုင်ငံ၏ ယွဲ့လု (Yuelu) Blue Sky Rescue ကယ်ဆယ်ရေးအဖွဲ့

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် (Hunan) ယွဲ့လု Blue Sky Rescue အဖွဲ့က မန္တလေးရှိ ဘုရားကျောင်းတစ်ခုတွင် အသက်ကယ်ကိရိယာဖြင့် အသက်ရှင်ကျန်ရစ်သူတစ်ဦး၏ နှလုံးခုန်သံကို တွေ့ရှိခဲ့သည်။ ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းပြီး ကယ်ဆယ်ရေးအစီအစဉ်ကို သူတို့ဆွေးနွေးကြသည်။ ဖြိုဖျက်ကယ်ဆယ်ရေးများ လုပ်ဆောင်ပြီး အသက်ရှင်ကျန်ရစ်သူကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သည်။

ထိုရက်များတွင် အဆောက်အအုံအပျက်အစီးများအောက်၌ လူပေါင်းများစွာ ပိတ်မိနေကြသေးသည်။ ကယ်ပါ ယူပါ တစာစာအော်နေကြသည်။အားလုံးမျက်ရည်ဝိုင်းပြီး အံကိုကြိတ်နေရသည်။‌ အန္တရာယ်ကြီးမားလှသည့် အဆောက်အအုံပျက်များထဲ ကျွမ်းကျင်သူများမှလွဲ၍ ကယ်ဆယ်ဖို့ မဖြစ်နိုင်ကြပေ။ မိမိမိသားစုဝင်ကို မကယ်ထုတ်နိုင်သေးသည်မို့ ငိုယိုနေကြသူများများစွာ ရှိနေကြသည်။ ငလျင်ငယ်များကလည်း ဆက်တိုက်ဆိုသလို လှုပ်နေသည်။ မီးများကလည်း ပျက်နေသေးသည်။ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် မိနစ်နှင့်အမျှ အချိန်နှင့်အပြေးပြိုင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို မရပ်မနားဆောင်ရွက်ခဲ့ကာ လူ့အသက်ကိုရှင်သန်‌စေခဲ့သည်။

မန္တလေးမြို့တွင် အသက်ရှင်ကျန်ရစ်သူများကို ဆက်တိုက်ကယ်တင်နိုင်

တရုတ်နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များသည် အဆောက်အအုံပျက်များကြား အသက်ရှင်ကျန်ရစ်သူများကို မရပ်မနား ကြိုးစားရှာဖွေကြခဲ့သည်။ မတ်လ ၃၁ရက်နေ့ နံနက် ၀၀နာရီ ၄၀မိနစ်အချိန်၌ မန္တလေးမြို့ ဂရိတ်ဝေါဟိုတယ် (Great Wall Hotel) တွင် ပိတ်မိနေသော အမျိုးသမီး၁ဦးကို တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ကယ်တင်ခဲ့သည်။

အဆိုပါ အဖွဲ့သည် မတ်လ၃၁ရက်နေ့ ဒေသစံတော်ချိန် နံနက် ၅နာရီ ၃၇မိနစ်မှ ည နေ၆နာရီ ၂၀မိနစ်အထိ တစ်နေ့လုံး အင်တိုက်အားတိုက် ဆက်လက်ကယ်ဆယ်ခဲ့ကြသည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့နှင့် တရုတ်Ramunion Rescueကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတွင် နာရီ၆၀ကျော်ကြာ ပိတ်မိနေသည့် အသက်၅နှစ်အရွယ် ကလေး၁ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၁ဦးနှင့် အသက်၂၉နှစ်အရွယ် အမျိုးသမီးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြန်သည်။

ဧပြီ၂ရက် ညနေ၅နာရီ ၄၀မိနစ်တွင်လည်း မန္တလေးမြို့ရှိ Golden Country ဟိုတယ် အပျက်အစီးအောက်မှ အသက်ရှင်ကျန်ရစ်သူ အသက်၅၂နှစ်အရွယ် ဦးအောင်နိုင်ကို ကယ်ဆယ်နိုင်ခဲ့သည်။ ဦးအောင်နိုင်သည် အဆောက်အအုံများကြား ၁၂၅နာရီနီးပါးကြာပိတ်မိခဲ့ပြီး တရုတ်-မြန်မာပူးပေါင်းကယ်ဆယ်ရေးအဖွဲ့က ၃နာရီကျော်ကြာ အင်အားသုံးပြီး ကွန်ကရစ်ပြားများကို ဖြတ်ထုတ်ကာ ကယ်ထုတ်၍ ဆေးရုံသို့ အမြန်ပို့ဆောင်နိုင်ခဲ့သည်။ ဦးအောင်နိုင်သည် တရုတ်နိုင်ငံကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်ခဲ့သည့် ၉ဦးမြောက် အသက်ရှင်ကျန်ရစ်သူ ဖြစ်သည်။

“သူ့ကိုတွေ့တဲ့အချိန်မှာ ဖုန်တွေကြားထဲမှိန်းနေတယ်။ ဒါပေမယ့်အသက်ရှူနိုင်သေးတယ်”ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒီသတင်းကိုကြားတော့ ကျွန်မတို့ရင်ထဲတွင် ဝမ်းသာကြည်နူးမှုတွေ ပိုပြီးတိုးလာခဲ့သည်။ မိုးမမြင်လေမမြင် အချိန်ကြာမြင့်စွာ ပိတ်မိနေတဲ့သူတစ်ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ခြင်းသည် တကယ်ကို အံ့ဩစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုဖြစ်သည်။ ယင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု၏ အင်အားကို ထပ်မံသက်သေပြလိုက်ခြင်းဖြစ်သည်။ ဒီလိုအခက်အခဲတွေ ကြုံတွေ့ရတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် ကူညီဖေးမကြတဲ့ စိတ်ဓာတ်ဟာ နှစ်နိုင်ငံ၏ ဆက်ဆံရေးကို ပိုပြီးခိုင်မာစေသည်။ တရုတ်နိုင်ငံ၏ ရက်ရောသည့် အကူအညီများသည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် မျှော်လင့်ခြင်း၏ အလင်းရောင်ကို ပိုပြီး တောက်ပစေခဲ့သည်။

တရုတ်နိုင်ငံသည် ငလျင်ဒဏ်သင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးများသာမက မန္တလေးနှင့် နေပြည်တော်ရှိ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ယာယီစခန်း ၂ခု တည်ဆောက်ပေးခဲ့သည်။ ထိုယာယီစခန်းများသည် ငလျင်ဒဏ်သင့် ပြည်သူ၉၀၀ဦးခန့်အား လက်ခံထားရှိပေးနိုင်မည် ဖြစ်သည်။ အလားတူ ဧပြီလ      ၃ရက်နေ့တွင် တရုတ်နိုင်ငံ၏ နိုင်ငံတကာကယ်ဆယ်ရေးနှင့် ဆေးကုသရေးအဖွဲ့ခွဲသည် မန္တလေးမြို့ မင်္ဂလာဈေးအနီးရှိ ယာယီကယ်ဆယ်ရေးစခန်းတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ကူညီဆောင်ရွက်ပေးခဲ့ပြန်သေးသည်။

တရုတ်ပြည်မှာ ငလျင်ကြီးဖြစ်ဖူးသည်။ ထို့ကြောင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် အတွေ့အကြုံများသည်။ ၎င်းတို့က“ဒီတစ်ခေါက် မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ငလျင်က သာမန်ငလျင်မဟုတ်ဘူး”ဟု ဆိုသည်။ ထို့‌ကြောင့်လည်း တရုတ်အပါအဝင် နိုင်ငံတော်တော်များများက ကူညီကယ်ဆယ်မှုကို ရှင်းရှင်းသိသည်။မြန်မာနိုင်ငံတွင် ယခု လှုပ်ခဲ့သည့် ငလျင်သည် နှစ်တစ်ရာကြာမှ တစ်ခါကြုံတွေ့ရသည့် ပြင်းထန်သည့် သဘာဝဘေးဒဏ်တစ်ခု ဖြစ်သည်။ ထိုသဘာဝဘေးကို ရင်ဆိုင်ရချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တတ်နိုင်သမျှ တက်တက်ကြွကြွ ကူညီပံ့ပိုးပေးခဲ့သည်။

ဤသည်မှာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီမှုကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသော လုပ်ဆောင်ချက်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများကြား အချင်းချင်းအပြန်အလှန်ဖေးမကူညီခြင်း၊အချင်းချင်းအခက်အခဲများကို အတူကျော်ဖြတ်ကြခြင်းမှသည် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးနှင့် ဆေးကုသမှုအဖွဲ့များသည်“အခက်အခဲများကို မကြောက်မရွံ့၊ မည်သည့်အခက်အခဲ ကြုံကြုံဇွဲမလျှော့”ဟူသော အစဉ်အလာကောင်းကို ကိုင်ဆွဲပြီး မြန်မာ့မြေငလျင်ဘေးတွင် စည်းကမ်းကို တင်းတင်းကျပ်ကျပ်လိုက်နာ၊ အမိန့်နာခံ၊ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု၊ လက်တွေ့ကျမှုနှင့် ထိရောက်မှုရှိသော ပုံရိပ်ကို ပြသကာ ငလျင်ဒဏ်ကယ်ဆယ်ရေးနှင့် ဒဏ်ရာရသူများကို ကုသပေးရေးတွင် မြန်မာနိုင်ငံအား အပြည့်အဝ ကူညီဆောင်ရွက်ပေးခဲ့သည်။ ဘေးအန္တရာယ်ကို အတူတကွကျော်လွှားရန် စိတ်ဓာတ်ခိုင်မာမှုနှင့် ယုံကြည်မှုတို့ကို ဖော်ညွှန်းမျှဝေပေးရင်း တရုတ်-မြန်မာချစ်ကြည်ရေးကို မြှင့်တင်လုပ်‌ဆောင်နိုင်ခဲ့သည်။ အဖွဲ့ဝင်၆၀၀ဦး ပါဝင်သည့် အစိုးရနှင့် အရပ်ဘက်ကယ်ဆယ်ရေးအဖွဲ့အစည်း ၂၈ဖွဲ့သည် မြန်မာနိုင်ငံအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားရေး အကူအညီအများအပြားကို ထောက်ပံ့ပေးခဲ့သည်။

တရုတ်အစိုးရသည် ငလျင်ဒဏ်သင့်ဒေသများအတွက် စုစုပေါင်း ယွမ်ငွေ ၁.၁ဘီလီယံ ကူညီထောက်ပံ့မည်ဟု ကြေညာခဲ့ပြီး ပထမအသုတ်အဖြစ် တဲများ၊စောင်များ‌နှင့် အရေးပေါ်ဆေးအိတ်တို့ကို မတ်လ ၃၁ရက်နေ့တွင် မြန်မာနိုင်ငံသို့ အရောက်ပို့ဆောင်ကာ လွှဲပြောင်းအပ်နှံခဲ့ပါသည်။ ယခုဆိုလျှင် မြန်မာနိုင်ငံသို့ ဆယ်ကြိမ်ထက်မက ထောက်ပံ့လှူဒါန်းမှုများ ပို့ဆောင်ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ အလားတူ ယူနန်ပြည်နယ်အစိုးရသည် ငလျင်ဖြစ်ပွားပြီး ၃နာရီအတွင်း ယွမ်ငွေ ၅သန်း တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများကို အရေးပေါ်စီစဉ်ပို့ဆောင်ခဲ့ပြီး ဆေးဝါး၊ အစားအစာ၊ တဲများ၊ ခေါက်ခုတင်များ၊ခြင်ထောင်များနှင့် ရောဂါကာကွယ်ရေးပစ္စည်းအား ငလျင်ဒဏ်သင့်ဒေသသို့ ၃ကြိမ်တိတိ ပို့ဆောင်ပေးခဲ့သည်။ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲအစိုးရသည် ယွမ်ငွေ ၁.၁သန်း တန်ဖိုးရှိသော ဆေးဝါးနှင့် အခြားလိုအပ်သည့် ပစ္စည်းများ လှူဒါန်းခဲ့သည်။ တရုတ်-မြန်မာ နယ်စပ်ဂိတ်များတွင် အရေးပေါ်ဖြတ်သန်းမှုယန္တရားကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၄ နာရီ အချိန်ပြည့်ဝန်ဆောင်မှုပေး၍ “အစိမ်းရောင်အရေးပေါ်လမ်းကြောင်း”ကို ဖွင့်လှစ်ပေးခဲ့သည်။

သဘာဝဘေးအန္တရာယ်သည် အကြင်နာတရားကင်းမဲ့သော်လည်း တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ မေတ္တာတရားက နယ်နိမိတ်မရှိဘဲ တရုတ်-မြန်မာတစ်မိသားစုတည်း ဖြစ်သွားသည်။ တရုတ်ပြည်သူများသည် မြန်မာပြည်သူများနှင့်အတူ အပြန်အလှန်ဖေးမကူညီ၍ လက်ရှိအခက်အခဲအား အတူကျော်ဖြတ်ကာ လက်တွေ့လှုပ်ရှားမှုဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသံယောဇဉ်နှင့် တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို လက်တွေ့ပြသခဲ့ကြသည်။

“တရုတ်အဖွဲ့တွေက ကျွန်မတို့ကို တဲတွေ၊ စောင်တွေ ချက်ချင်းပေးခဲ့တယ်... သူတို့မပါရင် အဆင်မပြေနိုင်ဘူး” ဟု မန္တလေးက ဒေသခံတချို့က ဆိုသည်။

“နိုင်ငံတကာအဖွဲ့တွေထဲမှာ တရုတ်အဖွဲ့က အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်တယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ဆိုသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရေးကို အခြေခံကာ“တစ်မိသားစုတည်း”ဟူသော စိတ်ဓာတ်ဖြင့် ပထမဆုံးသော နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် လက်တွေ့ကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ ဆေးဘက်ဆိုင်ရာအထောက်အပံ့များ၊ အစားအစာ၊ ရေသန့်နှင့် အခြေခံလိုအပ်ချက်များဖြစ်သည့် မိုဘိုင်းရေသန့်စင်စက်များ၊အထားခံအစားအစာများကို ငလျင်ဒဏ်သင့်ပြည်သူများထံ ဖြန့်ဝေပေးခဲ့သည်။ ထို့ပြင် တရုတ်အဖွဲ့များသည် ကယ်ဆယ်ရေးနည်းပညာမြင့်မားပြီး အဆောက်အအုံအောက်တွင် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ရန် အဆင့်မြင့်စက်ကိရိယာများကို အသုံးပြုခဲ့သည်။

တရုတ်-မြန်မာ ဆွေမျိုး‌ ပေါက်ဖော်စိတ်ဓာတ်

တရုတ်နှင့် မြန်မာသည် မိုးကောင်းကင်တစ်ခုတည်းအောက်တွင် အတူတူနေထိုင်သော ညီအစ်ကိုမောင်နှမများ ဖြစ်သည်။ ဤစကားသည် လှပသော နှုတ်ဆက်စကားမျှမဟုတ်။ လက်တွေ့တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း၊ ၂၀၁၅ခုနှစ် ရေကြီးမှုများနှင့် ယခု ငလျင်အပါအဝင် သဘာဝ ဘေးအန္တရာယ်တိုင်းတွင် ပထမဆုံးသော ကူညီမှုများကို ပေးခဲ့သည်ကို သမိုင်းက သက်သေပြခဲ့ပြီး ဖြစ်သည်။

အနာဂတ်အတွက် အတူတကွရပ်တည်မည်

ငလျင်ဒဏ်ကြောင့် မြန်မာနိုင်ငံသည် ထိခိုက်နာကျင်မှုများစွာကို ခံစားခဲ့ရသော်လည်း တရုတ်နိုင်ငံ၏ စိတ်ရင်းစေတနာသန့်သော ကူညီမှုများက မြန်မာပြည်သူများအား အားတက်စေခဲ့သည်။ နယ်စပ်တွေကို ကျော်လွန်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် ကူညီဖေးမကြသည့် တရုတ်ပြည်သူများ၏ စေတနာကို ကျွန်မတို့ မြန်မာပြည်သူပြည်သားများ ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။ ငလျင်ဘေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေခဲ့သလို အနာဂတ်တွင်လည်း ဒီချစ်ကြည်ရေးသည် ၇၅ နှစ်မှသည် ထာဝရတည်တံ့ခိုင်မြဲသွားမည်ဟု ကျွန်မအခိုင်အမာယုံကြည်မိသည်။ သတင်းထောက်တစ်ယောက်ဖြစ်သည့် ကျွန်မသည်လည်း တရုတ်-မြန်မာ ၇၅နှစ်မြောက် သံတမန်ဆက်ဆံရေးကာလတွင် ဒီလိုအဖြစ်အပျက်များကို မှတ်တမ်းတင်ခွင့်ရသည့်အတွက် မမေ့နိုင်ဖွယ် ဖြစ်ရသည်။အနာဂတ်တွင်လည်း နှစ်နိုင်ငံပြည်သူများ အခုလိုပဲ အပြန်အလှန်ကူညီဖေးမကြပြီး ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးကို တည်ဆောက်သွားနိုင်မည်ဟု ယုံကြည်မိသည်။

分享到: