> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【二等奖】献给中缅双语志愿者

二等奖

献给中缅双语志愿者

曼德勒福地旅游公司李莉莉

2025年3月28日12点51分,缅甸发生了史无前例的7.7级超级大地震,时隔12分钟,再次发生6.4级的余震。重灾区曼德勒市民全都处于极度恐惧之中。

2025年3月30日凌晨,我们正露宿街头,在懵懵懂懂的睡梦中,似乎又回到了28号中午:地动山摇的颤抖,全家人抱成一团的绝望呼叫,跑出门外看见对面高楼的倾斜,嘶哑呼喊声中对面酒店高楼顿时坍塌,整个街区如同世界末日来临……突然间一阵喧哗,让睡梦中的我们一骨碌从地面上爬了起来,以为又有大的余震。这30多小时的折腾,我们不仅疲惫不堪,更如惊弓之鸟,凡有点风吹草动,就会下意识地立即爬起来,跳起来,然后赶紧寻找亲人父母,生怕又一次地动山摇出现。

想不到,这一次的喧哗,却出乎意料地传来一句汉语:“中国救援队要来了!”我们立即用缅语,向旁边睡梦中的隔壁邻居呼喊:“中国救援队来了!”这一呼喊,露宿街头的大家立即热泪盈眶,喃喃自语:“来了!真来了!”其中还有不少原本住在对面已坍塌的“温斯塔酒店”的中国人,眼睛发亮,嘴唇蠕动,激动万分地喊道:“你们真来了!”这一刹那,在曼德勒地震重灾区中,如同见到亲人,黑暗中见到亮光,让大家在全面崩溃中立即重振精神。 

这就是此次“3·28”缅甸大地震中,第一时间(30多小时内)第一支抵达重灾区曼德勒现场的中国救援队。其实,中国救援队在大地震后18小时就已经抵达缅甸。但当时曼德勒与首都内比都国际机场都已经瘫痪,入境缅甸的仅有仰光国际机场,他们首先抵达仰光,再由仰光乘车,辗转10多个小时,经过损毁的公路与桥梁,及时抵达曼德勒。 

中国救援队员从车上一跳下来,二话不说,立即跑上坍塌的酒店高楼瓦砾堆上,摆出各种设备仪器,当地人(包括中国人与当地受灾民众)都目不转睛地看着他们专业的举动。我们知道,他们在寻找“生命迹象”。经过他们的仔细测量,伴随着时不时再发生的强烈余震以及恐怖的晃动声,大家原先抱有的希望,随着时间的流逝,逐渐又转为泡影。

看着他们下沉的脸色,一位来自江西做玉石生意、楼房坍塌时逃出来而侥幸生还的中国小伙子几乎崩溃。他喃喃自语:“不可能,绝对不可能!我相信我弟弟他绝对还活着!”他指了指前面堆积成山的瓦砾堆说:“就在这发电机背后的房间里,他不会死,绝对不会死!”大家对他既感到同情又有些无奈。其实,大家都知道,对于能抢救的,大家都已尽了全力。在刚发生地震的28号整个晚上直至29号凌晨,当地救援队携手该街道的年轻人,已经想方设法,用双手扒,用简单的工具挖,大家一起抬,最后得以救出10余名(一半为中国客人)幸存者。中国救援队也在“72小时救援黄金期”赶到,但没有生命迹象,救援队也无能为力。

看到中国救援队在收拾东西,大家都知道他们要转到其他重灾区,哪怕还有一点新希望,就会在此地再作努力。他们目前的最重要任务就是“赶紧对有生还者的地方进行救援”,他们真的要走了。正在大家灰心之际,突然听到一声中国话:“有没有懂汉语的?请帮我们做翻译!”我当时一阵兴奋,立即举手:“我可以!我愿意充当翻译志愿者。”于是我又开始了志愿者工作。

后来,我知道,跟我一样的精通中缅文的志愿者们,到处都出动了。他们有的挤到云南同乡会地震救灾中心与中国蓝天救援队指挥中心报名,有的前往敏格拉缅甸中华商会(上缅甸)协助的中国救援队(包括香港救援队)聚集地,有学过医学的则前往福建同乡会中国志愿医生义诊团那边报名集合,更有很多很多的我们志愿者,跟来自中国的数十队500至600余人的救援队员分别前往各个重灾区:长城酒店、温斯塔酒店、金色乡村酒店、天空公寓……比比皆是。中国救援队员们在行走当中,有时间跟我们聊天:“你们的中文在哪里学的?挺不错啊!”我们的回答是:“我们在北京中央民族大学读过硕士”、“我们在暨大学过医学”、“我们在云大读过本科”、“我们在上海读过书”……当听到我们的回答时,救援队员都竖起大拇指:“厉害!好样的。” 

其实,我们没有告诉他们,这不是我们第一次充当中缅文志愿者。我清楚地记得我第一次充当志愿者,那是在2017年,当时我们正在北京读书。2017年4月中旬,当我们(北京航空航天大学、中央民族大学、北京语言文化大学攻读硕士和博士学位及在北京外国语大学进修汉语的缅甸留学生)接到中华慈善总会的通知得知,第一批12名缅甸的先心病患儿已抵达北京,我们便毫不犹豫地轮流陪着这些孩子和家长们,对医疗、生活、参观旅游方面给予全方位的帮助。我们当时亲眼目睹中国医生对这12名先心病患者动手术的伟绩,亲身体验了家长及孩子们感激不尽的深厚胞波情。 

我第二次充当志愿者是在2017年11月。我们从北京读书毕业回国。在金多堰隆重举行的“第九届世界缅华同侨联谊大会”,当时我们一共300余名志愿者有机会参与了这世界性盛会。来自中国内地、香港、澳门以及美国、澳大利亚等国家和地区的1500余名缅华同侨,齐聚曼德勒,共叙同胞情。我们在胞波史博物馆充当讲解员,给来自祖籍国的领导及其他嘉宾,讲解胞波史的点点滴滴:“三个龙蛋的故事”、唐朝诗人白居易的“骠国乐”、陈毅元帅的著名诗篇“赠缅甸友人——共饮一江水”、华人与缅甸皇帝敏东王的故事、“金多堰”一词的由来、抗英抗日历史……我们在讲解的同时,更加深深体会拥有2000多年历史的胞波友谊的内涵,并且由历史当中明白,中缅真正属于“命运共同体”。 

第三次是在疫情肆虐的2021年9月,我在缅甸中华总商会牵头开展的自费自愿接种中国疫苗项目的曼德勒分中心担任志愿者。当时新冠肺炎疫情肆虐全球,缅甸从2020年4月份开始发现第一例病例后,我们全部都得躲在家里,度日如年,真不知道疫情下一步会是怎样发展。包括我们曼德勒在内的缅甸每天都能听到各处亲友因疫情而撒手离世的噩耗,大家都正在束手无策,几乎到了绝望之际,传来祖籍国第一时间给缅甸运来了急需救人的液氧的消息。再后来,就是中华总商会牵头,引进中国疫苗。随后便开始实施“中国疫苗接种”项目。接种疫苗项目得需要不少人进行志愿者服务。我们虽然不是医生护士,但是接种疫苗之前的各种繁琐工作:登记信息、输入电脑、安排次序、发放证件……都得需要志愿者进行有序整理安排。当时没有多少人愿意冒着生命危险,出来任劳任怨地服务,可我们却毅然出来了!尽管我们忙得团团转,还时不时被不理解的前辈“责怪”,但是我们都挺过来了。等到最后因为接种中国疫苗大家脱离危险,而且后来出国需要持“接种疫苗证明”时,我们欣慰地微笑了。我们又再次体验中缅胞波友谊的力量!中国液氧与疫苗拯救了千千万万的生命。

其实,何止液氧与疫苗,中国的氧气机,在抗疫斗争当中也是“功臣”。记得在疫情肆虐期间一件小插曲。缅甸友人吴觉登特(当时缅甸卫生部的传统医学司司长)的女儿打电话来找我们哭诉:“快救救我爸吧!我爸爸感染了新冠肺炎,今天已经明显呼吸困难。”当时我们立即将刚刚由云南同乡会购到的最新中国制造氧气机,给他送去。疫情过后,吴觉登特劫后余生,每次回顾当年的事,都会发自肺腑地感动:“是你们(胞波)救了我,是中国氧气机,给了我一条新的生命。” 

正当我在往事回忆中沉迷之际,突然一阵巨大的喧闹,把我再次惊醒。我以为又有余震发生,想不到这一次的喧闹,还伴有热烈的鼓掌声。我赶紧往坍塌的金色乡村酒店高楼瓦砾堆上望去,只见所有人的目光都聚焦在瓦砾堆下面,还听到激动人心的呼喊:“生还者救上来啦!”“创纪录啦!125小时,还有生还者救上来!”我们顿时激动得手舞足蹈。再后来,就看见一堆身着红色橙色服装的中缅救援队抬着这位在瓦砾堆下埋了125小时的生还者的担架过来,看见生还者的亲人泣不成声,拼命在感谢中国救援队,我也忍不住泪流满面,赶紧在微信志愿者群中发出:“中国救援队救出125小时幸存者!” 

后来,这位埋在断垣残壁瓦砾堆下125小时的缅甸人接受采访的视频在社交网上热传。原来他是中国华为公司的司机,当他在黑暗当中,听见翻译(我们的志愿者伙伴)跟他讲话的那一刹那,他后来自述:“我就知道中国救援队来救我了,我就知道我能够再次与家人重逢,我真不知道要如何感谢中国救援队,是中国救援队给了我新的生命!”这次参加大地震志愿者行动,再次让我亲身体验:“患难见真情,胞波情谊深”的真正涵义。 

4月6日,一起奋战多天的中国救援队隔天就要返回了。晚上,在救援队集聚地,我们志愿者与中国救援队员们自发地搞了一场欢送会,我们唱起了歌曲  《再见》: 

我会牢牢记住你的脸 

我会珍惜你给的思念 

这些日子在我心中 

永远都不会抹去 

我不能答应你 

我是否会再回来 

不回头 

不回头的走下去…… 

只见大家全都热泪盈眶,但胞波情却牢牢扎根在我们心里。




ဒုတိယဆု

တရုတ်နှင့်မြန်မာဘာသာစကားကျွမ်းကျင်သောစေတနာ့ဝန်ထမ်းအားလုံးကိုရည်ညွှန်းပါသည်

Li Lili(Aye Chan Shwe Myay Travels&Tour Co.,Ltd)

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့ ၁၂နာရီ ၅၁မိနစ်တွင် မြန်မာနိုင်ငံ၌ မကြုံစဖူး ၇.၇ ရစ်ခ်ျတာစကေးရှိ ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။ ဆယ့်နှစ်မိနစ်အကြာတွင် ပြင်းအား ၇.၄ ရစ်ခ်ျတာစကေးရှိသော နောက်ဆက်တွဲ ငလျင်တစ်ခု ဖြစ်ပွားခဲ့သည်။ ငလျင်ဆိုးရွားစွာခံရသည့် မန္တလေးမြို့က ပြည်သူများအားလုံး ကြောက်လန့်တကြား ဖြစ်နေကြပါသည်။

၂၀၂၅ခုနှစ် မတ်လ၃၀ရက်နေ့ နံနက်အစောပိုင်းတွင် ကျွန်မတို့သည် လမ်းပေါ်တွင် အိပ်နေပါသည်။ ကျွန်မတို့ အိပ်ချင်မူးတူးအချိန် ၂၈ရက်နေ့ မွန်းတည့်ချိန်ကို ပြန်ရောက်သွားသလိုပင် ခံစားရပြီး မြေကြီးတုန်လှုပ်မှုကြောင့် မိသားစုဝင်အားလုံး ပွေ့ဖက်အော်ဟစ်ကြသည်။အပြင်ထွက်သွားသည့်အခါ မျက်နှာချင်းဆိုင် အထပ်မြင့်တိုက်ကြီး တိမ်းစောင်းနေပြီး ကျယ်လောင်သော အော်သံများအကြားတွင် မျက်နှာချင်းဆိုင်မှ အထပ်မြင့်ဟိုတယ်ကြီး ပြိုကျသွားသည်။ရပ်ကွက်တစ်ခုလုံး ကမ္ဘာကြီး နောက်ဆုံးနေ့ရောက်နေပြီဟု ခံစားရသည်။ နာရီ၃၀ကျော်အတွင်း ဖြစ်ပွားခဲ့သော ကြောက်မက်ဖွယ် ဖြစ်ရပ်များကြောင့် ပင်ပန်းနွမ်းနယ်နေရုံသာမကဘဲ ကြောက်လန့်နေသည့်ငှက်လေးသဖွယ် ဖြစ်နေသည်။ အသံကြားတိုင်း တုန်လှုပ်သွားပြီး အလျင်အမြန်ထကာ ချက်ချင်းမိဘများ၊ မိသားစုဝင်များကို ရှာဖွေသည်။ရုတ်တရက် ဖြစ်ပွားသော မြေငလျင်ကြီး ထပ်မံကြုံတွေ့ရမည်ကို ကြောက်လန့်နေကြသည်။

မထင်မှတ်ပဲ ဒီတစ်ကြိမ် ရုန်းရင်းဆန်ခတ်ကြားထဲမှာ တရုတ်စကားတစ်ခွန်း ကြားလိုက်ရသည်။“တရုတ်ကယ်ဆယ်ရေး အဖွဲ့လာနေပြီ”ကျွန်မ ချက်ချင်းမြန်မာစကားဖြင့် အိပ်နေသည့် အိမ်နီးနားချင်းများကို အော်ပြောလိုက်သည်။“တရုတ်ကယ်ဆယ်ရေးအဖွဲ့ လာနေပြီ”ကို ကြားသည့်အခါ လမ်းပေါ်မှာ အိပ်နေသူများအားလုံး ချက်ချင်းမျက်ရည်ကျလာပြီး“လာပြီ၊ သူတို့နောက်ဆုံးတော့ ဒီကိုရောက်ပြီ”လို့ အကြိမ်ကြိမ် ပြောဆိုနေကြတယ်။ ပြိုကျနေသော“WIN STAR Hotel”တွင် မူလနေထိုင်သည့် တရုတ်လူမျိုးများ မနည်းပေ။ ယင်းတရုတ်လူမျိုး၏ မျက်လုံးများ တောက်ပလာပြီး“နောက်ဆုံးတော့ မင်းတို့ဒီကိုရောက်နေပြီ”လို့ စိတ်လှုပ်ရှားစွာ အော်လိုက်ပါသည်။ ထိုအချိန်တွင် မန္တလေးငလျင်လှုပ်ခတ်မှု ပြင်းထန်သောနေရာတွင် ချစ်ခင်သူများကို တွေ့လိုက်ရသလိုပင်၊ အမှောင်ထဲမှာ အလင်းကိုမြင်လိုက်ရသလိုပင်၊လုံးလုံးပြိုလဲကျသွားသူတိုင်း ချက်ချင်းတွင်ပင် စိတ်အားတက်ကြွလာကြသည်။

ယင်းသည် မတ်လ၂၈ရက်နေ့ မြန်မာမြေငလျင်လှုပ်ခတ်မှု နာရီပေါင်း ၃၀ကျော်အတွင်း မန္တလေးသို့ အမြန်ဆုံးရောက်ရှိခဲ့သည့် ပထမဦးဆုံးသော တရုတ်ကယ်ဆယ်ရေးအဖွဲ့လည်း ဖြစ်သည်။ အမှန်စင်စစ် ငလျင်လှုပ်ပြီး ၁၈နာရီအကြာတွင် တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည်။ထိုအချိန်တွင် မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှစ်နေရာလုံး လုပ်ငန်းများ ရပ်တန့်သွားခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသောလမ်းကြောင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဖြစ်သည်။ရန်ကုန်မြို့သို့ ဦးစွာရောက်ရှိပြီးနောက် ရန်ကုန်မှကားဖြင့် ၁၀နာရီကျော် ခရီးနှင်ကာ ပျက်စီးနေသော လမ်းတံတားများကို ဖြတ်သန်းကာမန္တလေးသို့ အချိန်မီရောက်ရှိခဲ့သည်။

တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ကားပေါ်မှ ခုန်ဆင်းကာ စကားမပြောဘဲ ပြိုကျနေသည့် ဟိုတယ်အဆောက်အအုံအပျက်အစီးများဆီသို့ ချက်ချင်းပြေးတက်ကာ စက်ကိရိယာတန်ဆာပလာမျိုးစုံကို ထုတ်ယူအသုံးပြုခဲ့သည်။ ဒေသခံများ (တရုတ်လူမျိုးများနှင့် ငလျင်ဒဏ်ခံရသော ဒေသခံများအပါအဝင်)က ယင်းတို့၏ ကျွမ်းကျင်သည့်လုပ်ရပ်များကို သေသေချာချာကြည့်နေကြသည်။ သူတို့သည်“အသက်ရှိနေသည့်လက္ခဏာများ”ကို ရှာဖွေနေကြသည်။ သူတို့၏ ဂရုတစိုက်တိုင်းတာမှုများ၊ပြင်းထန်သည့် နောက်ဆက်တွဲငလျင်လှုပ်ခတ်မှုများနှင့် ကြောက်မက်ဖွယ်တုန်လှုပ်နေသည့် အသံများနှင့်အတူ လူတိုင်းမျှော်လင့်နေသောအရာသည် အချိန်ကျော်လွန်သွားသည်နှင့်အမျှ တဖြည်းဖြည်း မျှော်လင့်ချက် ပျောက်ကွယ်သွားခဲ့သည်။

မှုန်ကုပ်နေသည့်မျက်နှာများကို ကြည့်လိုက်ရာ ကျောက်စိမ်းလုပ်ငန်းတွင် လုပ်ကိုင်နေသည့် ကျန်းရှီးပြည်နယ်က တရုတ်လူငယ်လေးဟာ ပြိုကျလုနီးပါး အဆောက်အဦထဲကနေခုန်ချပြီး အသက်ရှင်နေခဲ့ပြီး တော်တော်လေး စိတ်ဓာတ်ကျနေသည်။ သူက တတွတ်တွတ်ဖြင့်“မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ငါ့ညီလေးက သေချာပေါက် အသက်ရှင်နေသေးတယ်လို့ ငါယုံကြည်တယ်”ဟု သူက သူ့ရှေ့က အပျက်အစီးပုံတွေကို လက်ညှိုးထိုးပြပြီး“မီးစက်နောက်ခန်းမှာ သူမသေဘူး။ သေချာပေါက်သေမှာမဟုတ်ဘူး။”ဟု ပြောနေသည်။ လူတိုင်းသည် သူ၏ ဇွဲလုံ့လကြောင့် သနားခြင်းနှင့် အားကိုးရာမဲ့ခြင်းကို ခံစားခဲ့ရသည်။တကယ်တော့ ကယ်တင်နိုင်သူတွေကို အားလုံး ကယ်တင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ကြသည်ဆိုခြင်းကို လူတိုင်းသိပါသည်။မြေငလျင်လှုပ်ခတ်မှုစတင်ဖြစ်ပွားသည့် ၂၈ရက်နေ့ တစ်ညလုံးမှ ၂၉ရက်နေ့ နံနက်အစောပိုင်းအထိ ဒေသခံကယ်ဆယ်ရေးအဖွဲ့သည်  လမ်းပေါ်ရှိ လူငယ်များနှင့် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ရိုးရှင်းသော ကိရိယာများကို အသုံးပြုကာ တူးဖော်ရှာဖွေမတင်ကြသည်။ နောက်ဆုံးတွင် အသက်ရှင်ကျန်ရစ်သူ ၁၀ဦးကျော်ကို ကယ်တင်နိုင်ခဲ့ပြီး ထက်ဝက်ခန့်မှာ တရုတ်ဧည့်သည်များ ဖြစ်သည်။၇၂နာရီ“Golden Hour”အတွင်း တရုတ်ကယ်ဆယ်ရေးအဖွဲ့လည်း ရောက်ရှိလာသော်လည်း အသက်ရှင်လက္ခဏာမတွေ့နိုင်သဖြင့် ကယ်ဆယ်ရေးအဖွဲ့သည်လည်း မတတ်နိုင်ပေ။

တရုတ်ကယ်ဆယ်ရေးအဖွဲ့ ထုပ်ပိုးနေသည်ကိုမြင်တော့ သူတို့ ငလျင်ဒဏ်အပြင်းအထန်ဒဏ်ခံရသည့် အခြားဒေသတွေကို ပြောင်းရွှေ့သွားကြမည်ဆိုသည်ကို အားလုံးသိပါသည်။ မျှော်လင့်ချက်သစ်တစ်ခုရှိနေပါစေ သူတို့၏ အရေးကြီးဆုံးတာဝန်က“အသက်ရှင်ကျန်ရစ်သူတွေ ရှိတဲ့နေရာကို အမြန်ကယ်တင်ဖို့ပါပဲ။”သူတို့ အားလုံးတကယ်သွားတော့မှာလား။ စိတ်ဓာတ်ကျနေချိန်မှာပဲ တရုတ်လိုပြောသံကြားလိုက်ရသည်။“တရုတ်စကားနားလည်တဲ့သူ ရှိသလား။ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ဘာသာပြန်ပေးပါဦး။”“ရပါတယ်။ စေတနာ့ဝန်ထမ်း ဘာသာပြန်တစ်ယောက်လုပ်ချင်ပါတယ်။”ဟုဆိုပြီး ကျွန်မချက်ချင်းလက်မြှောက်လိုက်သည်။ ထိုသို့ဖြင့် ကျွန်မစေတနာ့ဝန်ထမ်းအလုပ်ကို ပြန်စခဲ့တယ်။

နောက်ပိုင်းတွင် တရုတ်နှင့် မြန်မာဘာသာစကားကို ကျွမ်းကျင်သော ကျွန်မကဲ့သို့ စေတနာ့ဝန်ထမ်းများ နေရာတိုင်းတွင် စုစည်းပေါ်ထွက်လာပြီး အချို့မှာ ယူနန်အသင်းငလျင်ကယ်ဆယ်ရေးစင်တာနှင့်  China Blue Sky Rescue Team Command Centerသို့ အမည်စာရင်းပေးခဲ့သည်။အချို့မှာ Mingalar  Mandalayရှိ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်း(အထက်မြန်မာပြည်)မှ ကူညီဆောင်ရွက်ပေးနေသည့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ (ဟောင်ကောင်ကယ်ဆယ်ရေးအဖွဲ့ အပါအဝင်)၏ စုဝေးရာနေရာသို့ အမည်စာရင်းပေးခဲ့သည်။ အချို့(ဆေးပညာလေ့လာဖူးသူများ)သည် Fujian Association Chinese Volunteer Doctors Clinicသို့ အမည်စာရင်းပေးခဲ့သည်။  တရုတ်နိုင်ငံမှ လူ၅၀၀မှ ၆၀၀ကျော်ရှိသော ကယ်ဆယ်ရေးအဖွဲ့တစ်ဆယ်ကျော်နှင့်အတူ ကျွန်မတို့ စေတနာ့ဝန်ထမ်း အများအပြားသည် ငလျင်ဒဏ် ပြင်းထန်စွာခံရသော နေရာများဖြစ်သည့် GREAT WALL Hotel၊ WIN STAR Hotel၊ GOLDEN COUNTRY Hotel၊ SKY VILLA   Apartment... စသည့် နေရာသို့ သွား‌‌ရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့ကြသည်။ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်များ လမ်းလျှောက်နေစဉ်အတွင်း ကျွန်မတို့နှင့် စကားစမြည်ပြောကြသည်။“မင်းတရုတ်စာကို ဘယ်မှာသင်ခဲ့တာလဲ၊ တော်တော်ကောင်းတယ်။”ကျွန်မတို့က“ပေကျင်းရှိ Minzu Universityတွင် မဟာဘွဲ့သင်ယူခဲ့သည်။”“Jinan Universityမှာ ဆေးပညာလေ့လာခဲ့ပါတယ်။”“ကျွန်မတို့ ယူနန်တက္ကသိုလ်မှာ ဘွဲ့ကြိုသင်ခဲ့ပါတယ်။”“ရှန်ဟိုင်းမှာ ကျောင်းတက်ခဲ့တယ်။”စသဖြင့် ဖြေကြားခဲ့ကြပါသည်။ကယ်ဆယ်ရေးအဖွဲ့ဝင်များက လက်မထောင်ကာ“တော်တယ်၊ ကောင်းတယ်။”ဟု တုံ့ပြန်ပြောဆိုခဲ့သည်။

တကယ်တော့ တရုတ်-မြန်မာစေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်တာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ သူတို့ကိုမပြောခဲ့ပါဘူး။စေတနာ့ဝန်ထမ်းအဖြစ် ပထမဆုံးအကြိမ် တာဝန်ထမ်းဆောင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းမှတ်မိတာက ၂၀၁၇ခုနှစ်တုန်းက ပေကျင်းတွင် ကျောင်းတက်စဉ် ဖြစ်သည်။၂၀၁၇ခုနှစ် ဧပြီလလယ်တွင် ကျွန်မတို့ (ပေကျင်းလေကြောင်းနှင့် အာကာသဆိုင်ရာတက္ကသိုလ်၊ Minzu University၊  Beijing Language and Culture University မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်ယူနေသူများနှင့် Beijing Foreign Studies Universityရှိ မြန်မာကျောင်းသားကျောင်းသူများ)ထံသို့ ပထမအသုတ်မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် ၁၂ဦးဟာ ပေကျင်းမြို့သို့ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ်ပရဟိတအဖွဲ့ချုပ်ထံမှ အကြောင်းကြားစာ ရရှိခဲ့ပါသည်။ကျွန်မတို့သည် ကလေးများနှင့် မိဘများအား ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ နေ့စဉ်နေထိုင်မှု၊ လည်ပတ်ကြည့်ရှုမှုနှင့် ခရီးသွားလာမှုဆိုင်ရာ ဘက်စုံအကူအညီများ ပံ့ပိုးပေးခဲ့သည်။ထိုအချိန်က ကျွန်မတို့ အများကြီးမကူညီနိုင်ခဲ့သော်လည်း မွေးရာပါနှလုံးရောဂါဝေဒနာရှင် ၁၂ဦးကို တရုတ်ဆရာဝန်များက ခွဲစိတ်ကုသရာတွင် ကြီးကျယ်သော အောင်မြင်မှုများကို ရရှိခဲ့ပါသည်။ထိုအောင်မြင်မှုများကို ကျွန်မတို့ကိုယ်တိုင် ကိုယ်တွေ့မြင်တွေ့ခဲ့ရပြီး မိဘနှင့် သားသမီးများ၏ ကျေးဇူးတင်မဆုံးသော နက်ရှိုင်းသော ပေါက်ဖော်ချစ်ခြင်းမေတ္တာတို့ကို ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရသည်။

ဒုတိယအကြိမ် စေတနာ့ဝန်ထမ်းလုပ်ခဲ့သည်မှာ ၂၀၁၇ခုနှစ် နိုဝင်ဘာလဖြစ်သည်။ ပေကျင်းမှာ ပညာသင်ပြီး နိုင်ငံကို ပြန်လာခဲ့သည်။နဝမအကြိမ်မြောက် မြန်မာပြည်ဖွား ပင်လယ်ရပ်ခြားရောက် ပေါက်ဖော်သွေးချင်းများ ပြန်လည်တွေ့ဆုံပွဲကို ကျင်းတောယန်တွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ထိုအချိန်တွင် ကျွန်မတို့၏ စေတနာ့ဝန်ထမ်း ၃၀၀ကျော်သည် အဆိုပါ ပြန်လည်တွေ့ဆုံပွဲ၌ ပါဝင်ခွင့်ရခဲ့သည်။ တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ မကာအို၊ အမေရိကန်၊ သြစတြေးလျ စသည့်နိုင်ငံများနှင့် ဒေသများမှ မြန်မာပြည်ဖွား တရုတ်မျိုးဆက် ၁,၅၀၀ကျော်တို့သည် မန္တလေးမြို့တွင် စုစည်းခဲ့ကြပြီး ပေါက်ဖော်သံယောဇဉ်များကို သတိတရ ပြန်လည်ပြောဆိုကြသည်။“ပေါက်ဖော်သမိုင်းပြတိုက်”တွင် ရှင်းလင်းမိတ်ဆက်သူများအဖြစ် ကျွန်မတို့ လုပ်ဆောင်စေပြီး“ပေါက်ဖော်သမိုင်း”ကို ရှင်းလင်းမိတ်ဆက်ခဲ့သည်။ ဧည့်သည်များအား“နဂါးဥသုံးလုံးပုံပြင်”၊ ထန်မင်းဆက် ကဗျာဆရာ ပိုင်ကျွီးရိ (Bai Juyi)၏“ပျူတေးဂီတ”၊ မာရှယ်ချင်ယီ၏ ကျော်ကြားသောကဗျာဖြစ်သည့် မြန်မာမိတ်ဆွေများအတွက် ရေးသားသောကဗျာ“တစ်မြစ်ထဲကရေကို အတူသောက်သုံး”၊ တရုတ်လူမျိုးများနှင့် မြန်မာဘုရင်မင်းတုန်းမင်းကြီးအကြောင်း၊ ကျင်းတောယန် စကားလုံး၏ မူလအစ၊ အင်္ဂလိပ်နှင့် ဂျပန်တို့ကို တော်လှန်ခြင်း၏ သမိုင်းကြောင်းများကို ရှင်းပြခဲ့သည်။ရှင်းပြနေစဉ်တွင် နှစ်ပေါင်း၂၀၀၀ကျော် သမိုင်းကြောင်းရှိသည့် ပေါက်ဖော်ချစ်ကြည်ရေး၏ အဓိပ္ပာယ်ကို ကျွန်မတို့ ပိုမိုနားလည်သဘောပေါက်လာပါသည်။ထို့ပြင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသည်“အေးအတူပူအမျှ အသိုက်အဝန်း”ကို အမှန်တကယ် ပိုင်ဆိုင်ကြောင်း သမိုင်းကြောင်းမှတစ်ဆင့် ကျွန်မတို့ သိရှိရပါသည်။

စေတနာ့ဝန်ထမ်းအဖြစ် ကျွန်မ တတိယအကြိမ်ထမ်းဆောင်ခဲ့သည်မှာ ကပ်ရောဂါပျံ့နှံ့နေချိန် ၂၀၂၁ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်၏ တရုတ်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကျွန်မသည် မန္တလေးဌာနခွဲမှာ စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့သည်။ထိုအချိန်တွင် ကိုဗစ်ရောဂါကူးစက်မှုသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့နေသည်။မြန်မာနိုင်ငံမှာ ၂၀၂၀ပြည့်နှစ် ဧပြီလမှာ ပထမဆုံးရောဂါပိုးတွေ့ရှိပြီးကတည်းက ကျွန်မတို့အားလုံး အိမ်တွင်းပုန်း လုပ်ခဲ့ပါသည်။ တစ်ရက်ကို တစ်နှစ်ကြာသလို ခံစားရပြီး နောက်ဘာတွေဆက်ဖြစ်မလဲ မသိနိုင်ပါ။ မန္တလေးအပါအဝင် မြန်မာနိုင်ငံတွင် ကပ်ရောဂါကြောင့် ကွယ်လွန်သွားသော ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ဝမ်းနည်းဖွယ်သတင်းများ နေ့စဉ်ကြားနေရပါသည်။လူတိုင်းဆုံးရှုံးပြီး စိတ်ပျက်နေချိန်တွင် တရုတ်နိုင်ငံသည် လူ့အသက်များကို ကယ်ဆယ်ရန် အရေးပေါ်လိုအပ်နေသော အောက်ဆီဂျင်အရည်များကို မြန်မာနိုင်ငံသို့ ချက်ချင်းပေးပို့လိုက်ကြောင်း သတင်းထွက်ပေါ်လာသည်။နောက်ပိုင်းတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်က ဦးဆောင်၍ တရုတ်ကာကွယ်ဆေးများ တင်သွင်းခဲ့သည်။ ထို့နောက်“တရုတ်ကာကွယ်ဆေးထိုးနှံခြင်း”စီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်သည် စေတနာ့ဝန်ထမ်းဝန်ဆောင်မှုများစွာ လိုအပ်ပါသည်။ကျွန်မတို့သည် ဆရာဝန်များနှင့် သူနာပြုများမဟုတ်သော်လည်း ကာကွယ်ဆေးမထိုးမီအလုပ်များဖြစ်သည့် အချက်အလက်များကိုစာရင်းသွင်းခြင်း၊ ကွန်ပြူတာအတွင်းသို့ ထည့်သွင်းခြင်း၊ အစီအစဉ်ရေးဆွဲခြင်း၊လက်မှတ်များထုတ်ပေးခြင်းစသဖြင့် ၎င်းတို့အား စနစ်တကျစီစဉ်ရန် စေတနာ့ဝန်ထမ်းများ လိုအပ်ပါသည်။ထိုအချိန်တွင် မည်သူမျှ မိမိတို့၏ အသက်ကို စွန့်စားလိုစိတ် မရှိကြသော်လည်း လုပ်ကိုင်ပေးခဲ့ကြသည်။ ကျွန်မတို့ ပြတ်ပြတ်သားသား ထွက်လာခဲ့ကြတယ်။ကျွန်မတို့သည် အလွန်အလုပ်များပြီး ကျွန်မတို့ကို နားမလည်သော သက်ကြီးရွယ်အိုများ၏“အပြစ်တင်ခြင်း”ကို ခံရသော်လည်း တရုတ်ကာကွယ်ဆေးကြောင့် လူတိုင်းအန္တရာယ်ကင်းရှင်းပြီး နောက်ပိုင်းတွင် နိုင်ငံခြားသို့ ခရီးသွားရန်“ကာကွယ်ဆေးထိုးလက်မှတ်”ကို တင်ပြရန် လိုအပ်သောအခါတွင် ကျွန်မတို့ စိတ်သက်သာရပြီး ပြုံးပျော်သွားသည်။ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ စွမ်းအားကို တစ်ဖန် တွေ့ကြုံခံစားကြရပြန်သည်။ တရုတ်နိုင်ငံ၏ အောက်ဆီဂျင်အရည်များနှင့် ကာကွယ်ဆေးများသည် လူထောင်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။

အမှန်စင်စစ် အောက်ဆီဂျင်အရည်နှင့် ကာကွယ်ဆေးတင်မကပါ။တရုတ်နိုင်ငံ၏ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များသည် ကပ်ရောဂါတိုက်ဖျက်ရေးအတွက်“သူရဲကောင်းများ”လည်း ဖြစ်သည်။ ကပ်ရောဂါကာလအတွင်းတွင် ဖြစ်ခဲ့သော အပိုင်းလေးတစ်ခုကို သတိရမိပါသည်။ကျွန်မ၏ မြန်မာမိတ်ဆွေ ဦးကျော်သန်းဌေး၏ သမီး (ထိုစဉ်က ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်)မှ ကျွန်မတို့အား ဖုန်းဆက်ပြီး“ဖေဖေကို ကယ်ပါ။ ဖေဖေက ကိုဗစ်ရောဂါ ကူးစက်ခံထားရလို့ ဒီနေ့အသက်ရှူရခက်နေတယ်”ဟု ငိုပြီးပြောခဲ့သည်။ ယူနန်အသင်းမှ ဝယ်ယူထားသော နောက်ဆုံးပေါ် တရုတ်ထုတ် အောက်ဆီဂျင်စက်ကို ချက်ချင်းပို့ပေးပါသည်။ ကပ်ရောဂါပြီးနောက် ဦးကျော်သန်းဌေး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ထိုစဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရတိုင်း သူ့ရင်ထဲကတုန်လှုပ်သွားသလို“ခင်ဗျားတို့ (ပေါက်ဖော်)က ငါ့ကို ကယ်တင်ခဲ့တယ်။ တရုတ်အောက်ဆီဂျင်စက်က ငါ့ကို အသက်သစ်တစ်ချောင်း ပေးခဲ့တယ်”ဟု ပြောကြားခဲ့သည်။

အတိတ်က အမှတ်ရစရာတွေထဲတွင် နစ်မျောနေစဉ် ရုတ်တရက်အသံကြီး တစ်ခုထွက်လာသည်။  နောက်ထပ် ငလျင်ထပ်လှုပ်သည်ဟု ထင်ရသော်လည်း ဒီတစ်ကြိမ်ဆူညံသံကို နွေးထွေးသည့်လက်ခုပ်သံများ ဖြစ်မည်ဟု မထင်မှတ်ထားခဲ့ပါဘူး ပြိုကျနေသည့် GOLDEN COUNTRY ဟိုတယ်အဆောက်အအုံ၏ အပျက်အစီးများကို အမြန်ကြည့်လိုက်တော့ အားလုံး၏ မျက်လုံးများက အပျက်အစီးအောက်ကို အာရုံစိုက်နေသည်ကို တွေ့လိုက်ရသည်။စိတ်လှုပ်ရှားစရာကောင်းသည့် အော်သံများလည်းကြားရသည်။ “အသက်ရှင်ကျန်ရစ်သူကို ကယ်တင်လိုက်ပြီ” “စံချိန်တင်သွားပြီ”  “၁၂၅နာရီအကြာ နောက်ထပ် အသက်ရှင်ကျန်ရစ်သူကို ကယ်ဆယ်နိုင်ခဲ့ပြီ”စသဖြင့် ကျွန်မတို့ စိတ်လှုပ်ရှားစွာ ကခုန်ကြသည်။  ပြီးနောက် အပျက်အစီးများအောက်တွင် ၁၂၅နာရီကြာ ပိတ်မိနေခဲ့သော အသက်ရှင်ကျန်ရစ်သူ၏ ထမ်းစင်ကို အနီရောင်နှင့် လိမ္မော်ရောင်အဝတ်အစားများ ဝတ်ဆင်ထားသော တရုတ်နှင့် မြန်မာကယ်ဆယ်ရေးအဖွဲ့မှ သယ်ဆောင်သွားသည်ကို တွေ့ရသည်။  အသက်ရှင်လွတ်မြောက်သူ၏ မိသားစုဝင်များက မျက်ရည်များစွာဖြင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ကျေးဇူးတင်ကြသည်။ကျွန်မလည်း မျက်ရည်များစွာဖြင့် ချက်ချင်းပင် WeChat(ဝီချက်)ပေါ်ရှိ စေတနာ့ဝန်ထမ်း Group Chatထဲသို့ “တရုတ်ကယ်ဆယ်ရေးအဖွဲ့မှ ၁၂၅နာရီကြာ ပိတ်မိနေသော အသက်ရှင်လွတ်မြောက်သူကို ကယ်တင်နိုင်ခဲ့သည်”ဟု ပို့လိုက်သည်။

အပျက်အစီးများအောက်တွင် ၁၂၅နာရီကြာ ပိတ်မိနေသည့် မြန်မာအမျိုးသားနှင့် တွေ့ဆုံမေးမြန်းမှုဗီဒီယိုသည် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။သူသည် ဟွာဝေကုမ္ပဏီ၏ ယာဉ်မောင်းဖြစ်သည်။ အမှောင်ထဲတွင် ဘာသာပြန်သူ (ကျွန်မတို့ရဲ့ စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဖက်)မှ သူနှင့် စကားပြောနေသည်ကို ကြားသည့်အခါ“တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကျွန်တော့ကို လာကယ်တင်ပြီဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့မိသားစုနဲ့ ပြန်ဆုံနိုင်မယ်ဆိုတာ ကျွန်တော်သိတယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့ကို ဘယ်လိုကျေးဇူးတင်ရမှန်း မသိဘူး။ တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကျွန်တော့ကို အသက်အသစ်ပေးခဲ့တယ်”ဟု ပြောနေသည်။ထိုတစ်ကြိမ် ငလျင်စေတနာ့ဝန်ထမ်းလုပ်ငန်းတွင် ကျွန်မပါဝင်ရာတွင်“ဒုက္ခရောက်စဉ်အတွင်း မိတ်ဆွေစစ်ကို တွေ့နိုင်သည်။ပေါက်ဖော်မေတ္တာသံယောဇဉ် နက်ရှိုင်းလှသည်”ဆိုသည့် အနက်အဓိပ္ပာယ်အမှန်ကို ထပ်မံ၍ ကိုယ်တိုင်ခံစားရခဲ့သည်။

ဧပြီလ ၆ရက်နေ့တွင် ရက်ပေါင်းများစွာ လက်တွဲတိုက်ပွဲဝင်ခဲ့သော တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် မနက်ဖြန်ဆိုလျှင် ပြန်လည်ထွက်ခွာတော့မည် ဖြစ်သည်။ညနေပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့ စုဝေးရာနေရာ၌ ကျွန်မတို့ စေတနာ့ဝန်ထမ်းများနှင့် တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင်များသည်“နှုတ်ဆက်ပွဲ”ကို စီစဉ်ခဲ့ကြသည်။ကျွန်မတို့ Goodbyeသီချင်းကို သီဆိုခဲ့ကြသည်။

မင်းမျက်နှာကို ငါမှတ်မိနေမယ်။

မင်းပေးတဲ့အတွေးတွေကို ငါမြတ်နိုးမယ်။

ဒီရက်တွေက ငါ့နှလုံးသားထဲမှာ

ဘယ်တော့မှ ဖျက်ပစ်မှာမဟုတ်ဘူး။

ငါ မင်းကိုကတိမပေးနိုင်ဘူး။

ငါပြန်လာမှာလား မလာနိုင်ဘူးလားဆိုတာကို

ငါ ပြန်မကြည့်ဘူး။

နောက်ပြန်မလှည့်ဘဲ ဆက်လျှောက်မယ်...

အားလုံးရဲ့ မျက်လုံးတွေမှာ မျက်ရည်တွေပြည့်နေခဲ့တယ်။ သို့သော် ပေါက်ဖော်မေတ္တာသံယောဇဉ်သည် ကျွန်မတို့၏ စိတ်နှလုံးတွင် ခိုင်မာစွာ အမြစ်တွယ်နေပါတော့သည်။

分享到: