> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨三等奖 文化桥梁上的逐梦之旅



三等奖

文化桥梁上的逐梦之旅

缅甸在华留学生 张小伟


在亚洲东南部的广袤大地上,缅甸与中国山水相依,两国之间的文化交流源远流长,如同一条奔腾不息的河流,滋养着两岸人民的心灵。而我的家庭,正是这段交流历史的一个生动缩影。

2000年3月17日,我在缅甸出生,名字叫敏坎乌,父母为我取了中文名字叫张小伟,这个名字如同一条无形的纽带,将我与中缅两国的文化紧紧相连。我的父亲是云南临沧的第三代华裔,他的家族在缅甸落地生根,开枝散叶,但那份对故乡的眷恋之情,却如同深埋在心底的种子,随着时间的推移愈发茁壮。小时候,家中那间小小的书房,便是我探寻中国文化的宝藏之地。书架上摆满了父亲从各地搜集来的中文书籍,有古朴厚重的《论语》《孟子》,也有充满奇幻色彩的《聊斋志异》。每个静谧的夜晚,我都会依偎在父亲身旁,听他讲述中国的故事。从古老的历史传说,到充满奇幻色彩的神话故事,这里有那片土地上壮丽山河的美景,父亲的这些讲述仿佛为我打开了一扇通往神秘世界的大门,让中国成为我儿时梦境中最向往的地方。

尤其是那部风靡缅甸的《西游记》,更是让我对中国的想象变得具象化。每当孙悟空一个筋斗云翻出十万八千里,降妖除魔、神通广大的画面出现在电视屏幕上时,我总是兴奋得手舞足蹈。他的勇敢、智慧和不屈不挠的精神,深深吸引了年幼的我,让我对中国文化中蕴含的英雄主义和奇幻元素充满了好奇。而李小龙、成龙的功夫电影,更是让我领略到了中国武术的独特魅力。那些刚劲有力的拳脚,不仅展现了身体的极限,更让我感受到了中国文化中坚韧不拔、勇往直前的精神力量。我常常模仿他们的动作,幻想自己也能拥有那样的超能力,保护身边的人。

与此同时,我的母亲是缅甸克伦族人,她就像一位天生的艺术家,能歌善舞。在我的成长过程中,母亲用克伦族独特的音乐和舞蹈,为我打开了一扇通往缅甸本土文化的大门。每当传统节日来临,母亲总会穿上色彩斑斓的民族服饰,拉着我的手,教我跳克伦族欢快的舞蹈,哼唱悠扬的民族歌曲。那富有节奏感的音乐、灵动的舞蹈动作,以及母亲脸上洋溢的自豪笑容,都让我深深沉醉在缅甸文化的独特魅力之中。我们还会一起参与克伦族的传统祭祀活动,感受那份对祖先的敬畏和对自然的感恩,这些经历让我对缅甸文化有了更深刻的理解。在这样的家庭环境中成长,我自幼便沉浸在两种文化的交融之中。父亲教我写汉字,一笔一划地讲解每个汉字背后蕴含的哲理和文化内涵,让我领略到了中华文化的博大精深;母亲则拉着我的手,带我感受克伦族舞蹈的韵律,哼唱着民族歌曲,让我体会到了缅甸文化的热情奔放。从小的成长经历,让我对文化有着天生的敏感度,也在我心中悄然种下了探索世界、传承文化的种子。

随着年龄的增长,那颗探索世界、传承文化的种子在我心中生根发芽,我心中始终怀揣着一个强烈的愿望——亲自去中国看看,亲身感受那片充满魅力的土地。终于,机会来了,我获得了前往中国云南大理大学攻读汉语国际教育专业的留学机会。得知消息,我激动难眠,父母全力支持,父亲眼中泪光闪烁,既有对故乡的眷恋,更有对我的期许;母亲温柔鼓励,盼我勇敢追梦,在异国绽放光芒。怀揣着家人的期许与自己的梦想,我跨越山海来到大理大学。

初入大理大学校园,浓厚学术氛围与多元文化交融之景令我震撼。各国同学身着特色服饰,操着不同口音的汉语热情交流,活力四溢、包容万象,我仿若置身文化熔炉,感受着不同文化碰撞融合的魅力。

然而,现实很快给了我下马威。汉语复杂难学,声调、语法、词汇皆成难关,课堂上我谨小慎微,生怕发音出错闹笑话,曾把“银行”读错音引得哄笑,让我羞愧不已。作业考试也让我压力巨大,需付出更多精力。此外,文化差异让我迷茫,中缅饮食习惯迥异,面对异乡菜肴我不知所措;社交礼仪差异也让我总担心犯错,留下不好印象。孤独感如影随形,我甚至开始怀疑当初的选择。

但我骨子里有股不服输的劲儿,父母的支持鼓励也常响耳畔。我暗下决心不放弃,调整方法、制定计划。清晨在湖边苦练发音,课余参加汉语角、主动交流,还给自己定目标每日和三名同学互动,不懂就问。努力渐有回报,汉语水平显著提升,能畅达表意,也懂汉字文化深意。

除了努力学习专业知识,我还积极参与校园的各种活动,希望通过实践锻炼自己,同时也向更多的人传播缅甸文化。

2023年11月,大理大学举办“太极拳比赛”,我因热爱中国文化而报名。初学时,看似简单的动作却让我手忙脚乱,常记错招式、动作生硬。但我不气馁,课余跟教练苦练,观察动作、体会节奏,回宿舍还对镜纠正。为明内涵,我查阅资料了解其历史与文化。训练中,我领悟到刚柔并济、动静相宜的哲理,它更是修身养性之法。赛场,我身着传统服饰,努力地将我对武术的理解融入到每一个动作当中。赛后掌声雷动,我满是成就感,获“优秀运动员”称号,这认可让我坚定文化交流之路。

2024年,对我来说是充满挑战和机遇的一年。这一年,我参加了多个重要的比赛,每一次比赛都是一次成长的历练,也是我传播多元文化的宝贵机会。在国际青年“对外文化贸易”人才选拔赛中,我结合自己对中缅两国文化的深入理解,提出了一系列创新方案,探讨如何通过文化产品促进两国之间的文化交流和贸易往来。为了准备这场比赛,我付出了大量的时间和精力。我查阅了大量的资料,不仅包括两国的文化市场报告、行业动态,还深入研究了消费者的文化偏好和需求趋势。我还利用假期时间,分别在中国和缅甸进行实地调研,走访了许多文化企业、传统手工艺人,收集了第一手的信息。我积极向专业老师请教,与同学们展开热烈的讨论和交流,不断完善自己的方案。在比赛现场,我紧张又自信地站在舞台上,用流利的汉语向评委和观众阐述我的观点。我详细介绍了如何利用中缅两国的文化特色,开发具有市场潜力的文化产品,如融合缅甸传统手工艺和中国现代设计理念的饰品、以中国神话故事和缅甸民间传说为蓝本创作的动漫作品等。在讲述过程中,我分享了许多自己在生活中的亲身经历和感受,让大家更加直观地了解到两国文化的差异和互补之处。最终,我的努力得到了回报,我荣获了“文化互鉴友好奖”。这个奖项对我来说意义非凡,它让我看到了自己在文化交流领域的价值,也让我对未来的发展充满了信心。

2024年4月,我参加大理大学国际教育学院第二届国际中文教学技能大赛。身为汉语国际教育专业学生,我视其为宝贵锻炼契机。备赛时,我把自身学汉语的经验方法融入设计,打造趣味课堂:借助多媒体播放传统音乐、动画视频,组织角色扮演活动,还结合缅甸学生特点编写教材。赛中,我认真展示教学过程,积极互动,以生动语言、丰富表情与形象动作,让知识易懂。最终我获优秀奖。此次经历提升了我的教学技能,深化了我对专业的认知,更让我明确职业方向——成为文化交流推动者,以汉语为桥梁,搭建中外文化交流平台。

毕业后,我计划回到缅甸,开设汉语课程,将我在中国学到的知识和文化传播给更多的缅甸人,让他们也能领略到汉语的魅力和中国文化的博大精深。我希望能培养出一批热爱中国文化的学生,为中缅文化交流搭建起一座坚固的桥梁。同时,我也希望能够组织更多的文化交流活动,向中国的朋友们介绍缅甸文化的独特之处,促进两国人民之间的相互了解和友谊。我相信,文化的交融能够拉近人与人之间的距离,促进不同国家和民族之间的交流与合作。在这个充满机遇和挑战的时代,我愿成为一座文化的桥梁,连接起中缅两国人民的心灵,让多元文化在交流中焕发出更加绚丽的光彩。我更希望,通过我们这一代人的努力,能够让世界看到文化交流的力量,让不同文化背景的人们携手共进,共同创造一个更加包容、和谐、美好的未来,让文化的多样性成为人类社会发展的宝贵财富。

………………………….

笔者在中国留学期间参加校内的各项活动

တရုတ်နိုင်ငံတွင်ပညာသင်နေစဉ်ကာလအတွင်းကျောင်းတွင်းလှုပ်ရှားမှုပွဲများတွင်ပါဝင်ခဲ့သောအမှတ်တရဓာတ်ပုံများ။

笔者参加留学生青年营活动

Youth Camp for International Studentsလှုပ်ရှားမှုတွင်ပါဝင်ခဲ့စဉ်။

………………………………


တတိယဆု

ယဉ်ကျေးမှုတံတားပေါ်က အိပ်မက်ရှာခရီး

မင်းခန့်ဦး

တရုတ်နိုင်ငံတွင် ပညာသင်ယူနေသည့် မြန်မာကျောင်းသား


အာရှ၏ အရှေ့တောင်ဘက်ရှိ ကျယ်ပြန့်သည့်မြေပြင်ပေါ်တွင် မြန်မာနှင့်တရုတ်တို့သည် တောတောင်ရေမြေများ ထိဆက်လျက်ရှိပြီး နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုများမှာ သမိုင်းဝင်ရှည်လျားပြီး မရပ်မနားစီးဆင်းသည့် မြစ်တစ်စင်းကဲ့သို့ နှစ်ဖက်ပြည်သူများ၏ စိတ်နှလုံးများကို ချမ်းမြေ့စေခဲ့ပါတယ်။ ထိုယဉ်ကျေးမှုဖလှယ်မှုသမိုင်းကြောင်း၏ အသက်ဝင်သော နမူနာတစ်ခုမှာ ကျွန်တော်၏မိသားစုပင် ဖြစ်ပါတယ်။

ကျွန်တော့ကို ၂၀၀၀ပြည့်နှစ် မတ်လ၁၇ရက်နေ့တွင် မြန်မာနိုင်ငံ၌ မွေးဖွားခဲ့ပြီး အမည်မှာ မင်းခန့်ဦး ဖြစ်ပါတယ်။ မိဘများက ကျွန်တော့အတွက် တရုတ်အမည် Zhang Xiaowei လို့ ပေးခဲ့ပါတယ်။ဒီအမည်ဟာ တရုတ်နှင့် မြန်မာနှစ်နိုင်ငံ၏ ယဉ်ကျေးမှုများကို ကျွန်တော်နှင့် အခိုင်အမာချိတ်ဆက်ပေးနေသည့် မမြင်ရသောကြိုးတစ်ချောင်းနှင့် တူပါတယ်။ ကျွန်တော့ဖခင်ဟာ ယူနန်ပြည်နယ် လင်းချန်းမြို့မှလာသော တတိယမျိုးဆက် မြန်မာပြည်ဖွား တရုတ်လူမျိုးဖြစ်ပြီး မိသားစုသည် မြန်မာပြည်၌ အခြေချနေထိုင်လာခဲ့ပါသည်။ သို့ရာတွင် အမိမြေတွယ်တာမှုနှင့် သံယောဇဉ်ခံစားမှုသည် နှလုံးသားအတွင်း၌ အစေ့အမြစ်လိုပင် စိုက်ပျိုးနေပြီး အချိန်နှင့်အမျှ ပိုမိုကြီးထွားလာခဲ့ပါတယ်။ ကလေးဘဝတွင် မိမိအိမ်ရှိ သေးငယ်သည့် စာကြည့်ခန်းလေးသည် တရုတ်ယဉ်ကျေးမှုကို ရှာဖွေသိရှိရာ ရတနာအခန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။စာအုပ်စင်ပေါ်တွင် ဖခင်က နေရာပေါင်းစုံမှ စုဆောင်းလာသော တရုတ်စာအုပ်များ စီတန်းထားရှိပြီး ထိုစာအုပ်များတွင် ရှေးဟောင်းနှင့် ဗဟုသုတအရင်းအမြစ်ဖြစ်သည့် တရုတ်ရှေးဟောင်းစာပေ“The Analects” “Mencius”ကဲ့သို့သော စာအုပ်များမှစ၍ အံ့ဩဖွယ်ရာ“Strange Tales from a Chinese Studio”ကဲ့သို့သော ပုံပြင်စာအုပ်များအထိ ပါဝင်ပါတယ်။ တိတ်ဆိတ်သောညများတွင် ကျွန်တော်သည် ဖခင်နံဘေးတွင်နေပြီး သူပြောပြသော တရုတ်နိုင်ငံနှင့်သက်ဆိုင်သည့်ပုံပြင်များကို စိတ်ဝင်စားစွာ နားထောင်လေ့ရှိပါသည်။ ရှေးဟောင်းသမိုင်းပုံပြင်များမှစ၍ အံ့ဩဖွယ်ဇာတ်လမ်းများသာမက ထိုပြည်နယ်၏ တောင်တန်း၊ မြစ်များနှင့် သဘာဝအလှအပများအပါအဝင် ဖခင်ပြောပြသမျှသည် ကျွန်တော့အတွက် လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာတစ်ခုကို ဝင်ရောက်စေသည့် တံခါးတစ်ချပ်ပင် ဖြစ်လာပါတယ်။ တရုတ်နိုင်ငံသည်လည်း ကျွန်တော့ကလေးဘဝအိပ်မက်ထဲတွင် မျှော်လင့်ချက်အပြည့်နှင့် မကြာခဏပေါ်လာသောနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အလွန်ရေပန်းစားခဲ့သော“Journey to the West”ဇာတ်လမ်းသည် တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ကျွန်တော့စိတ်ကူးအိပ်မက်များကို ပိုမိုတိကျသော ပုံရိပ်များအဖြစ် ဖော်ထုတ်ပေးခဲ့ပါတယ်။ စွန်းဝူခုန်းသည် တိမ်တစ်ခုပေါ်တွင် ကျွမ်းပစ်၍ မိုင်တစ်သိန်းရှစ်ထောင်ခန့် ပျံသန်းသွားတဲ့ မြင်ကွင်းများ၊ နတ်ဆိုးနှင့် ဘီလူးများကို နှိမ်နင်းသည့် အံ့အားသင့်ဖွယ် မှော်အစွမ်းများကို တီဗီမျက်နှာပြင်တွင် မြင်တွေ့ရာမှ ကျွန်တော်ရင်ခုန်စိတ်လှုပ်ရှားမိခဲ့ပါတယ်။ သူ၏ ရဲစွမ်းသတ္တိ၊ ဉာဏ်ပညာနှင့် မရပ်မနားသော စိတ်ဓာတ်များက ငယ်ရွယ်စဉ်ကပင် ကျွန်တော့အား နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်ခဲ့ပြီး တရုတ်ယဉ်ကျေးမှုပါဝင်သော သူရဲကောင်းစိတ်ဓာတ်နှင့် စိတ်ကူးယဉ်အကြောင်းအရာများကို သိချင်စိတ်ဖြင့် ပြည့်ဝစေခဲ့ပါတယ်။ ထို့ပြင် Bruce Leeနဲ့ Jackie Chanတို့၏ ကွန်ဖူးရုပ်ရှင်များသည်လည်း တရုတ်နိုင်ငံ၏ ဝူရှူးပညာရပ်ဖြစ်သော ကိုယ်ခံပညာနှင့် သိုင်းကျင့်စဉ်၏ ထူးခြားသည့်ဆွဲဆောင်မှုကို ကျွန်တော့အား နောက်ထပ်သိမြင်စေခဲ့ပါတယ်။၎င်းတို့၏ တိုက်ခိုက်မှုများသည် ခန္ဓာကိုယ်၏ စွမ်းရည်လုပ်ဆောင်နိုင်မှုများကို ပြသရုံသာမက တရုတ်ယဉ်ကျေးမှုရှိ ဇွဲသတ္တိနှင့် ရဲရင့်မှုတို့၏ စိတ်အားစိုက်မှုကိုလည်း ကျွန်တော့အား ပြည့်စုံစွာ ခံစားသိမြင်စေခဲ့ပါတယ်။ ကျွန်တော်ဟာ မကြာခဏ ၎င်းတို့၏လှုပ်ရှားမှုများကို အတုယူလေ့ရှိပြီး ကိုယ်ပိုင်စွမ်းအားဖြင့် မိမိပတ်ဝန်းကျင်ရှိ မိတ်ဆွေများကို ကာကွယ်ပေးနိုင်မည့် လူတစ်ဦးဖြစ်ရန် စိတ်ကူးယဉ်ခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် ကျွန်တော့မိခင်သည် မြန်မာနိုင်ငံရှိ ကရင်လူမျိုးတစ်ဦးဖြစ်ပြီး အဆိုအကကောင်းသော အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ကျွန်တော်ကြီးပြင်းလာသော ကလေးဘဝအတွင်း မိခင်ဟာ ကရင်လူမျိုးတို့၏ ထူးခြားသောဂီတနှင့် အကအနုပညာများကို အသက်ဝင်အောင်‌ ဖော်ပြပေးခဲ့ပြီး ထိုအရာသည် ကျွန်တော့အတွက် ယဉ်ကျေးမှုအပေါ် အနက်ရှိုင်းဆုံးနားလည်မှုတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ရိုးရာပွဲတော်များရောက်တိုင်း မိခင်ဟာ အရောင်စုံလှသည့် တိုင်းရင်းသားဝတ်စုံများကို ဝတ်ဆင်ကာ ကျွန်တော့လက်ကိုဆွဲပြီး ပျော်ရွှင်စရာကောင်းသည့် ကရင်အကလေးများကို သင်ပေးလေ့ရှိပြီး မိခင်ကလည်း မြူးကြွသောသံစဉ်များဖြင့် တိုင်းရင်းသားသီချင်းများကို သီဆိုလေ့ရှိပါတယ်။ စည်းချက်ညီညီတေးသံတွေ၊ ကျက်သရေရှိရှိအကအခုန်များနှင့် အမေ့မျက်နှာပေါ်က ဂုဏ်ယူမှုဖြင့်ပြည့်နှက်နေသော အပြုံးလေးတစ်ခုကပင် ကျွန်တော့ကို မြန်မာ့ယဉ်ကျေးမှု၏ ထူးခြားဆန်းသစ်မှုအပေါ် နစ်မြုပ်စေခဲ့ပါတယ်။ ကျွန်တော်တို့မိသားစုသည်လည်း ကရင်ရိုးရာ အထွေထွေဓလေ့ထုံးတမ်းဆိုင်ရာပွဲတော်များတွင် ပူးပေါင်းပါဝင်လေ့ရှိပြီး ဘိုးဘေးဘီဘင်များအပေါ် လေးစားမှု၊ သဘာဝအပေါ် ကျေးဇူးတင်မှု စသည့် စိတ်ထားများရှိပြီး ကျွန်တော်သည် မြန်မာ့ယဉ်ကျေးမှုများကို ပိုမိုနက်ရှိုင်းစွာ သဘောပေါက်လာခဲ့ပါတယ်။ ထိုကဲ့သို့ မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသဖြင့် ကျွန်တော်ဟာ ငယ်ရွယ်စဉ်ကတည်းက တရုတ်နှင့် မြန်မာနှစ်နိုင်ငံ၏ ယဉ်ကျေးမှုနှစ်မျိုးဖြင့် ပေါင်းစပ်နေထိုင်လာခဲ့ပါတယ်။ ဖခင်က ကျွန်တော့အား တရုတ်စာလုံးများ၏ ရေးသားပုံကို သင်ကြားပေးကာ စာလုံးတစ်လုံးချင်း၏ ယဉ်ကျေးမှုအနုပညာများနှင့် ဗဟုသုတများကို ရှင်းလင်းပြသပေးခဲ့ပါတယ်။ ထိုမှတစ်ဆင့် ကျွန်တော်ဟာ တရုတ်ယဉ်ကျေးမှု၏ ကျယ်ပြန့်သော ပညာရပ်အမြင်ကို နားလည်သိမြင်လာခဲ့ပါတယ်။ မိခင်ကလည်း ကျွန်တော့ လက်ကိုဆွဲကာ ကရင်လူမျိုးတို့၏ အကအနုပညာနှင့် တိုင်းရင်းသားတေးသီချင်းများကို သီဆိုသောကြောင့် မြန်မာ့ယဉ်ကျေးမှု၏ စိတ်အားထက်သန်မှုများကို ကျွန်တော်ခံစားရခဲ့ပါတယ်။ ထိုကဲ့သို့ ကြီးပြင်းလာရသည့် အတွေ့အကြုံဟာ ကျွန်တော့ကို ယဉ်ကျေးမှုအပေါ် စိတ်ခံစားမှု အထူးတလည်ဖြစ်စေပြီး နှလုံးသားထဲတွင် ကမ္ဘာကြီးအပေါ် လေ့လာလိုသောစိတ်ဓာတ်နှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဆက်လက်ထိန်းသိမ်းလိုသော စိတ်ဓာတ်မျိုးစေ့လေးအဖြစ် တိတ်တဆိတ်ပျိုးထောင်ပေးခဲ့ပါတယ်။

အသက်ကြီးလာသည်နှင့်အမျှ ကမ္ဘာကြီးကို စူးစမ်းလေ့လာပြီး ယဉ်ကျေးမှုဆက်လက်ထိန်းသိမ်းလိုသော စိတ်ဓာတ်သည် ကျွန်တော့နှလုံးသားအတွင်း အမြစ်တွယ်လာခဲ့ပါတယ်။ ထူးခြားဆွဲဆောင်မှုရှိသည့် တရုတ်နိုင်ငံကို ကိုယ်တိုင်သွားရောက်၍ ကိုယ်တိုင်ခံစားလိုသည့် ဆန္ဒကို အမြဲတမ်းပြင်းပြခဲ့ပါတယ်။ နောက်ဆုံးတွင် အခွင့်အရေးတစ်ခုက ကျွန်တော့ထံရောက်လာပြီး တရုတ်နိုင်ငံ ယူနယ်ပြည်နယ်ရှိ တာလီတက္ကသိုလ်တွင် တရုတ်ဘာသာ နိုင်ငံတကာဆိုင်ရာပညာရေးဘာသာရပ်ကို သင်ကြားခွင့်ရခဲ့ပါတယ်။ ထိုသတင်းကိုကြားသည့်အခါမှာ စိတ်လှုပ်ရှားမှုကြောင့် ညတွင်အိပ်မရခဲ့ပါ။မိဘများကလည်း ကျွန်တော့အား အပြည့်အဝထောက်ခံအားပေးခဲ့ကြကာ ဖခင်၏မျက်လုံးထဲ၌ မျက်ရည်များဖြင့် ဘိုးဘွားမွေးရပ်မြေကို လွမ်းဆွတ်သည့်စိတ်အပြင် ကျွန်တော့အပေါ်ရှိ မျှော်လင့်ချက်များကိုပါ ပြောပြခဲ့ပါတယ်။မိခင်ကလည်း အိပ်မက်တွေကို ရဲရဲဝံ့ဝံ့လိုက်ပြီး တိုင်းတစ်ပါးမှာ တောက်ပပါစေလို့ နွေးထွေးစွာဖြင့် အားပေးခဲ့ပါတယ်။ မိသားစု၏ မျှော်လင့်ချက်များနှင့် ကိုယ်ပိုင်အိပ်မက်များကို သယ်ဆောင်ပြီး ကျွန်တော်ဟာ တောတောင်ရေမြေများကို ဖြတ်ကျော်ကာ တာလီတက္ကသိုလ်သို့ လာရောက်ခဲ့ပါတယ်။

တာလီတက္ကသိုလ်ဝင်းထဲကို ပထမဦးဆုံးရောက်ရှိလာချိန်တွင် ပညာရေးဆိုင်ရာ အလေးအနက်ထားမှုနှင့် ယဉ်ကျေးမှုမျိုးစုံများ ပေါင်းစည်းနေသော ပတ်ဝန်းကျင်သည် ကျွန်တော့အား အံ့သြစရာကောင်းအောင်ဖြစ်စေခဲ့ကာ နိုင်ငံအသီးသီးမှ ကျောင်းသားကျောင်းသူများသည် မိမိနိုင်ငံ၏ အမျိုးသားဝတ်စုံများကို ဝတ်ဆင်ပြီး အသံကွဲပြားသည့် တရုတ်ဘာသာဖြင့် စိတ်အားထက်သန်စွာ ဆက်ဆံပြောဆိုနေကြပါတယ်။ထိုသို့ စွမ်းအင်အပြည့်နှင့် ချစ်ခင်ရင်းနှီးမှုရှိသော ပတ်ဝန်းကျင်အတွင်း၌ ကျွန်တော်ဟာ ယဉ်ကျေးမှုပေါင်းစုံတွင် နစ်မျောခံစားသွားရပြီး မတူညီသောယဉ်ကျေးမှုများ ပေါင်းစပ်ဖန်တီးထားသော အလှတရားကို နူးညံ့စွာခံစားခဲ့ရပါတယ်။

သို့သော် အဖြစ်အပျက်အမှန်ကတော့ မကြာမီမှာပင် ကျွန်တော့အား စစ်မှန်သော စိန်ခေါ်မှုတစ်ရပ်ဖြင့် ကြိုဆိုခဲ့ပါတယ်။တရုတ်ဘာသာစကားသည် ရှုပ်ထွေးခက်ခဲပြီး အသံအနိမ့်အမြင့်၊ သဒ္ဒါနှင့် ဝေါဟာရများကို သင်ယူရမည့် အခက်အခဲများစွာရှိကာ စာသင်ခန်းတွင် ကျွန်တော်ဟာ အသံထွက်မှားမိခြင်းကြောင့် ရယ်မောမှုများ ဖြစ်ပေါ်လာမှာကြောက်ရွံ့ပြီး တတ်နိုင်သမျှ အလွန်သတိထားကာ တက်ရောက်နေခဲ့ရပါတယ်။ တစ်ကြိမ်တွင်“ဘဏ်”ဆိုသော စကားလုံးကို အသံထွက်မှားဖတ်မိရာမှ လူအများရယ်မောကြရာ ကျွန်တော်အလွန်ရှက်သွားခဲ့ရပါတယ်။ အိမ်စာနှင့် စာမေးပွဲများသည်လည်း ကျွန်တော့ကို စိတ်ဖိအားများစွာဖြစ်စေခဲ့ပြီး ပိုမိုအားစိုက်ထုတ်ခဲ့ရတဲ့အပြင် ယဉ်ကျေးမှုကွဲပြားမှုများကြောင့်လည်း ကျွန်တော်စိတ်ရှုပ်ထွေးမှုများနှင့် ရင်ဆိုင်ခဲ့ရပါတယ်။ တရုတ်နှင့် မြန်မာအစားအစာ အလေ့အထများ ကွာခြားသဖြင့် နိုင်ငံခြားဟင်းလျာများကို စားသုံးရသည့်အခါ ကျွန်တော်ဟာ မည်သို့ပြုလုပ်ရမည်ကိုမသိဖြစ်နေခဲ့ပြီး လူမှုဆက်ဆံမှုထုံးတမ်းကွာခြားမှုကြောင့်လည်း အမှားလုပ်မိခြင်းနှင့် မကောင်းသည့်အထင်အမြင်များ ကျန်ရစ်သွားမှာကို အမြဲတမ်းပူပန်ခဲ့ရပါတယ်။ ကျွန်တောဟာ အထီးကျန်မှုကို မကြာခဏခံစားရခဲ့ပြီး မိမိရဲ့ရွေးချယ်မှုကိုတောင် သံသယဝင်လာခဲ့ပါတယ်။

သို့ရာတွင် ကျွန်တော့သွေးသားအတွင်း၌ အရှုံးမပေးတတ်တဲ့စိတ်ဓာတ်ရှိသောကြောင့် မိဘများ၏ အားပေးမှုနှင့် မေတ္တာစကားများသည်လည်း မကြာခဏ ကျွန်တော်၏ နားထဲတွင် ပြန်ကြားယောင်နေပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ လက်မလွှတ်ဘဲ ဆက်လက်ကြိုးစားရန် ဆုံးဖြတ်လိုက်ခြင်းဖြင့် လေ့ကျင့်နည်းများကို ပြုပြင်ပြီး သင်ယူမှုအစီအစဉ် ပြန်ရေးဆွဲခဲ့ပါတယ်။ မနက်ခင်းများတွင် ရေကန်ဘေး၌ အသံထွက်မှန်အောင်လေ့ကျင့်ခြင်း၊ သင်တန်းချိန်ပြင်ပတွင် တရုတ်ဘာသာစကားဝိုင်းသို့ ပါဝင်တက်ရောက်ခြင်း၊ စကားပြောဖလှယ်မှုအစီအစဉ်များတွင် တက်ကြွစွာပါဝင်ခြင်း၊ နေ့စဉ်ကျောင်းသားသုံးဦးနှင့် ထိတွေ့ပြောဆိုဆက်ဆံရန် ပန်းတိုင်ချမှတ်ခြင်း၊နားမလည်လျှင် ပြန်လည်မေးမြန်းခြင်းများကို ပြုလုပ်ခဲ့ပါတယ်။ ထိုကြိုးစားမှုများသည် ရလဒ်များကို တဖြည်းဖြည်းပေးလာကာ ကျွန်တော့ရဲ့ တရုတ်စာကျွမ်းကျင်မှုသည် သိသိသာသာတိုးတက်လာခဲ့သလို တရုတ်စကားကို ကျွမ်းကျင်စွာထုတ်ဖော်‌ပြောဆိုလာနိုင်ပြီး တရုတ်စာ၏ လေးနက်သော ယဉ်ကျေးမှုအဓိပ္ပာယ်ကိုပါ နားလည်လာနိုင်ခဲ့ပါတယ်။

ဘာသာရပ်ဆိုင်ရာအသိပညာများကို ကြိုးစားလေ့လာခြင်းအပြင် ကျွန်တော်ဟာ တက္ကသိုလ်အတွင်း၌ ကျင်းပသည့်လှုပ်ရှားမှုများလည်း တက်ကြွစွာ ပါဝင်ခဲ့ခြင်းအားဖြင့် ကိုယ်ပိုင်အတွေ့အကြုံမှတစ်ဆင့် မိမိကိုယ်မိမိ တိုးတက်အောင် ပြုစုပျိုးထောင်ခြင်းနှင့် မြန်မာ့ယဉ်ကျေးမှုကိုလည်း လူအများထံသို့ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် မျှော်လင့်ခဲ့ပါတယ်။

၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် တာလီတက္ကသိုလ်သည် “ထိုက်ကျီသိုင်းပညာပြိုင်ပွဲ”ကို ကျင်းပခဲ့ပါတယ်။တရုတ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောကြောင့် ကျွန်တော် ပြိုင်ပွဲတွင်ပါဝင်ရန် နာမည်စာရင်းပေးခဲ့ပြီး စတင်လေ့ကျင့်ချိန်တွင် ခြေလက်လှုပ်ရှားမှုလုပ်ဆောင်ချက်များကို ကြည့်ရန်မခက်သော်လည်း လက်တွေ့မှာဆောင်ရွက်သည့်အခါ ကျွန်တော့အနေဖြင့် ရှုပ်ထွေးမှုနှင့်မမှတ်မိမှုများကြောင့် ခြေလက်လှုပ်ရှားမှုများ သဘာဝကျခြင်းမရှိသဖြင့် အခက်အခဲများ ခံစားခဲ့ရပါတယ်။ သို့သော်လည်း ကျွန်တော်သည် စိတ်ဓာတ်မကျခဲ့ဘဲ စာသင်ချိန်ပြီးတိုင်း နည်းပြဆရာနှင့်အတူ ကြိုးစားအားထုတ်ကာ တက်ကြွစွာ လေ့ကျင့်ခဲ့ပြီး နည်းပြဆရာ၏ လှုပ်ရှားမှုအပြုအမူများကို သေချာစွာကြည့်ရှုလေ့လာခြင်း၊ လှုပ်ရှားမှု၏ အရှိန်နှင့်စွမ်းအင်ကို ကိုယ်တိုင်ခံစားမိအောင် အာရုံစိုက်ခြင်း၊ သင်တန်းပြီးချိန်တွင် မိမိအဆောင်သို့ ပြန်ရောက်ပြီး မှန်ရှေ့တွင် ပြန်လည်သုံးသပ်ခြင်းအားဖြင့် အမှားအယွင်းများကို ပြင်ဆင်ခဲ့ပါတယ်။ ထို့ပြင် ထိုက်ကျီ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအကြောင်းအရာများကို နားလည်လာရန် စာအုပ်စာတမ်းများကိုပါ လေ့လာခဲ့ပါသည်။ လေ့ကျင့်ကာလအတွင်း ကျွန်တော်ဟာ ထိုက်ကျီ၏ ခိုင်မာမှုနှင့် ပျော့ပျောင်းမှု၊ လှုပ်ရှားမှုနှင့် ငြိမ်သက်မှုတို့ကို ပေါင်းစပ်ထားသည့် အတွေးအခေါ်ကို နားလည်လာခဲ့ပြီး ထိုအရာသည် စိတ်ဓာတ်တည်ကြည်ငြိမ်သက်မှုကို ကိုယ်တိုင်ပြုစုပျိုးထောင်သည့် နည်းလမ်းတစ်ခုလည်းဖြစ်ကြောင်း သဘောပေါက်လာခဲ့ပါတယ်။ ပြိုင်ပွဲနေ့တွင် ကျွန်တော်ဟာ ထိုက်ကျီရိုးရာဝတ်စုံကို ဝတ်ဆင်ကာ လေ့ကျင့်ခဲ့သမျှ နားလည်မှုနှင့် စွမ်းရည်များကို လှုပ်ရှားမှုတစ်ခုချင်းစီတွင် သဘောထားအပြည့်ဖြင့် သရုပ်ဖော်ပြသခဲ့ကာ ပြိုင်ပွဲအပြီးတွင် ပရိသတ်များ၏ လက်ခုပ်သံများနှင့် ပြီးမြောက်အောင်မြင်မှုကို ခံစားရသည့်အပြင် “ထူးချွန်သောအားကစားသမား”ဆိုသည့် ဆုတစ်ဆုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီလိုအသိအမှတ်ပြုမှုကြောင့် ကျွန်တော့အတွက် ယဉ်ကျေးမှုဖလှယ်ရေးလမ်းကြောင်းကို ဆက်လျှောက်ရန် ယုံကြည်မှုကို တိုးတက်စေခဲ့ပါတယ်။ 

၂၀၂၄ခုနှစ်ဟာ ကျွန်တော့အတွက် စိန်ခေါ်မှုနှင့် အခွင့်အရေးများ ပြည့်နှက်နေသည့်နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး ထိုနှစ်တွင် ကျွန်တော်ဟာ အရေးကြီးသည့် ပြိုင်ပွဲများစွာတွင် ပါဝင်ခဲ့ကာ ပြိုင်ပွဲတိုင်းသည် ကျွန်တော့အတွက် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှုအတွက် အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။ ထို့ပြင် မတူကွဲပြားသည့် ယဉ်ကျေးမှုများကို စူးစမ်းဖြန့်ကျက်နိုင်သည့် အဖိုးတန်အခွင့်အရေးတစ်ခုလည်း ဖြစ်ခဲ့ကာ နိုင်ငံတကာလူငယ်များအတွက် ကျင်းပသည့် “ပြည်ပယဉ်ကျေးမှုကုန်သွယ်ရေး” စွမ်းရည်ပြိုင်ပွဲတွင် ကျွန်တော်ဟာ တရုတ်နှင့် မြန်မာယဉ်ကျေးမှုများကို နက်ရှိုင်းစွာ နားလည်မှုအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်မှုများနှင့် ကုန်သွယ်မှုများကို မည်သို့မြှင့်တင်ရမည်ကို ရှာဖွေရန် ယဉ်ကျေးမှုထုတ်ကုန်များမှတစ်ဆင့် ဆန်းသစ်သော အကြံပြုချက်များကို တင်ပြခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် ပြင်ဆင်ဖို့ ကျွန်တော်ဟာ အချိန်နဲ့ခွန်အားများစွာ စိုက်ထုတ်ခဲ့ပါတယ်။ မြန်မာနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ၏ယဉ်ကျေးမှုများနှင့် ပတ်သက်သည့် စျေးကွက်အစီရင်ခံစာများကို လေ့လာခြင်း၊ စားသုံးသူများ၏ ယဉ်ကျေးမှုနှစ်သက်မှုများနှင့် ဝယ်လိုအားအချက်အလက်များကို လေ့လာခြင်း၊ကျောင်းပိတ်ရက်အချိန်ကို အသုံးပြုပြီး တရုတ်နှင့် မြန်မာနိုင်ငံတွင် ကွင်းဆင်းသုတေသနများလုပ်‌ဆောင်ခြင်း၊ ယဉ်ကျေးမှုလုပ်ငန်းများနှင့် ရိုးရာလက်မှုပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခြင်းဖြင့် ကိုယ်တွေ့အချက်အလက်များကို စုဆောင်းခဲ့ပါတယ်။ ကျွမ်းကျင်ပညာရှင်များအား တက်ကြွစွာ တွေ့ဆုံမေးမြန်းခဲ့ပြီး မိတ်ဆွေကျောင်းသူ၊ ကျောင်းသားများထံမှ တက်ကြွစွာ ဆွေးနွေးအကြံဉာဏ်ရယူခြင်းနှင့် ဖလှယ်မှုများ ပြုလုပ်ကာ ကျွန်တော့ရဲ့ တင်ဆက်မှုအစီအစဉ်ကို အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ပြိုင်ပွဲနေ့တွင် ကျွန်တော်ဟာ စိတ်လှုပ်ရှားစွာဖြင့် ယုံကြည်မှုရှိရှိ စင်မြင့်ပေါ်တွင် ရပ်တည်ကာ မိမိ၏အမြင်များကို ကျွမ်းကျင်သော တရုတ်ဘာသာစကားဖြင့် အကဲဖြတ်ဒိုင်များနှင့် ပရိသတ်များထံသို့ ရှင်းလင်းဖော်ပြခဲ့ပါတယ်။ ကျွန်တော်ဟာ မြန်မာနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုထူးခြားမှုများကို မည်သို့အသုံးချ၍ ဥပမာအားဖြင့် မြန်မာ့ရိုးရာလက်မှုပညာများနှင့် တရုတ်နိုင်ငံ၏ ခေတ်သစ်ဒီဇိုင်းများ ပေါင်းစပ်ဖန်တီးထားသည့် အလှဆင်ပစ္စည်းများ၊ တရုတ်ဒဏ္ဍာရီပုံပြင်များနှင့် မြန်မာ့ရိုးရာပုံပြင်များကို အခြေခံ၍ ဖန်တီးထားသော ကာတွန်းအနုပညာများ စသည်ဖြင့် စျေးကွက်အလားအလာရှိသော ယဉ်ကျေးမှုထုတ်ကုန်များကို အသေးစိတ် မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်စဉ်အတွင်း ကျွန်တော့ဘဝအတွေ့အကြုံများနှင့် ခံစားချက်များကို မျှဝေခဲ့ပြီး မြန်မာနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ၏ ယဉ်ကျေးမှုများအကြား ကွာခြားချက်များနှင့် အပြန်အလှန် ဖြည့်စွက်နိုင်သော အချက်များကို ပရိသတ်များအား ပိုမိုရှင်းလင်းစွာ နားလည်လာစေခဲ့ပါတယ်။ နောက်ဆုံးတွင် ကျွန်တော့ရဲ့ ကြိုးစားအားထုတ်မှုဟာ “ယဉ်ကျေးမှုဖလှယ်ရေးချစ်ကြည်ရေးဆု” အဖြစ် ချီးမြှင့်ခံရပါတယ်။ယင်းဆုဟာ ကျွန်တော့အတွက် အလွန်အရေးကြီးသောအရာဖြစ်ပြီး ယဉ်ကျေးမှုဖလှယ်ရေးနယ်ပယ်တွင် ကျွန်တော့ရဲ့ တန်ဖိုးကို မြင်တွေ့စေခြင်းနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ယုံကြည်မှုအပြည့် ရှိစေခဲ့ပါတယ်။

၂၀၂၄ခုနှစ် ဧပြီလတွင် ကျွန်တော်ဟာ တာလီတက္ကသိုလ်၏ နိုင်ငံတကာပညာရေးဌာနက ကျင်းပသော ဒုတိယအကြိမ် နိုင်ငံတကာ တရုတ်ဘာသာသင်ကြားရေးစွမ်းရည်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ တရုတ်ဘာသာ နိုင်ငံတကာပညာရေးဘာသာရပ်လေ့လာနေသော ကျောင်းသားတစ်ဦးအနေနှင့် ဒီပြိုင်ပွဲကို ကျွန်တော့အတွက် အဖိုးတန်သော အခွင့်အလမ်းတစ်ရပ်အဖြစ် တွေးဆခဲ့ပြီး ပြိုင်ပွဲအတွက် ပြင်ဆင်စဉ်ကာလအတွင်း ကျွန်တော့ရဲ့ တရုတ်ဘာသာ သင်ယူမှုအတွေ့အကြုံများကို သင်ကြားနည်းဒီဇိုင်းထဲတွင် ထည့်သွင်းပြီး ကျောင်းသားများအတွက် စိတ်ဝင်စားဖွယ်ကောင်းသော သင်တန်းတစ်ခု ဖန်တီးနိုင်ရန် မာလ်တီမီဒီယာကို အသုံးပြု၍ ရိုးရာတေးဂီတများနှင့် ကာတွန်းဗီဒီယိုများကို ပြသခြင်း၊ ဇာတ်ကောင်များနှင့် လှုပ်ရှားမှုများစီစဉ်ခြင်း၊ မြန်မာကျောင်းသားများ၏ လေ့လာမှုပုံစံနှင့် သင်ယူမှု သဘောထားများကို အခြေခံ၍ သင်ခန်းစာစာအုပ်များကို ပြုစုသင်ကြားခဲ့ပါတယ်။ 

ပြိုင်ပွဲတွင် ကျွန်တော်ဟာ သင်ကြားမှုလုပ်ငန်းစဉ်ကို တိကျစွာသရုပ်ပြခြင်း၊ ကျောင်းသူကျောင်းသားများနှင့် တက်ကြွစွာ ဆွေး‌နွေးတုံ့ပြန်ခြင်း၊ ကြွယ်ဝပြီး သဘာဝကျသော ဘာသာစကားလုံးများ၊ မျက်နှာအမူအရာဖော်ပြမှုများနှင့် ထင်ရှားသော လှုပ်ရှားမှုများပါဝင်ကာ သင်ခန်းစာအကြောင်းအရာများကို ပိုမိုနားလည်လွယ်အောင် ကူညီနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာ ကျွန်တော်ဟာ “ထူးချွန်ဆု” ချီးမြှင့်ခြင်းကို ရရှိခဲ့ပြီး ဒီအတွေ့အကြုံဟာ ကျွန်တော့ရဲ့ သင်ကြားရေးစွမ်းရည်ကို တိုးတက်စေသလို ပညာရပ်အပေါ် နက်ရှိုင်းစွာ နားလည်သဘောပေါက်လာစေတဲ့အပြင် ကျွန်တော့ရဲ့ အနာဂတ်တွင် လုပ်ကိုင်လိုသည့် လမ်းကြောင်းကို ပိုမိုတိကျလာစေကာ ယဉ်ကျေးမှုဖလှယ်မှုတွင် မြှင့်တင်သူ ဖြစ်လာစေရန်နှင့် တရုတ်ဘာသာကို ပေါင်းကူးတံတားအဖြစ်အသုံးပြုကာ တရုတ်နိုင်ငံနှင့် နိုင်ငံတကာယဉ်ကျေးမှုများ ဆက်သွယ်ဖလှယ်နိုင်သည့် ပလက်ဖောင်းတစ်ခု တည်ဆောက်လိုသော ကျွန်တော့ရဲ့ရည်ရွယ်ချက်မှာ ထင်ဟပ်လာစေခဲ့ပါတယ်။

ဘွဲ့ရပြီးနောက် ကျွန်တော်ဟာ မြန်မာနိုင်ငံသို့ ပြန်လာကာ တရုတ်ဘာသာသင်တန်းဖွင့်မည်ဟု စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံတွင် သင်ယူခဲ့သော အသိပညာများနှင့် တရုတ်ယဉ်ကျေးမှုအတွေ့အကြုံများကို မြန်မာလူမျိုးများ ပိုမိုသိရှိနိုင်စေရန်အတွက် ဖြန့်ဝေလိုပါတယ်။ ထိုသို့ဖြင့် သူတို့လည်း တရုတ်ဘာသာ၏ ဆွဲဆောင်မှုနှင့် တရုတ်ယဉ်ကျေးမှု၏ ကြီးကျယ်ခမ်းနားမှုကို ခံစားနိုင်ကြမှာဖြစ်ကာ တရုတ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ကျောင်းသားများကို ပြုစုပျိုးထောင်ပြီး တရုတ်နဲ့ မြန်မာနှစ်နိုင်ငံကြား ယဉ်ကျေးမှုဖလှယ်ရေးအတွက် ခိုင်မာတဲ့ တံတားတစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာ့ယဉ်ကျေးမှုရဲ့ ထူးခြားမှုကို တရုတ်မိတ်ဆွေများထံသို့ မိတ်ဆက်ပေးဖို့နှင့် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုများ မြှင့်တင်နိုင်ဖို့ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများကို ပိုမိုကျင်းပနိုင်ရန် မျှော်လင့်ပါတယ်။ယဉ်ကျေးမှုများ ပေါင်းစည်းခြင်းသည် ပြည်သူလူထုများကို ပိုမိုရင်းနှီးစေပြီး မတူညီသောနိုင်ငံများနှင့် လူမျိုးများအကြား အပြန်အလှန်ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ ပြည့်နှက်နေသော ယနေ့ခေတ်တွင် မြန်မာနှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံလူမျိုးများ၏ နှလုံးသားကို ချိတ်ဆက်ပေးကာ မတူကွဲပြားသော ယဉ်ကျေးမှုများကို အပြန်အလှန်ဖလှယ်ခြင်းဖြင့် ပိုမိုတောက်ပလာစေရန်အတွက် ကျွန်တော်ဟာ ယဉ်ကျေးမှု ပေါင်းကူးတံတားတစ်စင်း ဖြစ်လာစေရန် အားထုတ်လိုပါတယ်။ကျွန်တော့လိုပဲ မျိုးဆက်သစ်များ၏ ကြိုးပမ်းအားထုတ်မှုများဖြင့် ကမ္ဘာကြီးကို ယဉ်ကျေးမှုဖလှယ်မှု၏ အရေးပါမှုကိုပိုမိုသိရှိစေရန်၊ ယဉ်ကျေးမှုနောက်ခံကွာခြားသည့် လူမျိုးတို့သည် ပူးပေါင်းဆောင်ရွက်ကာ ပိုမိုလက်ခံနိုင်မှုရှိသော၊ ညီညွတ်အေးချမ်းသောနှင့် သာယာလှပသော အနာဂတ်တစ်ခုကို တည်ဆောက်နိုင်ကြစေရန်နှင့် ယဉ်ကျေးမှုကွဲပြားမှုများသည် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးရှိသော သဘာဝအမွေအနှစ်တစ်ခု ဖြစ်လာစေရန် ကျွန်တော် ပို၍မျှော်လင့်ပါတယ်။

分享到: