《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】中缅建交75周年之际的国礼沉思
三等奖
中缅建交75周年之际的国礼沉思
云南民族大学学生王腾瑶
中缅两国,山水相依,似一对亲密无间的邻里,共享着自然的馈赠;文化同脉,如两棵根脉相连的大树,汲取着相同的文化养分。自1950年正式建交,两国在政治、经贸、人文等各领域的友好交往如一幅徐徐展开的画卷,不断增添着绚丽色彩,谱写着一曲曲感人至深的“胞波”情谊之歌。
我怀着崇敬与期待,踏入北京中央礼品文物管理中心的展区。因学习缅语的缘故,展厅里那些带着缅文题词的展品,如同磁石一般吸引着我。那些流畅的圆形文字,仿佛是时光的密码,藏着缅甸人民对新中国最初的诚挚祝福与殷切期待。我的指尖轻轻划过展柜玻璃,仿佛能触摸到那跨越七十五载的友谊温度。今年是中缅建交75周年,这些静静陈列的国礼不再是冰冷的文物,而是一部用物质书写的鲜活外交史,是“胞波”情谊最生动的注脚,诉说着中缅两国75载绵延不绝的深情厚谊。
象牙雕狮:和平共处五项原则的启航
1954年12月,缅甸总理吴努赠予毛泽东主席的象牙雕狮,是我踏入展厅后,第一眼便被深深吸引的展品。那温润的牙色,沉淀着和平共处的初心。在缅甸文化中,狮子象征着力量与守护,而这份礼物背后,承载着中缅两国共同倡导和平共处五项原则这一具有重大历史意义的时刻。此刻,我方才真正懂得,这份跨越世纪的智慧传承,早已深深融入两国交往的基因之中。
这段历史让我深刻领悟到,中缅友谊的起点,不仅仅是外交关系的正式建立,更是两国人民心灵的悄然靠近。象牙雕狮,它不仅仅是一件礼物,更是缅甸对中国的信任与期待的象征,它寓意着两国共同追求和平与发展的坚定决心。
1979年7月,缅甸总理吴貌貌卡访华,向邓小平赠送了錾花四足银烟盒。这一礼物,不仅淋漓尽致地体现了缅甸人民的匠心工艺,更象征着两国领导人之间深厚的友谊。邓小平同志在会谈中着重强调,中缅两国应继续加强合作,携手共同推动地区的和平与繁荣。
金漆凤首箜篌:经贸合作与文化交融的见证
1997年3月,缅甸外贸部长貌伦赠予的金漆凤首箜篌,是展厅中最令我惊叹的展品之一。这件乐器造型优美至极,琴身恰似孔雀昂首,琴弦如风帆张起,每一处细节都彰显着缅甸艺人的精湛技艺。作为一名学习缅甸文化的学生,我深知箜篌在缅甸传统音乐中占有重要地位,而这份礼物,不仅是艺术的璀璨结晶,更是两国经贸合作与文化交流的生动象征。
在学习缅甸语的过程中,我曾多次聆听缅甸传统音乐,箜篌的琴声总是让我感受到一种宁静与优雅。而这份礼物让我明白,中缅两国的交往不仅是政治与经济的合作,更是文化的交融与心灵的共鸣。正如箜篌的琴声,是两国人民在交流中谱写出的和谐乐章,悠扬而动听。
翡翠雕龙与白马寺佛塔:友谊的传承与升华
2001年12月,时任缅甸联邦国家和平与发展委员会主席丹瑞大将赠予江泽民主席的翡翠雕龙摆件,让我感受到两国友谊的深厚与永恒。翡翠是缅甸的国宝,而龙是中华文化的象征,这份礼物寓意着两国文化的交融与友谊的升华。
2014年6月,时任缅甸总统吴登盛赠予习近平总书记的白马寺缅式佛塔落成纪念牌,则让我看到了两国人文交流的丰硕成果。习近平总书记表示,中方欢迎缅方参与21世纪海上丝绸之路建设,这为两国经贸合作注入了新的动力。中缅在基础设施建设、能源开发、农业合作等领域的合作不断深化,为两国人民带来了实实在在的利益。白马寺是中国佛教的“祖庭”,而缅甸风格的佛塔在其中落成,不仅体现了佛教文化的共鸣,更象征着两国人民心灵的相通。这份礼物让我明白,中缅友谊不仅是历史的积淀,更是未来的希望。
走出展厅时,夕阳为中央礼品文物管理中心披上金色外衣。回望这座保存友谊记忆的建筑,我想到自己学习缅甸语的初心。七十五年前,前辈们用诚意打开交往之门;今天,我们需要用更精湛的语言能力、更深入的文化理解,去传承这份情谊。国礼是凝固的历史,而我们是流动的使者。在建交75周年的新起点上,中缅友谊正等待年轻一代书写新的篇章——用比礼物更持久的心意,用比文字更深厚的理解,让“胞波”之情在新的时代绽放更耀眼的光芒。
……………………
象牙雕狮与金漆凤首箜篌
ဆင်စွယ်ခြင်္သေ့ရုပ်တုနှင့် ရွှေရောင်အလှဆင်ထားသော ဇာမဏီငှက်ဦးခေါင်းပုံဖော်ထားသည့် စောင်းတူရိယာ
翡翠雕龙
ကျောက်စိမ်းနဂါးရုပ်တုများ
白马寺缅式佛塔落成纪念牌
မြင်းဖြူကျောင်းတွင် ရွှေတိဂုံပုံတူစေတီတော် ပြီးစီးခြင်းအထိမ်းအမှတ် ကမ္ဗည်းပြား
缅甸总理吴貌貌卡访华,向邓小平赠送了錾花四足银烟盒
မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးမောင်မောင်ခသည် တရုတ်နိုင်ငံသို့သွားရောက်စဉ် တိန့်ရှောင်ဖိန်အား လက်ဆောင်အဖြစ်ပေးအပ်ခဲ့သည့် ငွေရောင်စီးကရက်ဘူး
…………..
တတိယဆု
တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅နှစ်မြောက် အခါသမယတွင်
နိုင်ငံတော်လက်ဆောင်များကို ပြန်လည်စဉ်းစားတွေးတောခြင်း
Wang Tengyao
ကျောင်းသူ၊ ယူနန်ပြည်နယ်တိုင်းရင်းသားတက္ကသိုလ်
တရုတ်နှင့် မြန်မာတို့သည် ရေမြေတောတောင်ချင်းဆက်စပ်နေပြီး သဘာဝ၏ လက်ဆောင်များကို မျှဝေခံစားသည့် ရင်းနှီးသော အိမ်နီးချင်းစုံတွဲတစ်တွဲပမာပင် ဖြစ်သည်။ ယင်းအပြင် ယဉ်ကျေးမှုအရင်းအမြစ်တူသဖြင့် အမြစ်တစ်ခုတည်းမှ ဆင့်ပွားထွက်လာသည့် သစ်ပင်နှစ်ပင်ကဲ့သို့ ယဉ်ကျေးမှုအာဟာရကို တူညီစွာ ရယူလျက်ရှိကြသည်။ ၁၉၅၀ပြည့်နှစ်တွင် တရားဝင် သံတမန်ဆက်ဆံရေးထူထောင်ပြီးကတည်းက နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု စသည့် နယ်ပယ်အသီးသီးတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုများသည် တဖြည်းဖြည်း ပေါ်ထွက်နေသော ပန်းချီကားတစ်ချပ်သဖွယ်ဖြစ်ပြီး တောက်ပသော အရောင်အသွေးများကို အဆက်မပြတ် ဖြည့်ဆည်းပေးကာ လူအများအား နက်နက်ရှိုင်းရှိုင်းခံစားစေသည့်“ပေါက်ဖော်”ချစ်ကြည်ရေး တေးသွားများကို ရေးဖွဲ့စေခဲ့ကြသည်။
ကြည်ညိုလေးစားမှုဖြင့် ကျွန်တော်ဟာ ဗဟိုလက်ဆောင်ပစ္စည်းနှင့် ရှေးဟောင်းပစ္စည်းစီမံခန့်ခွဲရေးစင်တာ(ပေကျင်း) (Central Gifts and Artifacts Center)၏ ပြပွဲဧရိယာသို့ ဝင်ရောက်ခဲ့သည်။ကျွန်တော်သည် မြန်မာစာကို သင်ယူနေခြင်းကြောင့် ပြပွဲခန်းမထဲက မြန်မာစာဖြင့် ရေးသားဖော်ပြထားသော ပစ္စည်းများသည် ကျွန်တော့ကို ဆွဲဆောင်နေပါသည်။ချောမွေ့သော စက်ဝိုင်းအက္ခရာများသည် အချိန်ကာလ၏ လျှို့ဝှက်သင်္ကေတဟု ထင်ရပြီး ယင်းအက္ခရာများတွင် မြန်မာလူမျိုးများ၏ စိတ်ရင်းမှန်ဖြင့် ကောင်းချီးများနှင့် တရုတ်နိုင်ငံသစ်အတွက် ထက်သန်သော မျှော်လင့်ချက်များ ပါဝင်သည်။ ကျွန်တော့ လက်ချောင်းများသည် ဖန်သားပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်သောအခါ ၇၅နှစ်ကြာသော ခင်မင်ရင်းနှီးမှု၏ နွေးထွေးမှုကို ထိတွေ့နိုင်သကဲ့သို့ ဖြစ်သွားသည်။ ယခုနှစ်သည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်သည့် ၇၅နှစ်မြောက် နှစ်တစ်နှစ် ဖြစ်သည်။ ဤဆိတ်ငြိမ်စွာ ပြသထားသော နိုင်ငံတော်လက်ဆောင်များသည် အေးစက်စက် ယဉ်ကျေးမှုအမွေအနှစ်များ မဟုတ်တော့ဘဲ ရုပ်ဝတ္ထုပစ္စည်းများဖြင့် ဖော်ကျူးထားသည့် ကွက်ကွက်ကွင်းကွင်းဖြစ်သော သံတမန်ရေးရာ သမိုင်းကြောင်းများပင် ဖြစ်သည်။၎င်းတို့သည် “ပေါက်ဖော်”ချစ်ကြည်ရေး၏ အထင်ကရအဖြစ်ဆုံး အထောက်အထားတစ်ခုဖြစ်၍ တရုတ်နှင့် မြန်မာတို့၏ ၇၅နှစ်ကြာ ချစ်ခင်ရင်းနှီးမှုကို ပြောပြနေလေသည်။
ဆင်စွယ်ခြင်္သေ့ရုပ်တု - ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်၏ အစ
၁၉၅၄ခုနှစ် ဒီဇင်ဘာလတွင် မြန်မာဝန်ကြီးချုပ်ဦးနုက ဥက္ကဋ္ဌမော်စီတုန်းအား လက်ဆောင်အဖြစ်ပေးအပ်သည့် ဆင်စွယ်ခြင်္သေ့ရုပ်တုသည် ကျွန်တော် ပြပွဲခန်းမထဲသို့ဝင်သောအခါ ပထမဆုံး နက်နက်ရှိုင်းရှိုင်း ဆွဲဆောင်နေသည့်ပစ္စည်း ဖြစ်လေသည်။ နွေးထွေးသော ဆင်စွယ်အရောင်သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရန် မူလရည်ရွယ်ချက်ကို ဖော်ညွှန်းသည်။ မြန်မာ့ယဉ်ကျေးမှုတွင် ခြင်္သေ့သည် ခွန်အားနှင့် ကာကွယ်ပေးမှုကို ကိုယ်စားပြုသည်။ ဤလက်ဆောင်၏ နောက်ကွယ်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတူတွ အဆိုပြု ထောက်ခံအားပေးခဲ့ကြသည့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ချက် ဖြစ်သည့် သမိုင်း၏ အရေးပါဆုံးအချိန်ကို သယ်ဆောင်ထားသည်။ ရာစုနှစ်များကြာအောင် ဖြတ်သန်းခဲ့သော ဤအသိပညာအမွေအနှစ်သည် ကျွန်တော်တို့ နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်မှုများတွင် နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းထားသည်ကို ထိုအချိန်အခါတွင် ကျွန်တော် အမှန်တကယ် နားလည်လာပါသည်။
ဤသမိုင်းကာလသည် ကျွန်တော့ကို နက်နက်ရှိုင်းရှိုင်း သိမြင်လာစေသည်။ တရုတ်-မြန်မာချစ်ကြည်ရေး၏ အစပြုသည့်အချက်မှာ သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ခဲ့ရုံသာမက နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားများ ရင်းနှီးမှုလည်းဖြစ်သည်။ ဆင်စွယ်ခြင်္သေ့ရုပ်တုသည် လက်ဆောင်တစ်ခုသာမက မြန်မာနိုင်ငံ၏ တရုတ်နိုင်ငံအပေါ် ယုံကြည်မှုနှင့် မျှော်လင့်ချက်သင်္ကေတလည်း ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပူးတွဲလုပ်ဆောင်ရန် နှစ်နိုင်ငံ၏ ခိုင်မာသောသန္နိဋ္ဌာန်ကို ဖော်ညွှန်းသည်။
၁၉၇၉ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံဝန်ကြီးချုပ်ဦးမောင်မောင်ခသည် တရုတ်နိုင်ငံသို့သွားရောက်စဉ် တိန့်ရှောင်ဖိန်အား ငွေရောင်စီးကရက်ဘူးကို လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ ဤလက်ဆောင်သည် မြန်မာလူမျိုးများ၏ လက်မှုပညာကို အပြည့်အဝထင်ဟပ်စေရုံသာမက နှစ်နိုင်ငံခေါင်းဆောင်များအကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုပါသည်။ ဆွေးနွေးပွဲအတွင်း တိန့်ရှောင်ဖိန်က တရုတ်နှင့် မြန်မာတို့သည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို မြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေရန် အတူတကွလုပ်ဆောင်သင့်သည်ဟု အလေးအနက် ပြောကြားခဲ့သည်။
ရွှေရောင်အလှဆင်ထားသော ဇာမဏီငှက်ဦးခေါင်းပုံဖော်ထားသည့် စောင်းတူရိယာ - စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုပေါင်းစည်းမှု၏ သက်သေ
၁၉၉၇ခုနှစ် မတ်လတွင် မြန်မာနိုင်ငံကုန်သွယ်ရေးဝန်ကြီးဦးမောင်လွင်က လက်ဆောင်အဖြစ် ပေးအပ်သည့် ရွှေရောင်အလှဆင်ထားသော ဇာမဏီငှက် ဦးခေါင်းပုံဖော်ထားသည့် စောင်းတူရိယာသည် ပြပွဲခန်းမအတွင်း အံ့သြဖွယ်ရာ အကောင်းဆုံးပြသပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ ဤတူရိယာသည် ပုံသဏ္ဍာန် အလွန်လှပသည်။တူရိယာ၏ ကိုယ်ထည်သည် ဦးခေါင်းကို မြှင့်ထားသော ဒေါင်းတစ်ကောင်နှင့် တူပြီး ကြိုးများသည် ရွက်လှေ၏ ရွက်လွှင့်နေသည်နှင့် တူသည်။ အနုစိတ်တိုင်းသည် မြန်မာအနုပညာရှင်များ၏ ပြောင်မြောက်သော လက်ရာကို ပြသသည်။မြန်မာ့ယဉ်ကျေးမှုကို လေ့လာနေသည့် ကျောင်းသားတစ်ယောက်အနေနှင့် စောင်းတူရိယာသည် မြန်မာ့ရိုးရာဂီတတွင် အရေးပါသည့်အရာတစ်ခုအဖြစ် ရပ်တည်နေသည်ကို ကျွန်တော် ကောင်းကောင်းသိပါသည်။ ဤလက်ဆောင်သည် အနုပညာ၏ ထူးခြားလှပမှုသာမက နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်ခြင်း၏ သက်ဝင်လှုပ်ရှားသော သက်သေတစ်ခုလည်း ဖြစ်သည်။
မြန်မာစာကို သင်ယူနေစဉ်အတွင်း မြန်မာ့ရိုးရာဂီတကို ကြိမ်ဖန်များစွာ နားထောင်ဖူးပါသည်။ စောင်းတူရိယာ၏ အသံသည် ငြိမ်သက်ခြင်းနှင့် ကျက်သရေရှိမှုကို ခံစားရသည်။ တရုတ်နှင့် မြန်မာအကြား ဖလှယ်မှုများသည် နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများသာမက ယဉ်ကျေးမှုပေါင်းစည်းမှုနှင့် စိတ်ဝိညာဉ်၏ ပဲ့တင်ထပ်မှုလည်း ဖြစ်နေကြောင်း ယင်းလက်ဆောင်မှ ကျွန်တော့အား နားလည်သဘောပေါက်စေခဲ့သည်။ စောင်းတူရိယာအသံသည် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်ဖလှယ်မှုတွင် သာယာနာပျော်ဖွယ် သီကုံးထားသည့် တေးသံသာဖြစ်ပြီး ငြိမ့်ညောင်းလှပါသည်။
ကျောက်စိမ်းနဂါးရုပ်တုများနှင့် မြင်းဖြူဘုရားကျောင်းစေတီ - ချစ်ကြည်ရေးကို အမွေဆက်ခံပြီး မြှင့်တင်
၂၀၀၁ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးသန်းရွှေမှ သမ္မတကျန်ဇီမင်းအား လက်ဆောင်အဖြစ် ပေးအပ်သည့် ကျောက်စိမ်းနဂါးရုပ်တုသည် နှစ်နိုင်ငံချစ်ကြည်ရေး နက်ရှိုင်းပြီး ထာဝရတည်မြဲမှုဖြစ်ကြောင်း ကျွန်တော့အား ခံစားစေခဲ့သည်။ကျောက်စိမ်းသည် မြန်မာနိုင်ငံ၏ နိုင်ငံတော်ရတနာဖြစ်ပြီး နဂါးသည် တရုတ်ယဉ်ကျေးမှု၏ သင်္ကေတဖြစ်သည်။ ဤလက်ဆောင်သည် နှစ်နိုင်ငံယဉ်ကျေးမှုများ ပေါင်းစည်းမှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်လာခြင်းကို ကိုယ်စားပြုသည်။
၂၀၁၄ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်မှ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်အား လက်ဆောင်အဖြစ် ပေးအပ်သည့် မြင်းဖြူကျောင်းတွင် ရွှေတိဂုံပုံတူစေတီတော် ပြီးစီးခြင်းအထိမ်းအမှတ် ကမ္ဗည်းပြားသည် ကျွန်တော့အား နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ခြင်း၏ အောင်မြင်ခြင်းအသီးအပွင့်များ မြင်တွေ့စေခဲ့သည်။ အထွေထွေအတွင်းရေးမှူးရှီကျင့်ဖိန်က ၂၁ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကြီး တည်ဆောက်ရာတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ပူးပေါင်းပါဝင်မှုကို ကြိုဆိုကြောင်း၊ယင်းသည် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတွင် တွန်းအားသစ်များ ဖြည့်ဆည်းပေးသည်ဟု ပြောကြားခဲ့သည်။ အခြေခံအဆောက်အအုံတည်ဆောက်ရေး၊ စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု စသည့် နယ်ပယ်များတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမိုနက်ရှိုင်းလာကာ နှစ်နိုင်ငံပြည်သူများအတွက် စစ်မှန်သော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးခဲ့ပါသည်။မြင်းဖြူကျောင်းသည် တရုတ်ဗုဒ္ဓဘာသာ၏ “ဘိုးဘွားကျောင်းတော်” ဖြစ်ပြီး ၎င်းတွင် ရွှေတိဂုံပုံတူစေတီတော် တည်ထားခြင်းသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုအတွေးအခေါ် အမှန်တကယ်တူညီမှုရှိကြောင်း ထင်ဟပ်စေရုံသာမက နှစ်နိုင်ငံပြည်သူများအကြား စိတ်ဝိညာဉ်ဆက်စပ်မှုကိုလည်း ကိုယ်စားပြုပါသည်။ ယင်းလက်ဆောင်က ကျွန်တော့ကို နားလည်သဘောပေါက်စေသည်မှာ တရုတ်-မြန်မာချစ်ကြည်ရေးသည် သမိုင်း၏ စုစည်းမှုသာမက အနာဂတ်အတွက် မျှော်လင့်ချက်လည်း ဖြစ်ပါသည်။
ပြပွဲခန်းမမှ ထွက်လာစဉ် နေရောင်သည် ဗဟိုလက်ဆောင်ပစ္စည်းနှင့် ရှေးဟောင်းပစ္စည်းစီမံခန့်ခွဲရေးစင်တာ (ပေကျင်း) ကို ရွှေရောင်ကုတ်အင်္ကျီအလား လွှမ်းခြုံပေးထားပါသည်။ခင်မင်ရင်းနှီးမှုကို ထိန်းသိမ်းထားသည့် ယင်းအဆောက်အအုံကိုပြန်ကြည့်ရင်း မြန်မာစာကို သင်ယူသည့် မူလရည်ရွယ်ချက်ကို ပြန်စဉ်းစားမိခဲ့သည်။ လွန်ခဲ့သော ၇၅နှစ်က ကျွန်တော်တို့၏ ရှေးလူကြီးသူမများက ရိုးသားမှုဖြင့် ဆက်သွယ်ရန် တံခါးဖွင့်ပေးခဲ့သည်။ ယနေ့တွင် ကျွန်တော်တို့သည် ဤချစ်ကြည်ရင်းနှီးမှုကို ဆက်ခံရန် ပိုမိုကျွမ်းကျင်သော ဘာသာစကားစွမ်းရည်နှင့် ပိုမိုနက်ရှိုင်းသော ယဉ်ကျေးမှု နားလည်သဘောပေါက်မှုကို အသုံးပြုရန်လိုအပ်ပါသည်။ နိုင်ငံတော်လက်ဆောင်သည် သမိုင်းကြောင်းကို ခိုင်မာစေပြီး ကျွန်တော်တို့သည် ထင်ရှားသော သံတမန်များ ဖြစ်သည်။သံတမန်ဆက်ဆံရေး တည်ထောင်ခြင်း ၇၅ နှစ်မြောက် စမှတ်သစ်တွင် တရုတ်-မြန်မာချစ်ကြည်ရေး သမိုင်းစာမျက်နှာသစ် ရေးထိုးရန် မျိုးဆက်သစ်လူငယ်များကို စောင့်မျှော်နေကြသည်။လက်ဆောင်တစ်ခုထက် ပိုရှည်လျားသော နှလုံးသားဖြင့်၊ စကားလုံးများထက် ပိုမိုနက်နဲသော နားလည်မှုဖြင့် “ပေါက်ဖော်” ချစ်ကြည်ရေး ခေတ်သစ်တွင် ပိုမိုထွန်းလင်းတောက်ပပါစေ။