> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】建立亲密和爱的纽带


三等奖

建立亲密和爱的纽带

皎漂社会经济与援助协会主席 吴觉觉梭

中缅两国亲密友好,已建交75周年,但彼此间友好交往远不止75年。缅甸在1948年脱离英殖民统治获得独立后,与中华人民共和国于1950年6月8日正式建交,促进了两国边境和平稳定、经贸往来、教育和人文交流等。两国边境线漫长,已有数百年的贸易和人文交流历史。

中国拥有良好的政策和制度,并取得了巨大进步,在经济和其他领域都处于世界领先地位。在良好的治理下,中国在诸多方面的成就有目共睹,包括民众权利得到提升,人均GDP不断增长,法治日渐完善,文化遗产走向世界,旅游业蓬勃兴旺,国防日渐强大,作为经济核心的优质产品不断生产,大量工业园和深水港纷纷建成。

为了让全世界人民携手共建命运共同体,中国已开始实施能够与包括缅甸在内的各国联通的“一带一路”项目。中国像同胞和好友一样帮助和支持缅甸,为学生们提供免费赴华学习机会,邀请缅方考察,开设各类课程,组织各经济领域的贸易展销会,开展两国间贸易互通,到缅甸进行投资,在缅甸遭受自然灾害时提供人道主义援助,提供缅甸真正需要的援助,进行文化交流和开展各类活动。

从全国范围来看,中缅友好在曼德勒、仰光等大城市更加凸显,但有一个少数民族地区是例外,在这里中国人和当地人间建立了深厚的友情,个中缘由令人不由得心生好奇。这个地区就是位于缅甸西部边陲若开邦延白岛上的皎漂。此前极少有外国人来到若开邦,仅有少量外国人到访若开邦的首府实兑市,这其中中国人就更加稀少。

每当有外国人到来,当地人总是用好奇的眼神看着他们,并且害怕与他们眼神接触。2010年前,由于中缅油气管道项目即将开工建设,中国人开始来到皎漂,克服困难和挑战启动项目。笔者亲身经历了2010年前项目即将开工和2015年项目建成后的诸多变化——皎漂当地的基础设施变得更全更好,当地民众的收入得到提升,工作机会更多,商业得到发展,更多人愿意留在当地定居等。举个小例子的话,从前很多骑自行车的人,现在都纷纷开上了摩托车或者汽车。

2015年,中信公司因为项目来到皎漂,最令人惊讶的一件事是,他们首先拜访了村头的寺庙,听取僧侣的建议。当地民众都是虔诚的佛教徒,非常崇信佛和法,对僧侣也十分恭敬。因此,当他们看到中国人来到寺庙听取僧侣建议时,心里就有了不一样的感觉。

随后,中信公司的负责人和当地父老们见面商谈,询问当地情况,认真记录当地人的反馈,并对未来给予激励。包括笔者在内的当地父老、组织等,都特别喜欢中信在会谈中曾说过的一句话,即“中信的目标之一是与当地民众合作,并始终把当地利益放在首位”。就是这句话,打动了当地民众的心。

笔者本人在一开始时也没有太把这当回事。之后得知中信要向当地学生捐赠文具和书包时,包括笔者在内的本地人都一起配合中信。学生家长们非常高兴,依照佛教传统对中信送上祝福。之后中信联合体向当地捐建了青年中心,作为青年能力建设项目的基地,并多次在该中心开办电工、英语、中文培训,引发了当地民众的关注。大家开始对中信到底是一家什么样的公司感到好奇。

新冠疫情期间,皎漂的情况和其他地区一样的糟糕,由于隔离政策,大家遭遇了各种困难。当地父老和组织开会讨论到防护服、口罩、食品短缺的问题时,都没什么好的解决办法。笔者由于与中信相对熟悉,就建议向中信寻求帮助。当笔者试着与中信联系时,听到中信的负责人说“别泄气,我们一定努力想办法”时,就仿佛溺水者抓到了救命稻草一样,尽管知道可能性不大,但依然抱有一丝希望。而日子就在缺少防护服和口罩等物资的重重困难中继续前行。

几天后,中信回应将提供帮助,我们都高兴得留下了眼泪。大家专门组建了管委会,以有序接收并分发中信援助的防护服、口罩、喷雾器和大米等物资。我在想,得到当地民众祝福的中信公司,也会同样感到由衷的欣喜吧。皎漂被评为受新冠疫情影响较小的地区,而中信援助的恩情也将永远铭记在我们心中。

到了2021年,新冠肺炎疫情造成氧气需求量大增,我们踌躇再三后再次向中信提出捐赠氧气瓶的请求。中信再次承诺提供帮助,计划从仰光采购150个氧气瓶。但由于仰光无法买到氧气瓶,中信克服诸多困难,辗转从中国到仰光,再从仰光到皎漂,将氧气瓶运送到了我们手上。这批援助解决了皎漂医院对氧气瓶的需求。时隔一年多,新冠肺炎疫情得到控制后,中信再次来到皎漂,大家重逢时想起此前捐赠的情谊,彼此相谈甚欢。当笔者忐忑问出中信2次捐赠的总额时,才得知中信捐赠了74万元人民币,令我赞叹敬佩不已。正如谚语“一人怀慈爱,一人念善缘”所说,不知不觉间彼此的情谊已深埋众人心底。

或许是受到我们本地人情意的感染吧,中信心中的善意也愈发深厚,为了帮助皎漂建设美好未来,中信与我们进一步广泛探讨了在卫生、教育等领域提供帮助,这就是“皎漂未来”移动诊所项目诞生的原因之一。皎漂地区只有镇上有医院,农村地区没有医院,村子里的护士1人要负责1000多人的看病问题。那些乘车无法抵达的村庄、仅靠水路进出的村庄、雨季到来只能步行进出的村庄的村民,不仅得不到及时的医疗卫生服务,还极度欠缺卫生健康知识。移动诊所项目要到这样的地方去提供免费问诊、免费发放药物、开展卫生健康知识宣讲,真的能够长期实施下去吗?我的心里开始产生这样错误的疑虑。

正当我疑心这个项目无法长期开展,只实施一次就完事了的时候,中信表示移动诊所项目是一个长期项目,计划每年开展。听闻这番话,我为自己那错误的怀疑而感到深深的自责。中信的朋友们手提肩扛物资设备,事无巨细统筹安排,大家前往一处偏远的村庄问诊,不仅需要坐船,还要步行约15分钟,就这样,移动诊所项目正式启动了。当我们在心里暗自叫苦的时候,中国朋友们的脸上却洋溢着欣喜的笑容。最开始,参与项目的护士们不太愿意前往这些偏远的村庄,但在中信善意的感染下,她们也积极地投入了进来。

在问诊过程中我们遇到了一些从未去医院看过病的村民,这不仅令我们难以置信,也令人感到叹息。中信特意叮嘱医护们要耐心细致为这些身患高血压、心脏病、肾病却不自知的村民们问诊,这份善意独一无二也难以言表。2022年,移动诊所项目成功为20个村1600余人提供了问诊服务。

对村民而言,他们此前从未遇到过类似这般免费提供问诊的机会。当他们问到下一次何时能再来帮他们看看病时,笔者的心口泛起一阵酸楚。虽然知道这是一个长期项目,但笔者还是羞于对中信提要求,只能犹犹豫豫地安慰村民们道“如果有机会我们还会再来的”。笔者知道虽然中信的负责人富有爱心,但他们开展项目也必须遵守一定的程序,因此笔者不敢给村民们任何保证,但心底期待着也在相信着,中信说了将长期开展这个项目,就一定会说到做到。在我们离开村庄时,村民们给我们送上了香蕉和椰子,所谓礼轻情意重,感受着这份情意,我也真心希望村民们的期盼能够成真。

2023年5月,一则意料之外的消息点燃了我们的希望——为提供更精准的问诊服务,移动诊所项目将配备移动化验分析仪、心电图仪等设备!医生、护士、志愿者们听闻这一消息后激动得坐立难安,看着这一幕笔者也十分欣喜。

2023年6月,在风雨交织中,我们集合了医生护士,众人将疲惫抛之脑后,神采奕奕地开启了移动诊所项目第二期。抵达村庄后,中信的负责人不忘本地风俗,前去拜访了村头寺庙的僧侣,真是令人欣喜啊。我们所到的每一个村庄,村民们都一遍又一遍地重复着“你们真的又来了!”“太感谢了!”“请你们以后也要再来呀!”,让人听了不由得心头泛起阵阵酸涩。中国的朋友听闻这些话之后对笔者说,他们为此感到由衷地高兴,这种感觉无与伦比。2023-2024年,移动诊所项目为30个村2300余人提供了免费问诊。村民们期盼2025-2026年度移动诊所项目的模样浮现在脑海中,笔者再次期盼项目能够继续实施下去。

每逢自然灾害降临,中信总是主动提供援助。“摩卡”风灾发生时,中信为若开邦受灾民众捐赠了价值10万元人民币的防雨布、钢瓦和铁钉等物资,2025年为曼德勒和内比都的地震受灾民众捐赠了价值40万元人民币的救援帐篷、蚊帐、大米、食用油、饮用水和发电机等物资。

开学季来临,孩童们兴奋地穿梭在雨中,步行前往学校上学。如果我说这些孩子中,有些人只能早饭和午饭合为一顿、有些人不吃早饭空着肚子就去上学、有些人的父母不吃饭只为将食物让给孩子,你们敢相信吗?还有大量的孩子吃不上菜,只能吃点大米饭就去上学。因此,当笔者听到中信和中国乡村发展基金会表示要为皎漂的小学生实施“微笑儿童”供餐项目时,我的心情也非常激动。

项目为6所小学498名学生提供了免费的午餐。孩子们在一片欢声笑语中井然有序排着队打饭用餐的画面和他们在家吃饭的画面浮现在笔者脑海,引发了思绪万千。如果你们也在不同的人生中,亲身体会过有能力的人为有需要的人提供帮助所带来的快乐,就会对悲伤和喜悦有更深刻地认识。当地民众的感谢和情谊,中信的人道主义精神和所开展公益项目,为中缅友谊开启了新的大门。

在过去的十多年间,中信实实在在地在医疗卫生、教育和其他领域开展了多个长期民生项目,使得本地民众的观念发生了转变。总体而言,本地民众的观点、知识和经历逐渐成熟。最后,祝愿中缅两国跨过重重挑战,两国友好邦交不断深化,从75周年到750周年乃至更长更远,永远坚不可摧。

………….

2022年至2024年,笔者协助中信缅甸在皎漂实施“皎漂未来”移动诊所项目,累计开展50次问诊,为近4000名当地民众提供了免费诊疗服务。

၂၀၂၂ခုနှစ်မှ ၂၀၂၄ခုနှစ်တွင် စာရေးသူသည် CITIC Myanmar ကုမ္ပဏီမှ ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် “ကျောက်ဖြူအနာဂတ်”ရွေ့လျားဆေးခန်းစီမံကိန်းတွင် ကူညီဆောင်ရွက်ပေးစဉ်။ထိုစီမံကိန်းသည် အကြိမ်၅၀တိုင် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပြီး ဒေသခံပြည်သူ၄၀၀၀နီးပါးကို ကူညီပေးခဲ့ပါသည်။

2023年,笔者协助中信缅甸在皎漂实施“微笑儿童”小学生营养餐项目

၂၀၂၃ခုနှစ်တွင် စာရေးသူသည် CITIC Myanmarကုမ္ပဏီမှ ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် “အာဟာရပြည့်ဝကလေးငယ်တို့ဘဝစီမံကိန်း”တွင် ကူညီဆောင်ရွက်ပေးစဉ်။

………………….

တတိယဆု

ရင်းနှီးကျွမ်းဝင်မေတ္တာနှောင်ဖွဲ့ဆီသို့

‌ဦးကျော်ကျော်စိုး

Chairman, Kyaukphyu Socio-Economic and Assistant Association

တရုတ်-မြန်မာချစ်ကြည်ရင်းနှီးစွာ အတူတကွ သံတမန်ဆက်ဆံလာသည်မှာ ၇၅နှစ်တိုင်ရှိခဲ့လေပြီ။ ၇၅နှစ်ဟု သတ်မှတ်ထားသော်ငြားလည်း ၎င်းထက် ရှေးကျပြီး ရင်းနှီးကျွမ်းဝင် ဆက်ဆံလာနိုင်ခြေများစွာ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ်မှာ  ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်ရေးရရှိပြီး ၁၉၅၀ပြည့်နှစ် ဇွန်လ ၈ရက်နေ့တွင် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးကို တရားဝင်ထူထောင်ခဲ့ပါသည်။ ဤဆက်ဆံရေးသည် နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ ကုန်သွယ်မှုမျှတစေရေး၊ နှစ်နိုင်ငံအကြား ပညာရေး၊ စီးပွားရေး ၊လူမှုရေး ဖလှယ်ခြင်းတိုးတက်စေရေးတို့ကို ရှေးရှုခဲ့ပါသည်။ ရှည်လျားသော နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ထားသည့် အိမ်နီးချင်းနှစ်နိုင်ငံအကြား ကုန်သွယ်မှုများ ရွှေ့ပြောင်းသွားလာနေထိုင်သူများမှတစ်ဆင့် ယဉ်ကျေးမှုဖလှယ်မှုများမှာ ရာစုနှစ်များစွာကတည်းက တည်ရှိခဲ့ပေသည်။

တရုတ်နိုင်ငံသည် မူဝါဒကောင်း၊ စနစ်ကောင်းတို့ကို ပိုင်ဆိုင်ထားပြီး လျှောက်လှမ်းလာခဲ့သည်မှာ အလွန်တိုးတက်ပြီး ကမ္ဘာ့ထိပ်တန်းအဆင့်အဖြစ် စီးပွားရေးနှင့် အခြားသော အရာများတွင် သက်သေပြနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကောင်းမွန်သော စီမံခန့်ခွဲမှုများကြောင့် ပြည်သူပြည်သားများ အကျိုးခံစားခွင့်များပြားခြင်း၊ လူတစ်ဦးချင်း၏ GDPမြင့်တက်လာခြင်း၊ တရားဥပဒေစိုးမိုးမှု ပိုမိုကောင်းမွန်လာခြင်း၊ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာသိအောင် ပြုလုပ်လာနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းများ တိုးတက်လာခြင်း၊ စစ်ရေးစစ်ရာတွင် အင်အားကြီးနိုင်ငံအဖြစ် တည်ဆောက်နိုင်ခြင်း၊ စီးပွားရေး၏ အဓိကဖြစ်သော အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခြင်း၊ စက်မှုဇုန်၊ ရေနက်ဆိပ်ကမ်းများကို တည်ဆောက်နိုင်ခြင်း အစရှိသော တိုးတက်မှုများစွာတို့ကို မျက်ဝါးထင်ထင် ယနေ့မြင်တွေ့နေရပြီး ဖြစ်ပါသည်။

ထို့အတူ ကမ္ဘာကြီးတွင် မှီတင်းနေထိုင်ကြသော သူများအားလုံး အတူတကွလက်တွဲညီရန်နှင့် အေးအတူပူအမျှအသိုက်အဝန်း ဖြစ်ပေါ်လာစေရန် မြန်မာနိုင်ငံအပါအoင် ကမ္ဘာတစ်ဝန်း ကူးလူးဆက်ဆံနိုင်သော Belt and Road Initiativeကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ တရုတ်ပြည်သည် မြန်မာနိုင်ငံအတွက် ပညာရေးတွင် ကျောင်းသား၊ ကျောင်သူများအား တရုတ်ပြည်၌ အခမဲ့ပညာသင်ကြားခွင့်ပေးခြင်း၊ လေ့လာရေးများခေါ်ယူခြင်း၊ သင်တန်းများစွာပို့ချခြင်း၊ စီးပွားရေးအခန်းကဏ္ဍများတွင် ကုန်စည်ပြပွဲများ ပြုလုပ်ခြင်း၊ နှစ်နိုင်ငံအကြား ထုတ်ကုန်ပစ္စည်းများ ဖလှယ်ရောင်းဝယ်ခြင်း၊ စီမံကိန်းရင်းနှီးမြှုပ်နှံမှုများပြုလုပ်ခြင်း၊ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့တိုင်း ထောက်ပံ့ကူညီခြင်း၊ လိုအပ်သောနေရာများတွင် အမှန်တကယ် လိုအပ်သောအရာများကို လှူဒါန်းပေးခြင်း၊ ယဉ်ကျေးမှုများဖလှယ်ခြင်း၊ ပွဲတော်များပြုလုပ်ခြင်း အစရှိသော ဆွေမျိုးပေါက်ဖော် မိတ်ဆွေရင်းပမာ ကူညီထောက်ပံ့မှုများစွာကို ချစ်ခင်ရင်းနှီးစွာ ပေးအပ်ခဲ့သည်ကို မြင်တွေ့ရပါသည်။

တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုသည် ရန်ကုန်၊ မန္တလေးအစရှိသော မြို့ပြကြီးများတွင် ထင်ပေါ်မှုများသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကုန်လုံးသက်ရောက်နေသည်တော့ မဟုတ်ပါ။သို့သော်လည်း တိုင်းရင်းသားပြည်နယ်တစ်ခုတွင် ထူးခြားစွာဖြင့် တရုတ်ပြည်သူနှင့် ဒေသခံများအကြား ချစ်ကြည်ရင်းနှီးမှု အရမ်းကောင်းမွန်နေသည်ကို တွေ့ရှိရပါသည်။ ဘာကြောင့်လဲ၊ ဘယ်လိုအကြောင်းမျိုးကြောင့် ဒီလိုဖြစ်နေတာလဲဆိုသည်မှာ အရမ်းစိတ်ဝင်စားစရာကောင်းတဲ့အချက် ဖြစ်နေပါတယ်။ စာရေးသူတို့ဒေသဟာ မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းတွင် တည်ရှိနေသော ရမ်းဗြဲကျွန်း၏ ကျောက်ဖြူမြို့‌ဒေသ ဖြစ်ပါသည်။ ယခင်က ရခိုင်ပြည်နယ်သို့ နိုင်ငံခြားသားများ ဝင်ရောက်မှု အလွန်နည်းပါးလွန်းပါသည်။ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့သို့သာ ဝင်ရောက်မှုအနည်းငယ် ရှိခဲ့ပါသည်။ ထိုအထဲတွင် တရုတ်နိုင်ငံသားများ ဝင်ရောက်မှု ပိုမိုနည်းပါးလှပါသည်။

နိုင်ငံခြားသားများလာလျှင် ထူးဆန်းစွာပင်ကြည့်နေကြသလို မျက်လုံးချင်းဆုံရမှာကိုလည်း စိုးရိမ်နေခဲ့ကြပါသည်။ ၂၀၁၀ပြည့်နှစ် မတိုင်ခင်က တရုတ်-မြန်မာရေနံပိုက်လိုင်းစီမံကိန်းကြီး စတင်တော့မည်ဖြစ်၍ တရုတ်နိုင်ငံသားများ ကျောက်ဖြူမြို့သို့ စတင်ဝင်ရောက်လာခဲ့ကြပြီး အခက်အခဲစိန်ခေါ်မှုများစွာကို ရင်ဆိုင်ရင်း စီမံကိန်းကြီး စတင်ခဲ့ရပါသည်။ စာရေးသူလက်တွေ့မြင်ရသည်မှာ ဒီစီမံကိန်းကြီးမစမီ ၂၀၁၀ပြည့်နှစ်မတိုင်ခင်အချိန်နှင့် စီမံကိန်းတည်ဆောက်ပြီးကာလ ၂၀၁၅ခုနှစ်ခန့်အချိန်တွင် ကျောက်ဖြူဒေသ၏ အခြေခံအဆောက်အအုံများ များပြားကောင်းမွန်လာခြင်း၊ ဒေသခံပြည်သူများ၏ ဝင်ငွေမြင့်တက်လာခြင်း၊ လူနေမှုအဆင့်အတန်း ပိုမိုကောင်းမွန်လာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပြားလာခြင်း၊ ကုန်သွယ်ရောင်းဝယ်မှုတိုးတက်လာခြင်း၊ ဒေသအတွင်းသို့ အခြေချနေထိုင်လိုသူများ ပိုမိုများပြားလာခြင်း စသည်တို့ကို မျက်ဝါးထင်ထင် မြင်တွေ့နေရပါသည်။ ဥပမာအနေဖြင့်ဆိုရလျှင် ယခင်စက်ဘီးစီးနေသူများသည် ယခုမော်တော်ဆိုင်ကယ်နှင့် ကားများ ပိုင်ဆိုင်လာကာ အသုံးပြုနိုင်ခြင်းကို ဆိုလိုပေသည်။

၂၀၁၅ခုနှစ်တွင် CITICကုမ္ပဏီသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးအတွက် ကျောက်ဖြူမြို့သို့ အခြေချသည့်အချိန်တွင် ထူးဆန်းအံ့ဩဖွယ်ရာ တစ်ခုကား ရွာဦးဘုန်းတော်ကြီးကျောင်းများသို့ ဦးစွာသွားရောက်ပြီး ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူခြင်းပင် ဖြစ်ပေသည်။ ဒေသခံများသည် ဗုဒ္ဓဘာသာဝင်များပီပီ ဘုရား၊ တရားကို လွန်စွာရိုသေကိုင်းရှိုင်းပြီး ဆရာတော်ကြီး၊ ဘုန်းကြီးများကိုလည်း လွန်စွာရိုသေကိုင်းရှိုင်း ဦးထိပ်ထားသူများ ဖြစ်ကြပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသားများ ရွာဦးဘုန်းတော်ကြီးကျောင်းသို့လာပြီး ဆရာတော်ကြီးများ၏ သြဝါဒခံယူနေသည်ကို မြင်တွေ့ရသောအခါ ဒေသခံများ၏စိတ်ထဲတွင် ထူးဆန်းသောအရာတစ်ခု ဖြစ်နေပါတော့သည်။

ထို့နောက် CITICကုမ္ပဏီမှ တာဝန်‌ရှိသူများသည် ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဒေသအတွင်းအခြေအနေများကို မေးမြန်းခြင်း၊ ဒေသခံများ၏ တင်ပြချက်များကို အလေးထားမှတ်ယူခြင်းတို့ကို ပြုလုပ်ပြီး အနာဂတ်အတွက် အားပေးစကားများကို ပြောကြားခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ စာရေးသူအပါအဝင် ရပ်မိရပ်ဖများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးအပြီးမှာ အကြိုက်ဆုံးသော CITICကုမ္ပဏီ၏ ရည်ရွယ်ချက်တစ်ခုသည် ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဒေသအကျိုးကို အမြဲဦးထိပ်ထားမည်ဆိုသော စကားလေးပဲ ဖြစ်ပါသည်။ ထိုစကားလေးသည် ဒေသခံများအပေါ် ရင်တွင်းနှလုံးသားထဲ ထိရှစေသော စကားလေးတစ်ခု ဖြစ်ပေသည်။

စာရေးသူအနေဖြင့် အစောပိုင်းတွင် ပေါ့ပေါ့တန်တန်ပဲ ပါဝင်ပတ်သက်မှုအဖြစ်သာ သ‌ဘောထားပြီး နေခဲ့ပေသည်။ နှစ်အနည်းငယ်ကြာတော့ ကလေးသူငယ်များအတွက် စာရေးကိရိယာများ ပြည့်စုံစွာပါသော ကျောပိုးအိတ်များ လှူဒါန်းမှုပြုလုပ်မည်ဟု သိရသောအခါ စာရေးသူအပါအဝင် ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ဒေသခံ ကျောင်သားမိဘများ ဝမ်းပန်းတသာပီတိဖြစ်ပြီး ဗုဒ္ဓဘာသာဝင်ဓလေ့အတိုင်း ဆုတောင်းမေတ္တာပို့ခဲ့ကြပါသည်။ နောက်နှစ်တွင် ကျောက်ဖြူ Youth Capacity Building Programအနေဖြင့် လူငယ်များ ပြုစုပျိုးထောင်ရာ အရင်းအမြစ်တစ်ခုဖြစ်သော ကျောက်ဖြူ Youth Centerကို CITIC Consortiumမှ တည်ဆောက်ပေးခဲ့ပြန်သည်။ ထိုYouth Centerတွင် လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်း၊ တရုတ်စကားပြောသင်တန်းတို့ကို အကြိမ်များစွာ ဖွင့်လှစ်သင်ပြပေးခဲ့ပြီး ဒေသခံများ သတိပြုစရာ ဖြစ်လာခဲ့ပါသည်။ ဒေသခံများအနေဖြင့် CITICကုမ္ပဏီဆိုသည်မှာ ဘယ်လိုအဖွဲ့အစည်းမျိုးလည်းဆိုတာကို သိချင်စိတ်များလာခဲ့ပါသည်။

ကိုဗစ်-၁၉ကာလတွင် ကျောက်ဖြူမြို့ အခြေအနေလည်း အများနည်းတူ ဆိုးရွားခဲ့ပါသည်။ Lockdown ပြုလုပ်ထားချိန်ဖြစ်၍ အစစအရာရာ ခက်ခဲနေပါသည်။ ရပ်မိရပ်ဖနှင့် အဖွဲ့အစည်းများ အစည်းအဝေးတွင် PPEဝတ်စုံ၊ Mask၊‌ ဆေးဖျန်းစက်နှင့် ရိက္ခာများ လိုအပ်ချက်ရှိနေသည်ကို ဆွေးနွေးခဲ့ရာ ကျွန်တော်တို့အနေဖြင့် ပစ္စည်းများရရှိရန် ခက်ခဲနေပါသည်။ စာရေးသူအနေဖြင့် CITICကုမ္ပဏီနှင့် အတန်အသင့် ရင်းနှီးနေခဲ့ရာ အကူအညီတောင်းရန် အဆိုပြုခဲ့ကြပေသည်။ ထို့ကြောင့် CITICကုမ္ပဏီနှင့် ဆက်သွယ်ကြည့်ရာ တာဝန်ရှိသူများမှ အားမငယ်ဖို့နှင့် အဆင်ပြေအောင် ကြိုးစားကြည့်ပေးမည်ဆိုသောစကားကြောင့် ရေနစ်သူများ ဆွဲစရာကောက်ရိုးမျှင်တစ်ခုရသလို မျှော်လင့်ချက်နည်းပါးပေမဲ့ မျှော်လင့်နေခဲ့မိပါသည်။ ကျွန်တော်တို့တတွေလည်း PPEဝတ်စုံ မလုံမလောက်ခြင်း၊ Maskမလုံမလောက်ခြင်းများစွာဖြင့် ခရီးဆက်ခဲ့ရပြန်သည်။

ရက်အနည်းငယ်အကြာတွင် CITICကုမ္ပဏီမှ အကူအညီပေးမည့်အကြောင်းကို ပြန်ကြားလာခဲ့ရာ ရပ်မိရပ်ဖများနှင့် ကျွန်တော်တို့တတွေသည် ဝမ်းသာမျက်ရည်ကျမိသည်အထိ ပျော်ရွှင်ခဲ့ရပါသည်။

ပေးအပ်လာသော အလှူပစ္စည်းများကို စနစ်တကျဖြစ်စေရေးအတွက် စီမံခန့်ခွဲရေးကော်မတီတစ်ခုဖွဲ့စည်းကာ PPEဝတ်စုံများ၊ Maskများ၊‌ ဆေးဖျန်းစက်များ၊ ဆန်များကို စနစ်တကျ လက်ခံဖြန့်ဝေခဲ့ပါသည်။ ဒေသခံများ၏ မေတ္တာပို့မှုကို ခံစားရသော CITICကုမ္ပဏီအနေဖြင့်လည်း ပီတိဝေဖြာ ပျော်ရွှင်လိမ့်မည်ဟု ထပ်တူခံစားမိပါသည်။ကျောက်ဖြူမြို့၏ ကိုဗစ်-၁၉အခြေအနေသည် ထိခိုက်မှုအနည်းဆုံးအဖြစ် ဂုဏ်ဆောင်နိုင်ခဲ့သောကြောင့် ကူညီပေးခဲ့သော ကျေးဇူးတရားကို မမေ့မပျောက် စိတ်ထဲစွဲကာ တာဝရရှင်သန်မည်မှာ မလွဲဧကန်ဖြစ်ပေမည်။

ထိုမှတစ်ဆင့် ကိုဗစ်-၁၉ကြောင့် ၂၀၂၁ခုနှစ်တွင် oxygenလိုအပ်မှု အရမ်းမြင့်မားလာသော အခြေအနေဖြစ်သည်။ ကျွန်တော်တို့တတွေလည်း အားနာစွာဖြင့် oxygenအိုးများ လိုအပ်ချက်ကို ထပ်မံတင်ပြခဲ့ပါသည်။ CITICကုမ္ပဏီမှလည်း ထပ်မံကူညီပေးမည်ဟု ကတိပေးပြီး oxygenအိုး၁၅၀ကို ရန်ကုန်မှ ဝယ်ယူလှူဒါန်းရန် စီစဉ်သော်ငြားလည်း ရန်ကုန်တွင် လုံးဝဝယ်ယူ၍ မရသောကြောင့် တရုတ်ပြည်မှတစ်ဆင့် ရန်ကုန်၊ ရန်ကုန်မှတစ်ဆင့် ကျောက်ဖြူသို့ ခက်ခဲမှုများစွာဖြင့် သယ်ပို့ပေးခဲ့ပါသည်။ ၎င်းoxygenအိုးရရှိမှုကြောင့် ကျောက်ဖြူဆေးရုံ၏ oxygenအိုး လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ တစ်နှစ်ကျော်အကြာ ကိုဗစ်ရောဂါ ထိန်းချုပ်နိုင်သောအခြေအနေတွင် CITICကုမ္ပဏီသည် ကျောက်ဖြူမြေသို့ ရောက်ရှိလာပြန်သည်။ ရပ်မိရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးရာတွင် လှူဒါန်းပေးခဲ့သော စေတနာ၏ အကျိုးကြောင့် ပြုံးပန်းဝေဆာ နွေးထွေးမှုများစွာ တွေ့မြင်ခဲ့ရပါသည်။ ကိုဗစ်-၁၉နှင့် ကိုဗစ်-၁၉(၂၀၂၁)အတွက် အလှူငွေတန်ဖိုးကို အားနာစွာ မေးမြန်းခဲ့ရာ စုစုပေါင်းတန်ဖိုး ယွမ်၇၄၀၀၀၀ခန့် ရှိသည်ဟုသိရှိရ၍ ချီးကျူးထောပနာပြုကာ ဆုတောင်းပေးခဲ့ကြပါသည်။ တစ်ဦးမေတ္တာ တစ်ဦးစေတနာဆိုသည့်အတိုင်း သိစိတ်နှင့် မသိစိတ်တွင် ချစ်ခင်လေးစားမှု ကိန်းအောင်းနေကြပြီ ဖြစ်ပါသည်။

ဒေသခံတို့၏ မေတ္တာတရားကြောင့် ထင်မိပါသည်။ CITICကုမ္ပဏီ၏ စိတ်ထဲတွင် စေတနာတရား ပိုမိုထက်သန်လာကာ ကျောက်ဖြူအနာဂတ်အတွက် ကျန်းမာရေး၊ ပညာရေးတို့တွင် ထပ်မံကူညီလို၍ အကျယ်တဝင့် ဆွေးနွေးကြပြန်သည်။ ဤဆွေးနွေးမှုသည် ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းစီမံကိန်း ပြုလုပ်ဖို့ ဖန်တီးစေသော အကြောင်းအရာတစ်ခု ဖြစ်ပေသည်။ ကျောက်ဖြူဒေသတွင် မြို့ပေါ်တွင်သာ ဆေးရုံရှိ၍ ကျေးရွာများတွင် ဆေးရုံမရှိပါ။ ကျေးရွာတစ်ရွာ၏ သူနာပြုဆရာမတစ်ယောက်သည် လူဦးရေ ၁၀၀၀ကျော်ခန့်ကို တာဝန်ယူနေရပါသည်။ ကားဖြင့်သွား၍ မရသောနေရာများ၊လှေဖြင့်သာ သွား၍ရသောနေရာများ၊ မိုးတွင်းတွင် လမ်းလျှောက်၍သာ သွားရသောနေရာများမှ ဒေသခံများသည် အချိန်မီကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးဗဟုသုတရရှိမှု အလွန်နည်းပါးပေသည်။ ထိုနေရာများသို့ သွားရောက်ကာ အခမဲ့ဆေးကုသပေးခြင်း၊ အခမဲ့‌ဆေးများပေးခြင်း၊ ကျန်းမာရေးအသိပညာဟောပြောခြင်းများ ပြုလုပ်ရန် စီစဉ်လာခဲ့ခြင်းအပေါ် ကျွန်တော်တို့အနေဖြင့် ရေရှည်ဖြစ်နိုင်မည်လားဆိုကာ လွဲမှားစွာ သံသယဝင်မိခဲ့ပြန်သည်။ ရေရှည်မဟုတ်ဘဲ တစ်ခါတည်းနဲ့ ပြီးသွားမှာလားဆိုသော သံသယအတွေးများစွာနှင့် ရှိနေစဉ်မှာပဲ CITICကုမ္ပဏီမှ ရေရှည်စီမံကိန်းဖြင့် နှစ်စဉ်ပြုလုပ်မည့်အစီအစဉ်ကို ပြောကြားလာသည့်အခါ ကျွန်တော်တို့၏ လွဲမှားသံသယကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ အပြစ်တင်ခဲ့ရပါသည်။ အရမ်းဝေးလံသော ကျေးရွာများသို့ လှေဖြင့်သွားကာ ၁၅မိနစ်ခန့် လမ်းလျှောက်ရပါသည်။ ပါလာသော ပစ္စည်းကိရိယာများကို CITICကုမ္ပဏီမှ ကိုယ်တိုင်ကိုယ်ကျ သယ်ယူဆောင်ရွက်ပြီး လိုအပ်သည်များကို စီမံပေးခြင်းဖြင့် ရွေ့လျားဆေးခန်း စီမံကိန်းကို စတင်ခဲ့ပါသည်။ ကျွန်တော်တို့၏ စိတ်ထဲတွင် ပင်ပန်းနွမ်းနယ်ကြသော်လည်း တရုတ်နိုင်ငံသားများ၏ မျက်နှာတွင် ပီတိဝေဖြာ လန်းဆန်းလျက် ရှိနေပါသည်။အစပိုင်းတွင်အလွန်ဝေးလံလှသောနေရာများသို့သူနာပြုဆရာမများလိုက်ပါလိုခြင်းစိတ်အားမထက်သန်ကြသော်လည်းနောက်ပိုင်းတွင်ပျော်ရွှင်စွာဖြင့်ဆောင်ရွက်ခဲ့ကြသည်မှာCITICကုမ္ပဏီ၏စေတနာတရားထက်သန်မှုကြောင့်ဖြစ်ပေသည်။

အရမ်းသနားစရာကောင်းသည့်ဖြစ်ရပ်မှာ ဆေးခန်းတစ်ခါမျှ မပြဖူးခဲ့သော ရွာသူရွာသားအချို့ကို တွေ့ရှိရခြင်းဖြစ်ပါသည်။ ကျွန်တော်တို့တတွေလည်း အံ့သြဝမ်းနည်း မယုံနိုင်အောင် ဖြစ်ရပြန်သည်။ ထို့ကြောင့် သွေးတိုးရောဂါဖြစ်နေသော်လည်း ဖြစ်မှန်းမသိ၊ နှလုံးရောဂါဖြစ်နေသော်လည်း ဖြစ်မှန်းမသိ၊ အသည်းရောဂါဖြစ်နေသော်လည်း ဖြစ်မှန်းမသိသော ရွာသူရွာသားများကို သေသေချာချာ စစ်ဆေးကုသပေးရန် ဂရုတစိုက်မှာကြားလာသော CITICကုမ္ပဏီ၏ စေတနာသည်ကား တုနှိုင်းမရ ဖော်ပြနိုင်စွမ်း မရှိခဲ့လေပြီ။ ဤသို့ဖြင့် ၂၀၂၂ခုနှစ်တွင် ကျေးရွာပေါင်း၂၀မှ လူနာပေါင်း၁၆၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှု၊ ကျန်းမာရေးအသိပညာပေးမှု၊ ဆေးကုသမှုတို့ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။

တစ်ခါမှ မကြုံစဖူး ယခုလို အခမဲ့ဆေးကုသပေးခြင်းခံရသည့် ရွာသူရွာသားများထံမှ နောက်ထပ်ဘယ်တော့ထပ်ပြီး လာဦးမလဲဆိုသည့် မေးခွန်းက ရင်ထဲထိစွာ ဝမ်းနည်းရပြန်သည်။ ရေရှည်စီမံကိန်းဟု သိရှိရသော်လည်း ကျွန်တော်တို့ရင်ထဲတွင် CITICကုမ္ပဏီအပေါ် ပြောပြရမှာ အားနာလှပေသည်။ သို့ဖြစ်၍ အဆင်ပြေလျှင် ထပ်မံ၍ လာပါမည်ဟု နှစ်သိမ့်စကားကို မဝံ့မရဲစွာ ပြောကြားခဲ့ရပါသည်။ CITICကုမ္ပဏီ တာဝန်ရှိသူများအနေဖြင့် စေတနာထက်သန်သော်လည်း processများအတိုင်း လုပ်ရမည်ဆိုသည်ကို ကျွန်တော့အနေဖြင့် သိရှိထား၍ ရွာသူရွာသားများကို ကတိမပေးရဲခြင်း ဖြစ်ပါသည်။ သို့သော်လည်း မျှော်လင့်မိသည်က ရေရှည်စီမံကိန်းဟူသော စကားလေးတစ်ခွန်းပဲ ဖြစ်ပေရာဖြစ်လာလိမ့်မည်ဟု ယုံကြည်မိပြန်သည်။ ရွာသူရွာသားများ၏ ပြန်ခါနီးပေးသော ငှက်ပျောသီးလက်ဆောင်၊ အုန်းသီးလက်ဆောင်တို့သည် တန်ဖိုးမကြီးသော်လည်း စေတနာတန်ဖိုးက ပိုပြီးမြင့်မြတ်ခဲ့ပါသည်။ ပို့သသော မေတ္တာတရားများကြောင့် ရွာသူရွာသားများ၏ မျှော်လင့်ချက်ပြည့်ဝစေချင်သည်မှာ ကျွန်တော်တို့၏ ဆန္ဒတစ်ခု ဖြစ်ခဲ့မိပါသည်။

၂၀၂၃ခုနှစ် မတ်လတွင် ကျွန်တော်တို့ မထင်မှတ်သော သတင်းစကားတစ်ခု ကမျှော်လင့်ချက်ကို အသက်ဝင်စေခဲ့လေပြီ။ ကျောက်ဖြူအနာဂတ်ရွေ့လျားဆေးခန်းစီမံကိန်းကို ယခုနှစ်တွင် ပိုမိုတိကျကောင်းမွန်စွာ ကုသနိုင်ရန်‌ Mobileဓာတ်ခွဲခန်းနှင့် နှလုံးစမ်းသပ်စက်(ECG)တို့ကို တပ်ဆင်၍ သွားရောက်ကုသရန် အစီအစဉ်ကြောင့် ဖြစ်ပါသည်။ စေတနာတရားထက်သန်နေကြသော ဆရာဝန်များ၊ သူနာပြုဆရာမများ၊ စေတနာ့ဝန်ထမ်းများသည် ထိုသတင်းစကားကို ကြားသိရသည့်အချိန်မှာ နေမရ၊ ထိုင်မရ ထခုန်မိမတတ်ဖြစ်နေခဲ့သည်ကို မြင်တွေ့ခဲ့ရသည့် ကျွန်တော်သည်ကား အလွန်ပျော်ရွှင်နေခဲ့ပါသည်။

၂၀၂၃ခုနှစ် ဇွန်လတွင် မိုးကသည်း၊ လေပြင်းထန်သည့်ကြားထဲမှာ ဆရာဝန်များ၊ သူနာပြုဆရာမများကို ခေါ်ဆောင်ကာ ပင်ပန်းနွမ်းနယ်မှုကို မေ့ပျောက်ထားပြီး တက်ကြွလန်းဆန်းသော မျက်နှာထားဖြင့် ရွေ့လျားဆေးခန်းစီမံကိန်းကို ဒုတိယအကြိမ် စတင်ခဲ့ကြလေပြီ။  ကျေးရွာကို‌ရောက်သည်နှင့် CITICကုမ္ပဏီ၏ တာဝန်ရှိသူများမှ မမေ့‌လျော့သော ထုံးစံအတိုင်း ရွာဦးဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ကြီးကို သွားရောက်ကြည်ညိုဖူးမြော်ကာ သြဝါဒကို ခံယူခဲ့သည်မှာ အလွန်နှစ်သက်စရာကောင်းသော အရာဖြစ်ခဲ့ပေပြီ။ သွားရောက်မိတဲ့ရွာတိုင်းမှာ ထပ်တူထပ်မျှ ပြောကြားသည့်စကားတစ်ခွန်းကတော့ “ဆရာလေးတို့ တကယ်ထပ်လာတယ်နော်၊ ကျေးဇူးတင်လိုက်တာ၊ နောက်ထပ်လည်း လာပေးပါဦးနော်”ဆိုသော ရင်ထဲဆို့နင့်စေသည့် စကားလေးပဲ ဖြစ်ပါသည်။ တရုတ်နိုင်ငံသားများ ကြားသိရတော့ သူတို့ပြန်ပြောသည့်စကားက ပီတိစား၍ အသက်ရှင်ရတာ ဘယ်အရာနဲ့မှ မတူပါဘူးဆိုသည့် စကားလေး ဖြစ်ပါသည်။ ၎င်းစကားလေးက ကြားရသူများ ရင်ထဲဖော်ပြမတတ်အောင် ဖြစ်နေရပါသည်။ ဒီလိုနှင့် ၂၀၂၃-၂၀၂၄ခုနှစ်မှာ ကျေးရွာပေါင်း၃၀မှ လူနာပေါင်း၂၃၀၀ကျော်ကို ထပ်မံ၍ အခမဲ့ဆေးကုသမှု ပေးနိုင်ခဲ့ပါသည်။ ၂၀၂၅-၂၀၂၆ခုနှစ်ကို မျှော်လင့်နေမည့် ရွာသူရွာသားများကို အတွေးထဲ မြင်ယောင်မိကာ စီမံကိန်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ တောင်းဆုခြွေမိပြန်သည်။

CITICကုမ္ပဏီအနေဖြင့် သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်တွင်လည်း ဖိတ်ခေါ်စရာမလိုဘဲ Mocha(မိုခါ)မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူပြည်သားများသို့ ယွမ်၁၀၀၀၀၀တန်ဖိုးရှိ မိုးကာဖျင်စ၊ အိမ်မိုးသွပ်ပြား၊ သံအစရှိသော ပစ္စည်းများလှူဒါန်းခြင်း၊ ၂၀၂၅ခုနှစ် မန္တလေး၊ နေပြည်တော်ငလျင်ဘေးသင့်ပြည်သူများအား ယွမ်ငွေ၄၀၀၀၀၀တန်ဖိုးရှိ ကယ်ဆယ်ရေးတဲ၊ ခြင်ထောင်၊ ရိက္ခာများအဖြစ် ဆန်၊ ဆီ၊ ရေသန့်များနှင့် လျှပ်စစ်မီးရရှိစေရန် မီးစက်များကို လှူဒါန်းခဲ့ကြပါသည်။

ကျောင်းဖွင့်ရာသီတွင် ပျော်ရွှင်စွာဖြင့် ကျောင်းသို့ချီတက် ပညာသင်ယူဖို့ မိုးရေကြားထဲ ကလေးသူငယ်များ လျှောက်လှမ်းလာခဲ့ကြလေပြီ။ မနက်စာနှင့် နေ့လယ်စာပေါင်းကာ ထမင်းတစ်နပ်သာစား၍ ကျောင်းတက်ရသော ကလေးများ၊ မနက်စာမစားဘဲ ကျောင်းတက်ရသော ကလေးများ၊ မိဘများမစားဘဲ ကလေးငယ်ကိုသာ ကျွေးမွေးပြီး ကျောင်းတက်စေသော ကလေးသူငယ်များရှိသည်ဆိုလျှင် သင်တို့ယုံနိုင်မည်မဟုတ်ပါ။ ကျွန်တော်တို့ ကျောက်ဖြူဒေသကျေးရွာများတွင် တကယ်ပင်ရှိနေခဲ့ပါသည်။ ထမင်းသက်သက် ဟင်းမပါဘဲ စားပြီး ကျောင်းတက်ရတဲ့ကလေးတွေလည်း အများကြီးပါ။ ထိုဒေသမှ ကလေးငယ်များဖြစ်သော မူလတန်းကျောင်းသား၊ ကျောင်းသူများကို “အာဟာရပြည့်ဝ၊ ကလေးသူငယ်များပြုံးပျော်ကြ” ဆိုသော စီမံကိန်းလေး စတင်ပေးမည်ဟု CITICနှင့် CFRDတို့၏ သတင်းစကားကြားလိုက်ရသော ကျွန်တော်တို့ရင်ထဲမှာ အလွန်စိတ်လှုပ်ရှားနေမိခဲ့ပါသည်။

မူလတန်းကျောင်း ၆ကျောင်းမှ ကလေးသူငယ် ၄၉၈ယောက်ကို အခမဲ့နေ့လယ်စာ ကျွေးမွေးရေး စတင်ခဲ့ပေသည်။ပျော်ရွှင်စွာ စနစ်တကျယူဆောင်စားသောက်နေကြသော ပုံရိပ်လေးနှင့် အိမ်မှာစားခဲ့ရသော ပုံရိပ်လေးတို့ကို မြင်ယောင်မိရင် ကျွန်တော်တို့ အတွေးကမ္ဘာထဲမှာ စဉ်းစားစရာ အများကြီး ဖြစ်ပေါ်လာခဲ့ပါသည်။ မတူညီသော ဘဝတွေထဲမှာ ပိုသူမှလိုသူကို ဖြည့်ပေးရသော ပီတိလေးတွေကို သင်တို့ကိုယ်တိုင်ခံစားကြည့်ပါက အတိုင်းထက်အလွန် ဝမ်းနည်းဝမ်းသာဖြစ်ရမည်မှာ မလွဲဧကန်ဖြစ်ပေမည်။ ဒေသခံများ၏ ကျေးဇူးတင်ခြင်းများစွာ၊ မေတ္တာပို့ခြင်းများစွာနှင့် CITICကုမ္ပဏီ၏ လူသားချင်းစာနာထောက်ထားပြီး လူမှုအကျိုးပြုလုပ်ငန်းလုပ်ဆောင်ခဲ့သည်မှာ တရုတ်-မြန်မာချစ်ကြည်ရေးအတွက် တံခါးသစ်ဖွင့်နေသလို ဖြစ်နေခဲ့ပါသည်။

သို့သော်လည်း ယခုဆယ်စုနှစ်တစ်ခုကျော်တွင် CITICကုမ္ပဏီမှ လက်တွေ့ကျကျ ရေရှည်စီမံကိန်းများဖြင့် ကျန်းမာရေး၊ ပညာရေးနှင့် အခြားသောအရာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လာသောအခါ ဒေသခံများအမြင်လည်း ပြောင်းလဲလာပြီ ဖြစ်ပါသည်။ အချုပ်အားဖြင့်ဆိုရလျှင် မြန်မာပြည်သူပြည်သားများ၏ အမြင်ဗဟုသုတများနှင့် အတွေ့အကြုံများ ရင့်ကျက်လာကြပြီဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံစလုံး စိန်ခေါ်မှုများကို ရင်ဆိုင်တိုက်ဖျက်ရင်း ချစ်ကြည်ရင်းနှီးသံတမန်ရေးကို ယခုထက်ပိုမိုဆောင်ရွက်နိုင်ကာ ၇၅နှစ်မြောက်မှ နောင်နှစ်ပေါင်း၇၅၀မက ထာဝရတည်တံ့ခိုင်မြဲပါစေဟု ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ပါရစေ။

分享到: