> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】星光下的胞波情

三等奖

星光下的胞波情

中国乡村发展基金会 林有有

“我相信,我可以通过自己的努力,毕业后找到工作,让妈妈过上更好的生活,因为我,从未放弃过希望,胞波助学金也是我的希望”。仰光达贡大学大四学生辛貌纽如是说。

在仰光北奥卡拉帕区斑驳的砖房里,雨季的潮气总在墙根洇出深色水痕。20岁的辛貌纽蹲在竹席上,就着忽明忽暗的钨丝灯核对地理测绘数据时,总会想起2018年那个潮湿的黄昏——当他攥着休学申请书站在系主任办公室门口,走廊尽头透进的夕照正将中缅友谊周的红色横幅染成暗金色。

作为家里最小的孩子,辛貌纽从小就知道母亲织布机“咔嗒”声里的艰辛。三个哥哥辍学早:大哥在建筑工地晒脱了皮,二哥的突突车在暴雨天总要熄火,三哥婚礼那天悄悄塞给他的学费还带着鱼市腥气。最令他揪心的是母亲悄悄变卖嫁妆时,那些消失在当铺里的传家银镯,曾在她布满裂口的手腕上戴了四十年。

“这个助学金的名字叫‘胞波’,在缅甸语里是‘同胞兄弟’的意思。”系主任将申请书轻轻推回时,窗外的凤凰花正落在中缅共建实验室的铜牌上。当第一笔助学金到账时,辛貌纽特意买了支中国产的英雄钢笔——用它誊写的作业总是工整得能映出教授镜片后的笑意。

2019年早春的木棉花开得格外热烈,中国乡村发展基金会带来的不只是KMD(缅甸知名电脑培训机构)的金牌讲师,还有二十台印着中文标识的电脑。辛貌纽至今记得那个飘着茉莉香的午后,当缅甸教师用缅语讲解时,中国工程师总能用肢体语言让复杂的代码变得生动。最令他惊喜的是结业证书上并排的中缅双语印章,像两道紧紧相扣的同心锁。

如今在仰光大学图书馆,总能看到个戴中国产电子表的清瘦身影。他手边的保温杯里泡着云南普洱茶——那是胞波同学会春节联欢时收到的礼物,杯身上“海内存知己”的中文烫金字,与他笔记本扉页抄录的缅甸谚语“同舟共济”相映成趣。

2020年毕业季的某个清晨,当第一缕阳光照耀进家里的门缝时,身着学士服的辛貌纽正在拍摄全家福。母亲特意裹上了珍藏多年的中国丝绸头巾,三个哥哥的工装口袋里都揣着他参与编绘的仰光新城地图。“等拿到第一份薪水,”年轻人望着校园里新落成的中缅友谊亭微笑,“我要给北京写封信,用刚学会的中文。”

彩虹桥上的小画家——爱心包裹和我的彩色童年

在仰光莱达雅工业区的烟尘与佛塔金顶之间,2018年的季风卷着伊洛瓦底江的水汽呼啸而过。第三小学斑驳的绿墙下,11岁的林蕾·飘飘正用铅笔头在烟盒背面画云朵,直到班主任那句“中国胞波送礼物来啦”划破潮湿的空气——那是缅甸孩童第一次听说“爱心包裹”这个带着汉语韵律的新词。

当墨绿色帆布包裹解开时,四十双小手的惊呼惊飞了屋檐下的雨燕。印着大熊猫的彩铅在林蕾掌心投下黑白相间的光影,她至今记得蜡笔融化在炎热里的甜香,就像中国老师教唱的《茉莉花》旋律般清新。最令孩子们雀跃的是防水书包,雨季再不用担心作业本被淋成蝴蝶标本。

2019年回访时,工作人员在飘着椰浆饭香味的板房里,看到了贴满香蕉叶窗棂的画作。小画家兴奋地展开画卷:憨态可掬的大熊猫捧着金黄的缅甸香蕉,背景是若开山脉与长城遥相守望。“这是'胞波友谊号'高铁!”女孩指着画中连接两国的彩虹桥,窗外的三角梅正攀着中缅合资纺织厂的围栏怒放。

母亲擦拭着眼角回忆:“那天全镇都听见了孩子们的笑声,中国朋友送的算盘珠响得像雨滴打在铁皮屋顶。”她特意翻开压在佛龛下的包裹内衬布,上面用缅中双语绣着的“民心相通”字样仍鲜亮如初。如今这方蓝布成了女儿的画布,承载着跨越三千公里的童年对话。

当夕阳把中企承建的仰光新城大桥染成金红时,林蕾正在公益美术课上教小伙伴画“会发电的风车”——那是她从包裹里的科普绘本学来的知识。小姑娘悄悄对志愿者说:“等我的画展开到北京,要把所有中国哥哥姐姐都画成守护大金塔的飞天。”

清泉润胞波

在仰光莱达雅工业区,40℃的热浪裹挟着缝纫机的轰鸣声翻涌。第12号小学锈迹斑斑的铁皮屋顶下,11岁的昂昂正用铅笔刀在作业本边缘刻下第37道划痕——这是他和同学们发明的“口渴计时器”,每道刻痕都记录着喉咙灼烧的漫长课间。

曾经的取水路要穿过三个制衣厂与污水横流的巷弄。昂昂总把破旧的水壶藏在僧袍宽大的袖口里,赤脚踩过发烫的柏油路时,总能看到寺庙老住持摇着中国捐赠的蒲扇,将最后半瓢井水匀给孩子们。“这水里有星星!”当小沙弥们指着水缸底的中国净水片惊呼时,昂昂总会想起地理课本上那条叫做长江的碧蓝丝带。

2019年旱季,当印着中缅双语的蓝色集装箱驶入校园时,孩子们正用收集的雨水临摹“胞波友谊长青”汉字横幅。中国工程师手把手教工人安装储水池的身影,与缅甸技工焊接水管时飞溅的金色焊花,在昂昂的素描本上定格成《共同劳动的叔叔们》——这幅画后来被印在了净水器使用手册的扉页。

如今的自助饮水区成了校园最热闹的所在,不锈钢水龙头流淌出的清泉里,浸泡着缅甸山野的罗望子与杭州的龙井茶包。老师们发现,自从课间响起此起彼伏的“咕咚”声后,下午的地理课上打瞌睡的小脑袋少了八成。最让校长感动的是,每个水箱都贴着昂昂用中文写的节水标语:“每一滴水都是友谊的珍珠”。

毕业典礼那天,昂昂作为学生代表,将同学们用瓶装泉水浇灌的凤凰花苗移栽到净水站旁。嫩绿的叶片在晨光中舒展,与储水罐上“中缅同心”的红色标识相映生辉。少年悄悄把珍藏的中国净水片放进时光胶囊,那是要等十年后中缅友谊新项目启动时再开启的秘密——就像长江与伊洛瓦底江终将在大海相会。

………………

辛貌纽在和妈妈整理用来供佛的花

ဇင်မောင်ညွန့်သည် သူ၏မေမေနှင့်အတူ ဘုရားပန်းများ ပြင်ဆင်နေခြင်း။


拿到“爱心包裹”的“小画家”们

“မေတ္တာအိတ်ထုပ်”လက်ခံရရှိသော“ပန်းချီဆွဲသူလေး”များ။

学生们喝上了干净的饮用水

သန့်ရှင်းသောသောက်သုံးရေကို ကျောင်းသားများ သောက်သုံးနေစဉ်။

……………….

တတိယဆု

ကြယ်တာရာတွေအောက်က ပေါက်ဖော်စိတ်ဓာတ်

Lin Youyou

တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း


“ကျွန်တော့်ရဲ့ အားထုတ်မှုနဲ့ ဘွဲ့ရပြီးတာနဲ့ အလုပ်ရမယ်။ အမေကို ပိုကောင်းတဲ့ဘဝ ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က မျှော်လင့်ချက်ကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး။ ပေါက်ဖော်ပညာသင်ဆုကလည်း ကျွန်တော့်ရဲ့ မျှော်လင့်ချက်ပါပဲ”ဟု ဒဂုံတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား ဇင်မောင်ညွန့်မှ ပြောလေသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ဘက်က အုတ်နံရံမှိုတက်နေတဲ့ အိမ်ဟောင်းတစ်လုံးထဲက ဖျာပေါ်တွင် ထိုင်နေသော အသက်၂၀နှစ်အရွယ် ဇင်မောင်ညွန့်ဟာ မီးသီးမှိန်မှိန်အလင်းထဲ ပထဝီဝင်ဆိုင်ရာဒေတာတွေကို စိစစ်နေရင်း ၂၀၁၈ခုနှစ်က စိုထိုင်းနေတဲ့ညနေခင်းတစ်ခုကို ပြန်သတိရနေမိတယ်။ သူကျောင်းထွက်ခွင့်လျှောက်လွှာကို ဆုပ်ကိုင်ပြီး ဌာနမှူးရုံးခန်းတံခါးဝမှာ ရပ်နေစဉ် စင်္ကြံလမ်းအဆုံးက ဝင်လာတဲ့နေဝင်ဆည်းဆာရောင်ဟာ တရုတ်-မြန်မာမိတ်ဖက်ချစ်ကြည်ရေး ရက်သတ္တပတ် ဆိုင်းဘုတ်နီကို ရွှေရောင်မှိန်မှိန်အဖြစ် ပြောင်းလဲသွားစေခဲ့တဲ့ အခိုက်အတန့်ကို သူအခုထိ မမေ့နိုင်ခဲ့ပါဘူး။

အိမ်မှာ အငယ်ဆုံးသားဖြစ်တဲ့ ဇင်မောင်ညွန့်ဟာ ငယ်ငယ်ကတည်းက အမေရဲ့ရက်ကန်းစင်ရဲ့ “ကတ်ကတ်ကတ်”အသံတွေထဲမှာ ပုန်းကွယ်နေတဲ့ ဘဝကြမ်းတမ်းမှုကို နားလည်ခဲ့တယ်။ အစ်ကိုသုံးယောက်စလုံး ကျောင်းစောထွက်ခဲ့ရတယ်။ အကြီးဆုံးအစ်ကိုက ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အရေပြားလောင်တဲ့ ဒဏ်ခံရတယ်။ ဒုတိယအစ်ကိုရဲ့ သုံးဘီးဆိုင်ကယ်က မိုးကြီးတဲ့နေ့တိုင်း အင်ဂျင်ခဏခဏရပ်တယ်။ တတိယအစ်ကို လက်ထပ်တဲ့နေ့မှာ သူ့ကို တိုးတိုးတိတ်တိတ်ပေးလိုက်တဲ့ ကျောင်းလခငွေတွေမှာ ငါးဈေးက စွဲကျန်နေတဲ့ အနံ့အသက်တွေ ပါလာတယ်။ သူ့စိတ်ကို အများဆုံးနာကျင်စေခဲ့တာက အမေဟာ သူ့ရဲ့မင်္ဂလာဆောင်တုန်းက လက်ဝတ်ရတနာတွေကို တိတ်တဆိတ်ရောင်းချပစ်လိုက်ရတဲ့အချိန် အနှစ်လေးဆယ်ကြာ အမေ့ရဲ့ အရေးအကြောင်းတွေနဲ့ အက်ကြောင်းထင်နေတဲ့ လက်ကောက်ဝတ်ပေါ်က မျိုးရိုးစဉ်ဆက်ထိန်းသိမ်းခဲ့တဲ့ ငွေလက်ကောက်တွေ အပေါင်ဆိုင်ထဲမှာ ပျောက်ကွယ်သွားတဲ့အဖြစ်တွေပဲ ဖြစ်ပါတယ်။

“ဒီပညာသင်ဆုက‘ပေါက်ဖော်’လို့ ခေါ်တယ်။ မြန်မာလိုဆို ‘ညီရင်းအစ်ကို’လို့ အဓိပ္ပာယ်ရတယ်။ ဌာနမှူးက လျှောက်လွှာကို ညင်သာစွာ ပြန်ပေးနေစဉ် ပြတင်းပေါက်အပြင်ဘက်မှာ တရုတ်-မြန်မာ ပူးပေါင်းတည်ဆောက်ထားသော ဓာတ်ခွဲခန်း၏ ကြေးပြားပေါ်သို့ စိန်ပန်းများ ကြွေကျနေခဲ့သည်။

ပထမဆုံး ပညာသင်ဆု ငွေရောက်ရှိလာချိန်တွင် ဇင်မောင်ညွန့်သည် တရုတ်ထုတ် ဟီးရိုးတံဆိပ် ဖောင်တိန်တစ်ချောင်းကို အထူးဝယ်ယူခဲ့သည်။ ထိုဖောင်တိန်ဖြင့် ရေးသားသော အိမ်စာများသည် အလွန်ပင် မှန်ကန်သေသပ်လှပြီး ပါမောက္ခ၏ မျက်မှန်နောက်မှ ပြုံးရွှင်မှုကို ရောင်ပြန်ဟပ်နိုင်ခဲ့သည်။

၂၀၁၉ခုနှစ် နွေဦးအစောပိုင်းမှာ လက်ပံပွင့်တွေ စိုပြေစွာ ပွင့်နေခဲ့သည်။ တရုတ်နိုင်ငံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ ယူဆောင်လာမှုမှာ KMD၏ ရွှေတံဆိပ်ရ သင်တန်းဆရာများသာမက တရုတ်စာလုံးတံဆိပ်များဖြင့် ရိုက်နှိပ်ထားသော ကွန်ပျူတာ အလုံး၂၀ ပါဝင်နေသည်။ ဇင်မောင်ညွန့် ယနေ့ထိတိုင် မမေ့နိုင်သေးတာက နေ့လယ်ခင်းစံပယ်ပန်းရနံ့လွင့်နေချိန်တွင် မြန်မာဆရာများ မြန်မာဘာသာဖြင့် ရှင်းပြနေစဉ် တရုတ်အင်ဂျင်နီယာများက ခန္ဓာကိုယ်ဘာသာစကားဖြင့် ရှုပ်ထွေးသောကုဒ်များကို ရှင်သန်လာစေသည့် အခိုက်တန့်များပင် ဖြစ်သည်။ အထူးအံ့ဩစရာကောင်းသည်မှာ သင်တန်းဆင်းလက်မှတ်ပေါ်က တရုတ်-မြန်မာနှစ်ဘာသာ တန်းတူညီမျှစွာ ရိုက်နှိပ်ထားသော တံဆိပ်များဖြစ်ပြီး ယင်းတို့သည် တစ်ခုနှင့်တစ်ခု ခိုင်မြဲစွာ ချိတ်ဆက်နေသော သော့ပမာ ဖြစ်နေခဲ့သည်။

ယခုအခါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် တရုတ်ထုတ် ဒစ်ဂျစ်တယ်နာရီဝတ်ထားသော ပိန်လှီသည့်လူတစ်ယောက်ကို မကြာခဏမြင်တွေ့နိုင်သည်။ သူ့လက်အနီးမှာ ယူနန်ဖူအယ်လက်ဖက်ခြောက် စိမ်ထားသော အပူခံရေနွေးခွက်တစ်ခုရှိသည်။ ထိုခွက်မှာ “ပေါက်ဖော်ကျောင်းသားအသင်း”၏ နှစ်သစ်ကူးအခမ်းအနားတွင် ရရှိခဲ့သော လက်ဆောင်ဖြစ်ကာ ခွက်ကိုယ်ထည်ပေါ်တွင် “ရင်ခွင်မှာမိတ်ဆွေအမြဲရှိ” ဟူသော တရုတ်စာလုံးများနှင့် သူ၏ မှတ်စုစာအုပ်အဖုံးစာမျက်နှာတွင် ကူးယူထားသည့် “တစ်လှေတည်းစီးတစ်ခရီးတည်းသွား”ဟူသော မြန်မာစကားပုံတို့သည် တစ်ခုနှင့်တစ်ခု အံဝင်ခွင်ကျ ဖြစ်နေသည်။

၂၀၂၀ပြည့်နှစ် ဘွဲ့နှင်းသဘင်ကာလ၏ နံနက်စောစော နေ့တစ်နေ့တွင် အိမ်၏ တံခါးကြားမှ ပထမဆုံးနေရောင်ခြည် စိမ့်ဝင်လာချိန်တွင် ဘွဲ့ဝတ်စုံဝတ်ဆင်ထားသော ဇင်မောင်ညွန့်သည် မိသားစုဓာတ်ပုံ ရိုက်နေခဲ့သည်။ အမေမှာ နှစ်ပေါင်းများစွာ သိမ်းဆည်းထားခဲ့သည့် တရုတ်ပိုးသားပဝါကို အထူးတလည်စည်းထားပြီး အစ်ကိုသုံးယောက်စလုံး၏ အလုပ်ဝတ်စုံအိတ်ကပ်ထဲတွင် သူပါဝင်ရေးဆွဲခဲ့သည့် ရန်ကုန်မြို့သစ်မြေပုံများ ထည့်ထားကြသည်။

“ပထမဆုံးလစာရတဲ့အခါ”လူငယ်လေးက ကျောင်းဝင်းအတွင်းမှ အသစ်တည်ဆောက်ပြီးသည့် တရုတ်-မြန်မာမိတ်ဖက်ချစ်ကြည်ရေးအဆောင်ကို ကြည့်ရင်း “အခုမှသင်ယူနေဆဲ တရုတ်စာနဲ့ ငါပေကျင်းကို စာတစ်စောင်ရေးမယ်”ဟု ပြောပြီးပြုံးလိုက်သည်။

သက်တံတံတားပေါ်က ပန်းချီဆွဲသူလေး - မေတ္တာအိတ်ထုပ်နှင့် ကျွန်မရဲ့ အရောင်စုံကလေးဘဝ

လှိုင်သာယာစက်မှုဇုန်ရှိ မီးခိုးမြူနှင့် ဘုရားရွှေထီးတော်ကြားမှ ၂၀၁၈ခုနှစ် မုတ်သုံလေသည် ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ တိုက်ခတ်ခဲ့သည်။ အမှတ်(၃) အခြေခံပညာကျောင်း၏ အစိမ်းရောင်နံရံဟောင်းအောက်တွင် အသက်၁၁နှစ်အရွယ် လင်းလက်ဖြိုးဖြိုးသည် စီးကရက်ဘူးခွံအနောက်ဘက်တွင် မိုးတိမ်ပုံများကို ခဲတံချွန်လေးဖြင့် ရေးဆွဲနေခဲ့သည်။ ထိုအချိန်တွင် အတန်းပိုင်ဆရာမ၏ “တရုတ်ပေါက်ဖော်က လက်ဆောင်ယူလာပြီ”ဆိုသည့် စကားသံက စိုထိုင်းသောလေထုကို ခွဲဖြတ်သွားခဲ့သည်။ ထိုနေ့သည် မြန်မာကလေးငယ်များ၏ “မေတ္တာအိတ်ထုပ်”ဆိုသည့် တရုတ်စကားကို လျှာထစ်သံနှင့်ပြောသည်ကို ပထမဆုံးအကြိမ် ကြားရသည့်နေ့ ဖြစ်သည်။

အစိမ်းရင့်ရောင်အိတ်ကြီးကို ဖွင့်လိုက်တဲ့အခါ ကလေးအယောက်လေးဆယ်ရဲ့ အံ့အားသင့်သံတွေက အိမ်မိုးစွန်းက မိုးစာငှက်လေးတွေကို လန့်ပျံသွားစေခဲ့တယ်။ ပန်ဒါဝက်ဝံ ပုံနှိပ်ထားသော အရောင်ခြယ်ခဲတံများက လင်းလက်ဖြိုးဖြိုး၏ လက်ဖဝါးပေါ်တွင် အဖြူနှင့်အနက်ရောင် အလင်းအရိပ်များ ဖြစ်ပေါ်ခဲ့သည်။ 

တရုတ်ဆရာမ သင်ပေးခဲ့သည့် “စံပယ်ပန်း”သီချင်းသံလို သစ်လွင်စွာဖြင့် ကလေးတွေကို အပျော်ရွှင်ဆုံးဖြစ်စေခဲ့တဲ့ ဖယောင်းရောင် စုံခဲတံများ၏ ချိုမြိန်သောအနံ့ကို သူမ အခုထိ မှတ်မိနေဆဲဖြစ်သည်။ ရေစိုခံတဲ့ ကျောပိုးအိတ်မှာ ကလေးတွေကို ပျော်ရွှင်စေပြီး မိုးရာသီမှာ အိမ်စာစာအုပ်တွေ ရေစိုပျက်စီးသွားတော့မှာကို သူတို့ စိတ်ပူစရာမလိုတော့ပေ။

၂၀၁၉ခုနှစ်ကို ပြန်စဉ်းစားကြည့်ပါက ဝန်ထမ်းများသည် အုန်းနို့ထမင်းအနံ့ဖြာနေသော သစ်သားအိမ်ထဲမှာ ရှိနေခဲ့သည်။ ငှက်ပျောရွက်ဖြင့် ကာရံထားသော ပြတင်းပေါက်ဘေးတွင် ချိတ်ဆွဲထားသည့် ပန်းချီကားများကို တွေ့မြင်ခဲ့ရသည်။ ငယ်ရွယ်သော ပန်းချီဆရာမလေးက စိတ်လှုပ်ရှားစွာဖြင့် ပန်းချီကားလိပ်ကို ဖြန့်ကြည့်ခဲ့သည်။ ပုံတွင် ချစ်စရာကောင်းသော ပန်ဒါဝက်ဝံကြီးက ရွှေရောင်မြန်မာငှက်ပျောသီးကို ပွေ့ဖက်ထားပြီး နောက်ခံတွင် ရခိုင်တောင်တန်းများနှင့် တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီးက အဝေးမှပင် တစ်ခုကိုတစ်ခု စောင့်ကြည့်နေသည့်ပုံကို ဖော်ထားသည်။ မိန်းကလေးက နှစ်နိုင်ငံကို ဆက်သွယ်ထားသော သက်တံတံတားပုံကို ညွှန်ပြနေစဉ် ပြတင်းပေါက်အပြင်ဘက်တွင် စက္ကူပန်းများက တရုတ်-မြန်မာဖက်စပ်အထည်အလိပ်စက်ရုံ၏ ခြံစည်းရိုးများပေါ်တွင် ဖူးပွင့်ဝေဆာနေခဲ့သည်။

“အဲဒီနေ့တုန်းက မြို့လုံးကျွတ်ကလေးတွေရဲ့ ရယ်သံတွေကို ကြားနေရတယ်။ တရုတ်မိတ်ဆွေတွေပေးတဲ့ ပေသီးဂဏန်းပေါင်းစက်က ပေသီးခေါက်သံတွေဟာ သွပ်မိုးပေါ်ကျတဲ့ မိုးစက်သံလိုပဲ မြည်နေခဲ့တယ်”ဟု အမေက မျက်ရည်များသုတ်ရင်း ပြန်လည်သတိရပြောပြသည်။ သူမသည် ဘုရားစင်အောက်တွင် ဖိထားသော ပစ္စည်းထုပ်ပိုးသည့် အထည်ကို ဖွင့်ပြခဲ့သည်။ ထိုအထည်ပေါ်တွင် မြန်မာ-တရုတ်နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားသော “ပြည်သူများ စိတ်နှလုံးချင်းဆက်နွယ်”စာသားမှာ ယနေ့တိုင် အရောင်မပျက် ရှိနေဆဲဖြစ်သည်။ယခုအခါ ထိုအပြာရောင်အထည်သည် သမီးလေး၏ ပန်းချီဆွဲပိတ်လေးဖြစ်သွားခဲ့ပြီး မိုင်သုံးထောင်ကွာဝေးသော ကလေးဘဝကို သယ်ဆောင်လျက်ရှိသည်။

ရန်ကုန်မြို့ သစ်တံတားကြီးကို နေဝန်းနီရဲ့ အလင်းတန်းများဖြင့် ရောင်နီဆိုးလိုက်တဲ့အချိန် လင်းလက်ဖြိုးဖြိုးသည် အများအကျိုးပြုပန်းချီသင်တန်းမှာ “လျှပ်စစ်ဓာတ်ထုတ်လုပ်နိုင်တဲ့ လေရဟတ်” ပုံဆွဲနည်းကို သူငယ်ချင်းတွေကို သင်ပေးနေခဲ့သည်။ ထိုအသိပညာကို သူမရဲ့ မေတ္တာအိတ်ထုပ်ထဲက သိပ္ပံပညာပုံပြင်စာအုပ်ထဲမှ ရရှိခဲ့ခြင်းဖြစ်သည်။

ကလေးမလေးက စေတနာ့ဝန်ထမ်းတစ်ဦးအား တိုးတိတ်လျှို့ဝှက်စွာ ပြောပြခဲ့သည်။ “ကျွန်မရဲ့ ပန်းချီပြပွဲ ပေကျင်းမှာ ကျင်းပရင် တရုတ်နိုင်ငံက အစ်ကိုအစ်မတိုင်းကို နတ်သားနတ်သမီးတွေအဖြစ် ဆွဲပြမယ်”ဟု ပြောသည်။

ရေကြည်အေးက ပေါက်ဖော်မိတ်ဆွေတွေကို စိုပြေပါစေ

ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်တွင် ၄၀ဒီဂရီစင်တီဂရိတ်ရှိ အပူလှိုင်းသည် စက်ချုပ်သံများနှင့် ရောယှက်ကာ လှုပ်ရှားနေသည်။ အမှတ်(၁၂) မူလတန်းကျောင်း၏ သံချေးတက်နေသော သွပ်မိုးအောက်တွင် အသက်၁၁နှစ်အရွယ် အောင်အောင်သည် ခဲတံချွန်ဓားဖြင့် သူ၏ အိမ်စာစာအုပ်အနားတွင် ၃၇ခုမြောက် ခြစ်ရာကို ထွင်းနေသည်။ ၎င်းသည် သူနှင့် သူ၏သူငယ်ချင်းများ တီထွင်ထားသော “ရေဆာချိန်တိုင်းတာသည့်တာလီ” ဖြစ်ပြီး ခြစ်ရာတစ်ခုစီသည် ရေဆာ၍ လည်ချောင်းများ ခြောက်ကပ်နေသော ရှည်လျားသည့်အချိန်တိုင်းကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

ရေခပ်ရာလမ်းကြောင်းဟာ အထည်ချုပ်စက်ရုံသုံးခုနဲ့ ညစ်ညမ်းရေတွေ စီးဆင်းနေတဲ့လမ်းကြားတွေကို ဖြတ်သန်းရတယ်။အောင်အောင်ဟာ သူ့ရဲ့ဟောင်းနေတဲ့ရေဘူးကို ကျယ်ပြန့်တဲ့ အင်္ကျီလက်မှာ အမြဲဝှက်ထားတယ်။ ပူပြင်းတဲ့ကတ္တရာလမ်းပေါ်ကို ခြေဗလာနဲ့ ဖြတ်ကျော်တဲ့အခါတိုင်း တရုတ်နိုင်ငံက လှူဒါန်းထားတဲ့ ယပ်တောင်နဲ့ ယပ်ခတ်နေတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ဟာ ရေတွင်းထဲက နောက်ဆုံးရေလက်ကျန်ကို ကလေးတွေအကြား ညီညီမျှမျှဝေပေးနေတာကို အမြဲတွေ့ရတတ်တယ်။ ကိုရင်လေးတွေက ရေအိုးအောက်ခြေက တရုတ်နိုင်ငံထုတ် ရေသန့်စင်ဆေးပြားကို ညွှန်ပြကာ “ဒီရေထဲမှာ ကြယ်တွေပါနေတယ်” ဟု အံ့အားသင့်စွာ ပြောနေချိန်တွင် အောင်အောင်ဟာ ပထဝီဘာသာရပ်စာအုပ်ထဲက စိမ်းပြာရောင်တသွင်သွင်စီးဆင်းနေတဲ့ “ယန်စီ(ချန်ကျန်း)မြစ်” ကို ပြန်သတိရမိတယ်။

၂၀၁၉ခုနှစ် ခြောက်သွေ့ရာသီတွင် မြန်မာ-တရုတ်နှစ်ဘာသာဖြင့် ရေးထားသော အပြာရောင်ကွန်တိန်နာကြီး ကျောင်းဝင်းထဲဝင်လာစဉ် ကလေးများသည် မိုးရေဖြင့်  “ပေါက်ဖော်ချစ်ကြည်ရေး အစဉ်ထာဝရတည်မြဲပါစေ” ဆိုသည့် တရုတ်စာသားကို ရေးဆွဲနေကြသည်။ တရုတ်အင်ဂျင်နီယာများက မြန်မာအလုပ်သမားများအား ရေလှောင်ကန်တပ်ဆင်နည်းကို လက်တွဲသင်ကြားပေးနေပုံနှင့် မြန်မာလက်မှုပညာရှင်များ ရေပိုက်များကို ဂဟေဆော်ရာမှ ဖြာထွက်လာသော ရွှေရောင်မီးပွားများသည် အောင်အောင်၏ ပုံကြမ်းစာအုပ်ထဲတွင် “အတူတကွ အလုပ်လုပ်နေသော ဦးလေးများ” ဆိုသည့် ပန်းချီကားအဖြစ် ပြောင်းလဲသွားခဲ့သည်။ နောက်ပိုင်းတွင် ပန်းချီကားကို ရေသန့်စက်အသုံးပြုနည်းလမ်းညွှန်စာအုပ်၏ အဖုံးအတွင်းဘက်တွင် ပုံနှိပ်ဖော်ပြခဲ့သည်။

ယခုအခါ ရေသောက်စက်နေရာသည် ကျောင်းဝင်းအတွင်း အစည်ကားဆုံးနေရာ ဖြစ်လာသည်။ သံမဏိ ရေပိုက်ခေါင်းများမှ စီးဆင်းလာသော သန့်ရှင်းသည့် ရေကြည်အေးထဲတွင် မြန်မာ့တောတောင်များမှ မန်ကျည်းသီးများနှင့် တရုတ်ဟန်ကျိုးမြို့ထွက် လုံကျင့်လက်ဖက်ခြောက်ထုပ်များ စိမ်ထားသည်။ “ဂလုဂလု”ဆိုတဲ့ အသံများကြားလာပြီးနောက် မွန်းလွဲပိုင်းပထဝီဘာသာချိန်တွင် အိပ်ငိုက်နေခဲ့သော ကျောင်းသားဦးရေမှာ သိသိသာသာလျော့နည်းသွားခဲ့သည်ကို ဆရာများ သတိထားမိသွားသည်။ ကျောင်းအုပ်ဆရာကြီးအား အများဆုံးစိတ်လှုပ်ရှားစေသည်မှာ ရေလှောင်ကန်တိုင်းတွင် ကပ်ထားသည့် “ရေတစ်စက်တိုင်းသည် ချစ်ကြည်ရေး၏ ပုလဲများဖြစ်သည်” ဟူသော တရုတ်ဘာသာဖြင့် အောင်အောင်ရေးသားထားသော ရေချွေတာရေးအတွက် စာတမ်းများပင် ဖြစ်သည်။

ဘွဲ့နှင်းသဘင်နေ့တွင် အောင်အောင်သည် ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်းသားများနှင့်အတူ ရေသန့်ဘူးများဖြင့် ရေလောင်းထားသော စိန်ပန်းပင်ပေါက်လေးများကို ရေသန့်စက်နားတွင် စိုက်ပျိုးခဲ့သည်။နုနယ်သော အစိမ်းရောင်အရွက်လေးများသည် နံနက်ခင်းနေရောင်ထဲတွင် ဖြန့်ကျက်နေပြီး ရေလှောင်ကန်ပေါ်က “တရုတ်-မြန်မာစိတ်ထားတူ” ဆိုသည့် အနီရောင်စာသားအား အလှပဆုံး အလင်းပြန်နေခဲ့သည်။ လူငယ်လေးသည် သူ၏ အဖိုးတန်သော တရုတ်ထုတ်ရေသန့်စင်ဆေးပြားကို အချိန်သေတ္တာထဲသို့ တိတ်ဆိတ်စွာ ထည့်သွင်းခဲ့သည်။ ဤအရာကို နှစ်ပေါင်း(၁၀)နှစ်ကျော် ကြာသောအခါတွင် တရုတ်-မြန်မာချစ်ကြည်ရေးစီမံကိန်းသစ် ပြန်လည်စတင်သည့်အခါတွင်သာ ဖွင့်မည့် လျှို့ဝှက်ချက်တစ်ခုပင်ဖြစ်ပြီး ဧရာဝတီမြစ်နှင့် ယန်စီမြစ်တို့သည် နောက်ဆုံးမှာ ပင်လယ်ထဲတွင် ပေါင်းဆုံကြသွားသကဲ့သို့ပင် ဖြစ်နေပါတော့သည်။

分享到: