《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】瑞丽田野间:中缅胞波情谊的写照
三等奖
瑞丽田野间:中缅胞波情谊的写照
云南大学国际关系研究院 韦玮
在中国西南边陲的瑞丽江畔,中缅两国边民世代相邻,江水共饮,文化相融。这里的人们用“胞波”一词形容彼此——“胞波”在缅语中意为“同胞兄弟”,象征着中缅人民深厚的情谊。无论是昔日互市、通婚,还是当下的贸易合作、教育交流,这份情谊穿越历史长河,在时代变迁中历久弥新。
人文交流:心与心的对话
瑞丽的姐告口岸,每天都上演着中缅双方人员友好往来的场景。在大国门出入境管理处,工作人员们认真负责地指挥着两国人民有序排队,以等待办理通关手续。高效的工作效率和友好的服务态度,让往来人员感受到了便捷与温暖。瑞丽口岸的通关政策随着边民流动情况不断优化,从简化手续(手持边民证)到开辟绿色通道(未携带货物可走便捷通道、幼儿陪同者可在旁等待无需排队),都体现了政策上的人文互信与交流。国门的另一端,一辆辆满载货物的卡车、摩托车、自行车排队等待驶入缅甸,为当地提供急需的生活物资。疫情后,边贸虽经历短暂低谷,如今正逐渐复苏,发展势头正旺。边境贸易的繁荣让无数家庭获得生计,见证了中缅合作的活力。
“胞波学校”是瑞丽的一个特别的学校。这里的学生大多是缅甸孩子,他们与中国学生共同学习,共同成长。学校采用中缅双语教学,开设中文、缅文、数学、英语等课程,为适应中方升学要求,使用政府教材并同步当地教育体系下的考试难度。尽管硬件设施有限,但师生们的热情丝毫不减——基于缅甸学生的喜好,学校在周末带队组织足球赛。一名缅甸学生与我交谈说:“在学校里我能学到三种语言,回家后还能帮家长做生意!”胞波学校的存在,为跨境家庭的孩子提供了教育的保障,也为两国文化的传承搭建了桥梁。
孩子们在瑞丽的“胞波学校”里写作业和踢足球
ရွှေလီမြို့ရှိ "ပေါက်ဖော်ကျောင်း"တွင် အိမ်စာလုပ်နေကြခြင်းနှင့် ဘောလုံးကန်နေကြသော ကလေးများ။
瑞丽市妇女儿童发展中心则是人文交流的另一个重要平台。中心成立20多年来,致力于为流动儿童、跨境婚姻家庭、缅甸务工人员等群体提供帮助。通过开展缅甸籍妇女职业技能培训、中缅两国的留守儿童心理辅导、艾滋病预防宣传等活动,让许多弱势群体重拾生活的希望。中心的工作人员经常深入到社区、学校,了解两国妇女儿童的需求,为他们提供切实的帮助。这些公益活动,让两国人民感受到了彼此的关爱,进一步增进了两国人民之间的情谊。中心负责人曾在介绍时说道:“我们的目标很简单,就是让每个人都能感受到温暖和尊重。”
在宗教文化交流中,中缅两国人民也展现出包容与和谐。姐勒金塔是瑞丽著名的佛教圣地,尽管如今游客稀少,但义工和拜佛者依然坚守于此。我来到金塔参观时,恰巧遇见两名义工妇女带着3岁的孙子一同生活在寺庙里。通过交流得知,她们经济上很拮据,只能维持日常生活,也无法支付孩子的教育费用,但仍以乐观的心态面对生活,脸上的笑容传递着最纯真的善意。在圣伯多帕色天主教堂里,尽管根据宗教管理条例中缅两籍信徒需分开礼拜,但却共享同一份信仰的喜悦。我在观摩礼拜仪式时遇见了一位21岁的缅甸傈僳族青年,他通过网络自学中文以寻找工作,并努力克服当地使用景颇语礼拜的困难坚持参加礼拜。在他身上体现了大多缅甸民众的精神信念——信仰让我跨越了语言的障碍。
经贸合作:共同发展的双赢乐章
经贸合作是中缅友好交往的重要纽带,为两国的发展注入了强大的动力。瑞丽作为中缅边境的重要贸易城市,见证了两国经贸往来的繁荣。
在瑞丽的多宝之城和样样好玉石直播基地,来自缅甸的玉石商人与中国的玉石爱好者、商家汇聚一堂。这里是玉石的世界,一块块晶莹剔透的玉石,承载着中缅两国的贸易往来。缅甸拥有丰富的玉石资源,而中国则有着成熟的玉石加工技术和销售市场。双方在玉石贸易中互利共赢,缅甸的玉石通过瑞丽走向中国各地,为缅甸带来了可观的经济收入;中国的玉石文化也通过贸易传播到缅甸,促进了两国文化的交流。
位于瑞丽的玉石交易市场一角
ရွှေလီမြို့ရှိ ကျောက်စိမ်းရောင်းဝယ်ရေး၏ နေရာတစ်နေရာ။
瑞丽的环城工业园区内,机器的轰鸣声奏响了中缅经贸合作的奋进乐章。晋江仁和纺织科技园,在疫情后国家大力发展工业的号召下蓬勃发展,为当地创造了大量就业机会。园区内的缅甸员工占比高达75%,他们在公司的培训下学会一技之长,每月能拿到比较理想的工资。雅戈尔工厂里,来自曼德勒、仰光、伊洛瓦底等地的女工们正在流水线上忙碌。她们中的许多人初到中国时完全不会说中文,通过工作中的交流,逐渐掌握了简单的语言技能。对于园区内的企业而言,充足的劳动力保障了生产的顺利进行。随着产业的逐步转型升级,园区还计划引进更多先进的技术和设备,未来将带动更多的缅甸工人就业,进一步促进两国的经济合作。
瑞丽国门市场每天都热闹非凡。熙熙攘攘的人群、琳琅满目的商品,构成了一幅生动的中缅经贸图景。商贩们用中缅双语热情招呼,货物在小贩的肩头来回流转,一杯缅甸奶茶、一件手工艺品,都是友谊的象征。缅缅旺集市里,一位来自广东的商人已经在瑞丽打拼了十四年。他见证了中缅贸易的兴衰起伏,也习惯了在两国间流动的生活方式。“这边的人讲诚信,大家互帮互助,这就是我喜欢这里的原因。”他笑着说。
医疗合作:生命健康的守护
瑞丽市人民医院为缅甸患者提供了优质的医疗服务,无论是看病还是产检,都一视同仁。医院的挂号系统为缅甸患者提供了方便,他们只需挂号并领取编码,就可以看病开药。医院还为缅甸患者出具各种证明文件,让他们在这里能够享受到与中国患者相同的待遇。
中缅医疗合作不仅体现在瑞丽的医院里,还在两国边境的其他地区得到了广泛开展。瑞丽市妇女儿童发展中心的医疗队深入缅甸边境地区,为当地居民提供免费的医疗检查和治疗服务。他们带来了先进的医疗设备和药品的同时,还因地制宜聘请仰光的缅医为当地居民医治。这种医疗合作,不仅体现了中缅两国人民的深厚情谊,也为两国人民的生命健康提供了有力的保障。
瑞丽的一些加工厂区也为缅甸员工提供了医疗保障。缅甸员工只需缴纳小部分医疗费用,即可在园区医院看病就诊。对于一些重大疾病,则会与市区的公立医院对接协商治疗,切实保障员工的身体健康。这种企业与员工之间的关爱与支持,亦是中缅胞波情谊的重要体现。
胞波情谊,世代相传
中缅两国的胞波情谊,是两国人民在漫长的历史长河中共同培育的珍贵财富。它跨越了时空的限制,历经风雨而不衰,始终闪耀着温暖的光芒。在人文、经贸、医疗、旅游交流等多个领域,中缅两国人民都书写着友好交往的动人故事,这些故事汇聚成了一首首动人的赞歌,唱响在中缅两国的大地之上。
这份胞波情谊,是两国人民心灵相通的桥梁,是两国友好关系的坚实基石,更是两国未来发展的希望所在。相信在未来的日子里,中缅两国将继续携手前行,不断深化各领域的合作与交流,让中缅胞波情谊在新时代的征程中绽放出更加绚丽的光彩,世代相传,永垂不朽。
(文中故事及配图均源自作者在2024年7月和2025年1月在瑞丽市为期20天的田野调查经历)
တတိယဆု
ရွှေလီမြက်ခင်းပြင်ထက်က တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရုပ်ပုံလွှာ
Wei Wei
Institute of International Relations, Yunnan University
တရုတ်နိုင်ငံအနောက်တောင်ဘက် စွန်းရွှေလီမြစ်ကမ်းဘေးရှိ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသ၌ နေထိုင်ကြသည့် ဒေသခံများသည် မျိုးဆက်တစ်ခုပြီးတစ်ခု အတူယှဉ်တွဲနေထိုင်လာခဲ့ကြပါသည်။ မြစ်ရေကိုအတူသောက်သုံးခြင်း၊ ယဉ်ကျေးမှုများရောယှက်ခြင်းတို့ဖြင့် ဤနေရာတွင် “ပေါက်ဖော်”ဟူသော စကားလုံးကို အသုံးပြုကြပါသည်။ “ပေါက်ဖော်”ဆိုသည်မှာ မြန်မာဘာသာစကားတွင်“ညီအစ်ကိုရင်းချာ”ဟု အဓိပ္ပာယ်ရပြီး တရုတ်-မြန်မာပြည်သူများ၏ နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုခြင်းဖြစ်သည်။ ယခင်က ကုန်သွယ်ရေးလုပ်ငန်းများ၊ အိမ်ထောင်ပြုလက်ဆက်ခြင်းများမှသည် ယခုခေတ်၏ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရေးဖလှယ်ခြင်းများအထိတိုင် ဤချစ်ကြည်ရင်းနှီးမှုသည် သမိုင်းရှည်ကြီးတစ်လျှောက်ဖြတ်ကျော်ကာ ခေတ်အဆက်ဆက်ပြောင်းလဲမှုများအတွင်း၌ပင် ပိုမိုလတ်ဆတ်တောက်ပလာခဲ့ပါသည်။
လူမှုရေးဖလှယ်မှု - နှလုံးသားချင်း နားလည်မှု
ရွှေလီမြို့ရှိ ကျယ်ခေါင်နယ်စပ်ဂိတ်တွင် နေ့စဉ်နီးပါး တရုတ်-မြန်မာနှစ်နိုင်ငံသားများ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးများကို မြင်တွေ့နိုင်ပါသည်။ နယ်စပ်ကြီးဂိတ်ရှိ နယ်စပ်ဖြတ်ကျော်ရေးဌာနတွင် ဝန်ထမ်းများသည် နှစ်နိုင်ငံသားများ အစီအစဉ်တကျ စာရင်းသွင်းနိုင်ရန် တာဝန်ယူစီမံပေးနေကြပြီး ထိရောက်သော လုပ်ငန်းလည်ပတ်မှုနှင့် ဖော်ရွေသောဝန်ဆောင်မှုတို့ကြောင့် နယ်စပ်ဖြတ်ကျော်သူများ အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်ကြပါသည်။ ရွှေလီနယ်စပ်ဂိတ်၏ ဖြတ်ကျော်ရေးမူဝါဒများကို နယ်စပ်ဒေသခံများ၏ လှုပ်ရှားမှုအလိုက် အဆက်မပြတ် မွမ်းမံပြင်ဆင်လျက်ရှိရာ လုပ်ထုံးလုပ်နည်းရိုးရှင်းခြင်း (နယ်စပ်ဖြတ်ကျော်ကတ်ပြားကိုင်ဆောင်ခြင်း)၊ အထူးလမ်းကြောင်းဖွင့်လှစ်ခြင်း (ကုန်ပစ္စည်းမပါသူများအဆင်ပြေစွာ ဖြတ်သန်းနိုင်ခြင်း၊ ကလေးငယ်အုပ်ထိန်းသူများ တန်းစီမစောင့်ရဘဲ ဖြတ်သန်းနိုင်ခြင်း) စသည့် မူဝါဒများသည် နှစ်နိုင်ငံကြား ယုံကြည်မှုနှင့် ဖလှယ်ရေးကို ထင်ဟပ်စေပါသည်။ နယ်စပ်ဂိတ်၏ တစ်ဖက်ခြမ်းတွင် ကုန်တင်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် စက်ဘီးများသည် မြန်မာနိုင်ငံသို့ဝင်ရောက်ရန် စီတန်းစောင့်ဆိုင်းလျက်ရှိပြီး ဒေသခံများအတွက် အရေးကြီးသော နေ့စဉ်သုံးကုန်ပစ္စည်းများကို သယ်ဆောင်လျက်ရှိပါသည်။ ကိုဗစ်-၁၉ကပ်ရောဂါအပြီးတွင် နယ်စပ်ကုန်သွယ်ရေး ခဏတာကျဆင်းခဲ့သော်လည်း ယခုအခါတွင် တဖြည်းဖြည်း ပြန်လည်နာလန်ထူလာပြီး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကောင်းလာပါသည်။ နယ်စပ်ကုန်သွယ်ရေး၏ ဖွံ့ဖြိုးတိုးတက်မှုသည် မိသားစုများစွာအတွက် အသက်မွေးဝမ်းကျောင်းမှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၏ အသက်ဝင်မှုကို သက်သေပြနေပါသည်။
ပေါက်ဖော်ကျောင်းသည် ရွှေလီမြို့ရှိ အထူးခြားဆုံးသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ဤကျောင်း၏ ကျောင်းသားအများစုမှာ မြန်မာနိုင်ငံသား ကလေးငယ်များဖြစ်ပြီး တရုတ်ကျောင်းသားများနှင့်အတူ ပူးပေါင်းသင်ယူကာ အတူတကွ ကြီးပြင်းလျက်ရှိပါသည်။ ကျောင်းတွင် တရုတ်-မြန်မာနှစ်ဘာသာဖြင့် သင်ကြားပို့ချမှုများပြုလုပ်ပြီး တရုတ်စာ၊ မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာဘာသာရပ်များကို သင်ကြားပေးလျက်ရှိပါသည်။ တရုတ်နိုင်ငံ၏ ပညာရေးစနစ်နှင့် ကိုက်ညီစေရန် အစိုးရပြဋ္ဌာန်းစာအုပ်များကို အသုံးပြုကာ ဒေသဆိုင်ရာစာမေးပွဲများ၏ အဆင့်အတန်းနှင့်လည်း ကိုက်ညီအောင် သင်ကြားပေးပါသည်။ ကျောင်း၏ အခြေခံအဆောက်အအုံများ အနည်းငယ်ချို့တဲ့သော်လည်း ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ စိတ်အားထက်သန်မှုမှာ လုံးဝမလျော့ပါ။ မြန်မာကျောင်းသားများ၏ စိတ်ဝင်စားမှုကို အခြေခံ၍ ကျောင်းမှစနေ၊ တနင်္ဂနွေနေ့များတွင် ဘောလုံးပြိုင်ပွဲများ ကျင်းပပေးလေ့ရှိပါသည်။ မြန်မာကျောင်းသားတစ်ဦးက “ကျောင်းမှာ ဘာသာစကား(၃)မျိုး သင်ရတယ်။ အိမ်ပြန်ရင် မိဘတွေကို စီးပွားရေးမှာလည်း ကူညီနိုင်တယ်” ဟုပြောပြခဲ့ပါသည်။ ပေါက်ဖော်ကျောင်း၏ တည်ရှိမှုသည် နယ်စပ်ဖြတ်ကျော်နေထိုင်သော မိသားစုများ၏ ကလေးများအတွက် ပညာရေးအာမခံချက်တစ်ရပ်ဖြစ်စေရုံသာမက နှစ်နိုင်ငံအကြား ယဉ်ကျေးမှုများ လက်ဆင့်ကမ်းရန်အတွက် တံတားတစ်စင်းလည်း ဖြစ်စေပါသည်။
ရွှေလီမြို့ မိခင်နှင့်ကလေးဖွံ့ဖြိုးရေးစင်တာသည် လူမှုရေးဖလှယ်မှုတွင် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။ စင်တာတည်ထောင်ခဲ့သည့် နှစ်၂၀ကျော်အတွင်း ရွှေ့ပြောင်းလုပ်သားများ၏ ကလေးများ၊ နယ်စပ်ဖြတ်ကျော်အိမ်ထောင်ရေးမိသားစုများ၊ မြန်မာအလုပ်သမားများကဲ့သို့သော လူတန်းစားများအား အကူအညီများစွာ ပေးခဲ့ပါသည်။မြန်မာအမျိုးသမီးများအတွက် အလုပ်အကိုင်ကျွမ်းကျင်မှုသင်တန်းများ၊ တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ မိဘမဲ့ကလေးများအတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ၊ HIV/AIDSကာကွယ်ရေးလှုပ်ရှားမှုများကဲ့သို့သော လုပ်ငန်းများဖြင့် များစွာသော အားနည်းသူများအား မျှော်လင့်ချက်အသစ်များ ပေးစွမ်းနိုင်ခဲ့ပါသည်။ စင်တာ၏ ဝန်ထမ်းများသည် ရပ်ကွက်၊ ကျောင်းများသို့ မကြာခဏသွားရောက်ကာ နှစ်နိုင်ငံမှ မိခင်နှင့် ကလေးများ၏ လိုအပ်ချက်များကို နားလည်ပြီး အထောက်အကူဖြစ်စေမည့် လက်တွေ့ကျသော အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဤကဲ့သို့သော လူမှုအကျိုးပြုလုပ်ငန်းများသည် နှစ်နိုင်ငံပြည်သူများ၏ မေတ္တာကို အချင်းချင်းနားလည်ခံစားမိစေပြီး နှစ်နိုင်ငံပြည်သူများအကြား၏ ချစ်ခင်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပေးနိုင်ခဲ့ပါသည်။ စင်တာမှ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ရိုးရှင်းပါတယ်။ လူတိုင်းကို နွေးထွေးမှုနဲ့ လေးစားမှုတွေ ခံစားရစေချင်တာပါ”ဟု ရှင်းပြဖူးပါသည်။
ဘာသာရေးယဉ်ကျေးမှုဖလှယ်ရေးတွင် တရုတ်နှင့်မြန်မာပြည်သူများ၏ နားလည်ကြည်ဖြူမှုကိုလည်း ရရှိခဲ့ပါသည်။ ရွှေမင်းဝံစေတီတော် (JELIရွှေစေတီတော်)သည် ရွှေလီမြို့၏ ထင်ရှားသော ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားရာ စေတီတော်တစ်ဆူ ဖြစ်ပါသည်။ ယခုအခါ ဘုရားဖူးဧည့်သည်နည်းပါးသော်လည်း စေတနာ့ဝန်ထမ်းများနှင့် ဘုရားဖူးများသည် ယခုထိတိုင် ဤနေရာတွင် ရှိနေဆဲ ဖြစ်ပါသည်။ ကျွန်တော်ရွှေစေတီသို့ သွားရောက်လည်ပတ်စဉ် စေတနာ့ဝန်ထမ်းအမျိုးသမီးနှစ်ဦးနှင့် သူတို့၏ ၃နှစ်အရွယ် မြေးလေးတစ်ဦးတို့ ဘုန်းကြီးကျောင်းတွင် အတူနေထိုင်နေသည်ကို တွေ့ရှိခဲ့ပါသည်။ စကားပြောကြည့်ရာတွင် သူတို့၏ စီးပွားရေးအခြေအနေမှာ ခက်ခဲပြီး နေ့စဉ်စားဝတ်နေရေးအတွက်ပင် ကျပ်တည်းစွာ ဖြတ်သန်းနေရကြောင်း၊ ကလေး၏ ပညာရေးအတွက် ကျောင်းလခကိုပင် မတတ်နိုင်ကြောင်း သိရသည်။ သို့သော် သူတို့၏မျက်နှာပေါ်တွင် ပျော်ရွှင်သော အပြုံးများဖြင့် ဘဝကို အကောင်းမြင်စွာ ရင်ဆိုင်နေကြပါသည်။
Saint Berthold Catholic Churchတွင် ဘာသာရေးစီမံခန့်ခွဲမှုစည်းမျဉ်းအရ တရုတ်နှင့် မြန်မာနိုင်ငံသား ယုံကြည်သူများသည် ခွဲ၍ဝတ်ပြုရသော်လည်း ယုံကြည်မှု၏ ပျော်ရွှင်မှုကိုမူ အတူတကွ မျှဝေနေကြပါသည်။ ကျွန်တော်ဝတ်ပြုအခမ်းအနားကို လေ့လာနေစဉ် မြန်မာလီဆူလူမျိုး အသက်၂၁နှစ်အရွယ် လူငယ်တစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သူသည် အလုပ်ရှာဖွေရန် အင်တာနက်မှ တရုတ်စာကို ကိုယ်တိုင်လေ့လာနေပြီး ဒေသတွင်း ဂျိန်းဖော့ဘာသာစကားဖြင့် ဝတ်ပြုမှုကို နားလည်ရန် အခက်အခဲရှိသော်လည်း ဝတ်ပြုခြင်းတွင် ပါဝင်နေဆဲဖြစ်ပါသည်။“ယုံကြည်မှုသည် ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်သည်”ဆိုသည့် မြန်မာပြည်သူများ၏ စိတ်ဓာတ်ကို သူ၏ ဇွဲနှင့်ယုံကြည်မှုက ကိုယ်စားပြုနေပါသည်။
စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု - နှစ်ဦးနှစ်ဖက် အကျိုးရှိသော ဘုံဖွံ့ဖြိုးတိုးတက်မှုများ
စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာချစ်ကြည်ဆက်ဆံရေး၏ အရေးပါသော ဆက်သွယ်ရေးကြိုးတစ်ချောင်းဖြစ်ပြီး နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသော တွန်းအားများ ဖြည့်ဆည်းပေးလျက်ရှိပါသည်။ ရွှေလီမြို့သည် တရုတ်-မြန်မာနယ်စပ်တွင် အရေးပါသော ကုန်သွယ်ရေး မြို့တစ်မြို့အဖြစ် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာများ၏ စည်ကားသော ဖလှယ်မှုများကို သက်သေပြနေပါသည်။
ရွှေလီမြို့ရှိ Duo Bao Zhi Cheng နှင့် Yang Yang Hao ကျောက်စိမ်းတိုက်ရိုက်ထုတ်လွှင့်ရောင်းဝယ်ရေးစခန်းတွင် မြန်မာကျောက်မျက်ရတနာကုန်သည်များ၊ တရုတ်နိုင်ငံမှ ကျောက်မျက်ဝါသနာရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များ စုဝေးနေကြပါသည်။ ဤနေရာသည် ကျောက်စိမ်းကမ္ဘာဖြစ်ပြီး တောက်ပသန့်စင်သည့် ကျောက်စိမ်းတစ်ခုစီတိုင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများကို သယ်ဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ကျောက်စိမ်းအရင်းအမြစ်များ ကြွယ်ဝစွာရှိပြီး တရုတ်နိုင်ငံတွင် ကျောက်စိမ်းထုတ်လုပ်သည့် နည်းပညာနှင့် ရောင်းဝယ်ဖောက်ကားရေး စျေးကွက်ရှိနေပါသည်။ နှစ်နိုင်ငံသည် ကျောက်စိမ်းကုန်သွယ်ရေးတွင် အပြန်အလှန်အကျိုးအမြတ်နှင့် အောင်မြင်မှုများ ရရှိကြပါသည်။ မြန်မာ့ကျောက်စိမ်းများသည် ရွှေလီမြို့မှတစ်ဆင့် တရုတ်နိုင်ငံအနှံ့သို့ ရောက်ရှိသွားပြီး မြန်မာနိုင်ငံအတွက် အတော်အသင့် စီးပွားရေးအကျိုးအမြတ်များ ရရှိစေပါသည်။ တရုတ်နိုင်ငံ၏ ကျောက်စိမ်းယဉ်ကျေးမှုသည်လည်း ကုန်သွယ်ရေးမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိကာ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေးလျက်ရှိပါသည်။
ရွေလီမြို့စက်မှုဇုန်အတွင်းရှိ စက်ပစ္စည်းများ၏ အသံများသည် မြန်မာ-တရုတ်စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု၏ ကြိုးပမ်းအားထုတ်မှု သံစဉ်သဖွယ် ဖြစ်နေပါသည်။ ကျင့်ကျန်းရန်ဟယ် အထည်အလိပ်သိပ္ပံနှင့် နည်းပညာဇုန်သည် ကိုဗစ်-၁၉ကပ်ရောဂါအပြီး တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လှုံ့ဆော်မှုအောက်တွင် ဖွံ့ဖြိုးတိုးတက်လာကာ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးခဲ့ပါသည်။ ဇုန်အတွင်းခန့်အပ်ထားသော မြန်မာလုပ်သားအချိုးသည် ၇၅%အထိရှိပြီး ၎င်းတို့သည် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်အနီကို ကိုင်ဆောင်ထားကာ ကုမ္ပဏီ၏ လေ့ကျင့်သင်တန်းပေးမှုတွင် တက်ရောက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်ကို တတ်မြောက်ထားပါသည်။ ၎င်းတို့သည် လစဉ် လစာ ယွမ်၂,၀၀၀နီးပါး ရရှိကြပါသည်။ဤသည်မှာ မြန်မာလူငယ်များ မိမိတို့၏ ဇာတိမြို့တွင် ရရှိရန် ခက်ခဲသော လစာဝင်ငွေ ဖြစ်သည်။ Youngorစက်ရုံတွင် မန္တလေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ အမျိုးသမီးအလုပ်သမားများသည် စက်လိုင်းပေါ်တွင် အလုပ်များနေကြပါသည်။ ၎င်းတို့ထဲမှ အများအပြားသည် တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိချိန်တွင် တရုတ်စကားလုံးဝမပြောတတ်ကြသော်လည်း အလုပ်အတွင်း ဆက်သွယ်ပြောဆိုမှုများမှတစ်ဆင့် ရိုးရှင်းသောဝါကျများကို တဖြည်းဖြည်း ပြောတတ်လာကြပါသည်။ ဇုန်အတွင်းရှိ လုပ်ငန်းများအတွက် လုံလောက်သော အလုပ်သမားအင်အားသည် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ ချောမွေ့စွာလည်ပတ်နိုင်ခြင်း၏ အာမခံချက်ပင် ဖြစ်သည်။ စက်မှုလုပ်ငန်းများ တဖြည်းဖြည်းပြောင်းလဲလာပြီး အဆင့်မြှင့်တင်လာသည်နှင့်အမျှ ဇုန်အတွင်း ပိုမိုတိုးတက်သော နည်းပညာနှင့် စက်ပစ္စည်းများကို မိတ်ဆက်သွားရန် စီစဉ်ထားပြီး အနာဂတ်တွင် မြန်မာအလုပ်သမား ပိုမိုများပြားစွာ အလုပ်အကိုင်ရရှိစေရန် ဆောင်ရွက်မည်ဖြစ်ကာ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ပေးမည် ဖြစ်ပါသည်။
ရွှေလီမြို့ နန်းတော်ဂိတ်ဈေးသည် နေ့စဉ်စည်ကားနေပါသည်။ ပျားပန်းခပ်လှုပ်ရှားနေသော လူအုပ်ကြီးနှင့် စုံလင်လှသော ကုန်ပစ္စည်းများသည် မြန်မာ-တရုတ်စီးပွားရေးနှင့် ကုန်သွယ်ရေး၏ ရှင်သန်တက်ကြွသော ပုံရိပ်ကို ဖော်ဆောင်နေပါသည်။ ကုန်သည်များသည် မြန်မာ-တရုတ်နှစ်ဘာသာဖြင့် နွေးထွေးဖော်ရွေစွာ ရောင်းချနေကြပြီး ကုန်ပစ္စည်းများသည် ဈေးသည်များ၏ ပခုံးပေါ်တွင် သယ်ဆောင်လျက် တစ်ဖက်မှတစ်ဖက်သို့ လှည့်ပတ်ရွေ့လျားလျက်ရှိသည်။ မြန်မာလက်ဖက်ရည်တစ်ခွက်၊ လက်မှုပညာပစ္စည်းတစ်ခု စသည်တို့သည် ချစ်ကြည်ရင်းနှီးမှု၏ သင်္ကေတ ဖြစ်ပါသည်။ မျန်မျန်ဝမ်စျေးထဲရှိ ကွမ်တုန်းမှ ကုန်သည်တစ်ဦးသည် ရွှေလီမြို့တွင် ၁၄နှစ်ကြာ စီးပွားရေးလုပ်ကိုင်ခဲ့ပါသည်။ သူသည် တရုတ်-မြန်မာကုန်သွယ်ရေး၏ အတက်အကျများကို မျက်မြင်ကြုံတွေ့ခဲ့ရပြီး နှစ်နိုင်ငံအကြား ရွေ့လျားနေထိုင်သည့် ဘဝပုံစံကို ကျင့်သားရသွားခဲ့ပါသည်။“ဒီနေရာက လူတွေက ရိုးသားကြတယ်။ အချင်းချင်း ကူညီဖေးမကြတယ်။ ဒါကြောင့် ဒီနေရာကို ကျွန်တော်ကြိုက်နှစ်သက်တာပါ”ဟု သူက ပြုံးရယ်ပြီး ပြောခဲ့ပါသည်။
ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု - အသက်နှင့် ကျန်းမာရေး ကာကွယ်စောင့်ရှောက်ခြင်း
ရွှေလီမြို့ပြည်သူ့ဆေးရုံကြီးသည် မြန်မာလူနာများအတွက် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးစွမ်းလျက်ရှိပါသည်။ ရောဂါပြသခြင်းဖြစ်စေ၊ ကိုယ်ဝန်စစ်ဆေးခြင်းဖြစ်စေ မြန်မာနှင့်တရုတ်လူနာများကို တန်းတူညီမျှ ဆက်ဆံပေးပါသည်။ ဆေးရုံ၏ စာရင်းသွင်းစနစ်သည် မြန်မာလူနာများအတွက် အထူးအဆင်ပြေစေရန် စီစဉ်ထားပြီး စာရင်းသွင်းပြီး ကုတ်နံပါတ်ယူရုံဖြင့် ဆရာဝန်ပြသကာ ဆေးများကို လွယ်ကူစွာရယူနိုင်သည်။ ထို့အပြင် ဆေးရုံကြီးသည် မြန်မာလူနာများအတွက် မွေးစာရင်းမှတ်ပုံတင်ခြင်း၊ နေထိုင်ခွင့်လက်မှတ်ရရှိရေး စသည့် ဝန်ဆောင်မှုများကိုပါ ပေးစွမ်းကာ တရုတ်နိုင်ငံသားများနှင့် တူညီသော အခွင့်အရေးများ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။
တရုတ်-မြန်မာ ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများသည် ရွှေလီမြို့ရှိဆေးရုံများတွင်သာမက နယ်စပ်ဒေသများတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါသည်။ ရွှေလီမြို့မိခင်နှင့်ကလေးဖွံ့ဖြိုးရေးစင်တာ၏ ဆေးကုအဖွဲ့များသည် မြန်မာနိုင်ငံ နယ်စပ်ဒေသများသို့ သွားရောက်၍ ဒေသခံများအား အခမဲ့ကျန်းမာရေးစစ်ဆေးကုသမှုများ ပေးအပ်လျက်ရှိပါသည်။ သူတို့သည် အဆင့်မြင့်ဆေးကုသရေး ပစ္စည်းကိရိယာများနှင့် ဆေးဝါးများကို ယူဆောင်လာခြင်းအပြင် ဒေသန္တရအခြေအနေနှင့် လျော်ညီစွာ ရန်ကုန်မြို့မှ မြန်မာဆေးပညာရှင်များကိုပါ ငှားရမ်း၍ ဒေသခံများအား ကုသပေးလျက်ရှိပါသည်။ ဤသို့သော ကျန်းမာရေး ပူးပေါင်းဆောင်ရွက်မှုများသည် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများကြား နက်ရှိုင်းသောချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည့်အပြင် နှစ်နိုင်ငံပြည်သူများ၏ အသက်နှင့်ကျန်းမာရေးအတွက် ခိုင်မာသော အာမခံချက်တစ်ရပ်လည်း ဖြစ်ပါသည်။
ရွှေလီမြို့ရှိ အချို့သော စက်ရုံဇုန်များတွင်လည်း မြန်မာအလုပ်သမားများအား ကျန်းမာရေးဝန်ဆောင်မှုများ ပေးစွမ်းလျက်ရှိပါသည်။ မြန်မာအလုပ်သမားများသည် အနည်းငယ်သော ကျန်းမာရေးအခကြေးငွေသာ ပေးသွင်းရန် လိုအပ်ပြီး စက်ရုံဇုန်အတွင်းရှိ ဆေးခန်းများတွင် အလွယ်တကူ ပြသနိုင်ပါသည်။ အချို့သော အရေးကြီးသည့်ရောဂါများအတွက်မူ မြို့နယ်ရှိ အစိုးရဆေးရုံများနှင့် ညှိနှိုင်းကုသမှုခံယူနိုင်ပြီး အလုပ်သမားများ၏ ကျန်းမာရေးကို အပြည့်အဝ အာမခံပေးထားပါသည်။ ဤသို့သော လုပ်ငန်းရှင်နှင့် အလုပ်သမားကြား ဂရုစိုက်မှုနှင့် ပံ့ပိုးမှုများသည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး၏ အရေးပါသော သရုပ်သကန်တစ်ခုပင် ဖြစ်ပါသည်။
ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး - မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခြင်း
တရုတ်-မြန်မာနှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် ရှည်လျားသောသမိုင်းကြောင်းအတွင်း နှစ်နိုင်ငံပြည်သူများ အတူတကွပျိုးထောင်ခဲ့သော အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ပါး ဖြစ်ပါသည်။ ၎င်းသည် အချိန်နှင့်နေရာ၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ အခက်အခဲအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပြီး အမြဲတမ်းနွေးထွေးသော အလင်းရောင်များ ဖြာထွက်လျက်ရှိပါသည်။ ယဉ်ကျေးမှု၊ စီးပွားရေး၊ ကျန်းမာရေး၊ ခရီးသွားလာရေးဆိုင်ရာ ဖလှယ်မှုများ အပါအဝင် နယ်ပယ်ပေါင်းစုံတွင် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများသည် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံမှု၏ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းများကို ရေးသားခဲ့ကြပါသည် ဤဇာတ်လမ်းများသည် တရုတ်-မြန်မာ နှစ်နိုင်ငံမြေပေါ်တွင် ပဲ့တင်ထပ်နေသော စိတ်လှုပ်ရှားဖွယ်ရာ ချီးကျူးဂီတများအဖြစ် ပေါင်းစပ်ဖွဲ့စည်းလျက်ရှိပါသည်။
ဤဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နှစ်နိုင်ငံပြည်သူတို့၏ စိတ်နှလုံးအချင်းချင်း ဆက်သွယ်ပေးသော တံတားတစ်စင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၏ ခိုင်မြဲသော အခြေခံအုတ်မြစ်လည်းဖြစ်တဲ့အပြင် နှစ်နိုင်ငံ အနာဂတ်ဖွံ့ဖြိုးရေး၏ မျှော်လင့်ချက်လည်း ဖြစ်ပါသည်။ နောင်လာမည့်နေ့ရက်များတွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဆက်လက်ပြီး လက်တွဲချီတက်လျက် နယ်ပယ်အသီးသီးရှိ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်မှုများကို အဆက်မပြတ် နက်ရှိုင်းစေပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် ခေတ်သစ်ခရီးလမ်းတွင် ပိုမိုတောက်ပပြီး အလင်းရောင်ဖြာထွက်လျက် မျိုးဆက်အဆက်ဆက် ထာဝရတည်တံ့လိမ့်မည်ဟု ယုံကြည်ပါသည်။
(ဤဆောင်းပါးပါ ဇာတ်လမ်းများနှင့် ဓာတ်ပုံများသည် စာရေးသူ၏ ၂၀၂၄ခုနှစ် ဇူလိုင်လနှင့် ၂၀၂၅ခုနှစ် ဇန်နဝါရီလများက ယူနန်ပြည်နယ်၊ တယ်ဟုန်ခရိုင်၊ ရွှေလီမြို့တွင် ရက်ပေါင်း၂၀ကြာ ပြုလုပ်ခဲ့သော ကွင်းဆင်းသုတေသနအတွေ့အကြုံများမှ ရရှိထားခြင်း ဖြစ်ပါသည်။)