> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】从“康妈妈”到“康校长”:一位中国教师的缅甸岁月

三等奖

从“康妈妈”到“康校长”:一位中国教师的缅甸岁月

仰光博文学校教师 李易香

“她是我亲爱的妈妈,但更是缅甸学生眼中的‘康妈妈’,更是中缅教育桥梁的搭建者、中缅命运共同体的践行者。八年深耕缅甸,妈妈将中国文化根植异国校园,在教育与爱中厚植中缅友谊的脉脉温情。”——康泳老师的儿子

2025年3月28日中午,缅甸突发7.9级大地震。位于仰光的博文学校教学楼剧烈摇晃,教师们慌忙撤离。正当众人惊魂未定地聚集在楼下时,一道逆行的身影闯入视野。“快退到空旷处!远离高楼!”总校长康泳急促的声音传来。

原来午休散步的康校长发现地震后,第一时间组织疏散。看到教师们聚集在一楼危险区域,她立即指挥大家转移到安全地带。直到网络恢复,众人才得知此次地震的严重程度,后怕不已。

在各校区停课通知下达后,康泳校长坚持让其他老师先行回家,自己却在司机的陪同下,不辞辛劳地逐一巡查仰光的三所校区。途中,她一边急切地联系震中附近的内比都校区,确认那边的情况;一边耐心安抚着各校教职人员的情绪。当她那略显疲惫却依旧挺拔的身影出现在最后一所校区时,留校的老师们眼眶瞬间湿润了。眼前的长辈,眼中满是对大家的关切,她用温柔且坚定的声音,平复着每个人内心的不安。此时此刻,老师们终于更深切地理解了,为何学生们都如此亲切地称呼她为“康妈妈”。

回溯过往,康泳,这位来自中国云南民族大学汉语国际教育专业的教师,早在2017年1月17日,就受缅甸外交部和教育部的正式邀请,奔赴仰光外国语大学汉语系担任外教。在缅甸任教的这段日子里,她独自肩负重任,一人承担了多门课程的教学任务。在教师资源极度匮乏的汉语系,三年间,她以惊人的毅力完成超额教学任务,累计1000余学时。缅甸的热带高温令人难耐,蚊虫肆虐,教学条件艰苦,她甚至因身体原因只能靠左声带发声。但这一切艰难险阻,都未曾阻挡她前行的步伐。

教学之余,康泳老师还将心血倾注在教材更新上。她不辞辛劳,亲自精心挑选适合缅甸学生的教材,让这些凝聚着汉语文化魅力的书籍,跨越千山万水,走进缅甸学子的课堂,为他们打开了一扇领略汉语文化迷人风采的窗户。在课堂上,康泳老师凭借严谨认真的教学态度,赢得了学生们的敬重;在课后,她又以如春风化雨般的亲和力,融入学生群体,给予他们无微不至的关怀,留下了无数温暖动人的回忆。亦师亦友的她,深受学生喜爱,“康妈妈”这个亲切的称呼,便是学生们对她最真挚情感的流露。

康泳老师对学生的爱,体现在每一个细微之处。她既毫无保留地传授知识,也全力以赴为学生的发展争取机会。对于每一位成绩优良的学生,她都用心为其规划发展路径,创造成长机遇。近年来,随着“一带一路”倡议稳步推进,中缅经济走廊建设不断深入,中缅关系愈发紧密,中资企业在缅投资规模持续扩大,汉语人才需求急剧增长。顺应时代浪潮,康泳老师充分发挥自身资源优势,将自己的学生推荐到优质企业工作。这些企业不仅为学生提供了良好的职业发展平台,也给予了不错的薪酬待遇。学生家长们纷纷向她表达诚挚的感谢,而这背后,正是康泳老师以教育之力改变学生命运的生动例证。

在圆满完成仰外大中文教学任务的同时,康泳老师还积极投身于各类文化交流活动。她连续三年受中国驻缅甸大使馆邀请,担任缅甸汉语桥比赛总决赛、汉字英雄等赛事评委;连续两届受汉办志愿者处邀请,担任缅甸汉语志愿者岗中培训导师;受缅甸各华校邀请,开展了7场关于中文教学法及学校管理等方面的义务培训。凭借出色的专业素养和满腔的文化传播热忱,她成为仰光各大媒体报道的常客,朋友们都笑称她是“头条人物”。2018年9月,在“缅南地区中文话剧大赛”评委席上,康泳老师更是展现出令人钦佩的职业风范。她全神贯注地观摩每位选手的表演,认真记录下每一个细节,随后给出的建设性专业点评,赢得了参赛者和观众的一致尊重。活动现场,她专注投入的身影与台上选手的精彩演绎相互映衬,共同勾勒出中缅文化交流的动人画卷。

时光悄然流转,鲜艳的紫檀花三度绽放又悄然凋谢。2019年12月30日,康泳老师圆满完成外派任务,带着深情厚谊踏上归途。离别时刻,仰光外国语大学的师生们满是不舍,眼中闪烁着泪光。而康泳老师同样带着满满的回忆与深厚情谊,踏上了归国的旅程。回到国内,在云南民族大学任教的数年里,康泳老师始终心系缅甸的华文教育事业。她积极投身缅甸华文教育相关工作,延续跨国教育情缘。疫情期间,缅甸华文教育陷入停滞,面临网上教学经验匮乏、师资短缺的双重困境。她第一时间响应,迅速组织所带研究生组建支援团队,为缅甸仰光的博文学校、晨光学校、明德学校、缅甸国际教育中心等多所华校提供线上课程教学服务。考虑到当地教师在网课教学方面的短板,她还贴心地开展远程培训,毫无保留地将上好网课的技巧与方法传授给当地老师,助力缅甸华文教育在疫情肆虐的艰难时期得以延续,让两国人民在困难时刻守望相助的深情厚谊得以“云上相会”。

此外,康泳老师还多次受“七彩云南”中华文化大赛邀请,担任“七彩云南”中华文化大赛评委;2021年10月,受云南省政协港澳台侨外事委邀请,担任“无愧时代强国有我”海归回家主题演讲嘉宾,分享国际中文教师在海外传播中国文化的故事。她的事迹先后被中宣部学习强国平台、新华社、云南电视台、云南日报、昆明信息港、缅甸《金凤凰报社》等众多媒体宣传报道。2022年,她不仅担任多场汉语相关赛事评委,还受中国驻缅甸大使馆邀请,为《缅甸华文教育发展研讨会论文集》撰写序言。

退休后的康泳,本可安享闲适时光,但她满怀教育初心,毅然投身民间教育一线。面对多个国家的邀约,她脑海中不由自主地浮现出往昔在缅甸教学时,学生们那一张张满是眷恋、亲昵呼喊她“康妈妈”的面庞。这份难以割舍的情感羁绊,这份如母亲对孩子般深沉的爱,让她毫不犹豫地再次选择了缅甸,即便这里的条件与环境并不尽如人意。在缅甸众多华校的诚挚邀请中,她最终选择了博文学校,全力培育这株华文教育幼苗茁壮成长。2024年1月3日,她便再次踏上缅甸这片承载着无数回忆与牵挂的土地。如今,那些曾经被她视为珍宝的学生们,已然在时光的磨砺中,成长为各行各业的中坚力量。当康泳在博文学校与他们重逢时,她的身份已悄然转变,从往昔学生们专属的“康妈妈”,成为了全校上千师生敬重的“康校长”。

从被学生们依赖的“康妈妈”,到肩负学校发展重任的“康校长”,称呼虽变,但康泳那跨越国界的教育初心从未改变。自任职于博文学校以来,康泳校长全身心投入学校建设,引进中国先进的办学模式,完善规章制度、规范教学流程、完善教师培训、表彰优秀教师、加强课堂管理、完善教学质量考核体系、优化学校微信公众号等一系列行之有效的现代化新办法新举措有力提升了教学质量,得到师生家长一致好评。

她始终秉持“以文化人”的理念,积极推动中缅人文交流。她安排校区校长出国参加华校校长培训、邀请专家开展教学法和普通话培训、选派优秀学生赴华参加夏令营活动,极大地激发了师生加强中文教育和学习中文的热情。在她的积极策划下,2023-2024学年,学校成功主办“汉语桥”仰光赛区小学生决赛等赛事,举办盛大的“春节联欢会”,承办文化培训班,学生在多项活动中表现优异,活动获得中缅主流媒体广泛报道。2024-2025学年,学校又成功举办“中秋诗会”“中文歌曲比赛”等活动,精心筹备的春节联欢会也备受赞誉,极大地丰富了校园文化生活。

康泳老师在缅甸的教育生涯,是中缅友谊在教育领域的生动写照。她跨越国界,以教育为桥梁,在中缅两国人民心间搭建起沟通的坚实纽带。无论是课堂上传授汉语知识、更新教材,还是课余为学生创造发展机遇,助力他们在中缅紧密合作的时代浪潮中实现个人价值,都充分彰显了教育在促进民心相通方面的关键作用。在各类文化活动中担任评委、开展培训,更是将中国文化的魅力传递给缅甸民众。面对地震,她不顾个人安危,心系师生安全,展现出的不仅是一位教育工作者的担当,更是对这片土地和人民深深的热爱与关怀。

从普通教师到校长,康泳始终践行着“教育是心与心交流”的理念,她和她的学生们,宛如点点繁星,照亮了中缅民心相通之路,让中缅友谊在教育的润泽下,如同一棵茁壮成长的大树,根脉相连,枝叶繁茂,不断向着更美好的未来延伸。


တတိယဆု

“မေမေခန်း”မှ“ကျောင်းအုပ်ဆရာမကြီးခန်း”အဖြစ်သို့

မြန်မာနိုင်ငံတွင် တရုတ်ဆရာမတစ်ယောက်၏ ဘဝ

Li Shong Shan

ဆရာမ၊ Bowen School (Yangon)

“သူမဟာ ကျွန်တော့ရဲ့ချစ်လှစွာသော မေမေပါ။ မြန်မာကျောင်းသားတွေရဲ့‘မေမေခန်း’ဖြစ်ပါတယ်။ သူမဟာ တရုတ်-မြန်မာပညာရေးတံတားကို တည်ဆောက်သူဖြစ်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကို အကောင်အထည်ဖော်သူလည်း ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ၈နှစ်ကြာ အလုပ်လုပ်ကိုင်ပြီးနောက် သူမဟာ တရုတ်ယဉ်ကျေးမှုကို နိုင်ငံခြားတက္ကသိုလ်တွေမှာ မျိုးစေ့ချအမြစ်တွယ်စေခဲ့ပြီး ပညာရေးနှင့် ချစ်ခြင်းမေတ္တာတို့ဖြင့် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုကို လုပ်ဆောင်ပေးခဲ့ပါတယ်။”ဟု ဆရာမခန်းယုံ၏ သားမှ ပြောသည်။

၂၀၂၅ခုနှစ် မတ်လ ၂၈ရက် နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇.၉ အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့သည်။ ရန်ကုန်မြို့ရှိ Bowen School၏ သင်ကြားရေးအဆောက်အဦ ပြင်းထန်စွာ လှုပ်ခါခဲ့ပြီး ဆရာ၊ ဆရာမများမှာ အလျင်အမြန် ထွက်ပြေးခဲ့ရသည်။ အားလုံးထိတ်လန့်စွာ အောက်ထပ်တွင် စုရုံးနေကြစဉ် လူသွားလမ်းနှင့် ဆန့်ကျင်ဘက်သို့ လျှောက်သွားနေသည့် အရိပ်အသွင်အပြင်ကို မြင်လိုက်ရသည်။“ကျယ်ကျယ်ပြန့်ပြန့်ရှိတဲ့နေရာမှာ သွားနေကြပါ။ အထပ်မြင့်တိုက်တွေနဲ့ ဝေးဝေးနေပါ”ဟု ကျောင်းအုပ်ဆရာမကြီးခန်းယုံ၏ အသံသည် လျင်မြန်စွာ ထွက်လာသည်။

နေ့လယ်ပိုင်းအနားယူချိန်တွင် လမ်းလျှောက်ထွက်နေသော ကျောင်းအုပ်ဆရာမကြီးခန်းသည် ငလျင်လှုပ်သည်ကိုသိရှိပြီးနောက် ချက်ချင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် စီစဉ်ပေးခဲ့ကြောင်းတွေ့ရှိရသည်။ ပထမထပ်ရှိ အန္တရာယ်ရှိသော ဧရိယာတွင် ဆရာ၊ ဆရာမများ စုဝေးနေသည်ကို တွေ့လိုက်ရသဖြင့် အားလုံးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် ချက်ချင်းညွှန်ကြားခဲ့သည်။ အင်တာနက်ပြန်လည်အသုံးပြု၍ရသောအခါမှ လူအများအပြားမှာ ငလျင်၏ပြင်းထန်မှုကို သတိပြုမိပြီး အလွန်ထိတ်လန့်တုန်လှုပ်သွားကြသည်။

အတန်းအားလုံးကို ဆိုင်းငံ့ထားကြောင်း ကြေညာပြီးနောက် ကျောင်းအုပ်ဆရာမကြီးခန်းယုံက အခြားဆရာ၊ ဆရာမများကို အိမ်ပြန်ခိုင်းပြီး သူကိုယ်တိုင် ယာဉ်မောင်းနှင့်အတူ ရန်ကုန်ရှိ ကျောင်းခွဲ ၃ ကျောင်းကို သွားရောက် စစ်ဆေးခဲ့သည်။ အခြေအနေကိုအတည်ပြုရန် ငလျင်ဗဟိုချက်အနီးရှိ နေပြည်တော်ပရိဝုဏ်ကို အရေးပေါ်ဆက်သွယ်ခဲ့ပြီး ကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများကို အားပေးနှစ်သိမ့်ခဲ့သည်။ သူမသည် အနည်းငယ်ပင်ပန်းသော်လည်း အားမာန်အပြည်ဖြင့် နောက်ဆုံးကျောင်းဝင်းသို့ ရောက်လာသောအခါ ကျောင်းတွင်နေထိုင်သော ဆရာ၊ ဆရာမများသည် မျက်ရည်ကျမိနေသည်။ ကျွန်တော်တို့၏ ရှေ့တွင် လူကြီးတစ်ယောက်သည် လူတိုင်းအတွက် စိုးရိမ်မှုအပြည့်ရှိသော မျက်လုံးများရှိနေသည်။ သူမ၏ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်ကြံ့ခိုင်သော အသံက လူတိုင်း၏ အတွင်းစိတ်ပူပန်မှုကို ငြိမ်သက်စေသည်။ ဤအခိုက်အတန့်တွင် ကျောင်းသားများက သူမအား “မေမေခန်း”ဟူ၍ အဘယ်ကြောင့် ဤမျှချစ်ခင်ရင်းနှီးစွာ ခေါ်ဝေါ်သည်ကို ဆရာ၊ ဆရာမများက ပို၍ လေးနက်စွာ သဘောပေါက်နားလည်သွားသည်။

နောက်ကြောင်းပြန်ကြည့်လျှင် တရုတ်နိုင်ငံယူနန်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်မှ တရုတ်ဘာသာ နိုင်ငံတကာပညာရေးဘာသာရပ် အဓိကသင်ကြားနေသည့် ဆရာမခန်းယုံကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ၂၀၁၇ခုနှစ် ဇန်နဝါရီလ၁၇ရက်နေ့ကတည်းက ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တရုတ်ဘာသာဌာနတွင် နိုင်ငံခြားဆရာမအဖြစ် ဝင်ရောက်လုပ်ကိုင်ရန် တရားဝင်ဖိတ်ကြားခဲ့သည်။ မြန်မာနိုင်ငံတွင် သင်ကြားနေစဉ်အတွင်း ကြီးလေးသောတာဝန်များကို တစ်ယောက်တည်း ထမ်းဆောင်ခဲ့ပြီး သင်တန်းများစွာကို သင်ကြားပို့ချခဲ့သည်။ ဆရာအရင်းအမြစ်များ အလွန်ရှားပါးသော တရုတ်ဘာသာဌာနတွင် သူမသည် ၃နှစ်တာကာလအတွင်း သင်ကြားချိန် နာရီပေါင်း၁၀၀၀ကျော်ကြာဖြင့် အံ့သြဖွယ်ကောင်းသည့် ဇွဲလုံ့လဖြင့် ပိုလျှံသော သင်ကြားရေးတာဝန်များကို ပြီးမြောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ အပူပိုင်းကာလအပူချိန်မြင့်မားမှုသည် ခံနိုင်ဖွယ်မရှိသလို ခြင်လည်း အလွန်ပေါများသည်။ သင်ကြားရေးအခြေအနေများမှာ အလွန်ခက်ခဲပြီး သူမသည် ကျန်းမာရေးပြဿနာကြောင့် ဘယ်ဘက်အသံအိုးဖြင့်သာ အားကိုးပြီး အသံထွက်နိုင်ခဲ့သည်။ သို့ရာတွင် ဤအခက်အခဲများနှင့် အန္တရာယ်များအားလုံးသည် သူမ၏ ရှေ့ဆက်သွားသော ခြေလှမ်းကို မည်သည့်အခါမျှ တားဆီး၍မရနိုင်ခဲ့ပါ။

သင်ကြားရေးအလုပ်များအပြင် ဆရာမခန်းယုံသည် သင်ကြားရေးစာအုပ်များကို မွမ်းမံပြင်ဆင်ရန် ကြိုးပမ်းအားထုတ်ခဲ့သည်။ မြန်မာကျောင်းသားများအတွက် သင့်လျော်သော သင်ကြားရေးစာအုပ်များကို ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ရွေးချယ်ကာ စွဲမက်ဖွယ်ကောင်းသော တရုတ်ယဉ်ကျေးမှုစာအုပ်စာပေများကို မိုင်ထောင်ပေါင်းများစွာခရီးနှင်၍ မြန်မာကျောင်းသားများ၏ စာသင်ခန်းများအတွင်းသို့ သယ်ဆောင်လာပြီး တရုတ်ယဉ်ကျေးမှုကို နှစ်သက်စေရန် ပြတင်းပေါက် ဖွင့်ပေးခဲ့သည်။အတန်းထဲတွင် ဆရာမခန်းယုံသည် သူမ၏ တင်းကျပ်ပြီး လေးနက်သောသင်ကြားမှုတို့ကြောင့် ကျောင်းသားများ၏ လေးစားမှုကို ရရှိခဲ့သည်။စာသင်ပြီးနောက် သူမသည် ဖော်ဖော်ရွေရွေဖြင့် ကျောင်းသားအဖွဲ့ထဲတွင် ပါဝင်ပေါင်းစည်းကာ သူတို့အား စေ့စေ့စပ်စပ် ဂရုစိုက်ပေးသဖြင့် နွေးထွေးသော အမှတ်တရများကို ချန်ထားနိုင်ခဲ့သည်။ကျောင်းဆရာမတစ်ဦးလည်းဖြစ်ပြီး သူငယ်ချင်းကောင်းတစ်ဦးလည်း ဖြစ်သည့် သူမသည် သူမ၏ကျောင်းသားများကို အလွန်ချစ်မြတ်နိုးသည်။ “မေမေခန်း”ဟူသော ခင်မင်ရင်းနှီးသည့် ခေါ်ဆိုမှုသည် ကျောင်းသားများမှ သူမအပေါ်အရိုးသားဆုံးခံစားချက်ကို ဖော်ပြခြင်း ဖြစ်သည်။

ဆရာမခန်းယုံ၏ တပည့်များအပေါ်ထားသည့် ချစ်ခြင်းမေတ္တာသည် နေရာတိုင်းတွင် ထင်ဟပ်နေပါသည်။ သူမသည် အသိပညာများကို ချန်လှပ်ထားခြင်းမရှိဘဲ ဖြန့်ဝေပေးကာ ကျောင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများကို ဖန်တီးပေးသည်။ ထူးချွန်သော ကျောင်းသားတိုင်းအတွက် သူမသည် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ဂရုတစိုက်စီစဉ်ပြီး တိုးတက်မှုအတွက် အခွင့်အလမ်းများကို ဖန်တီးပေးသည်။ မကြာသေးမီနှစ်များအတွင်း“Belt and Road”အဆိုပြုချက် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာကာ တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှုသည် ပိုမိုနက်ရှိုင်းလာပြီး တရုတ်-မြန်မာဆက်ဆံရေးသည် ပိုမိုနီးကပ်လာကာ မြန်မာနိုင်ငံတွင် တရုတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ဆက်လက်တိုးလာတာကြောင့် တရုတ်ဘာသာ ထူးချွန်သူလိုအပ်ချက်သည်လည်း သိသိသာသာတိုးလာခဲ့သည်။ ခေတ်ရေစီးကြောင်းနှင့်အညီ ဆရာမခန်းယုံသည် သူ၏ကိုယ်ပိုင်အရင်းအမြစ်အားသာချက်များကို အပြည့်အဝအသုံးချပြီး ကျောင်းသားများအား အရည်အသွေးမြင့်ကုမ္ပဏီများတွင် အလုပ်လုပ်ရန် အကြံပြုထားသည်။ ဤကုမ္ပဏီများသည် ကျောင်းသားများကို ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးပလက်ဖောင်းကို ပံ့ပိုးပေးရုံသာမ ကကောင်းမွန်သော လစာကိုလည်း ပေးအပ်ပါသည်။ကျောင်းသားမိဘများက သူမအား စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ကြောင်းဖော်ပြကြပြီး ဆရာမခန်းယုံသည် ပညာရေးစွမ်းအားဖြင့် ကျောင်းသားများ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် တရုတ်ဘာသာသင်ကြားရေးတာဝန်ကို အောင်မြင်စွာပြီးမြောက်ချိန်တွင် ဆရာမခန်းယုံသည် ယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ တရုတ်သံရုံးမှ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဘာသာပေါင်းကူးတံတား နောက်ဆုံးအဆင့်ပြိုင်ပွဲ၊ တရုတ်စာဟီးရိုး စသည့် ပြိုင်ပွဲများတွင် ၃နှစ်ဆက်တိုက် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နှစ်ကြိမ်ဆက်တိုက် မြန်မာနိုင်ငံရှိ တရုတ်စေတနာ့ဝန်ထမ်းများအတွက် လေ့ကျင့်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန် တရုတ်ပညာရေးဝန်ကြီးဌာန၏ နိုင်ငံခြားဘာသာစကားများဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန၊ စေတနာ့ဝန်ထမ်းဌာနမှ ဖိတ်ခေါ်ခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်ကျောင်းအသီးသီး၏ ဖိတ်ကြားချက်အရ တရုတ်ဘာသာသင်ကြားနည်းများနှင့် ကျောင်းစီမံခန့်ခွဲမှုဆိုင်ရာများ၏ လေ့ကျင့်မှု ၇ခုကို စေတနာအလျောက် ပြုလုပ်ခဲ့ပါသည်။ သူမ၏ ထူးချွန်သော ပညာရေးစွမ်းရည်နှင့် ယဉ်ကျေးမှုဖြန့်ဝေမှုကြောင့် သူမသည် ရန်ကုန်ရှိ သတင်းမီဒီယာကြီးများတွင် မကြာခဏ ပါဝင်ဖော်ပြခံရသူတစ်ဦး ဖြစ်လာခဲ့သည်။ သူမ၏ မိတ်ဆွေများက သူမအား“ခေါင်းကြီးပိုင်းအရေးပါပုဂ္ဂိုလ်”ဟု နောက်ပြောင်ခေါ်ဆိုကြသည်။ ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် ကျင်းပသော“မြန်မာနိုင်ငံတောင်ပိုင်း တရုတ်ရိုးရာဇာတ်ပြိုင်ပွဲ”တွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်နေစဉ်ကာလတွင်လည်း ဆရာမခန်းယုံသည် လေးစားစရာကောင်းသော ကျွမ်းကျင်မှုကို ပြသခဲ့သည်။ သူမသည် ဝင်ရောက်ပြိုင်ဆိုင်သူတစ်ဦးချင်းစီ၏ ဖျော်ဖြေပွဲကို အာရုံစူးစိုက်စွာ ကြည့်ရှုခဲ့ပြီး အသေးစိတ်အချက်အလက်တိုင်းကိုလည်း စနစ်တကျ မှတ်တမ်းတင်ခဲ့သည်။ သူမ၏ ပညာရပ်ဆိုင်ရာ အကြံပြုမှတ်ချက်များသည် ပြိုင်ပွဲဝင်များနှင့် ပရိသတ်တို့၏ တူညီသော လေးစားမှုကို ရရှိခဲ့သည်။ ပြိုင်ပွဲနေရာတွင် သူမ၏ အာရုံစူးစိုက်မှုပြည့်နှက်သော ပုံရိပ်နှင့် စင်ပေါ်ရှိ ဖျော်ဖြေသူတို့သည် တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်မှု၏ စွဲမက်ဖွယ် အလှတရားကို ပုံဖော်ခဲ့ကြသည်။

အချိန်တဖြည်းဖြည်းကုန်ဆုံးသွားပြီး ပိတောက်ပန်းများ ၃ကြိမ်ပွင့်ပြီး ညှိုးနွမ်းသွားသည်။ ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် ဆရာမခန်းယုံသည် သူမ၏ နိုင်ငံရပ်ခြားတာဝန်ကို အောင်မြင်စွာပြီးမြောက်ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ လမ်းခွဲလိုက်သည့်အချိန်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ဆရာ၊ ဆရာများနှင့် ကျောင်းသားများသည် မျက်ရည်များဖြင့် ပြည့်နှက်နေပါသည်။ ဆရာမခန်းယုံသည် အမှတ်တရများနှင့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုအပြည့်ဖြင့် အိမ်ပြန်ခရီးကို စတင်ခဲ့သည်။ တရုတ်နိုင်ငံသို့ ပြန်ရောက်ပြီးနောက် ယူနန်ပြည်နယ်တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်တွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်သည့်နှစ်များအတွင်းမှာလည်း ဆရာမခန်းယုံသည် မြန်မာနိုင်ငံရှိ တရုတ်ဘာသာပညာရေးကို အမြဲအာရုံစိုက်နေခဲ့သည်။ သူမသည် တရုတ်ဘာသာပညာရေးနှင့် သက်ဆိုင်သောအလုပ်များတွင် တက်ကြွစွာပါဝင်ခဲ့ပြီး နိုင်ငံနယ်နိမိတ်ဖြတ်ကျော်ပညာရေးကို ဆက်လက်တည်ဆောက်ခဲ့သည်။ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံတွင် တရုတ်ပညာရေးသည် ရပ်တန့်သွားပြီး အွန်လိုင်းသင်ကြားရေးအတွေ့အကြုံမရှိခြင်းနှင့် ဆရာ၊ ဆရာမများ ရှားပါးမှုတို့ကြောင့် အကျပ်ရိုက်မှု ၂ခုနှင့် ရင်ဆိုင်နေရသည်။ ထိုအချိန်တွင် ဆရာမခန်းယုံသည် ချက်ချင်းတုံ့ပြန်ခဲ့ပြီး မိမိသင်ကြားနေသော မဟာဘွဲ့ကျောင်းသားများကို စည်းရုံးကာ ပံ့ပိုးရေးအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့သည်။ ၎င်းအဖွဲ့သည် ရန်ကုန်ရှိ Bowen School၊ Chen Guang Language Center ၊ မြင့်တက်တရုတ်ဘာသာစကားသင်တန်းကျောင်းနှင့် MIECတို့အပါအဝင် တရုတ်ဘာသာကျောင်းများစွာအား အွန်လိုင်းသင်တန်းများဖြင့် ပံ့ပိုးပေးခဲ့သည်။ ဒေသတွင်းဆရာများသည် အွန်လိုင်းသင်ကြားမှု အတွေ့အကြုံနည်းပါးကြောင်း သိရှိပြီးနောက်တွင်လည်း သူမသည် အဝေးသင်လေ့ကျင့်ရေးများပြုလုပ်ကာ လိုအပ်သော နည်းပညာများ၊ နည်းလမ်းများကို သင်ကြားပေးခဲ့သည်။ ထိုကဲ့သို့သော ကြိုးပမ်းမှုများကြောင့် ကပ်ရောဂါဖြစ်ပွားသော အခက်အခဲကာလတွင် မြန်မာနိုင်ငံရှိ တရုတ်ဘာသာပညာရေးသည် ဆက်လက်တည်ရှိနိုင်ခဲ့ပြီး နှစ်နိုင်ငံပြည်သူများသည် အခက်အခဲကာလ၌ပင် တစ်ဦးကို တစ်ဦး ရင်းရင်းနှီးနှီး “တစ်မိုးအောက်မှာ တွေ့ဆုံ”နိုင်ခဲ့ကြသည်။

ထို့ပြင် ဆရာမခန်းယုံကို“ရောင်စုံယူနန်”တရုတ်ယဉ်ကျေးမှုပြိုင်ပွဲမှ အကြိမ်ကြိမ်ဖိတ်ကြားခဲ့ပြီး ထိုပြိုင်ပွဲ၏ အကဲဖြတ်ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၁ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဂရက် (CPPCC) ယူနန်ပြည်နယ်ကော်မတီ၏ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့် ပင်လယ်ရပ်ခြားရောက် တရုတ်လူမျိုးများဆိုင်ရာ နိုင်ငံခြားရေးရာကော်မတီ၏ ဖိတ်ကြားချက်အရ“အချိန်နှင့်ကိုက်ညီသည့် တာဝန်ယူမှု – မိမိတိုင်းပြည်အတွက် ကျွန်ုပ်ရှိပါသည်”ဟုခေါ်သော ပြည်ပပညာသင်တက်ရောက်ပြီး ပြန်လာသူများအတွက် သင်ခန်းစာဟောပြောပွဲတွင် ဧည့်သည်အဖြစ်ပါဝင်ခဲ့ပြီး နိုင်ငံခြားတွင် တရုတ်ယဉ်ကျေးမှုဖြန့်ဝေရန် ကြိုးစားသည့် နိုင်ငံတကာတရုတ်ဘာသာဆရာများ၏ ပုံပြင်များကို မျှဝေခဲ့သည်။ သူမ၏ လုပ်ဆောင်မှုများကို မကြာသေးမီက ထုတ်ပြန်ဖော်ပြခဲ့သော မီဒီယာများမှာ တရုတ်ဗဟိုပြန်ကြားရေးဌာန Xuexi ပလက်ဖောင်း၊ ဆင်ဟွာသတင်းဌာန၊ ယူနန်ပြည်နယ်ရုပ်မြင်သံကြား၊ ယူနန်နေ့စဉ်သတင်းစာ၊ကူမင်းအင်ဖိုမေးရှင်းဆိုက်နှင့် မြန်မာနိုင်ငံရွှေဇာမဏီဂျာနယ် စသည်တို့ပါဝင်သည်။ ၂၀၂၂ခုနှစ်တွင် သူမသည် တရုတ်ဘာသာနှင့် သက်ဆိုင်သောပြိုင်ပွဲများစွာတွင် အကဲဖြတ်ဒိုင်အဖြစ် ပါဝင်သည့်အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖိတ်ကြားမှုဖြင့် “မြန်မာနိုင်ငံရှိ တရုတ်ဘာသာပညာရေးဖွံ့ဖြိုးမှုဆွေးနွေးပွဲ စာတမ်းစုစည်းမှု”အတွက် နိဒါန်းစာတမ်းကိုလည်း ရေးသားပေးခဲ့သည်။

အငြိမ်းစားယူပြီးနောက် ခန်းယုံသည် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ခဲ့သော်လည်း ပညာရေးအတွက် စေတနာအပြည့်ဖြင့် သူမသည် ကိုယ်ပိုင်ပညာရေးရှေ့တန်းသို့ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။ နိုင်ငံအများအပြားမှ ဖိတ်ကြားခြင်းကိုခံခဲ့ရပြီး မြန်မာနိုင်ငံတွင် ယခင်က စာသင်နေချိန်တွင် ချစ်ခင်တွယ်တာမှုအပြည့်ရှိသော“မေမေခန်း”ဟုခေါ်ခဲ့သော သူမ၏ ကျောင်းသားများကို စိတ်ထဲမှာ အလိုလိုထွက်ပေါ်လာခဲ့သည်။ မခွဲမခွာနိုင်သော စိတ်ခံစားမှုဆိုင်ရာနှောင်ကြိုးနှင့် သူ့ကလေးအတွက် မိခင်ကဲ့သို့ နက်နဲသောချစ်ခြင်းမေတ္တာဖြင့် မဆိုင်းမတွ မြန်မာနိုင်ငံကို ပြန်လည်ရွေးချယ်ခဲ့သည်။ မြန်မာနိုင်ငံရှိ တရုတ်ကျောင်းများစွာ၏ စိတ်ရင်းမှန်ဖြင့် ဖိတ်ကြားမှုများကြားတွင် သူမသည် နောက်ဆုံးတွင် Bowen School ကို ရွေးချယ်ခဲ့ပြီး တရုတ်ပညာရေးကို ပျိုးထောင်ပေးခဲ့သည်။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့တွင် သူမသည် အမှတ်တရများစွာနှင့် မြန်မာနိုင်ငံသို့ တစ်ဖန်ခြေချခဲ့သည်။ ယနေ့ခေတ်တွင် တစ်ချိန်က သူမအတွက် အဖိုးတန်ဂုဏ်ယူစရာကောင်းသည့် ကျောင်းသားများသည် အချိန်ကြာလာသည်နှင့်အမျှ အတွေ့အကြုံတွေနဲ့ တိုးတက်ပြီး လုပ်ငန်းအသီးသီးမှာ အရေးပါသူများ ဖြစ်လာကြသည်။ခန်းယုံသည် Bowen Schoolတွင် ၎င်းတို့ကို ထပ်မံတွေ့ဆုံသောအခါတွင် သူမ၏ အလုပ်ရာထူးပြောင်းလဲသွားခဲ့သည်။ ကျောင်းသားများ၏ အထူးတလည်ဖြစ်သော “မေမေခန်း”အဖြစ်မှ သူမသည် ၎င်းကျောင်းရှိ ထောင်ပေါင်းများစွာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ လေးစားမှုကိုခံရသော “ကျောင်းအုပ်ဆရာမကြီးခန်း” ဖြစ်လာခဲ့သည်။

ကျောင်းသားများ အားကိုးအားထားပြုသော “မေမေခန်း”မှ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတွင် ကြီးလေးသောတာဝန်ကို ထမ်းဆောင်နေသော“ကျောင်းအုပ်ဆရာမကြီးခန်း”အထိ ခေါင်းစဉ်ပြောင်းသွားသော်လည်း ခန်းယုံ၏ မူလရည်ရွယ်ချက်ဖြစ်သည့် နိုင်ငံနယ်နိမိတ်ဖြတ်ကျော်ပညာရေးကို လုံးဝမပြောင်းလဲပါ။ Bowen Schoolတွင် တာဝန်ယူချိန်မှစပြီး ကျောင်းအုပ်ဆရာမကြီးခန်းယုံသည် ကျောင်းတည်ဆောက်ရေးတွင် မိမိကိုယ်ကိုမြှုပ်နှံထားပြီး၊ တရုတ်နိုင်ငံ၏ အဆင့်မြင့်ကျောင်းလည်ပတ်မှုပုံစံကို မိတ်ဆက်ခြင်း၊ စည်းမျဉ်းစည်းကမ်းများမြှင့်တင်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ထားသော သင်ကြားရေးလုပ်ငန်းစဉ်များ၊ ဆရာဖြစ်သင်တန်းများ တိုးတက်ကောင်းမွန်စေခြင်း၊ ထူးချွန်သောဆရာများကို ချီးမွမ်းခြင်း၊ စာသင်ခန်းစီမံခန့်ခွဲမှုကို အားကောင်းစေခြင်း၊ သင်ကြားမှု အရည်အသွေးအကဲဖြတ်ခြင်းစနစ်ကို မြှင့်တင်ပေးခြင်း၊ ကျောင်း၏ WeChat အကောင့်ကို အကောင်းဆုံးဖြစ်အောင် မြှင့်တင်ပေးခြင်း စသည့် ခေတ်မီနည်းလမ်းသစ်များနှင့် အရေးကြီးနည်းလမ်းသစ်များစွာကို ထည့်သွင်းအသုံးပြုပြီး သင်ကြားရေးအရည်အသွေးကို ထိထိရောက်ရောက်မြှင့်တင်ပေးနိုင်ခဲ့ပြီး ဆရာ၊ ဆရာမများ၊ကျောင်းသားများနှင့် မိဘများ၏ ချီးကျူးမှုခံခဲ့ရသည်။

သူမသည်“ယဉ်ကျေးမှုဖြင့် လူကောင်းများ ပြုစုပျိုးထောင်ပေး”ဟူသော အယူအဆကို အမြဲတမ်းလိုက်နာခဲ့ပြီး တရုတ်နှင့် မြန်မာအကြား ယဉ်ကျေးမှုဖလှယ်မှုများကို တက်ကြွစွာ မြှင့်တင်ခဲ့သည်။ တရုတ်ကျောင်းအုပ်ကြီးများအတွက် လေ့ကျင့်သင်ကြားမှုတွင် ပါဝင်ရန် ကျောင်းအုပ်ကြီးများအား နိုင်ငံခြားသို့ သွားရောက်ရန် စီစဉ်ပေးခြင်း၊ ပညာရှင်များကို ဖိတ်ကြားပြီး သင်ကြားရေးနည်းဗျူဟာများနှင့် မန်ဒရင်း(တရုတ်ဘာသာ)သင်တန်းများ ပြုလုပ်ခြင်း၊ ထူးချွန်သောကျောင်းသားများကို တရုတ်နိုင်ငံသို့ နွေရာသီလေ့လာရေးခရီးစဉ်များတွင် ပါဝင်အောင်ရွေးချယ်ပေးခြင်းများဖြင့် ဆရာများနှင့် ကျောင်းသားများ၏ တရုတ်ဘာသာသင်ကြားရေးနှင့် သင်ယူလိုစိတ်ကို မြှင့်တင်ပေးနိုင်ခဲ့သည်။ ၂၀၂၃-၂၀၂၄ပညာသင်နှစ်တွင် ကျောင်းသည်“တရုတ်ဘာသာပေါင်းကူးတံတား”ရန်ကုန်တိုင်းပြိုင်ပွဲနေရာ မူလတန်းအဆင့် နောက်ဆုံးပြိုင်ပွဲနှင့် အခြားပွဲများကို အောင်မြင်စွာ ဦးစီးကျင်းပနိုင်ခဲ့ပြီး ခမ်းနားသော“နှစ်သစ်ကူးပွဲတော်ပျော်ပွဲရွှင်ပွဲ”နှင့် ယဉ်ကျေးမှုသင်တန်းများကို ကျင်းပခဲ့ပါသည်။ ကျောင်းသားများသည် လှုပ်ရှားမှုများစွာတွင် ကောင်းမွန်စွာ လုပ်ဆောင်ခဲ့ကြပြီး လှုပ်ရှားမှုများကို တရုတ်-မြန်မာမီဒီယာများမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် ကျောင်းသည်“ဆောင်းဦးရာသီကဗျာပွဲတော်”နှင့်“တရုတ်သီချင်းဆိုပြိုင်ပွဲ”ကဲ့သို့သော လှုပ်ရှားမှုများကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဂရုတစိုက် ပြင်ဆင်ကျင်းပသော နွေဦးနှစ်သစ်ကူးပွဲတော်ပျော်ပွဲရွှင်ပွဲသည် အလွန်ချီးကျူးခံရပြီး ကျောင်းဝင်း၏ ယဉ်ကျေးမှုနေထိုင်မှုဘဝကိုလည်း များစွာတိုးတက်စေပါသည်။

ဆရာမခန်းယုံ၏ မြန်မာနိုင်ငံတွင် သင်ကြားရေးအသက်မွေးဝမ်းကြောင်းသည် ပညာရေးနယ်ပယ်တွင် တရုတ်- မြန်မာချစ်ကြည်ရင်းနှီးမှုကို ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားသည်။ သူမသည် နိုင်ငံနယ်နိမိတ်ကိုဖြတ်ကျော်ကာ ပညာရေးကို တံတားတစ်စင်းအဖြစ် အသုံးပြုလျက် တရုတ်နှင့် မြန်မာကြား ခိုင်မာသောဆက်ဆံရေးကို တည်ဆောက်ခဲ့သည်။ တရုတ်နှင့် မြန်မာကြား နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ၎င်းတို့၏ ကိုယ်ပိုင်တန်ဖိုးများကို နားလည်သဘောပေါက်စေရန် စာသင်ခန်းတွင်း သင်ထောက်ကူပစ္စည်းများကို အဆင့်မြှင့်တင်ခြင်း သို့မဟုတ် သင်ကြားရေးပစ္စည်းများ အဆင့်မြင့်တင်ခြင်းဖြင့် တရုတ်နှင့် မြန်မာနှစ်နိုင်ငံအကြား ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုခေတ်တွင် ပညာရေး၏ အဓိကကျသော အခန်းကဏ္ဍကို အပြည့်အဝ လုပ်ဆောင်ပါသည်။ အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ကာ ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှုအမျိုးမျိုးတွင် သင်တန်းများ ပို့ချပေးကာ တရုတ်ယဉ်ကျေးမှုကို မြန်မာလူမျိုးများထံ ဖြန့်ဝေပေးသည်။မြေငလျင်ဒဏ်ကို ရင်ဆိုင်ရာတွင် သူမ၏ ကိုယ်ပိုင်လုံခြုံရေးကို လျစ်လျူရှုခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသားများ၏ လုံခြုံရေးကို အလေးထားကာ ပညာတတ်တစ်ဦး၏တာဝန်သာမက ဤမြေနှင့် ၎င်း၏လူမျိုးအပေါ် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုကိုလည်း ပြသခဲ့သည်။

သာမန်ဆရာမဘဝမှ ကျောင်းအုပ်ဆရာမကြီးအထိ ခန်းယုံသည်“ပညာရေးသည် နှလုံးသားများအကြား ဆက်သွယ်မှု”ဟူသော အယူအဆကို အမြဲကျင့်သုံးခဲ့သည်။ သူမနှင့် သူမ၏ကျောင်းသားများသည် ကြယ်များသဖွယ်ဖြစ်ပြီး တရုတ်နှင့် မြန်မာပြည်သူများအကြား အပြန်အလှန်နားလည်မှုလမ်းကြောင်းကို တောက်ပစေပါသည်။ ပညာရေး၏ အနှစ်သာရများအောက်တွင် တရုတ်-မြန်မာချစ်ကြည်ရင်းနှီးမှုသည် အမြစ်တွယ်နေသော အကိုင်းအခက်၊ အရွက်များဖြင့် စိမ်းလန်းစိုပြေသော သစ်ပင်တစ်ပင်ကဲ့သို့ ကြီးထွားလာကာ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဆက်လက်ရှင်သန်လာမည် ဖြစ်ပေတော့သည်။

分享到: