> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】团结携手共赴媒体发展之约

三等奖

团结携手共赴媒体发展之约

缅甸国家行政管理学院新闻系主任 杜辛玛觉

倘若要我指出一个为发展中缅甸提供全方位援助的国家,那必然是中华人民共和国。在中国诸多援助中,传媒教育援助与教育合作对缅甸媒体发展意义重大。传媒业若要实现长远发展,关键在于不断培养既掌握现代科技与新闻技能又接受过系统传媒教育的优秀传媒人才。

为在缅甸高校系统培养出达到国际水准的传媒专业人才,缅甸早在2007-2008学年就开设新闻专业学士学位课程。由于该专业授课教师需要具备硕士学位或更高的博士学位,我们老师只能通过参加国际大学的研究生课程获得相关学位。此时,中国国家留学基金管理委员会(CSC)奖学金以及中国商务部奖学金(MOFCOM)的出现,为解决我们的相关难题提供了关键契机。

2014年至2022年期间,借助这些奖学金项目,缅甸三位新闻专业的教师分别前往中国香港大学、中国传媒大学深造,攻读了国际新闻学硕士学位,并在华中科技大学攻读博士学位。中国为缅甸提供的奖学金项目,有力支撑了缅甸高等教育领域的新闻传播专业的教学工作。

该专业学士学位课程由缅甸国家行政管理学院开设,并培养出了一大批本土新闻传播人才。令我们教师倍感自豪的是,部分毕业生已进入了外国媒体机构工作,其中包括在知名国际通讯社——新华社仰光分社担任记者。

2019年3月25日至4月3日,中国-东盟高等研究中心(CACAS)在北京中国传媒大学举办了“新媒体从技术到创意的高级研修班”,参修人员是中国和东盟国家在媒体与社会传播领域发挥重要作用的人士。包括我在内的三位缅甸新闻系教师有幸参与其中,在一系列讲座、讨论、文化交流中获得了更多新闻传播学知识。

在京参加研修班期间,最难忘的体验之一是观看了中国传媒大学2000年开办的数字艺术与动画学院学生们所创作的获奖动画短片。我了解到,中国的动画产业自1949年起步,至今已历经五个发展阶段,其已成熟的娱乐媒体创作能力令人印象深刻。

笔者在中国传媒大学D5演播室留影

Communication University of China,D5Studio၌အမှတ်တရ


在中国传媒大学D5演播室,电视学院吴炜华教授作了一场以《互联网5G网络与网络视频时代》为主题的专题讲座,着重阐释了网络视频这一中国人主要娱乐媒介的创作与呈现方式。通过了解直播视频和众多流行的娱乐媒体网站,我得以深入观察中国的网络视频文化。

研修班实习阶段,我们学员出席中国外交部例行新闻发布会,观察运作流程。我们还在中国环球电视网(CGTN,又称中国国际电视台)多媒体演播室参观新闻和节目的拍摄与播出工作,使我得以详细探究编辑流程,了解到这个在世界各地播出的大电视台拍摄与传播情况。

笔者在中国传媒大学,数字艺术与动画学院留影

Communication University of China,School of Digital Art and Animation၌အမှတ်တရ


我们还参观了中国发行量最大报纸——《人民日报》,它拥有70多年创刊史和近3000报社员工。该报用五代人努力奋斗的图片展示了报社发展史。我们了解到该报特别鼓励记者及时报道新闻并撰写深度调查报道。《人民日报》还实时采集全球约500家顶级媒体公司和中国国内约50家顶级媒体的每日资讯。对于我们学员而言,有机会在中国媒体界顶级报纸进行参观学习,实属难得。

除研习中国发展外,我们还参观了位于杭州的阿里巴巴集团。中国是世界经济大国,拥有庞大的中小企业。作为中小企业联合体领军企业的阿里巴巴集团,对全球年轻人具有启发意义。它面向全球和国内零售批发的在线交易系统、全球支付网络、网络安全系统、公共事务以及扶贫基金建立等内容,极具学习价值。回到缅甸后,我们将这些鼓舞人心的见闻分享给新闻系学生,也使他们获得更多宝贵知识。

时间来到2019年10月,我以缅甸行政管理学院新闻系主任的身份应邀参加云南大学新闻学院在昆明举办的“媒体与教育国际会议”。会上,我们与来自中国各地的媒体专家汇聚一堂,从不同维度探讨数字技术对新闻教育和传媒行业的影响。此次会议我们收获颇丰,不仅收获了数字媒体相关的最新理论和先进的教学方法,还有幸在会上介绍缅甸新闻专业教学情况。这无疑是我们获得教学知识和经验最多的一次会议。

笔者在云南大学留影

ယူနန်တက္ကသိုလ်ရှေ့၌အမှတ်တရ


即便是新冠疫情期间,人员面对面交流暂时搁置,但我们累积的友谊没有中断,两国传媒专业的教育合作在网上得以延续。2022年4月21日和5月9日,缅甸国家行政管理学院分别与位于武汉的华中科技大学新闻与信息传播系和云南大学新闻学院签署了合作谅解备忘录,交流合作转向线上。

依据有关谅解备忘录,合作涵盖了文化交流、学生交流、教师交流、组织研讨会、发表研究论文等五个领域。作为三家高等学府交流项目的最初合作成果,每年线上举办相关媒体研讨会,迄今已举办了三次。

在线上学生交流项目中,两家中国大学的新闻专业学生围绕中国青少年信息获取与使用方式、AI在新闻媒体中能否取代人类主播、电视的发展前景、中国主流媒体的转型、5G互联网下中国媒体发展现状与趋势、中国影视剧对缅甸青少年的影响、从社会传播视角分析云南生活方式、云南少数民族非物质文化现代传播策略等一系列课题开展研究并交流成果。

作为回应,缅甸国家行政管理学院新闻专业的学生则以不同历史时期的缅甸报纸、缅甸广播事业、缅甸电视的历史和现状、缅甸现有电视频道、社交媒体的文化传播、缅甸著名的中国寺庙、缅甸媒体上的消费趋势、社交媒体上的娱乐和新闻信息节目等话题展开了讨论。

在教师交流项目中,2023年11月14日至24日,云南大学新闻学院主办了面向教师与记者的“国际传播研讨会”,主题聚焦纪录片和数字媒体内容创作。缅甸国家行政管理学院新闻系三位教师参加研讨会。参会交流期间,教师们还拍摄制作了以中国文化为主题的纪录片,我们回国后与老师和学生分享了纪录片制作技巧。

此外,作为南亚东南亚大学联盟(S&SE ASIAN UN)成员,缅甸国家行政管理学院于2023年11月应云南大学之邀,参加了第三届南亚东南亚大学领袖论坛以及中国-南亚和东南亚国际关系论坛,校长尼拉敏图博士率团出席。

笔者参加第三届南亚东南亚大学领袖论坛

3rd South and Southeast Asian University Network Forumသို့တက်ရောက်ခဲ့စဉ်


在上述论坛上,来自中国以及新加坡、尼泊尔、巴基斯坦等南亚和东南亚国家的媒体和国际关系专家、传媒学者聚集一堂。中国各地传媒教授就现代中国与国际关系、国际关系教学、提升国际交往能力等内容进行了研讨交流。

我们相信,两国传媒合作和文化交流,与国际大学建立紧密联系,是中缅友好建交结出的珍贵硕果。我们坚信,在中缅外交关系长期稳定发展的坚实基础上,我们的传媒传播学必将迈向更好的新征程。值此,我衷心祈愿中缅友谊长存,从一个建交钻石禧年迈向下一个钻石禧年,不断续写两国友好合作的新篇章。

笔者在云南大学新闻学院留影

Yunnan University,School of Journalism၌အမှတ်တရ


တတိယဆု

ပေါင်းစည်းချစ်ကြည်မီဒီယာပညာဖွံ့ဖြိုးရေးပန်းတိုင်ဆီ

ဒေါက်တာဇင်မာကျော်

ပါမောက္ခ(ဌာနမှူး)၊ သတင်းအတတ်ပညာဌာန၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံအတွက် ကစုံမှကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးနေသည့် နိုင်ငံတစ်နိုင်ငံကို ပြပါဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြရပါမည်။ တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုများထဲမှ ပညာရေးကတွင် မီဒီယာပညာရေးဆိုင်ရာ ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပါသည်။ မီဒီယာလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်မှာ မီဒီယာပညာကို စနစ်တကျသင်ယူတတ်မြောက်ထားသည့် ခေတ်မီနည်းပညာနှင့် သတင်းအတတ်ပညာများ ကျွမ်းကျင်သည့် သတင်းမီဒီယာသမားကောင်းများ မီဒီယာလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ရှိနေရေးပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၌ တက္ကသိုလ်အဆင့်တွင် နိုင်ငံတကာနှင့်အညီ မီဒီယာအတတ်ပညာများ စနစ်တကျသင်ယူထားသည့် မီဒီယာသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် B.A.(Journalism)ဝိဇ္ဇာဘွဲ့(သတင်းအတတ်ပညာ)ကို (၂၀၀၇-၂၀၀၈)ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။အဆင့်မြင့် ပညာအဆင့်ဖြစ်သဖြင့် တက္ကသိုလ်ပညာရေးကို လက်ဆင့်ကမ်းသင်ကြားပေးမည့် ဆရာ၊ ဆရာမများသည် မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိအောင် ဆက်လက်ပညာဆည်းပူးရန် လိုအပ်ပါသည်။ ကနဦးဘွဲ့ပေးအပ်သည့် ဘာသာရပ်ဖြစ်နေသဖြင့် ဂျာနယ်လစ်ဇင်ဘွဲ့အထူးပြုဆရာမများသည် နိုင်ငံတကာတက္ကသိုလ်များတွင် ဖွင့်လှစ်သောဘွဲ့လွန်သင်တန်းများကို တက်ရောက်မှသာလျှင် အဆိုပါဘွဲ့များကို ရရှိနိုင်မည်ဖြစ်သည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရပါသည်။ အဆိုပါအခက်အခဲကို ကျော်လွှားနိုင်ခဲ့သည့် အဓိကအခွင့်အလမ်းတစ်ခုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ China Scholarship Council (CSC) မှ ပေးအပ်သည့် ပညာသင်ဆုနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)မှ ပေးအပ်သည့် MOFCOM Scholarship အစီအစဉ် ပညာသင်ဆုများ ရရှိခဲ့သောကြောင့်ပင် ဖြစ်ပါသည်။

အဆိုပါပညာသင်ဆုအစီအစဉ်များကြောင့် ၂၀၁၄ခုနှစ်မှ ၂၀၂၂ခုနှစ်ကာလအတွင်း ဂျာနယ်လစ်ဇင်ဘာသာရပ်ကို လက်ဆင့်ကမ်းသင်ကြားပို့ချနေကြသည့် မျိုးဆက်သစ်ဆရာမ(၃)ဦးသည် တရုတ်နိုင်ငံ(ဟောင်ကောင်)ရှိ ဟောင်ကောင်တက္ကသိုလ်နှင့် Communication University of China (CUC) ၌ International Journalismမဟာဘွဲ့များ တက်ရာက်နိုင်ရန်နှင့် Huazhong University of Science and Technology၌ ပါရဂူဘွဲ့များ တက်ရောက်ခွင့် ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးအပ်သည့် ပညာသင်ဆုအစီအစဉ်များသည် တက္ကသိုလ်အဆင့် မီဒီယာပညာသင်ကြားရေးနှင့် ပြန့်ပွားစေရေးအတွက် အရေးပါသည့်ပံ့ပိုးကူညီမှုအဖြစ် တည်ရှိနေပါသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ B.A.(Journalism)ဘွဲ့ရများသည် ပြည်တွင်း၊ ပြည်ပမီဒီယာများတွင် အလုပ်လုပ်ကိုင်လျက်ရှိကြရာ တချို့သည်လည်း ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာသတင်းအေဂျင်စီကြီးဖြစ်သည့် ဆင်ဟွာသတင်းဌာန(ရန်ကုန်ရုံးခွဲ)၌ သတင်းမီဒီယာသမားများအဖြစ် လုပ်ကိုင်လျက်ရှိကြောင်း သိရသဖြင့် ကျွန်မတို့ဆရာများမှ ဝမ်းမြောက်ဂုဏ်ယူလျက်ရှိကြပါသည်။

ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်းနှင့်အာဆီယံနိုင်ငံများ၏ လူမှုအသိုက်အဝန်းအတွင်း အရေးပါသည့်မီဒီယာနှင့် လူမှုကူးလူးဆက်ဆံရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေကြသူများအား China-ASEAN Center of Advanced Studies (CACAS) အစီအစဉ်ဖြင့် ၂၀၁၉ခုနှစ် မတ်လ၂၅ရက်မှ ဧပြီလ၃ရက်နေ့အထိ ပေကျင်းမြို့ရှိ Communication University of China၌“Senior Workshop on New Media from Technology to Creative Work”ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပေးခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ကျွန်မအပါအဝင် သတင်းအတတ်ပညာဌာနမှ ဆရာမ(၃)ဦးသည် တရုတ်နှင့် အာဆီယံနိုင်ငံများမှ မီဒီယာပညာသင်ကြားပို့ချနေသူများနှင့်အတူ Communication University of China၌ အထူးပို့ချချက်များ၊ ဘာသာရပ်ဆိုင်ရာပို့ချချက်များ၊ ဆွေးနွေးပွဲများ၊ ယဉ်ကျေးမှုဖလှယ်သည့်အစီအစဉ်များနှင့် အဖွဲ့လိုက်ဆွေးနွေးတင်ပြချက်များကို ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း Communication University of China၌ ၂၀၀၀ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည့် School of Digital Arts and Animationမှ ကျောင်းသား၊ ကျောင်းသူများ ရိုက်ကူးဖန်တီးထားသည့် ဆုရAnimationဇာတ်ကားတိုများကို ကြည့်ရှုလေ့လာခဲ့ရသည်မှာ မှတ်သားစရာများစွာထဲက အမှတ်တရအရှိဆုံး ဖြစ်ခဲ့ပါသည်။ တရုတ်နိုင်ငံ၏ Animationလုပ်ငန်းသည် ၁၉၄၉ခုနှစ်တွင် စတင်ခဲ့ပြီး မျက်မှောက်ခေတ်အထိ အဆင့်(၅)ဆင့်ကို ဖြတ်ကျော်ခဲ့ပြီဖြစ်ကြောင်းသိရှိခဲ့ရသဖြင့် တရုတ်နိုင်ငံ၏ ဖျော်ဖြေရေးမီဒီယာဖန်တီးမှုအတတ်ပညာ ရင့်သန်နေမှုကို အားကျခဲ့ရပါသည်။

Communication University of China၏ D5Studio၌ Television Collegeမှ ပါမောကWeihua WU၏ အင်တာနက်5Gကွန်ရက်နှင့် အွန်လိုင်းဗီဒီယိုခေတ်ခေါင်းစဉ်ဖြင့် အထူးပို့ချချက်မှ တရုတ်ပြည်သူများအတွက် အဓိကဖျော်ဖြေရေးမီဒီယာများဖြစ်သော အွန်လိုင်းဗီဒီယိုများ ဖန်တီးတင်ဆက်ခြင်း၊ Live Streamingဗီဒီယိုများနှင့် ထင်ရှားလူကြိုက်များသည့် ဖျော်ဖြေရေးမီဒီယာဝက်ဘ်ဆိုက်များစွာကို သိရှိခဲ့ရသဖြင့် တရုတ်နိုင်ငံ၏ အွန်လိုင်းဗီဒီယိုယဉ်ကျေးမှုအကြောင်း တစေ့တစောင်း လေ့လာနိုင်ခဲ့ပါသည်။

ကွင်းဆင်းလေ့လာမှုများအနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်၍ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ကြည့်ရှုလေ့လာခြင်းနှင့် China Global Television Network (CGTN) ၏ မာလ်တီမီဒီယာစတူဒီယို၌ ရုပ်သံလွှင့်လုပ်ငန်းများ ထုတ်လွှင့်ရန် သတင်းနှင့် အစီအစဉ်များရိုက်ကူး၊ တည်းဖြတ်ဆောင်ရွက်နေမှုတို့ကို အသေးစိတ်လေ့လာခွင့်ရရှိခဲ့ပါသည်။ ကမ္ဘာအနှံ့ ဖြန့်ကြက်ထုတ်လွှင့်နေသော ရုပ်သံလွှင့်ဌာနကြီး၏ ရိုက်ကူးတင်ဆက်မှုအမျိုးမျိုးကို သိရှိခဲ့ရပါသည်။

ထပ်မံ၍ နှစ်ပေါင်း(၇၀)ကျော်သက်တမ်းရှိပြီဖြစ်သည့် တရုတ်နိုင်ငံ၏ အစောင်ရေအများဆုံးဖြန့်ချိနေသည့် People’s Dailyသတင်းစာတိုက်ကြီးသို့ ရောက်ရှိ လေ့လာခဲ့ရပါသည်။ ဝန်ထမ်းပေါင်း၃၀၀၀နီးပါးဖြင့် လည်ပတ်နေသည့် သတင်းစာတိုက်ကြီး၏ မျိုးဆက်(၅)ဆက်တိုင် ဓာတ်ပုံများက ရှည်လျားလှသည့်သမိုင်းကြောင်းကို ဖော်ညွှန်းနေပေသည်။ ဂျာနယ်လစ်များအား မူရင်းသတင်းများကို အချိန်မီသတင်းတင်ဆက်နိုင်ရေးနှင့် အတွင်းကျကျ စုံစမ်းထောက်လှမ်းရေးသားခြင်းကို အထူးအားပေးထားကြောင်း သိရှိခဲ့ရပါသည်။ ကမ္ဘာ့ထိပ်တန်းမီဒီယာကုမဏီ၅၀၀ခန့်နှင့် နိုင်ငံအတွင်းရှိ မီဒီယာလုပ်ငန်း၅၀ခန့်ထံမှ ရရှိသည့် နေ့စဉ်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ စုဆောင်းလျက် ပြည်သူ့နေ့စဉ်သတင်းစာကို ထုတ်ဝေဖြန့်ချိလျက်ရှိကြောင်း သိရှိခဲ့ရပါသည်။ တရုတ်နိုင်ငံ၏ မီဒီယာအခင်းအကျင်းတွင် အရေးပါသည့် သတင်းစာတိုက်ကြီးသို့ လေ့လာခွင့်ရခဲ့ခြင်းက ကျွန်မတို့သင်တန်းသား၊ သင်တန်းသူများအတွက် အလွန်တန်ဖိုးရှိလှပါသည်။

မီဒီယာအတတ်ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခဲ့ရသည့်အပြင် ကမ္ဘာ့ထိပ်တန်းစီးပွားရေးနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အကြီးမားဆုံးသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် ကမ္ဘာတစ်ဝန်းမှ လူငယ်များစံထားအားကျရသူ ဂျက်မား၏ ဟွမ်ကျိုးရှိ အလီဘာဘာအုပ်စု(Alibaba Group)သို့ သွားရောက်လေ့လာခဲ့ရပါသည်။ အလီဘာဘာလုပ်ငန်းစုကြီး၏ကမ္ဘာလုံးဆိုင်ရာနှင့်ပြည်တွင်းလက်လီလက်ကားရောင်းဝယ်သည့်အွန်လိုင်းကုန်သွယ်ရေးစနစ်၊ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုကွန်ရက်၊ ဆိုက်ဘာလုံခြုံရေးစနစ်၊ ပြည်သူ့ရေးရာ၊ ပြန်လည်ပေါင်းစည်းရေးစနစ်နှင့် ဆင်းရဲမွဲတေမှု ရန်ပုံငွေထူထောင်ထားရှိခြင်းများအကြောင်းကို လေ့လာသိရှိခဲ့ရသည်ကလည်း တန်ဖိုးမဖြတ်နိုင်ပါ။ ကျွန်မတို့ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိသည့်အခါ အဆိုပါ မြင်တွေ့သိရှိခဲ့ရသည့် အားကျစရာဗဟုသုတများကို ဂျာနယ်လစ်ဇင်ကျောင်းသား၊ ကျောင်းသူများအား ဝေမျှပေးနိုင်ခဲ့ကြပါသည်။

၂၀၁၉ခုနှစ် အောက်တိုဘာလတွင် ယူနန်တက္ကသိုလ်၊ School of Journalismမှ ဦးစီးသော ကူမင်းမြို့၌ ကျင်းပသည့် မီဒီယာပညာသင်ကြားရေးဆိုင်ရာ နိုင်ငံတကာညီလာခံသို့ ဖိတ်ကြားခံခဲ့ရသဖြင့် သတင်းအတတ်ပညာဌာနမှူးအနေဖြင့် ကျွန်မတက်ရောက်ခဲ့ပါသည်။ တရုတ်နိုင်ငံတစ်ဝန်းမှ မီဒီယာဘာသာရပ်ဆိုင်ရာ ပါမောက္ခများ တက်ရောက်ခဲ့ကြသည့် အဆိုပါ ညီလာခံ၌ ဂျာနယ်လစ်ဇင် ပညာရေးနှင့် မီဒီယာလုပ်ငန်းတွင် ဒစ်ဂျစ်တယ်နည်းပညာ၏ အကျိုးသက်ရောက်မှုကို ရှုထောင့်စုံမှ တင်ပြဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်မီဒီယာဆိုင်ရာ သင်ကြားရေးဘာသာရပ်များကို တင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် ပေးအပ်နေသည့် တစ်ခုတည်းသော မီဒီယာဆိုင်ရာဘွဲ့ဖြစ်သည့် B.A.(Journalism)တွင် ပါဝင်သင်ကြားပို့ချပေးနေသည့် ဘာသာရပ်များကိုလည်း ပြန်လည်တင်ပြဆွေးနွေးခွင့်ရခဲ့ပါသည်။ နည်းပညာထိပ်တန်းနိုင်ငံကြီး၏ တက္ကသိုလ်များတွင် သင်ကြားပို့ချလျက်ရှိသည့် မီဒီယာဆိုင်ရာ ဘာသာရပ်များအပေါ် လက်တွေ့သင်ကြားမှုနည်းလမ်းများကို သိရှိခဲ့ရသဖြင့် မိမိ၏ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပို့ချရာတွင် ပြန်လည်အသုံးချနိုင်ခဲ့သဖြင့် တက်ရောက်ခွင့်ရခဲ့သည်မှာ အလွန်အကျိုးရှိလှသော ညီလာခံတစ်ခုပင် ဖြစ်ပါသည်။

၂၀၂၀ပြည့်နှစ်တွင် တစ်ကမ္ဘာလုံးကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ကပ်ရောဂါဘေးကိုလည်း ရင်ဆိုင်အံတုခဲ့ကြရသေးသည်။ ကပ်ရောဂါဘေးကြောင့် လူကိုယ်တိုင်ထိတွေ့မှုတွေ အဆက်ဖြတ်ထားခဲ့ကြရသော်လည်း ချစ်ကြည်ရင်းနှီးမှုတွေကိုတော့ဖြင့် အဆက်ဖြတ်မထားကြပါ။ မီဒီယာပညာရေးဖွံဖြိုးစေရန် ပူးပေါင်းဆောင်ရွက်မှုများကို အွန်လိုင်းမှ လုပ်ဆောင်ခဲ့ကြပါသည်။ ယင်းမှာ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ(Memorandum of Understanding(MOU))ကို ရေးထိုးခဲ့ကြခြင်းပင် ဖြစ်ပါသည်။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် ၂၀၂၂ခုနှစ် ဧပြီလ(၂၁)ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်ပြည်နယ်ရှိ Huazhong University of Science and Technology၊ School of Journalism and Information Communicationနှင့် မေလ(၉)ရက်နေ့တွင် ယူနန်ပြည်နယ်ရှိ ယူနန်တက္ကသိုလ်၊ School of Journalismနှင့်လည်းကောင်း အသီးသီးနားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြပါသည်။

နားလည်မှုစာချွန်လွှာအရ မီဒီယာပညာရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအဖြစ် ယဉ်ကျေးမှုဖလှယ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူဖလှယ်ခြင်း၊ ဆရာ၊ဆရာမများဖလှယ်ခြင်း၊ သုတေသနစာတမ်းဖတ်ပွဲကျင်းပခြင်းနှင့် သုတေသနစာစောင်များထုတ်ဝေခြင်းစသည့် ကဏ္ဍ(၅)ရပ်ကို ပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်သည်။ ပထမဦးစွာ ပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်များအဖြစ် ကျောင်းသား၊ ကျောင်းသူဖလှယ်ခြင်းကအတွက် Huazhong University of Science and Technology၊ ယူနန်တက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့မှ ဂျာနယ်လစ်ဇင်ကျောင်းသား၊ ကျောင်းသူများ၏ မီဒီယာဆိုင်ရာ သုတေသနအကြောင်းအရာများ တင်ပြဆွေးနွေးခြင်းကို အွန်လိုင်းဖြင့် နှစ်စဉ်ကျင်းပခဲ့ကြသည်မှာ (၃)ကြိမ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။

Virtual Student Exchangeအစီအစဉ်တွင် Huazhong University of Science and Technologyနှင့် ယူနန်တက္ကသိုလ်တို့မှ ဂျာနယ်လစ်ဇင်ကျောင်းသား၊ ကျောင်းသူများက တရုတ်လူငယ်များ သတင်းရယူအသုံးပြုမှုနည်းလမ်းများ၊ အနာဂတ်သတင်းမီဒီယာလောကတွင် သက်ရှိသတင်းကြေညာသူများနေရာ၌ စက်ရုပ်များ အစားထိုးလာကြမည်လား၊ ရုပ်မြင်သံကြားများ၏ အနာဂတ်၊ တရုတ်နိုင်ငံမှ ပင်မမီဒီယာလုပ်ငန်းများ၏ အသွင်ပြောင်းလဲမှု၊ အင်တာနက်5Gဖြင့် တရုတ်နိုင်ငံ၏ မီဒီယာဖွံ့ဖြိုးမှုအနေအထားနှင့် အလားအလာများ၊ မြန်မာလူငယ်များအပေါ် တရုတ်ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများ၏ သက်ရောက်မှု၊ ယူနန်၏ လူနေမှုဟန်ပန်အား လူမှုကူးလူးဆက်ဆံရေးအမြင်ဖြင့် သုံးသပ်ခြင်းနှင့် ယူနန်တိုင်းရင်းသားလူနည်းစုများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအတွက် ခေတ်သစ်လူမှုကူးလူးဆက်ဆံရေးနည်းဗျူဟာများ အစရှိသည့် ခေါင်းစဉ်များဖြင့် သုတေသနတွေ့ရှိချက်များကို တင်ပြခဲ့ကြပါသည်။

အပြန်အလှန်အားဖြင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ သတင်းအတတ်ပညာကျောင်းသား၊ ကျောင်းသူများကလည်း ခေတ်အဆက်ဆက် မြန်မာသတင်းစာများ၊ မြန်မာ့ရေဒီယိုအသံလွှင့်လုပ်ငန်း၊ ယခင်နှင့် ယခု မြန်မာ့ရုပ်မြင်သံကြားလုပ်ငန်း၊ မြန်မာနိုင်ငံတွင် ထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများ၊ ဆိုရှယ်မီဒီယာဖြင့် ယဉ်ကျေးမှုပေါင်းကူးခြင်း၊ မြန်မာနိုင်ငံရှိ အထင်ကရ တရုတ်ဘုရားကျောင်းများ၊ မြန်မာနိုင်ငံ၏ မီဒီယာသုံးစွဲမှုရေစီးကြောင်း၊ ဆိုရှယ်မီဒီယာမှ ဖျော်ဖြေရေးနှင့် သတင်းအချက်အလက်ပေးအစီအစဉ်များ စသည့် ခေါင်းစဉ်များဖြင့် တင်ပြဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် Faculty Exchangeအစီအစဉ်အရ ၂၀၂၃ခုနှစ် နိုဝင်ဘာလ၁၄ရက်နေ့မှ ၂၄ရက်နေ့အထိ ယူနန်တက္ကသိုလ်၊ School of Journalismမှ ဦးစီးကျင်းပခဲ့သည့် မီဒီယာပညာသင်ကြားရေးဆရာ၊ ဆရာမများနှင့် သတင်းမီဒီယာသမားအတွက် မှတ်တမ်းရုပ်ရှင်နှင့် ဒစ်ဂျစ်တယ်မီဒီယာအကြောင်းအရာများ ဖန်တီးထုတ်လုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ“International Communication Workshop”သို့ သတင်းအတတ်ပညာဌာနမှ နည်းပြဆရာမ (၃)ဦး တက်ရောက်ပညာဆည်းပူးခွင့် ရရှိခဲ့ပါသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကျင်းပသည့်ရက်အတွင်း တရုတ်ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်းဗီဒီယိုများ ရိုက်ကူးထုတ်လုပ်ခဲ့ကြရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသောအခါ မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖန်တီးမှုအတတ်ပညာများကို လက်ဆင့်ကမ်းမျှဝေနိုင်ကြပြီ ဖြစ်ပါသည်။

ထပ်မံ၍ ယူနန်တက္ကသိုလ်က ဦးစီးကျင်းပသည့် တတိယအကြိမ်မြောက် တောင်အာရှနှင့် အရှေ့တောင်အာရှတက္ကသိုလ်အကြီးအကဲများဖိုရမ်နှင့် တရုတ်နိုင်ငံနှင့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံတကာဆက်သွယ်ဆက်ဆံရေးဖိုရမ်သို့ South and Southeast Asian University Network(S&SE ASIAN UN)အဖွဲ့ဝင်ဖြစ်သော အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်အား ဖိတ်ကြားသဖြင့် ကျောင်းအုပ်ကြီးဒေါက်တာနီလာမြင့်ထူးနှင့်အတူ ၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်၌ တရုတ်၊ စင်ကာပူ၊ နီပေါ၊ ပါကစ္စတန်အပါအဝင် တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများမှ ဂျာနယ်လစ်ဇင်နှင့် ဆက်သွယ်ဆက်ဆံရေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ မီဒီယာလုပ်ငန်းအတတ်ပညာရှင်များ စုပေါင်းတွေ့ဆုံခဲ့ကြပါသည်။ တရုတ်နိုင်ငံတစ်ဝန်းမှ ဂျာနယ်လစ်ဇင်ပါမောက္ခများက ခေတ်မီတရုတ်နိုင်ငံနှင့် နိုင်ငံတကာကူးလူးဆက်ဆံရေးဆိုင်ရာ အစီအစဉ်များ၊ နိုင်ငံတကာဆက်သွယ်ဆက်ဆံရေးဆိုင်ရာ လေ့ကျင်သင်ကြားမှုများ၊ နိုင်ငံတကာကူးလူးဆက်ဆံရေး ထိရောက်အကျိုးရှိအောင် တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ အကြောင်းအရာများကို တင်ပြဆွေးနွေးကာ အတွေ့အကြုံဖလှယ်ခဲ့ကြပါသည်။

ကျွန်မတို့အနေဖြင့် မီဒီယာပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှုဆိုင်ရာကူးလူးဆက်ဆံမှု၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ဆက်သွယ်ဆက်ဆံမှု ဆောင်ရွက်နိုင်ခဲ့ခြင်းများသည် တရုတ်-မြန်မာနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်နိုင်ခဲ့ခြင်း၏ အသီးအပွင့်များဖြစ်သည်ကို အလေးအနက်ယုံကြည်ပါသည်။ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး အဓွန့်ရှည်တည်တံ့မှုနှင့်အတူ မီဒီယာပညာရပ်ဖွံ့ဖြိုးရေးဆီသို့ အရောက်လှမ်းချီနိုင်မည်ဖြစ်ကြောင်း အလေးအနက် ယုံကြည်မိပါသည်။ သို့ဖြစ်ပါ၍ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်မှု သက်တမ်းစိန်ရတုကာလမှသည် ရတုအဆက်ဆက်ဆီသို့ လှမ်းချီနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

分享到: