> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【三等奖】中缅胞波情 共筑生命暖阳

三等奖

中缅胞波情共筑生命暖阳

缅甸中华总商会 经纬

在缅甸这片被岁月浸染得古老而神秘的广袤土地上,中缅两国人民宛如跨越山海的亲密手足,以“胞波”兄弟相称,一笔一划地书写着跨越国界的深厚情谊。在这片土地上,一群心怀大爱的华人华侨,宛如点点繁星,以缅甸中华总商会为纽带,在灾难与疫情的阴霾笼罩下,用坚实有力的行动,诠释着责任与担当,成为中缅友谊长河中那最为生动鲜活的注脚。

地震无情,胞波有爱——抗震救灾的紧急驰援

2025年3月28日,缅甸中部原本宁静的时光被一场7.9级强震无情碾碎。大地颤抖,山峦悲鸣,曼德勒、内比都、实皆等地瞬间从繁华之境沦为满目疮痍的废墟。高楼大厦如脆弱的积木般轰然倒塌,扬起的尘土遮天蔽日;道路扭曲成诡异的形状,仿佛大地痛苦的皱纹;电力中断,城市陷入黑暗的深渊;饮用水系统瘫痪,生命的源泉戛然而止。废墟中,微弱的呼救声如利箭般刺痛着人们的心,那是一个个鲜活生命在绝望中的挣扎,整个灾区被恐惧与无助的阴霾紧紧笼罩。

缅甸中华总商会会长林文猛听闻噩耗,心急如焚,仿佛有一团烈火在胸膛中燃烧。他毫不犹豫中断行程,星夜兼程赶回仰光。震后仅仅4小时,商会便迅速组建起抗震救灾指挥部,与中国驻缅甸大使馆、缅甸社会福利和救济安置部及中国蓝天救援队等各方力量紧密联动。此刻,挽救更多生命,为灾区人民送去温暖与希望的信念,如同一束光,穿透黑暗,照亮了商会同仁们的心,成为他们奋勇前行的动力。

缅甸中华总商会紧急援建的曼德勒综合医院手术室已正式启用

来自中国的救援队,带着专业的装备和满腔的爱心,如无畏的勇士般第一时间奔赴灾区。然而,初到异国,他们便遭遇了重重困难。语言不通,就像一道无形的墙,横亘在他们与当地民众之间;环境陌生,对地形和灾情分布一无所知,仿佛置身于茫茫迷雾之中;而快速通过机场、抵达灾区,更成了难以跨越的鸿沟。

就在救援队需要当地人配合之时,缅甸中华总商会的工作人员如天使般及时出现。在仰光国际机场,他们早已等候多时。他们熟练地帮忙办理落地签,与海关人员耐心沟通,协调人员和装备快速通关。每一个环节都安排得井井有条,仿佛是一场精心编排的舞蹈。在商会工作人员的帮助下,救援队顺利入境,登上了前往灾区的车辆。看着这些忙碌而亲切的身影,救援队员们心中涌起一股暖流,他们知道,自己不再是孤军奋战,背后有商会这个坚实的后盾。

抵达灾区后,眼前的景象让救援队揪心不已。废墟中,一个微弱的声音传来,那是一位35岁的缅甸籍孕妇,她在废墟下被困多时,生命垂危。救援队立刻展开紧张的救援工作,商会志愿者则在一旁协助翻译、传递工具。经过几个小时的努力,孕妇终于被缓缓抬出废墟,现场响起了热烈的掌声,那是生命的赞歌。此后,在震后125小时,又一名52岁的缅甸籍男性在金色乡村酒店被成功救出。这些生命的奇迹,是救援队专业技能与顽强拼搏的结晶,更是缅甸中华总商会默默支持的见证。

在送别各支救援队时,林文猛会长深情地说:“我们只是做了一些力所能及的事,真正的英雄是那些不顾个人安危、奋战在救援一线的队员们。我们相信,只要大家携手共进,就一定能帮灾区人民重建家园。”

此后,商会赈灾队伍迅速行动。先遣队徒步穿越塌方路段,脚下的土地崎岖不平,每一步都充满危险,但他们没有丝毫退缩。他们逐段核查灾情需求,绘制出详细的“赈灾需求热力图”,为后续工作铺平道路。很快,装满大米、食用油、瓶装水等生活物资的商会救援车队出发前往灾区物资集散中心。工作人员们将物资分发给当地受灾民众,一位年迈的老人接过物资,眼中满是感激,紧紧握住工作人员的手,不停地说着感谢的话。那粗糙的手掌,传递着无尽的温暖与力量。

缅甸中华总商会地震灾区捐赠救灾物资

在这场抗震救灾中,缅甸中华总商会与各方力量携手,用爱与行动谱写了一曲温暖的交响,让灾区人民看到了希望的曙光。

抗疫同行,大爱无疆——疫苗接种的暖心行动

如果说地震是突如其来的灾难,那么新冠疫情则是一场旷日持久的考验。2021年,新冠疫情如一头猛兽般在缅甸肆虐,医院床位告急、医疗设备短缺,死亡人数不断攀升,民众在恐慌中孤立无援,仿佛置身于黑暗的深渊。就在这危急时刻,缅甸中华总商会挺身而出,成为抗疫战场上的“逆行者”,宛如一束光,照亮了黑暗的角落。

当年6月初,缅甸中华总商会会长林文猛召集商会主要负责人、各侨团侨领和社会贤达紧急开会。会议室里气氛凝重,每个人的脸上都写满了担忧和坚定,仿佛肩负着千斤重担。他们深知,作为华社侨领,有责任为缅甸抗疫贡献力量。会上,大家一致决定发起自费自愿接种中国新冠疫苗的行动,并迅速筹组“管理委员会”和“工作委员会”。6月18日,决议发布后,全缅各地热烈响应,纷纷成立“疫苗接种委员会”,接种规模从最初的10余万人迅速扩展到全国18个城市、35万人70万剂,成为缅甸中华总商会有史以来最大的公益行动,那场面,仿佛是一场没有硝烟的战争,每一个人都在为了生命而战。

然而,筹备过程困难重重。缅甸从未批准民间进口疫苗,中国国药集团也未对民间团体提供过疫苗,资金筹集和法律合规成为两大难题。疫苗接种规模庞大,需巨额资金,且签约后五天内需全款付清。商会决定先接受报名再缴费,资金缺口巨大。关键时刻,林文猛会长慷慨解囊,全额先行垫付,解决了资金难题。他坚定地说:“为了大家的生命健康,这些不算什么,只要能尽快让大家打上疫苗,一切都值得。”那豪迈的话语,如同战鼓,激励着每一个人奋勇向前。

面对重重困难,缅甸中华总商会团队锲而不舍,在中国驻缅甸大使馆的鼎力支持下,在缅甸政府和中国国药集团的大力支持下,短短两个月,商会完成了疫苗接种报名登记、定价、进出口手续、运输、仓储、配送、接种团队及场所安排等一系列复杂工作。

2021年8月21日,运载着疫苗的包机降落在仰光国际机场,人们激动雀跃,大家知道,这是一场与时间赛跑的胜利。

2021年8月24日,缅甸中华总商会仰光Thuwunnabhumi Event Park疫苗接种中心正式启动。

8月23日下午,仰光疫苗接种中心进行接种试运行。8月24日,缅甸中华总商会仰光杜瓦那布米会展中心Thuwunnabhumi Event Park疫苗接种中心正式启动,标志着由缅甸中华总商会组织的中国国药新冠疫苗接种在全缅展开。在为期数周的时间里,志愿者们全程默默无私奉献,完成了数十万的名单登记录入与复核、接听了数十万个咨询电话及疫苗接种通知、接种服务等大量工作。一位缅甸民众在接种后激动地说:“感谢中国疫苗,感谢缅甸中华总商会,让我们有了保护自己生命的力量。”那朴实的话语,表达了对疫苗接种行动的深深感激。

此后,除仰光外,接种项目陆续在曼德勒、东枝、密支那、腊戍等全国多地展开。在接种点,一位华人志愿者忙碌地引导着前来接种的民众,汗水湿透了他的衣衫,但他依然笑容满面,他说:“能为抗疫出一份力,再累也值得。”那灿烂的笑容,如同春日里的暖阳,绽放着无私奉献的光芒。

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်မှ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးရှိ မူလခွဲစိတ်ခန်း ၂ခန်းအား ပြန်လည် ပြုပြင်မွမ်းမံ ပြင်ဆင်ခြင်းအတွက် လှူဒါန်းခြင်း။

本次疫苗接种项目创造了多个第一:成为第一家被缅甸卫生部批准进口新冠疫苗的单位,第一个自愿自费在当地实施疫苗接种的团体,同时更是全球第一个获得中国国药批准购买疫苗的海外华人团体。这场不分国籍、种族、宗教、贫富的疫苗接种行动,在各界的鼎力支持和配合下铸造了生命的奇迹,疫苗接种行动的成功不仅得到缅甸政府的认可和赞赏,也赢得广大民众的信任和支持。中缅胞波情,在这场灾难与疫情的考验中愈发深厚。缅甸中华总商会用行动诠释着责任与担当,他们的奉献如同璀璨星辰,照亮了中缅友谊的天空,也让我们看到了人性中最美好的一面。正是因为有了缅甸华社的“可爱的人”们,中缅两国的友谊之花也将永远绽放,共筑那充满希望与光明,更加美好的未来。


၂၀၂၁ခုနှစ် ဩဂုတ်လ ၂၄ရက်တွင် ရန်ကုန်မြို့ Thuwunnabhumi Event Park ရှိ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးစင်တာ၌ စတင်ထိုးနှံခြင်း။


တတိယဆု

တရုတ်-မြန်မာနှစ်နိုင်ငံ ပေါက်ဖော် မိတ်ဖက်ဆက်ဆံရေးနှင့် မြန်မာပြည်ဖွား တရုတ်လူမျိုးများ၏ ကြင်နာသော လှူဒါန်းမှုများက ဘဝ၏ နွေးထွေးမှုများ ဖန်တီးပေးလျက်ရှိ

Jing Wei

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်

နှစ်ကာလများစွာက ရှေးဟောင်းကျပြီး ဆန်းကြယ်လှသော မြန်မာ့မြေပေါ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများသည် တောတောင်များ၊ ပင်လယ်ပြင်များကို ဖြတ်ကျော်လာသည့် ညီရင်းအစ်ကိုဖြစ်သည့်“ပေါက်ဖော်”ဟူသော အမည်ဖြင့် နိုင်ငံနယ်နိမိတ်များကို ကျော်လွန်ကာ နက်ရှိုင်းသော မိတ်သဟာယဆက်ဆံရေးကို တစ်လှမ်းချင်း ရေးသားလျက်ရှိသည်။

ဤမြေပေါ်တွင် စေတနာရှင်မြန်မာပြည်ဖွားတရုတ်လူမျိုးများသည် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ကို ဆက်သွယ်ရာဌာနအဖြစ်အသုံးပြုကာ ဘေးဒုက္ခနှင့် ကပ်ရောဂါများ၏ အမှောင်ထုအောက်တွင် ခိုင်မာသော လုပ်ဆောင်မှုများဖြင့် တာဝန်ယူမှုနှင့် ဝတ္တရားကို ကြယ်ရောင်အဖြစ် ထင်ဟပ်စေပြီး မြန်မာ- တရုတ်ခင်မင်ရင်းနှီးမှု၏ ရှည်လျားသောမြစ်တွင် အသက်ဝင်ဆုံးသော မှတ်သားဖွယ် အချက်တစ်ခု ဖြစ်လာခဲ့သည်။

ငလျင်ကရက်စက်သော်လည်း ပေါက်ဖော်ညီအစ်ကိုတို့၏ မေတ္တာတရားက မပျောက်ပျက် - ငလျင်ဘေးအတွက် အရေးပေါ်ကူညီရေး လုပ်ဆောင်ချက်များ

၂၀၂၅ခုနှစ်၊ မတ်လ၂၈ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အေးချမ်းသောနေ့ရက်များကို ၇.၉ပြင်းအားရှိသော ငလျင်ကြီးတစ်ခုက ရက်စက်စွာ ဖျက်ဆီးလိုက်သည်။ မြေကြီးတုန်ခါသွားပြီး တောင်တန်းများက ဝမ်းနည်းသံစဉ်များဖြင့် ညည်းတွားခဲ့သည်။ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းစသည့် ဒေသများရှိ စည်ကားနေသော မြို့များမှာ တဒင်္ဂအတွင်းမှာပင် အကြီးအကျယ် ပျက်စီးသွားခဲ့သည်။ အထပ်မြင့်အဆောက်အအုံများသည် ပြိုလဲကျပြီး ထောင်တက်လာသော ဖုန်မှုန့်များက ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။ လမ်းများသည် ကွေးကောက်သွားခဲ့သည်။ လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး မြို့ကြီးများသည် အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားခဲ့သည်။ သောက်သုံးရေစနစ်လည်း ပျက်စီးသွားကာ အသက်ရှင်ရပ်တည်ရေးအတွက် အရေးကြီးသော အရင်းအမြစ်များ ရုတ်တရက် ရပ်ဆိုင်းသွားခဲ့သည်။ အပျက်အစီးများကြားမှ အားနည်းသော အကူအညီတောင်းသံများသည် လူတို့၏ နှလုံးသားကို ဓားနှင့်ထိုးသကဲ့သို့ နာကျင်စေခဲ့သည်။ ၎င်းတို့သည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ရုန်းကန်နေကြရပြီး ဘေးဒုက္ခကျရောက်နေသော ဒေသခံများအားလုံးကို ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့က ထူထပ်စွာဖုံးလွှမ်းခဲ့သည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းသည် ဤဆိုးရွားသောသတင်းကိုကြားရသည်နှင့် နှလုံးသားလောင်မြိုက်သွားသကဲ့သို့ စိတ်ပူပန်မှုကို ခံစားခဲ့ရသည်။ သူသည်ခရီးစဉ်ကိုဖျက်ကာ ညအချိန်တွင် ရန်ကုန်သို့ အမြန်ဆုံး ပြန်လာခဲ့သည်။ ငလျင်ဖြစ်ပြီး ၄နာရီအတွင်း အသင်းကြီးသည် ငလျင်ဘေးကယ်ဆယ်ရေးညှိနှိုင်းကွပ်ကဲမှုဌာနကို အမြန်ဖွဲ့စည်းနိုင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ Blue Sky Rescue Teamအစရှိသော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် “လူ့အသက်ပိုမိုကယ်တင်ရန်၊ ငလျင်ဒဏ်သင့်ပြည်သူများထံ နွေးထွေးမှုနှင့် မျှော်လင့်ချက်များပို့ဆောင်ရန်”ဆိုသည့် ယုံကြည်ချက်သည် အမှောင်ထုကို ဖောက်ထွက်လာသော တောက်ပသည့်အလင်းတန်းကဲ့သို့ အသင်းသားများ၏ နှလုံးသားကို အလင်းပေးခဲ့ပြီး ၎င်းတို့၏ ရဲရင့်သော လုပ်ဆောင်မှုများအတွက် အားအင်ဖြစ်စေခဲ့သည်။

တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များသည် ကျွမ်းကျင်သော ပစ္စည်းကိရိယာများနှင့် ပြည့်ဝသည့် မေတ္တာတို့ကိုယူဆောင်ပြီး မကြောက်မရွံ့ စွန့်စားသူများကဲ့သို့ ငလျင်ဒဏ်သင့်ဒေသသို့ အမြန်ဆုံးရောက်ရှိလာခဲ့သည်။ သို့သော် နိုင်ငံရပ်ခြားသို့ရောက်ရှိသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ ဘာသာစကားအခက်အခဲသည် ၎င်းတို့နှင့် ဒေသခံများကြားတွင် မမြင်ရသော နံရံတစ်ခုကဲ့သို့ ကာဆီးနေခဲ့သည်။ မရင်းနှီးသော ပတ်ဝန်းကျင်၏ မြေမျက်နှာသွင်ပြင်နှင့် ဘေးအန္တရာယ်ဖြစ်ပွားရာ နေရာအခြေအနေများကို လုံးဝမသိခြင်းသည် မြူထူထပ်သော တောထဲတွင် လမ်းပျောက်နေသကဲ့သို့ ဖြစ်နေခဲ့သည်။ လေဆိပ်မှ ငလျင်ဒဏ်သင့်ဒေသသို့ ခရီးဆက်သည့်လမ်းကြောင်းသည်လည်း အခက်အခဲအတားအဆီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ဤအခက်အခဲများသည် ကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ကြီးမားစွာနှောင့်နှေးစေခဲ့သော်လည်း တရုတ်ကယ်ဆယ်ရေးအဖွဲ့များသည် ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးပမ်းခဲ့ကြသည်။

ကယ်ဆယ်ရေးအဖွဲ့များ အခက်တွေ့နေချိန်တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ ဝန်ထမ်းများသည် ကယ်တင်ရှင်ကဲ့သို့ အချိန်မီရောက်ရှိလာခဲ့ကြသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်ကယ်ဆယ်ရေးအဖွဲ့သည် ကြာမြင့်စွာ စောင့်မျှော်နေခဲ့ကြပြီး ဆိုက်ရောက်ဗီဇာလုပ်ငန်းစဉ်များကို အသင်း၏ ဝန်ထမ်းများမှ ကျွမ်းကျင်စွာ ကူညီဆောင်ရွက်ပေးခဲ့သည်။ အကောက်ခွန်ဝန်ထမ်းများနှင့် စိတ်ရှည်လက်ရှည်ညှိနှိုင်းခဲ့ပြီး ပစ္စည်းကိရိယာများနှင့် အဖွဲ့ဝင်များ အမြန်ဖြတ်သန်းနိုင်ရန် စီစဉ်ပေးခဲ့သည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် ဂရုတစိုက်ကြိုတင်စီစဉ်ထားသကဲ့သို့ ချောမွေ့စွာ ပြေလည်နေခဲ့သည်။ အသင်းဝင်များ၏ ကူညီမှုဖြင့် ကယ်ဆယ်ရေးအဖွဲ့သည် ခရီးစဉ်အောင်မြင်စွာ စတင်နိုင်ခဲ့ပြီး ငလျင်ဒဏ်သင့်ဒေသသို့ သွားရောက်မည့်ယာဉ်များပေါ်သို့ တက်ရောက်နိုင်ခဲ့သည်။ ဤကဲ့သို့ ကြိုးစားလုပ်ကိုင်နေသော ရင်းနှီးဖော်ရွေသည့် ပုဂ္ဂိုလ်များကို မြင်ရသောအခါ ကယ်ဆယ်ရေးအဖွဲ့ဝင်များ၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားရခဲ့သည်။ ယခုအခါ သူတို့သည် တစ်ကိုယ်တည်းရုန်းကန်နေရခြင်းမဟုတ်တော့ဘဲ အသင်း၏ ခိုင်မာသော အထောက်အပံ့ကို ရရှိထားပြီဖြစ်ကြောင်းကို သူတို့သိလိုက်ရသည်။

ငလျင်ဒဏ်သင့်ဒေသကို ရောက်ရှိချိန်တွင် ကယ်ဆယ်ရေးအဖွဲ့များ မျက်မြင်တွေ့ရသည့် မြင်ကွင်းများက စိတ်နှလုံးကို နာကျင်စေခဲ့သည်။ အပျက်အစီးများကြားမှ အားနည်းသော အသံတစ်သံ ကြားလိုက်ရသည်။ ၎င်းမှာ အသက်၃၅နှစ်အရွယ် ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီးတစ်ဦးဖြစ်ပြီး အပျက်အစီးအောက်တွင် အချိန်ကြာမြင့်စွာ ပိတ်မိနေကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေခဲ့သည်။ကယ်ဆယ်ရေးအဖွဲ့များသည် ချက်ချင်းပင် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်ခဲ့ပြီး အသင်းမှ စေတနာ့ဝန်ထမ်းများက ကူညီပြီး ဘာသာပြန်ပေးခြင်း၊ ကိရိယာများကို ပို့ဆောင်ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။ နာရီပေါင်းများစွာ ကြိုးပမ်းပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖြည်းဖြည်းချင်း အပျက်အစီးများအောက်မှ ကယ်တင်နိုင်ခဲ့ပြီး ထိုနေရာတွင် အားပေးသော လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ အသက်တစ်ချောင်း၏ အောင်ပွဲသီချင်းပင် ဖြစ်သည်။ ထို့နောက် ငလျင်ဖြစ်ပြီး ၁၂၅နာရီအကြာတွင် Golden Country Hotelမှ အသက်၅၂နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြန်သည်။ ဤအသက်ကယ်မှုအံ့ဩဖွယ်ရာများသည် ကယ်ဆယ်ရေးအဖွဲ့များ၏ ကျွမ်းကျင်မှုနှင့် မဆုတ်မနစ်လုံ့လ၏ရလဒ်သာမက မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ ပံ့ပိုးမှုသက်သေလည်း ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များနှုတ်ဆက်ခွဲခွာချိန်တွင် အသင်းချုပ်၏ ဥက္ကဋ္ဌဦးအိုင်ထွန်းက“ကျွန်တော်တို့ဟာ မိမိတို့၏ တတ်နိုင်သလောက်သာ ကူညီမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ တကယ့်သူရဲကောင်းများမှာ မိမိဘေးအန္တရာယ်ကို မငဲ့ကွက်ဘဲ ကယ်ဆယ်ရေးရှေ့တန်းတွင် စွန့်စွန့်စားစား ကြိုးပမ်းခဲ့ကြသော အဖွဲ့ဝင်များပဲ ဖြစ်ပါတယ်။ လူတိုင်းလက်တွဲပြီး အတူတကွကြိုးစားမယ်ဆိုရင် ငလျင်ဒဏ်သင့်ပြည်သူများအား အိမ်ရာများကို ပြန်လည်တည်ဆောက်ရာမှာ အမှန်တကယ်ကူညီနိုင်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်”ဟု စိတ်ရင်းအပြည့်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက်တွင် အသင်း၏ ငလျင်ဒဏ်ကယ်ဆယ်ရေးအဖွဲ့များ အလျင်အမြန်လှုပ်ရှားခဲ့ကြပြီး ရှေ့တန်းအဖွဲ့သည် မြေပြိုကျနေသောလမ်းများကို ခြေကျင်ဖြတ်ကျော်ခဲ့ကြရာ ခြေထောက်အောက်ရှိ မြေပြင်မှာ မညီညာဘဲ ခြေလှမ်းတိုင်းတွင် အန္တရာယ်များနှင့် ပြည့်နှက်နေသော်လည်း သူတို့တွင် အနည်းငယ်မျှပင် နောက်ဆုတ်လိုစိတ် မရှိခဲ့ပေ။သူတို့သည် ငလျင်ဒဏ်သင့်ဒေသလိုအပ်ချက်များကို အပိုင်းလိုက်စစ်ဆေးမှတ်တမ်းတင်ခဲ့ပြီး“ကယ်ဆယ်ရေး လိုအပ်ချက်မြေပုံ”ကို အသေးစိတ် ရေးဆွဲခဲ့ကြသည်။ ဤသည်မှာ နောက်ပိုင်းကယ်ဆယ်ရေးလုပ်ငန်းများအတွက် လမ်းခင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ မကြာမီအချိန်အတွင်း ဆန်၊ စားသုံးဆီ၊ ရေသန့်ဘူးများ အစရှိသော နေ့စဉ်သုံးပစ္စည်းများဖြင့် ပြည့်နှက်နေသည့် အသင်း၏ ကယ်ဆယ်ရေးယာဉ်များသည် ငလျင်ဒဏ်သင့်ဒေသပစ္စည်းဖြန့်ဖြူးရေးစင်တာသို့ ထွက်ခွာခဲ့ကြသည်။ထို့နောက် ဝန်ထမ်းများသည် ပစ္စည်းများကို ငလျင်ဒဏ်သင့်ဒေသခံများထံ ဖြန့်ဝေပေးခဲ့သည်။ အသက်အရွယ်အိုမင်းနေသော ဘိုးဘွားတစ်ဦးက ပစ္စည်းများကို လက်ခံရယူပြီး မျက်လုံးများတွင် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေကာ ဝန်ထမ်း၏ လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလျက် ကျေးဇူးတင်စကားများကို အဆက်မပြတ် ပြောဆိုနေခဲ့သည်။ ထိုလက်ဖဝါးသည် အဆုံးမရှိသော နွေးထွေးမှုနှင့် အားအင်များကို လက်ဆင့်ကမ်းပေးနေခဲ့သည်။

ဤငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်သည် အခြားအဖွဲ့အစည်းများနှင့်အတူ လက်တွဲကာ ချစ်ခြင်းမေတ္တာဖြင့် ပြည့်ဝသောလုပ်ဆောင်မှုများကို ဆောင်ရွက်ခဲ့ခြင်းက ငလျင်ဒဏ်သင့်ဒေသပြည်သူများအား မျှော်လင့်ချက်ရောင်ခြည်ကို မြင်တွေ့စေခဲ့ပါသည်။

အတူတကွကာကွယ်ကြပါစို့ - နယ်နိမိတ်မရှိသောမေတ္တာ၏ ကာကွယ်ဆေးထိုးနှံလှုပ်ရှားမှု

ငလျင်သည် ရုတ်တရက်ကျရောက်လာသော ဘေးဒုက္ခဖြစ်ပါက ကိုဗစ်-၁၉ကပ်ရောဂါမှာမူ ရှည်လျားသော စမ်းသပ်မှုတစ်ရပ်ပင် ဖြစ်သည်။ ၂၀၂၁ခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါသည် မြန်မာနိုင်ငံ၏ လှုပ်ရှားလည်ပတ်မှုကို သတ္တဝါကြီးတစ်ကောင်ကဲ့သို့ ပြင်းထန်စွာ ဖျက်ဆီးခဲ့သည်။ ဆေးရုံခုတင်များနှင့် ဆေးကုသရေးပစ္စည်းများ မလုံလောက်ခြင်း၊ သေဆုံးသူအရေအတွက် နေ့စဉ်တိုးမြင့်လာခြင်းတို့ ဖြစ်လာသည်။ ပြည်သူများသည် အလွန်အမင်းထိတ်လန့်လာကြပြီး အထီးကျန်စွာနေထိုင်ခဲ့ရကာ အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိနေသကဲ့သို့ ခံစားခဲ့ရသည်။ ဤအရေးပေါ်အချိန်တွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်သည် ကပ်ရောဂါတိုက်ပွဲအတွင်း ရှေ့မှရပ်တည်ခဲ့ပြီး အမှောင်ထဲမှ အလင်းတန်းတစ်ခုကဲ့သို့ အမှောင်ဆုံးနေရာများကို ထွန်းလင်းစေခဲ့သည်။

၂၀၂၁ခုနှစ် ဇွန်လအစောပိုင်းတွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုင်ထွန်းသည် အသင်းအကြီးအကဲများ၊ တရုတ်အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် လူမှုအကျိုးပြုလုပ်ငန်းရှင်များအား အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့သည်။ အစည်းအဝေးခန်းမတွင် လူတိုင်း၏ မျက်နှာ၌ စိုးရိမ်မှုနှင့် ခိုင်မာသော ဆုံးဖြတ်ချက်များ ပြသနေကာ သူတို့၏ ပခုံးပေါ်တွင် တာဝန်ပေါင်းများစွာကို သယ်ဆောင်ထားသူများနှင့် တူနေသည်။ သူတို့သည် မြန်မာနိုင်ငံရှိ တရုတ်အသိုင်းအဝိုင်းခေါင်းဆောင်များအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ကူညီရန် တာဝန်ရှိကြောင်း နက်နက်နဲနဲ သိရှိထားကြသည်။ အစည်းအဝေးတွင် အားလုံးသဘောတူဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေးများကို မိမိတို့အစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလှုပ်ရှားမှုစတင်ရန်နှင့် “ဦးဆောင်ကော်မတီ”နှင့် “လုပ်ငန်းကော်မတီ”များကို အမြန်ဖွဲ့စည်းရန်ဖြစ်သည်။ ဇွန်လ၁၈ရက်နေ့တွင် အစည်းအဝေးဆုံးဖြတ်ချက်ထုတ်ပြန်ပြီးနောက် တစ်နိုင်ငံလုံးရှိမြို့ကြီးများမှ စိတ်အားထက်သန်သော တုံ့ပြန်မှုများရရှိခဲ့ပြီး“ကာကွယ်ဆေးထိုးနှံရေးကော်မတီ”များကို ဖွဲ့စည်းခဲ့ကြသည်။ ကာကွယ်ဆေးထိုးနှံမှုပမာဏမှာ ကနဦးလူဦးရေ၁သိန်းကျော်မှ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး၁၈မြို့တွင် လူဦးရေ၃သိန်းခွဲ (ဆေးအကြိမ်၇သိန်း) အထိ အလျင်အမြန်တိုးချဲ့နိုင်ခဲ့ပြီး မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး လူမှုအကျိုးပြုလှုပ်ရှားမှု ဖြစ်လာခဲ့သည်။ ထိုမြင်ကွင်းမှာ မီးခိုးမြူမရှိသော စစ်ပွဲတစ်ခုနှင့်တူနေပြီး လူတိုင်းသည် အသက်အတွက် စစ်တိုက်နေကြသူများဖြစ်သည်။

သို့သော် ပြင်ဆင်မှုလုပ်ငန်းစဉ်တွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံသည် ယခင်က ကာကွယ်ဆေးတင်သွင်းမှုကို ပုဂ္ဂလိကအား ခွင့်ပြုခဲ့ခြင်းမရှိသလို တရုတ်နိုင်ငံ Sinopharmကုမ္ပဏီကလည်း ပုဂ္ဂလိကအဖွဲ့အစည်းများအား ကာကွယ်ဆေးထောက်ပံ့ခဲ့ခြင်း မရှိပေ။ ငွေကြေးစုဆောင်းမှုနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ရေးသည် အဓိက အခက်အခဲနှစ်ရပ် ဖြစ်လာခဲ့သည်။ ကာကွယ်ဆေးထိုးနှံမှုပမာဏကြီးမားသဖြင့် ငွေကြေးအလွန်အမင်း လိုအပ်ခဲ့ပြီး စာချုပ်ချုပ်ဆိုပြီး ၅ရက်အတွင်း ငွေအပြည့်ပေးချေရန် လိုအပ်ခဲ့သည်။ အသင်းချုပ်သည် လူစာရင်းများကို ဦးစွာလက်ခံကာ နောက်မှငွေပေးချေရန် ဆုံးဖြတ်ခဲ့သော်လည်း ငွေကြေးလိုအပ်ချက်မှာ အလွန်ကြီးမားနေခဲ့သည်။ အရေးကြီးသောအချိန်တွင် ဥက္ကဋ္ဌ ဦးအိုင်ထွန်းသည် မိမိ၏ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုငွေကြေးဖြင့် အပြည့်အဝ ကြိုတင်ပေးချေခဲ့ပြီး ငွေကြေးပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။“လူတိုင်း၏ ကျန်းမာရေးအတွက်ဆိုလျှင် ဤအရာများသည် အရေးမကြီးပါ။ လူတိုင်းအမြန်ဆုံးကာကွယ်ဆေးထိုးနှံနိုင်ရန်သာ အရေးကြီးသည်”ဟု သူက ခိုင်မာစွာပြောကြားခဲ့သည်။ ထိုရဲရင့်ခိုင်မာသော စကားလုံးများသည် လူတိုင်းအား ရှေ့ဆက်တိုးရန် အားတက်စေခဲ့သည်။

အခက်အခဲများစွာကို ရင်ဆိုင်ရင်း မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်သည် ဇွဲမလျှော့ဘဲ ကြိုးပမ်းခဲ့ကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ အပြည့်အဝထောက်ခံပေးမှုအောက်တွင် မြန်မာနိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံ Sinopharmကုမ္ပဏီတို့၏ ကြီးမားသော ပံ့ပိုးမှုများဖြင့် နှစ်လအတွင်းမှာပင် အသင်းကြီးသည် ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းခြင်း၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်းစဉ်များ၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေး၊ ဖြန့်ဖြူးရေးနှင့် ထိုးနှံရေးအဖွဲ့များ စီစဉ်ခြင်း စသည့်ရှုပ်ထွေးသော လုပ်ငန်းများကို အောင်မြင်စွာပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

၂၀၂၁ခုနှစ် ဩဂုတ်လ၂၁ရက်နေ့တွင် ကာကွယ်ဆေးများ တင်ဆောင်လာသည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ခဲ့သည်။ ပြည်သူများသည် စိတ်လှုပ်ရှားဝမ်းသာစွာဖြင့် ကြိုဆိုခဲ့ကြသည်။ ၎င်းသည် အချိန်နှင့်ပြိုင်ပွဲဝင်ပြီး ရရှိလာသော အောင်မြင်မှုဖြစ်ကြောင်း အားလုံးနားလည်ခဲ့ရသည်။

၂၀၂၁ခုနှစ် ဩဂုတ်လ၂၃ရက်နေ့ ညနေပိုင်း၌ ရန်ကုန်မြို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် စမ်းသပ်ထိုးနှံမှုများ စတင်ခဲ့သည်။ ဩဂုတ်လ၂၄ရက်နေ့တွင် ရန်ကုန်မြို့ Thuwunnabhumi Event Parkတွင် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေးစင်တာကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် တရုတ်နိုင်ငံ Sinopharmကာကွယ်ဆေးများ စနစ်တကျ ထိုးနှံနိုင်ရေးကို စတင်ခဲ့သည်။ သီတင်းပတ်အနည်းငယ်အတွင်း စေတနာ့ဝန်ထမ်းများသည် နာရီပေါင်းများစွာ အချိန်ပေးလုပ်ကိုင်ခဲ့ကြပြီး သိန်းနှင့်ချီသော လူစာရင်းများအားမှတ်တမ်းတင်ခြင်းနှင့်ပြန်လည်စစ်ဆေးခြင်း၊သိန်းနှင့်ချီသော ဖုန်းခေါ်ဆိုမှုများကို ဖြေကြားပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း စသည့်လုပ်ငန်းများကို အောင်မြင်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကာကွယ်ဆေးထိုးပြီးသော မြန်မာနိုင်ငံသားတစ်ဦးက“တရုတ်ကာကွယ်ဆေးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို မိမိကိုယ်ကို ကာကွယ်နိုင်သည့် အားအင်များ ပေးစွမ်းခဲ့တဲ့အတွက် မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်အား ကျေးဇူးတင်ပါတယ်”ဟု စိတ်လှုပ်ရှားစွာဖြင့် ပြောကြားခဲ့သည်။ထိုကဲ့သို့ ရိုးသားသောစကားလုံးများသည် ကာကွယ်ဆေးထိုးနှံမှုလှုပ်ရှားမှုအတွက် နက်ရှိုင်းသောကျေးဇူးတင်မှုများကို ဖော်ပြနေခဲ့သည်။

ထို့နောက်ပိုင်းတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများသည် ရန်ကုန်မြို့အပြင် မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနား၊ လားရှိုးစသော နိုင်ငံတစ်ဝန်းရှိမြို့ကြီးများတွင် တစ်ဆင့်ပြီး တစ်ဆင့် စတင်ခဲ့သည်။ ကာကွယ်ဆေးထိုးစင်တာတစ်ခုတွင် မြန်မာပြည်ဖွား တရုတ်လူမျိုးစေတနာ့ဝန်ထမ်းတစ်ဦးဟာ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာသူများကို ကူညီညွှန်ကြားပေးရင်း အလုပ်များနေခဲ့သည်။ ချွေးများသည် သူ၏အင်္ကျီကို စိုစွတ်နေသော်လည်း သူ၏ မျက်နှာတွင် ပြုံးရွှင်မှုများ မပြတ်ရှိနေခဲ့သည်။ သူက“ကပ်ရောဂါကာကွယ်ရေးအတွက် အနည်းငယ်မျှ ကူညီနိုင်သည်ဆိုလျှင် ပင်ပန်းခြင်းသည် တန်ဖိုးရှိပါသည်”ဟု ပြောကြားခဲ့သည်။ ထိုတောက်ပသော ပြုံးရွှင်မှုသည် နွေဦးကာလ၏ နွေးထွေးသောနေရောင်ကဲ့သို့ ကိုယ်ကျိုးမငဲ့ဘဲ စွန့်လွှတ်အနစ်နာခံမှု၏ အလင်းရောင်များကို ဖြာထွက်စေခဲ့သည်။

ဤကာကွယ်ဆေးထိုးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းများစွာ ဖန်တီးနိုင်ခဲ့သည်။ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တင်သွင်းခွင့်ပြုခံရသည့် အဖွဲ့အစည်း၊ ပထမဆုံးသော မိမိအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းနှင့် တစ်ကမ္ဘာလုံးတွင် Sinopharmကာကွယ်ဆေးဝယ်ယူခွင့် ပထမဆုံးရရှိသည့် နိုင်ငံရပ်ခြား တရုတ်အသိုင်းအဝိုင်း ဖြစ်လာပါသည်။ နိုင်ငံသား၊ လူမျိုး၊ဘာသာ၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ ဆောင်ရွက်ခဲ့သော ဤလှုပ်ရှားမှုသည် လူမှုအဖွဲ့အစည်းအသီးသီး၏ ပြည့်ဝသော ပံ့ပိုးမှုဖြင့် အသက်ကယ်တင်မှုဖြစ်သော အံ့ဖွယ်ရာတစ်ခုကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ၏ အသိအမှတ်ပြုခြင်းနှင့် ချီးကျူးခြင်းကို ရရှိခဲ့ခြင်း ဖြစ်သလို လူအများ၏ ယုံကြည်မှုနှင့် ထောက်ခံမှုကိုလည်း ရရှိခဲ့သည်။ ဤဘေးဒုက္ခနှင့် ကပ်ရောဂါစမ်းသပ်မှုများအတွင်းတွင် တရုတ်-မြန်မာပေါက်ဖော်ချစ်ကြည်ရေးသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။ မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်သည် ထိုလှုပ်ရှားမှုလုပ်ရပ်များဖြင့် တာဝန်ယူမှုနှင့် ဝတ္တရားကို သရုပ်ဖော်ခဲ့ပြီး သူတို့၏ အလှူအတန်းများသည် တောက်ပသောကြယ်များကဲ့သို့ မြန်မာ-တရုတ်မိတ်သဟာယကောင်းကင်ကို ထွန်းလင်းစေခဲ့ကာ လူသားတို့၏ အလှပဆုံးသော စိတ်နှလုံးများကို မြင်တွေ့စေခဲ့သည်။ ထိုသို့ မြန်မာပြည်ဖွားတရုတ်လူမျိုးများ၏“ချစ်စရာကောင်းသောသူများ”ရှိမှသာလျှင် တရုတ်-မြန်မာနှစ်နိုင်ငံ၏ မိတ်သဟာယပန်းသည် အစဉ်အမြဲပွင့်လန်းနေမည်ဖြစ်ပြီး မျှော်လင့်ချက်နှင့် အလင်းရောင်များ ပြည့်နှက်နေသော ပိုမိုကောင်းမွန်သည့် အနာဂတ်ကို အတူတကွတည်ဆောက်နိုင်မည် ဖြစ်ပေတော့သည်။

分享到: