《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】以山水为证
优秀奖
以山水为证
职业翻译 杨森
一条发源于青藏高原、流经西藏与云南、注入缅甸掸邦高原的怒江—萨尔温江,将中缅两国紧密相连,见证着两国人民世代相亲的胞波情谊。
自古以来,中缅两国人民便以“胞波”相称。自1950年6月8日建交七十五载以来,两国携手走过风风雨雨,书写了一篇篇动人篇章。虽山川相隔,却因“胞波”情谊而友谊弥坚。“胞波”意为兄弟,是缅甸人民对中国人民最亲切的称呼。七十五载间,无数民间故事构筑起友谊长城,见证着中缅友好关系的岁月变迁与合作深化。今日,让我们走进三个真实而感人的中缅民间故事,感受跨越国界的人间温情,展望共建美好未来的坚定信念。
一对跨国医者的约定
在中国云南德宏,有一座中缅边境联合医疗站。其缘起于2008年的一次国际医疗救援。那年,缅甸伊洛瓦底江三角洲突发强热带风暴,数十万人受灾。中国医疗队第一时间赶赴缅甸支援,昆明医科大学年轻医生林晓与缅甸仰光大学实习女医生温素燕,在一线并肩奋战。虽语言不通,却以医学语言迅速默契配合。面对高温、瘟疫与人力紧缺,他们昼夜不歇,挽救数百名受灾民众生命。分别时,温素燕轻声说:“愿有朝一日,我们能在边境共建医院,为两国边民服务。”十年后,此诺成真。2018年,在两国卫健部门支持下,德宏州首个中缅联合医疗站挂牌成立。林晓与温素燕双双成为驻站医师。他们接诊的患者,既有云南农民,亦有缅甸村民。以专业与爱心抚平病痛,更以双手守护胞波间最朴素的情谊。
“我们是医生,亦是邻里。”温素燕道,“我们的目标,不仅是疗愈伤病,更是消弭隔阂,让心更近。”
九天九夜的坚守
2017年11月某晨,云南省德宏州人民医院儿科急诊室迎来一对神情焦灼的缅甸夫妇,怀中抱着三个皮肤黝黑、身体瘦小、哭声微弱的早产婴儿。那是刚出生的缅甸三胞胎兄弟,因当地医疗条件有限,出生后即现严重呼吸窘迫综合征,危在旦夕。为求生机,夫妻俩翻山越岭来华,只为搏一线“活下来”的希望。接诊的是儿科医生龚靖强。他立刻意识到情况危急:三子皆生命垂危,须即刻抢救。遂率团队火速为三胞胎上呼吸机,制定抢救方案。自此,他如绷紧之弦,9天9夜未归家,吃住皆在医院病房,时刻守护患儿。抢救是与死神争分夺秒的拉锯战,亦是情感与责任的考验。治疗中,三胞胎病情数度反复,医护一刻不敢松懈。幸得连续奋战,三子情况渐稳,终从死亡线上被拉回。然而,这场跨国生命保卫战背后,尚有一笔不菲费用。治疗总计花费5万多元人民币,而缅甸夫妇倾尽所有,仅能拿出1万多元。他们以近乎哀求的眼神望向医生,颤抖着说出那句生硬却饱含深情的中文:“谢谢……谢谢……”龚靖强医生未多言,默默垫付余下4万多元。他说:“身为医生,救人是职责;身为胞波,这是情分。”
孩子父母不善汉语,但那含泪的双眼,是最深沉的感激;那一次次鞠躬,是跨越语言的谢意。医护人员亦从他们的沉默与眼神中,读懂了“胞波”二字最朴实的内涵。这场抢救不仅挽救了三条幼小生命,更让“胞波情谊”在云南边疆有了最动人的注脚。国境或有界,善意却无疆;语言或有隔,情感却相通。
澜沧江—湄公河上的光明工程
澜沧江—湄公河乃中缅共饮之江水,流经边境数千公里。然缅甸东部山区,曾有不少村落常年无电。2019年,中国电力企业响应“一带一路”倡议,与缅甸地方政府合作,启动“光明澜沧江”供电工程项目。中国工程师杨宏强率技术团队,穿越密林、翻越高山,为边境22个缅甸村庄安装太阳能发电装置。
最难的一次在2020年雨季,山体滑坡致运输设备无法通行。为不误通电计划,团队徒步30公里背进物资。设备架设完成之日,村中长者感动落泪:“我们盼了三代人,今日终见灯亮。”如今,孩子们可在灯下学习,村民亦能用上电饭锅、电风扇。电通的不仅是生活,更是未来的希望。杨宏强道:“我们不仅在建电站,更在照亮两国民心的桥梁。”
中缅关系发展,非仅政府间合作,更赖千千万万普通民众之共同努力。无论是医生、教师、商人,还是救援队,皆以实际行动践行“胞波”精神。
山水相依情谊长,胞波携手共辉煌。
风来共挡千重浪,雨后同迎万里阳。
杏林播爱医者愿,灯火通明照学堂。
文化相传连赤子,心心相印两国昌。
今日,立于建交75周年新起点,中缅双方肩负共同繁荣的历史使命。随着共建“一带一路”深入推进,中缅经济走廊逐步成型,两国人民生活将更加紧密相连,中缅胞波情谊必将更加深厚。
…………….
ထူးချွန်ဆု
တောတောင်ရေမြေများကို သက်သေတည်လျက်
Yang Sen
ဘာသာပြန်
တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံပြီး တိဗက်နှင့် ယူနန်ပြည်နယ်ကို ဖြတ်သန်းကာ မြန်မာနိုင်ငံရှမ်းကုန်းပြင်မြင့်ထဲသို့ စီးဝင်သွားသည့် နုကျန်း(နုမြစ်)ခေါ်သံလွင်မြစ်သည် တရုတ်နှင့်မြန်မာနှစ်နိုင်ငံကို ချိတ်ဆက်ပေးကာ နိုင်ငံနှစ်နိုင်ငံက ပြည်သူတို့၏ရှည်လျားသော“ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးကို သက်သေပြလျက်ရှိသည်။
ရှေးယခင်ကတည်းက တရုတ်နှင့် မြန်မာနှစ်နိုင်ငံက ပြည်သူပြည်သားများသည် တစ်ဦးကို တစ်ဦး“ပေါက်ဖော်”ဟု ခေါ်ဝေါ်ခဲ့ကြသည်။၁၉၅၀ပြည့်နှစ် ဇွန်လ ၈ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင်တည်ထောင်ခဲ့ပြီးနောက် နှစ်ပေါင်း၇၅နှစ်အတွင်း နိုင်ငံနှစ်နိုင်ငံသည် အခက်အခဲများကို အတူတကွကျော်လွှားခဲ့ကာ ကျေနပ်ဖွယ်ကောင်းသော ရလဒ်များကို အတူရေးသားခဲ့ကြသည်။ တောတောင်ရေမြေများခြားထားသော်လည်း “ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရေးကြောင့် နိုင်ငံနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုသည် ပို၍ ခိုင်မာတောင့်တင်းလာခဲ့သည်။“ပေါက်ဖော်”ဆိုသည်မှာ ညီရင်းအစ်ကိုဟု အဓိပ္ပာယ်ရပြီး မြန်မာပြည်သူတို့က တရုတ်ပြည်သူတို့ကို ခေါ်ဝေါ်သည့် အရင်းနှီးဆုံးသောအမည် ဖြစ်သည်။ နှစ်ပေါင်း၇၅နှစ်အတွင်း ရိုးရာပုံပြင်များက အစချီ၍ ရေးဖွဲ့ထားသော တစ်ထောင့်တစ်ည ဇာတ်လမ်းများတွင်ပင် ချစ်ကြည်ရေးတံတိုင်းကြီး တည်ဆောက်ထားရှိမှုကို မြင်တွေ့သိရှိနိုင်ပြီး တရုတ်နှင့် မြန်မာမိတ်ဖက်ဆက်ဆံရေး၏ ပြောင်းလဲမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာပုံကိုလည်း ပုံဖော်ထားသည်။ ယနေ့ ကျွန်တော်တို့သည် နိုင်ငံနှစ်နိုင်ငံရှိ ပြည်သူတို့အကြား စစ်မှန်ပြီး စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းသုံးပုဒ်ကိုဖတ်ရှု၍ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်သော နွေးထွေးမှုကို ခံစားနိုင်မည့် ပို၍ကောင်းမွန်သော အနာဂတ်ကို အတူတကွတည်ဆောက်ရန် ခိုင်မာသောယုံကြည်ချက်ကိုလည်း မျှော်မှန်းနိုင်မည်ဖြစ်ပါသည်။
နယ်စပ်ဖြတ်ကျော်ဆရာဝန်နှစ်ဦး၏ ကတိ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲတွင် တရုတ်နှင့် မြန်မာနယ်စပ်ပူးပေါင်းကျန်းမာရေးဌာန တစ်ခုရှိသည်။ ယင်းဌာနသည် ၂၀၀၈ခုနှစ်က နိုင်ငံတကာကျန်းမာရေးအကူအညီလုပ်ငန်းတစ်ခုက စတင်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်က မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု ရုတ်တရက်ကျရောက်ခဲ့ပြီး လူပေါင်းသိန်းနှင့်ချီ ဒုက္ခရောက်ခဲ့သည်။ တရုတ်ကျန်းမာရေးအဖွဲ့သည် ပထမဆုံးသော အဖွဲ့အဖြစ် မြန်မာနိုင်ငံသို့ အကူအညီပေးရန် ရောက်ရှိလာခဲ့ပြီး ကူမင်းဆေးတက္ကသိုလ်က လူငယ်ဆရာဝန် Lin Xiaoနှင့် ရန်ကုန်ဆေးတက္ကသိုလ်က အလုပ်သင်ဆရာဝန်မလေး ဝင်းစုယဉ်တို့သည် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ရှေ့တန်းက ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ဘာသာစကားမတူညီသော်လည်း ဆေးပညာဘာသာစကားဖြင့် အလျင်အမြန် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ အပူချိန်မြင့်မားမှု၊ ကပ်ရောဂါနှင့် လူအင်အားမလုံလောက်မှုတို့ကို ရင်ဆိုင်ခဲ့ရသော်လည်း သူတို့သည် နေ့ရောညပါမနားမနေအလုပ်လုပ်ကာ ရာနှင့်ချီသည့် ဒုက္ခသည်များကို အသက်ကယ်ခဲ့ကြသည်။ ခွဲခွာချိန်တွင် ဝင်းစုယဉ်က“တစ်နေ့နေ့ ကျွန်မတို့ နယ်စပ်ဒေသမှာ ဆေးရုံတစ်ရုံ အတူတည်ဆောက်ပြီး နိုင်ငံနှစ်နိုင်ငံက ပြည်သူတွေကို ပြုစုစောင့်ရှောက်နိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ပြောခဲ့သည်။ ဆယ်နှစ်အကြာတွင် ထိုကတိစကားသည် အမှန်တကယ် ဖြစ်လာခဲ့သည်။ ၂၀၁၈ခုနှစ်တွင် နိုင်ငံနှစ်နိုင်ငံက ကျန်းမာရေးဌာနများ၏ ပံ့ပိုးကူညီမှုဖြင့် တယ်ဟုန်ပြည်နယ်ခွဲတွင် ပထမဆုံးသော တရုတ်-မြန်မာပူးပေါင်းကျန်းမာရေးဌာနကို စတင်တည်ထောင်နိုင်ခဲ့သည်။ Lin Xiaoနှင့် ဝင်းစုယဉ်တို့သည် ထိုဌာနတွင် ဆရာဝန်များအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြသည်။ သူတို့ကုသပေးခဲ့သည့်လူနာများထဲတွင် ယူနန်က လယ်သမားများသာမက မြန်မာက ကျေးရွာသားများလည်း ပါဝင်သည်။ ကျွမ်းကျင်မှုနှင့် မေတ္တာစိတ်တို့ဖြင့် ဝေဒနာများကို သက်သာစေခဲ့ပြီး လက်နှစ်ဖက်ဖြင့် ရိုးရှင်းသော “ဆွေမျိုးပေါက်ဖော်”ချစ်ကြည်ရင်းနှီးမှုကိုလည်း ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။
“ကျွန်မတို့ဟာ ဆရာဝန်တွေဖြစ်သလို အိမ်နီးချင်းတွေလည်း ဖြစ်ပါတယ်” “ကျွန်မတို့ရဲ့ ရည်မှန်းချက်က ဒဏ်ရာတွေရောဂါတွေကို ကုသပေးရုံသာမက အကွာအဝေးကိုလည်း ဖယ်ရှားပစ်ပြီး နှလုံးသားတွေ ပိုမိုနီးကပ်လာစေဖို့ဖြစ်ပါတယ်”ဟု ဝင်းစုယဉ်က ပြောပါသည်။
ကိုးရက်ကိုးညကြာ စွန့်စားကြိုးပမ်းခဲ့မှု
၂၀၁၇ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့ မနက်ခင်းတွင် ယူနန်ပြည်နယ် တယ်ဟုန်ပြည်သူ့ဆေးရုံ၏ ကလေးအထူးကုဌာနသို့ စိုးရိမ်ပူပန်သော မျက်နှာဖြင့် မြန်မာဇနီးမောင်နှံနှစ်ယောက် ရောက်ရှိလာခဲ့သည်။ သူတို့၏ ရင်ခွင်ထဲတွင် အသားမည်းမည်း၊ ကိုယ်ခန္ဓာ သေးသွယ်ပိန်ကပ်ပြီး ငိုသံတိုးလျနေသော ကလေးသုံးဦးကို ပွေ့ချီလာခဲ့ကြသည်။ ထိုကလေးများမှာ မြန်မာနိုင်ငံက မွေးကင်းစသုံးမြွှာပူးညီအစ်ကိုများဖြစ်ပြီး ဒေသတွင်း ဆေးကုသမှုအခြေအနေများ ကန့်သတ်ချက်ရှိသည့် အတွက်မွေးပြီးပြီးချင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများခံစားခဲ့ရကာ အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ အသက်ရှင်သန်နိုင်ရေး အခွင့်အလမ်းကိုရှာဖွေရန်အတွက် လင်မယားနှစ်ဦးသည် တောင်တန်းများကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံသို့ ရောက်လာခဲ့ကြပြီး “အသက်ရှင်သန်နိုင်ရေး”ဆိုသော မျှော်လင့်ချက်တစ်ခုအတွက်သာ အသည်းအသန် ကြိုးပမ်းခဲ့ကြသည်။ လူနာကို လက်ခံသည့် ဆရာဝန်မှာ ကလေးအထူးကုဆရာဝန် Gong Jingqiang ဖြစ်သည်။ သူသည် အခြေအနေ အလွန်အန္တရာယ်ရှိကြောင်း ချက်ချင်းရိပ်စားမိလိုက်ပြီး ကလေးသုံးဦးစလုံး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသဖြင့် အရေးပေါ်ကုသမှုများ ချက်ချင်းဆောင်ရွက်ရန် ဆုံးဖြတ်လိုက်သည်။ ကလေးများကို အလျင်အမြန် အသက်ရှူစက်တပ်ဆင်ပေးပြီး သူသည် အဖွဲ့နှင့်အတူ ကုသမှုအစီအစဉ်ကို ရေးဆွဲခဲ့သည်။ ထိုအချိန်ကစ၍ သူသည် တင်းထားတဲ့ ကြိုးတစ်ချောင်းကဲ့သို့ ကိုးရက်ကိုးညကြာ အိမ်သို့မပြန်ဘဲ ဆေးရုံအခန်းထဲတွင် စားသောက်နေထိုင်ကာ ကလေးများကို အချိန်ပြည့် စောင့်ရှောက်နေခဲ့သည်။ ကယ်ဆယ်ကုသမှုသည် သေမင်းကို အချိန်နှင့်တစ်ပြေးညီ ပြိုင်ဆိုင်ရသော တိုက်ပွဲတစ်ခုဖြစ်ရုံသာမက စိတ်ခံစားမှုနှင့် တာဝန်ယူမှုတို့၏ စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပါသည်။ ကုသစဉ်အတွင်း ကလေးသုံးဦး၏ အခြေအနေမှာ အကြိမ်ကြိမ် ပြန်လည်ဆိုးရွားနေခဲ့သော်လည်း ဆရာဝန်နှင့် သူနာပြုများသည် တစ်မိနစ်မျှ အနားယူခြင်းမရှိဘဲ ကြပ်မတ်ကုသပေးခဲ့ကြသည်။ ဆက်တိုက်ကြိုးပမ်းအားထုတ်မှုများကြောင့် ကလေးသုံးဦး၏ အခြေအနေမှာ ကံကောင်းစွာဖြင့် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး သေမင်း၏လက်က ပြန်လည်ရုန်းထွက်နိုင်ခဲ့သည်။ သို့သော် ထိုနယ်စပ်ဖြတ်ကျော် အသက်ကယ်တိုက်ပွဲ၏ နောက်ကွယ်တွင် ကုန်ကျစရိတ်များစွာ ရှိနေခဲ့သည်။ ကုသမှုစရိတ်အားလုံး ယွမ်ငွေ၅သောင်းကျော် ကုန်ကျခဲ့ပြီး မြန်မာလူမျိုးဇနီးမောင်နှံနှစ်ဦးမှာ သူတို့၏ ပိုင်ဆိုင်သမျှ ယွမ်ငွေ၁သောင်းကျော်သာ ထုတ်ပေးနိုင်ခဲ့သည်။ သူတို့သည် ဆရာဝန်ကို တောင်းပန်သည့်မျက်လုံးများဖြင့် ကြည့်ရှုကာ တုန်တုန်ရီရီဖြင့် “ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...”ဟု တရုတ်စကားဖြင့် ပြောခဲ့ကြသည်။ ဆရာဝန်Gong Jingqiangမှာ စကားများစွာ မပြောဘဲ ကျန်သည့်ယွမ်ငွေ၄သောင်းကျော်ကို သူကိုယ်တိုင်စိုက်ထုတ်ပေးလိုက်သည်။ သူက “ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကို ကယ်တင်ဖို့က တာဝန်ဖြစ်ပါတယ်။ ဆွေမျိုးပေါက်ဖော်တစ်ယောက်အနေနဲ့ကတော့ ဒါဟာမေတ္တာတရားပါ”ဟု ဆိုခဲ့သည်။
ကလေးတို့၏မိဘများသည် တရုတ်စကားကောင်းကောင်းမပြောတတ်သော်လည်း မျက်ရည်ဝဲနေသော မျက်လုံးများမှာ နက်ရှိုင်းလှသော ကျေးဇူးတင်စိတ်ကို ဖော်ပြနေခဲ့ပြီး တစ်ခေါက်ပြီးတစ်ခေါက် ဦးညွှတ်နှုတ်ဆက်မှုများက ဘာသာစကားကိုကျော်လွန်သော ကျေးဇူးတင်ရှိမှုပင် ဖြစ်ပေသည်။ ဆရာဝန်နှင့် သူနာပြုများသည်လည်း သူတို့၏ တိတ်ဆိတ်မှုနှင့် မျက်လုံးများထဲတွင် “ဆွေမျိုးပေါက်ဖော်”ဟူသော စကားလုံးနှစ်လုံး၏ အရိုးရှင်းဆုံးသော အဓိပ္ပာယ်ကို ဖတ်ရှုနိုင်ခဲ့ကြသည်။ ထိုကုသမှုမှာ အသက်ငယ်ငယ် ကလေးသုံးဦး၏အသက်ကို ကယ်တင်ခဲ့ရုံသာမက“ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး”ကို ယူနန်ပြည်နယ်နယ်စပ်တစ်နေရာတွင် အထိမိဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဖြစ်စေခဲ့သည်။ နယ်စပ်မျဉ်းမှာ အကန့်အသတ်ရှိနိုင်သော်လည်း မေတ္တာတရားမှာ အကန့်အသတ်မရှိဘဲ ဘာသာစကားမှာ ကွဲပြားနိုင်သော်လည်း စိတ်နှလုံးမှာ တစ်သားတည်း တူညီကြပေသည်။
လန်ချန်းမြစ်ပေါ်က အလင်းရောင်စီမံကိန်း
လန်ချန်းမြစ်သည် တရုတ်နှင့် မြန်မာနှစ်နိုင်ငံ အတူတကွ သောက်သုံးရသည့် မြစ်တစ်စင်းဖြစ်ပါသည်။ နယ်စပ်တစ်လျှောက် ကီလိုမီတာ ထောင်ချီစီးဆင်းလျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံအရှေ့ပိုင်းရှိ တောင်တန်းဒေသတွင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများစွာ ရှိနေခဲ့သည်။ ၂၀၁၉ခုနှစ်တွင် တရုတ်လျှပ်စစ်ကုမ္ပဏီများသည်“Belt and Road”အဆိုပြုချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မြန်မာနိုင်ငံ၏ ဒေသဆိုင်ရာ အစိုးရနှင့် ပူးပေါင်းပြီး“လင်းလက်သောလန်ချန်းမြစ်” လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို စတင်ခဲ့သည်။ တရုတ်အင်ဂျင်နီယာ Yang Hongqiangသည် နည်းပညာအဖွဲ့ကို ဦးဆောင်လျက် သစ်တောများကို ဖြတ်ကျော်ကာ တောတောင်များကို ကျော်လွှားပြီး နယ်စပ်ရှိ မြန်မာကျေးရွာ၂၂ရွာအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး ကိရိယာများ တပ်ဆင်ပေးခဲ့သည်။
အခက်ခဲဆုံးသောအကြိမ်သည် ၂၀၂၀ပြည့်နှစ် မိုးရာသီကာလဖြစ်ပြီး တောင်ပြိုမှုများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ကာ သယ်ယူပို့ဆောင်ရေးပစ္စည်းကိရိယာများ သယ်ယူရန်ခက်ခဲခဲ့သည်။ လျှပ်စစ်မီးရရှိရေးအစီအစဉ်ကို မနှောင့်နှေးစေရန် အဖွဲ့ဝင်များသည် ကီလိုမီတာ၃၀ခရီးကို ခြေလျင်သွားရောက်ကာ ပစ္စည်းများကို သယ်ဆောင်ခဲ့ကြသည်။ ပစ္စည်းကိရိယာများ တပ်ဆင်ပြီးစီးသောနေ့တွင် ကျေးရွာက သက်ကြီးရွယ်အိုများ မျက်ရည်ကျခဲ့ကြသည်။“ကျွန်တော်တို့ မျိုးဆက်သုံးဆက် စောင့်မျှော်ခဲ့ရတာ ဒီနေ့မှာတော့ အလင်းရောင်ကို တွေ့မြင်ရပြီ”ဟု ပြောခဲ့ကြသည်။ ယခုအခါတွင် ကလေးများသည် မီးအလင်းရောင်အောက်တွင် စာသင်နိုင်ပြီး ရွာသားများသည်လည်း လျှပ်စစ်ထမင်းပေါင်းအိုး၊ ပန်ကာများကို အသုံးပြုနိုင်နေကြပြီဖြစ်သည်။ လျှပ်စစ်မီးမှာ နေ့စဉ်ဘဝကိုသာ အဆင်ပြေစေသည်မဟုတ်ဘဲ အနာဂတ်မျှော်လင့်ချက်ကိုလည်း ပေးနိုင်ပါသည်။ Yang Hongqiangက“ကျွန်တော်တို့ဟာ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို တည်ဆောက်နေရုံသာမက နိုင်ငံနှစ်နိုင်ငံက ပြည်သူတွေရဲ့စိတ်နှလုံးကို ဆက်သွယ်ပေးတဲ့တံတားကိုပါ အလင်းပေးနေတာပါ”ဟု ပြောခဲ့သည်။
တရုတ်နှင့် မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုသာမက သန်းနှင့်ချီသော သာမန်ပြည်သူများ၏ အတူတကွ ကြိုးပမ်းမှုများလည်း လိုအပ်ပေသည်။ ဆရာဝန်များ၊ ဆရာဆရာမများ၊ စီးပွားရေးသမားများ၊ကယ်ဆယ်ရေးအဖွဲ့များ စသူတို့အားလုံးသည်“ဆွေမျိုးပေါက်ဖော်”စိတ်ဓာတ်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နေကြပါသည်။
တောတောင်ရေမြေဆက်နွယ်နေသည့် ကာလရှည်ကြာမေတ္တာတရား၊
ဆွေမျိုးပေါက်ဖော်တို့ လက်ကိုတွဲလို့ ပိုမိုထွန်းလင်းစေခဲ့ပြီ။
မိုးလေကြမ်းကို အတူရင်ဆိုင်လို့၊
မိုးနောက်ရောင်ခြည်ဖြာကိုလည်း အတူကြိုဆိုခဲ့ပြီ။
ဆေးပညာဖြင့် မေတ္တာပြန့်ပွားရင်း၊
မီးအလင်းဖြင့် စာသင်ကျောင်းများကို ထွန်းလင်းစေခဲ့ပြီ။
ယဉ်ကျေးမှုအမွေမျိုးဆက်သစ်သို့ လက်ဆင့်ကမ်းရင်း၊
စိတ်နှလုံးသားချင်းဆက်နွယ်နေတဲ့ နှစ်နိုင်ငံလည်း သာယာဝပြောပါစေ။
ယခုအခါတွင် သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့သည့် နှစ်ပေါင်း၇၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမိုင်းဝင်တာဝန်ကို ထမ်းဆောင်နေကြသည်။“Belt and Road”ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာသည်နှင့်အမျှ တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် တဖြည်းဖြည်းပုံပေါ်လာကာ နှစ်နိုင်ငံပြည်သူများ၏ ဘဝနေထိုင်မှုများကိုပါ ပို၍နီးနီးကပ်ကပ်ရှိလာမည်ဖြစ်ပြီး တရုတ်နှင့် မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးမှာလည်း ပို၍လေးလေးနက်နက်ရှိလာမည် ဖြစ်ပါတော့သည်။