《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】珍贵的历史资料照片会说话
优秀奖
珍贵的历史资料照片会说话
缅甸归侨 黄廷凯
在中缅友好交往的悠悠长河中,上世纪50至60年代宛如一段璀璨的华章,奏响了两国友好发展的深情旋律。在这段亲密无间的岁月里,无数中缅人民携手共进,用热血与汗水书写着跨越国界的真挚情谊。曾福才老师,便是这段历史中一位熠熠生辉的见证者与推动者。他不仅是杰出的缅华文教工作者,更是缅华体育活动的积极践行者,以满腔热忱为中缅体育交流与友谊搭建起坚实的桥梁。
时光流转,曾老师虽已离我们远去,但他的精神却如同一盏明灯,永远照亮着中缅胞波情谊的道路。在整理他“(1947-1967年)在缅工作20年的纪念影集”资料时,那些定格在历史深处的珍贵照片,宛如一把把钥匙,为我们打开了那段激情燃烧岁月的大门。今年恰逢中缅建交75周年,这些照片更显得意义非凡,它们承载着岁月的记忆,诉说着中缅两国人民跨越时空的深情厚谊。
1961年,是中缅友好合作史上浓墨重彩的一年,也是中国体育代表团访缅活动最为活跃的时刻。从元月份开始, 先后有中国解放军体育代表团, 足球代表队一行21人访缅,带着中国人民的友好情谊,与缅甸体育健儿展开了一场场精彩的友谊赛。
紧接着,中国武术代表队19人来访,将中华武术的博大精深展现得淋漓尽致。缅甸民众被这神奇的东方技艺深深吸引,现场掌声雷动。武术,这一中华文化的瑰宝,在缅甸的土地上绽放出绚丽的光彩,也让中缅两国人民对彼此的文化有了更深刻的认识与理解。
11月6日至15日,中国乒乓球代表队访缅表演赛更是将这一年的体育交流推向了高潮。小小的乒乓球在球桌上快速穿梭,如同中缅两国人民之间传递的友好使者。选手们灵活的身姿、精湛的球技,让现场观众目不暇接。每一次精彩的扣杀、每一次巧妙的旋转,都赢得阵阵喝彩。这场表演赛不仅是一场体育竞技,更是一次文化的交流与心灵的碰撞,让中缅两国人民在小小的球桌上,感受到了彼此的真诚与热情。
另外,也有中国举重代表队访缅。在这些体育交流活动中,缅甸华体会发挥了至关重要的作用。他们精心安排各项友谊赛和表演,为活动的顺利开展付出了辛勤的努力。这些活动不仅丰富了缅甸华侨的体育生活,也促进了中缅两国间的友谊和文化交流。它们如同一颗颗璀璨的星星,点缀着中缅友好合作的天空,让两国人民在体育的纽带下,心贴得更紧,情融得更深。
新中国成立后,中缅两国在体育运动上的往来日益频繁且形式多样。每一次交流,都让两国运动员及人民之间的友谊增进一分。在比赛过程中,侨胞和缅甸朋友得以近距离欣赏到高水平的田径技术,中国运动员展现出的顽强拼搏、团结协作的体育精神,以及精湛的技术表现,给缅甸人民留下了深刻的印象,也激发了他们对体育的热爱和对中国文化的向往。
历史不会忘记,在那段激情燃烧的岁月里,缅甸华侨体育总会为侨胞和缅甸人民带来了丰富多彩的体育活动盛事。他们的付出与贡献,如同一座丰碑,永远矗立在中缅友好交往的历史长河中。我们深信,需要更多有识之士去收集、编写这段历史的事迹,让这一代的年轻人从中汲取力量,让中缅胞波情谊在岁月的长河中代代相传,永不褪色。
……………………
1961年1月缅方代表与中国体育代表团全体成员合影
၁၉၆၁ခုနှစ် ဇန်နဝါရီလတွင် မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံအားကစားကိုယ်စားလှယ်အဖွဲ့တို့ စုပေါင်းဓာတ်ပုံရိုက်ကူးကြစဉ်။
中国乒乓球代表队访问勃固
တရုတ်နိုင်ငံ စားပွဲတင်တင်းနစ်ကိုယ်စားလှယ်အဖွဲ့ ပဲခူးသို့ လာရောက်ခဲ့စဉ်။
1961年中国武术队访缅,表演前留影
၁၉၆၁ခုနှစ်တွင် တရုတ်နိုင်ငံ ဝူရှူးအားကစားကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်လာစဉ်အတွင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။
1961年1月6日,中国体育代表团足球队访缅友谊赛前留影
တရုတ်နိုင်ငံ အားကစားကိုယ်စားလှယ်အဖွဲ့ ဘောလုံးအသင်း ချစ်ကြည်ရေးပြိုင်ပွဲ မတိုင်မီ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြစဉ်။ (၁၉၆၁-၁-၆)
……………………..
ထူးချွန်ဆု
စကားပြောသော တရုတ်-မြန်မာ ချစ်ကြည်ရေး သမိုင်းဝင်ဓာတ်ပုံများ
Huang Tingkai
မြန်မာပြည်ပြန် တရုတ်လူမျိုး
တရုတ်-မြန်မာ ချစ်ကြည်ရေး၏ ရှည်လျားသောသမိုင်းကြောင်းတွင် ၁၉၅၀ မှ ၁၉၆၀ပြည့်နှစ်များသည် တောက်ပသော အခန်းကဏ္ဍတစ်ခုအဖြစ်ရှိနေပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြည်နူးဖွယ်တေးသွားများကို ဖန်တီးခဲ့ပါသည်။ အဆိုပါကာလအတွင်း တရုတ်နှင့် မြန်မာပြည်သူများသည် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်မှုများစွာ လုပ်ဆောင်ခဲ့ကြပြီး နယ်နိမိတ်များကိုကျော်လွန်သော စစ်မှန်သည့် ချစ်ကြည်ရင်းနှီးမှုကို ၎င်းတို့၏ သွေးချွေးဖြင့် ရေးသားခဲ့ကြသည်။ ဆရာကြီးZeng Fucaiသည် ထိုသမိုင်းဝင်ကာလကို မြင်တွေ့ခဲ့သော တောက်ပသည့် မျက်မြင်သက်သေတစ်ဦးနှင့် အားပေးသူတစ်ဦးလည်း ဖြစ်ပါသည်။ ဆရာကြီးသည် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးအသိုင်းအဝိုင်း၏ ပညာရေးကဏ္ဍတွင် ထူးချွန်သော လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သည့်အပြင် ထိုအသိုင်းအဝိုင်း၏ အားကစားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး စိတ်အားထက်သန်မှုအပြည့်နှင့် တရုတ်-မြန်မာ အားကစားဖလှယ်ရေးနှင့် ချစ်ကြည်ရေးအတွက် ပေါင်းကူးတံတားများ တည်ဆောက်ပေးခဲ့သူလည်း ဖြစ်ပါသည်။
အချိန်ကာလများ ကုန်လွန်သွားပြီးနောက် ဆရာကြီးသည် ကျွန်တော်တို့ကို ခွဲခွာသွားခဲ့ပြီဖြစ်သော်လည်း ဆရာကြီး၏စိတ်ဓာတ်သည် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးလမ်းကြောင်းအတွက် အမြဲတမ်းထိန်လင်းနေသော မီးအိမ်တစ်လုံးကဲ့သို့ ရှိနေဆဲပင် ဖြစ်ပါသည်။ သူ၏“(၁၉၄၇-၁၉၆၇ခုနှစ်) မြန်မာနိုင်ငံတွင် အလုပ်လုပ်ခဲ့သော နှစ်ပေါင်း၂၀ အမှတ်တရဓာတ်ပုံမှတ်တမ်း”ကို စုစည်းရာတွင် သမိုင်းဝင်ဓာတ်ပုံများသည် ကျွန်ုပ်တို့အား စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အားမာန်တက်ကြွသော ထိုကာလများဆီသို့ တံခါးဖွင့်ပေးသည့်သော့များသဖွယ် ဖြစ်ခဲ့ပါသည်။ ယခုနှစ်သည် တရုတ်-မြန်မာချစ်ကြည်ရေး၏ ၇၅နှစ်မြောက် အထိမ်းအမှတ်နှစ်ဖြစ်ပြီး ထိုဓာတ်ပုံများသည် အချိန်ကာလ၏ အမှတ်တရများကို သယ်ဆောင်လာကာ တရုတ်နှင့် မြန်မာပြည်သူများ၏ အချိန်နှင့်နေရာကို ကျော်လွန်သည့် နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ပြောပြနေပါသည်။
၁၉၆၁ခုနှစ်သည် တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသမိုင်းတွင် အရေးပါသော နှစ်တစ်နှစ်ဖြစ်ကာ တရုတ်နိုင်ငံ၏ အားကစားကိုယ်စားလှယ်အဖွဲ့များ မြန်မာနိုင်ငံသို့ရောက်ရှိလာပြီး လှုပ်ရှားမှုအများဆုံးပြုလုပ်ခဲ့သည့် နှစ်တစ်နှစ်လည်း ဖြစ်ပါသည်။ ဇန်နဝါရီလမှ စတင်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အားကစားကိုယ်စားလှယ်အဖွဲ့နှင့် အဖွဲ့ဝင်၂၁ဦးပါ ဘောလုံးအသင်းကိုယ်စားလှယ်အဖွဲ့တို့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးပြိုင်ပွဲများ ကစားရန် ရောက်ရှိလာခဲ့ပါသည်။ ၎င်းတို့သည် တရုတ်ပြည်သူများ၏ ခင်မင်ရင်းနှီးမှုစိတ်ဓာတ်ဖြင့် မြန်မာအားကစားသမားများနှင့် စိတ်ဝင်စားဖွယ်ကောင်းသော ချစ်ကြည်ရေးပြိုင်ပွဲများကို ကစားခဲ့ကြပါသည်။
ထို့နောက် တရုတ်နိုင်ငံ၏ ဝူရှူးကိုယ်စားလှယ်အဖွဲ့ဝင် ၁၉ဦးသည် တရုတ်ဝူရှူး၏ ကျယ်ပြန့်နက်ရှိုင်းမှုကို ပြောင်မြောက်စွာ ပြသခဲ့ပါသည်။ မြန်မာပြည်သူများသည် ဤအရှေ့တိုင်းအတတ်ပညာ၏ ဆန်းကြယ်မှုကို စွဲမက်စွာ ကြည့်ရှုခဲ့ကြပြီး ခန်းမတွင် လက်ခုပ်သံများ အဆက်မပြတ်ကြားခဲ့ရပါသည်။ ဝူရှူးသည် တရုတ်ယဉ်ကျေးမှု၏ အဖိုးတန်ရတနာဖြစ်ပြီး မြန်မာ့မြေပေါ်တွင် တောက်ပသောအလင်းရောင်များဖြင့် ပွင့်လန်းခဲ့ကာ တရုတ်နှင့် မြန်မာပြည်သူများအား တစ်ဦးနှင့် တစ်ဦး၏ ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာ သိရှိနားလည်စေခဲ့ပါသည်။
နိုဝင်ဘာလ ၆ရက်နေ့မှ ၁၅ရက်နေ့အတွင်း တရုတ်နိုင်ငံမှ စားပွဲတင်တင်းနစ်ကိုယ်စားလှယ်အဖွဲ့၏ ပြပွဲပြိုင်ပွဲများသည် ထိုနှစ်၏ အားကစားဖလှယ်ရေးလှုပ်ရှားမှုများကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့ပါသည်။ ဤစားပွဲတင်တင်းနစ်ဘောလုံးသေးသေးလေး စားပွဲပေါ်တွင် မြန်မြန်ဆန်ဆန်ရွေ့လျားနေသည်မှာ တရုတ်နှင့် မြန်မာပြည်သူများအကြား ချစ်ကြည်ရေးသံတမန်များကဲ့သို့ ဖြစ်နေပါသည်။ ကစားသမားများ၏ ကျွမ်းကျင်သော ကစားနည်းများနှင့် လှုပ်ရှားမှုများသည် ပရိသတ်များအား အံ့အားသင့်စေခဲ့သည်။ ကစားသမားများ၏ ရိုက်ချက်များ၊ကျွမ်းကျင်သော ဘောလုံးလှည့်ပတ်မှုများသည် ပရိသတ်များ၏ အားပေးသံများစွာကို ရရှိခဲ့ပါသည်။ ဤပြပွဲပြိုင်ပွဲသည် အားကစားပြိုင်ပွဲတစ်ခုသာမကဘဲ ယဉ်ကျေးမှုဖလှယ်ရေးနှင့် နှလုံးသားများ တွေ့ဆုံမှုလည်းဖြစ်ပြီး တရုတ်နှင့် မြန်မာပြည်သူများအား တင်းနစ်စားပွဲပေါ်တွင် တစ်ဦးနှင့် တစ်ဦး၏ စစ်မှန်သောစိတ်ဓာတ်နှင့် စိတ်အားထက်သန်မှုကို ခံစားရစေခဲ့ပါသည်။
ထို့ပြင် တရုတ်နိုင်ငံ၏ အလေးမအားကစားအသင်းသည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။ ဤအားကစားဖလှယ်ရေးလှုပ်ရှားမှုများတွင် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ၏ အားကစားအသင်းက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ သူတို့သည် ချစ်ကြည်ရေးပြိုင်ပွဲများနှင့် ပြပွဲများကို စနစ်တကျစီစဉ်ပေးခဲ့ပြီး လှုပ်ရှားမှုပွဲများကို ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။ ထိုလှုပ်ရှားမှုများသည် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများ၏ အားကစားနှင့် ပတ်သက်သော ကဏ္ဍများကို ကြွယ်ဝစေခဲ့သည့်အပြင် တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေးခဲ့ပါသည်။ ထိုလှုပ်ရှားမှုများသည် တရုတ်-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကောင်းကင်ယံတွင် တောက်ပသော ကြယ်ပွင့်လေးများအဖြစ် တန်ဆာဆင်ပေးခဲ့ပြီး နှစ်နိုင်ငံပြည်သူများအား အားကစား၏ ချည်နှောင်မှုဖြင့် နှလုံးသားချင်း ပိုမိုနီးကပ်လာစေပြီး သံယောဇဉ် ပိုမိုနက်ရှိုင်းစေခဲ့ပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးနောက် တရုတ်-မြန်မာ နှစ်နိုင်ငံသည် အားကစားနယ်ပယ်တွ အပြန်အလှန်ဖလှယ်မှုပုံစံအမျိုးမျိုးနဲ့ ပိုမိုများပြားလာခဲ့ပါသည်။ ဖလှယ်မှုတစ်ခုစီတိုင်းသည် နှစ်နိုင်ငံမှ အားကစားသမားများနှင့် ပြည်သူများအကြား ချစ်ကြည်ရေးကို တစ်ဆင့်ပြီး တစ်ဆင့် တိုးမြှင့်ပေးခဲ့ပါသည်။ ပြိုင်ပွဲများ ပြုလုပ်စဉ်အတွင်း မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများနှင့် မြန်မာမိတ်ဆွေများသည် အဆင့်မြင့်ပြေးခုန်ပစ်နည်းပညာများကို နီးကပ်စွာ ကြည့်ရှုနိုင်ခဲ့ကြပါသည်။ တရုတ်အားကစားသမားများ၏ ဇွဲလုံ့လရှိမှု၊ စည်းလုံးညီညွတ်မှု စိတ်ဓာတ်နှင့် ကျွမ်းကျင်သော နည်းပညာများသည် မြန်မာပြည်သူများအား နက်ရှိုင်းသော အမှတ်တရများဖြစ်စေခဲ့ကာ အားကစားကို ချစ်မြတ်နိုးပြီး တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုကို လှုံ့ဆော်ပေးခဲ့ပါတယ်။
သမိုင်းသည် ထိုစိတ်လှုပ်ရှားဖွယ်ကောင်းသော ကာလများအတွင်း မြန်မာနိုင်ငံရှိ တရုတ်လူမျိုးအားကစားအသင်းချုပ်မှ ပြည်သူများအတွက် စုံလင်သော အားကစားပွဲများ ဆောင်ကြဉ်းပေးခဲ့သည်ကို မေ့နိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ အားထုတ်မှုနှင့် ပါဝင်ဆောင်ရွက်မှုများသည် တရုတ်-မြန်မာချစ်ကြည်ရေးသမိုင်းကြောင်းတွင် အမြဲတမ်းရှိနေမည့် မော်ကွန်းကျောက်စာတိုင် တစ်ခုကဲ့သို့ ဖြစ်နေပါသည်။ လူငယ်များအား ဤမှတ်တမ်းများမှတစ်ဆင့် အားအင်များရယူနိုင်စေရန်နှင့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းပြီး တစ်သက်လုံး မှေးမှိန်မသွားစေရန် ဤသမိုင်းဝင်အဖြစ်အပျက်များကို စုဆောင်းရေးသားပြုစုမည့် ပိုမိုများပြားသော အသိဉာဏ်ပညာရှင်များ လိုအပ်သည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။