《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】“一带一路”上的中缅胞波情
优秀奖
“一带一路”上的中缅胞波情
中缅油气管道公司 翟志成
金塔傲然矗立,似岁月的巨人,静静凝视着缅甸大地千年的风云变幻,每一寸塔身都镌刻着文明的密码;伊洛瓦底江悠悠流淌,如灵动的丝带,蜿蜒穿过广袤的山川,每一朵浪花都诉说着友谊的故事。
中缅油气管道,宛如一条钢铁巨龙,昂首挺胸,横跨缅甸那片神秘而富饶的腹地,身躯矫健地连接起中国西南那片充满希望的边陲。它宛如大地的血脉,将能源的活力源源不断地输送到各个角落。那奔腾的油气,如同生命的血液,为区域的发展注入源源不断的动力。工厂里,机器因它而欢快轰鸣,奏响产业崛起的乐章;城市中,灯火因它而璀璨明亮,点亮万家团圆的温馨;乡村间,希望因它而蓬勃生长,孕育着丰收的喜悦。它是“一带一路”共商共建共享理念最生动的注脚,用坚实的身躯,在历史的长河中书写着合作共赢的壮丽史诗。
筑文化桥梁,共筑暖心新工程
马德岛位于缅甸西海岸,是中缅油气管道的起点。曾经,这座原始岛屿几乎与世隔绝:原始森林遮天蔽日,没有码头,没有道路,淡水稀缺如珍宝,通信全无,暴雨连绵,毒虫横行……岛上的居民世代以打渔、种植为生,仿佛被时光遗忘。
2009年10月,命运的齿轮开始转动。马德岛作为中缅原油管道的起点,率先拉开了建设的序幕。这一项目,如同一束光照进了这座原始岛屿,不仅改变了马德岛的面貌,更深刻改善了当地居民的生活。
2014年,中缅油气管道项目为岛上704户村民每家捐赠了一块电表及附属设施,还为村民捐赠了100张渔网。2015年初,捐赠的通信塔投入使用,岛上终于有了手机信号,居民的生活跟上了时代的节拍。2017年,中缅油气管道项目投入近3万美元用于马德岛村庄桥体维护,越来越多的村民开始使用摩托车和拖拉机,买米买油不再靠人拉肩扛。几年来,中缅油气管道公司还为岛上援建了学校、警察局,修建了村村通公路,捐赠生活物资和医疗服务,不仅使岛民的衣食住行发生了巨大变化,而且进一步加深了中缅两国的“胞波”友谊。曾经,岛上居民只能靠积攒雨水获取淡水,长期饱受肠道疾病和皮肤病的困扰。2017年4月,中缅油气管道公司建成蓄水量达65万立方米的水库,还铺设了6060米的供水管道,建设高位水池与多个供水点。当清澈的自来水从水龙头中汩汩流出时,岛上5000余名居民的脸上洋溢着幸福的笑容。这一泓清水,不仅解决了他们的饮水难题,更滋润了他们的心田,赢得了当地人民的广泛赞誉。
2018年的泼水节,对马德岛居民来说,是一个永远难忘的日子。往昔,他们因缺水而只能泼洒泥浆,而如今,清澈的自来水在空中划出一道道美丽的弧线,那是他们对美好生活的祝福,也是对中缅油气管道公司最真诚的谢意。
中缅油气管道公司坚持以共商共建共享为原则,通过援建校舍等方式支持缅甸教育事业的发展。内比都彬马那第三基础教育高中教学楼,是中缅油气管道公司在缅甸捐赠的单体最大教育类项目之一,于2018年9月投入使用,惠及当地近6万人口。
在公司代表回访公益项目之一的德潘盖僧侣学校时,寺院住持感慨颇多:“非常感谢中国朋友对孩子们所做的一切。几年来,已经有好几批孩子在捐助的教室内读书、考学,有些特别优秀的毕业生更是选择了留在这个偏僻的村庄做老师。这一切的转变,都源自所有伸出援手的人们那份跨越国界的深情厚谊。”
促胞波情深,共绘友谊新画卷
作为“一带一路”建设的先导示范项目,中缅油气管道不仅照亮了双方深化能源合作、共谋经济繁荣的共赢之路,更是串联起两国人民的“胞波”情谊。
中缅两国山水相依,文化交融的历史源远流长。2023年中秋佳节,一场名为“花好月圆”的跨国中秋文艺联欢会在风景如画的印度洋之滨马德岛拉开序幕。来自云南省艺术团的演员和公司员工,以精湛的技艺和深情的表演,共同演绎着关于月亮、团圆、友谊与和平的动人故事。公司员工、当地民众500余人齐聚一堂,共同沉浸在这欢乐的氛围中。
璀璨灯光下,音乐响起,马德岛皎漂管理处的16位缅籍员工身着艳丽服饰闪亮登场,翩翩跳起缅甸传统舞蹈《美美与共》。她们身姿轻盈,身形灵动,脚步随着节拍欢快的腾挪。每一个动作都精准默契,将团结精神展现得淋漓尽致。一曲舞毕,全场掌声雷动。“我们从事保洁、保安、厨师、司机等不同岗位,但都为成为这个项目的建设者感到自豪,非常想用这次机会向坚守岗位的缅中同事致敬。”作为演员之一的缅籍员工昂交素演出后激动地说。那一刻,舞台上的他们,不仅是舞者,更是中缅友谊的使者,用舞蹈传递着两国人民的深情厚谊。
2024年6月,一场意义非凡的“Z世代”青年对话活动在北京隆重举行。来自中缅油气管道公司员工左平与崔尚琳深情讲述了中缅能源合作中的跨文化融合及两国人民间历久弥新的胞波情谊。“中缅油气管道公司把尊重所在国宗教信仰、风俗习惯作为员工行为规范,积极搭建多元化的交流平台,让中缅两国的胞波情谊在能源合作的广阔舞台上绽放光彩。”中缅油气管道公司总经理王强如是说。
引文化风尚,共谱交融新篇章
随着“一带一路”倡议的深入推进,中缅两国在经贸、文化等领域的合作日益紧密,织就了一幅紧密相连、共荣共进的绚丽画卷。中缅油气管道公司积极响应倡议精神,通过打造多元化交流平台等方式,搭建起两国员工心灵相通的桥梁,促进相互理解与技能互鉴。
公司深知文化交流对于跨文化融合的重要性,每年组织缅籍员工分批赴华学习交流,让他们亲身体验中华文化的博大精深与石油精神的独特气质,既拓宽了属地员工的国际视野,在无形中也加深了中缅两国人民的深厚情谊。
作为文化交流活动的重要场所,在公司曼德勒总部的丝路书屋,中缅员工在一场场文化活动中,分享各自国家的文化传统、艺术成就和风俗习惯。中国传统文化讲座、剪纸艺术的精巧、武术的刚柔并济、中国结的寓意深远、书法的行云流水……不断激发起缅籍员工对中国文化的浓厚兴趣。
作为缅甸最为盛大的传统节日,泼水节以独特的仪式象征着洗净旧岁、迎来新生的美好寓意。每逢泼水节之际,中缅员工均身着节日盛装,在水花四溅中翩翩起舞、你追我赶,洋溢着无尽的欢笑与祝福,共同编织出一幅幅中缅友谊的绚丽画卷,加深了中缅两国人民之间的情感纽带。
除了传统的泼水欢庆外,在中缅重大节日期间,公司及项目沿线各驻地通过新年联欢会、座谈交流、节日慰问、走访合作伙伴及举办缅籍员工演讲比赛等活动,促进中缅员工间的理解与友谊,展现出“中缅员工一家亲”的美好画面。
作为中缅能源合作与跨文化融合的典范之作,中缅油气管道正以实际行动诠释着“一带一路”倡议的深远意义。中缅油气管道公司始终秉持“以人为本、诚信敬业、安全环保、合作共赢”的核心价值观,通过一系列富有成效的文化交流活动与企业社会责任实践,将“一带一路”的和平合作、开放包容、互学互鉴、互利共赢精神深深植根于中缅人民的心中,为中缅两国的友谊与合作不断注入新的活力。
…………………………
马德岛的居民用上了自来水
မဒေးကျွန်း၏ ကျေးရွာသားများသည် ရေသန့်များ အသုံးပြုနေစဉ်။
中缅油气管道串联起两国人民的胞波情谊
တရုတ်- မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် နှစ်နိုင်ငံပြည်သူများ၏ ပေါက်ဖော်ချစ်ကြည်ရေးကို ချိတ်ဆက်ပေးလျက်ရှိပါသည်။
………………………………
ထူးချွန်ဆု
“Belt and Road”လမ်းကြောင်းပေါ်က တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး
Zhai Zhicheng
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ
မားမားမတ်မတ်တည်ထားလျက်ရှိသော ရွှေရောင်ဝင်းနေသော စေတီတော်သည် သက်တမ်းနှစ်ပေါင်းထောင်ချီကြာ တိတ်ဆိတ်စွာဖြင့် မြန်မာပြည်၏ အလှည့်အပြောင်းအခြေအနေများကို ကြည့်ရှုနေပြီး စေတီ၏အစိတ်အပိုင်းတိုင်းတွင် ယဉ်ကျေးမှုဆိုင်ရာ လျှို့ဝှက်သင်္ကေတများကို ထွင်းထုထားပါသည်။ ဧရာဝတီမြစ်ကြီး ငြိမ့်ညောင်းစွာ စီးဆင်းနေခြင်းသည် သက်ဝင်လှုပ်ရှားနေသော ဖဲကြိုးသဖွယ် ကျယ်ပြန့်သော တောင်တန်း၊ မြေပြန့်များကို ကွေ့ဝိုက်ဖြတ်သန်းပုံနှင့် တူသည်။ရေလှိုင်းတိုင်းသည် ချစ်ကြည်ရေးပုံပြင်များကို ပြောပြနေလျက်ရှိပါသည်။
တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် သံမဏိနဂါးတစ်ကောင်သဖွယ် မားမားမတ်မတ်ရပ်တည်ကာ မြန်မာနိုင်ငံ၏ ဆန်းကြယ်ပြီး ကြွယ်ဝသော နယ်မြေများကို ဖြတ်သန်းလျက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသော နယ်စပ်ဒေသသို့ ချောမွေ့စွာ ဆက်သွယ်ပေးထားသည်။ ၎င်းသည် ကမ္ဘာမြေ၏ သွေးကြောများသဖွယ် စွမ်းအင်များကို နေရာတိုင်းသို့ စဉ်ဆက်မပြတ် ပို့လွှတ်နေသည်။ လှုပ်ရှားနေသော ရေနံနှင့် သဘာဝဓာတ်ငွေ့သည် အသက်တစ်ချောင်း၏ သွေးကဲ့သို့ ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ် တွန်းအားပေးနေသည်။ စက်ရုံများတွင် ပျော်ရွှင်တက်ကြွနေသော စက်ပစ္စည်းအသံများသည် စက်မှုလုပ်ငန်းထွန်းကားရေး၏ တေးသီချင်းကဲ့သို့ တီးမှုတ်နေပါသည်။ မြို့ပြများတွင် မီးလုံးများသည် တောက်ပစွာ လင်းထိန်နေပြီး မိသားစုများ နွေးထွေးစွာဆုံဆည်းခြင်းကို အလင်းပေးနေသည်။ ကျေးလက်ဒေသများတွင် မျှော်လင့်ချက်များသည် ဆက်လက်ရှင်သန်နေပြီး စိုက်ပျိုးရေးလုပ်ငန်း ရိတ်သိမ်းမှု၏ ဝမ်းမြောက်ဖွယ်ရာများကို မွေးထုတ်ပေးနေသည်။ ၎င်းသည်“Belt and Road”လမ်းကြောင်း၏ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူခံစားခြင်းဟူသော အယူအဆဖြစ်၍ အသက်ဝင်ဆုံးသော ရှင်းလင်းချက်ဖြစ်ပြီး ခိုင်ခံ့မှုဖြင့် သမိုင်းတစ်လျှောက်၏ မြစ်ကြီးထဲတွင် ကြီးကျယ်ခမ်းနားသည့် ဘုံအကျိုးဖြစ်ထွန်းခြင်း ဟူသောကဗျာကို ရေးစပ်နေပါသည်။
ယဉ်ကျေးမှု တံတားများ တည်ဆောက်ခြင်း - နွေးထွေးသော နှလုံးသားဖြင့် စီမံကိန်းသစ်များ ပူးပေါင်းတည်ဆောက်မည်
မဒေးကျွန်းသည် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် တည်ရှိပြီး တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ စတင်ရာနေရာ ဖြစ်သည်။ ယခင်က ဤသဘာဝအတိုင်းရှိနေသော ကျွန်းသည် သီးခြားဖြစ်နေခဲ့သည်။ သဘာဝသစ်တောများဖြင့် ဖုံးလွှမ်းနေပြီး ဆိပ်ကမ်းမရှိ၊ လမ်းမရှိ၊ ရေချိုသည် ရတနာသဖွယ် ရှားပါးကာ ဆက်သွယ်ရေးလည်း မရှိပါ။ မိုးသည်းထန်စွာ ရွာသွန်းပြီး အန္တရာယ်ရှိသော အင်းဆက်ပိုးမွှားများ ပေါများသည်။ ကျွန်းပေါ်ရှိ ကျေးရွာသားများသည် မျိုးဆက်တစ်ခုပြီး တစ်ခု ငါးဖမ်းခြင်း၊ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြပြီး အချိန်ကို မေ့နေသလိုပင် ဖြစ်နေသည်။
၂၀၀၉ခုနှစ် အောက်တိုဘာလတွင် ကံကြမ္မာ၏ အလှည့်အပြောင်းများ စတင်ခဲ့သည်။ မဒေးကျွန်းသည် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ စတင်ရာနေရာအဖြစ် ပထမဆုံးစီမံကိန်းစတင်ရန် ပိတ်ကားကို စတင်ဖွင့်လှစ်ခဲ့သည်။ ဤစီမံကိန်းသည် သဘာဝကျွန်းပေါ်သို့ အလင်းတန်းတစ်ခုသဖွယ် ဝင်ရောက်လာခဲ့ပြီး မဒေးကျွန်း၏ နဂိုမူလပုံစံကို ပြောင်းလဲစေသည်သာမက ဒေသခံများ၏ နေထိုင်မှုဘဝကိုလည်း နက်ရှိုင်းစွာ မြှင့်တင်ပေးခဲ့သည်။
၂၀၁၄ခုနှစ်တွင် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် ကျွန်းပေါ်ရှိ ကျေးရွာ၇၀၄ရွာအတွက် အိမ်တိုင်းတွင် လျှပ်စစ်မီတာနှင့် ဆက်စပ်အဆောက်အဦများ လှူဒါန်းခဲ့ပြီး ကျေးရွာသားများအတွက် ငါးဖမ်းပိုက်၁၀၀ကိုလည်း လှူဒါန်းခဲ့သည်။ ၂၀၁၅ခုနှစ် အစောပိုင်းတွင် လှူဒါန်းထားသော ဆက်သွယ်ရေးတာဝါတိုင်ကို လက်တွေ့အသုံးပြုနိုင်ခဲ့ပြီး ကျွန်းပေါ်တွင် မိုဘိုင်းလ်ဖုန်းလိုင်း ရရှိခဲ့ကာ ကျေးရွာသားများ၏ နေထိုင်မှုသည် ခေတ်နှင့်အညီ ပြောင်းလဲလာခဲ့သည်။ ၂၀၁၇ခုနှစ်တွင် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် မဒေးကျွန်းကျေးရွာ တံတားကိုယ်ထည်ပြုပြင်ထိန်းသိမ်းရန်အတွက် အမေရိကန်ဒေါ်လာ ၃သောင်းနီးပါး ထည့်ဝင်ခဲ့သည်။ ထို့နောက် ကျေးရွာသားများသည် မော်တော်ဆိုင်ကယ်နှင့် ထော်လာဂျီများ စတင်အသုံးပြုလာကြပြီး ဆန်နှင့် ဆီဝယ်ယူရာတွင် လူအားသုံးပြီး ပုခုံးဖြင့် ထမ်းစရာ မလိုအပ်တော့ပေ။ နှစ်အနည်းငယ်အတွင်း တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် ကျွန်းပေါ်တွင် ကျောင်းများ၊ရဲစခန်းများ တည်ဆောက်ပေးခြင်း၊ ကျေးရွာလမ်းများ ဖောက်လုပ်ပြင်ဆင်ပေးခြင်း၊ နေ့စဉ်သုံးပစ္စည်းများနှင့် ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ထောက်ပံ့ပေးခဲ့သည်။ကျေးရွာသားများ၏ နေထိုင်မှုဘဝကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်သာမက တရုတ်-မြန်မာနှစ်နိုင်ငံကြား“ပေါက်ဖော်”ချစ်ကြည်ရေးကိုလည်း ပိုမိုနက်ရှိုင်းစေခဲ့သည်။ယခင်က ကျေးရွာသားများသည် မိုးရေကိုသာ စုဆောင်းသုံးစွဲခဲ့ခြင်းကြောင့် အူလမ်းကြောင်းနှင့် အရေပြားရောဂါများကို ကြာရှည်စွာ ခံစားခဲ့ရသည်။ ၂၀၁၇ခုနှစ် ဧပြီလတွင် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် ရေသိုလှောင်နိုင်မှု ကုဗမီတာ၆၅၀,၀၀၀ ရှိသော ရေလှောင်ကန်ကို တည်ဆောက်ပေးခဲ့ပြီး ရေပိုက်လိုင်း ၆၀၆၀မီတာ ကိုလည်း သွယ်တန်းပေးခဲ့ကာ ရေလှောင်ကန်နှင့် ရေသန့်ဖြန့်ဝေရေးနေရာများကို တည်ဆောက်ပေးခဲ့သည်။ သန့်ရှင်းသောရေသန့်များ ဘုံဘိုင်ခေါင်းမှ စီးထွက်လာသောအခါ ကျွန်းပေါ်ရှိ ကျေးရွာသား၅၀၀၀ကျော်တို့၏ မျက်နှာများတွင် ပျော်ရွှင်မှုများ ဝေဆာနေခဲ့သည်။ ဤသန့်ရှင်းသောရေသည် ၎င်းတို့၏ သောက်သုံးရေအခက်အခဲကို ဖြေရှင်းပေးခဲ့သည်သာမက သူတို့၏စိတ်နှလုံးကိုလည်း အေးချမ်းစေခဲ့ပြီး အဆိုပါလုပ်ဆောင်ချက်သည် ဒေသခံများ၏ ကျေနပ်မှုများကို ရရှိခဲ့ပါသည်။
၂၀၁၈ခုနှစ်တွင် ကျရောက်ခဲ့သော သင်္ကြန်ပွဲတော်သည် မဒေးကျွန်းသားများအတွက် ဘယ်တော့မှ မေ့မရနိုင်သော နေ့ရက်ဖြစ်ခဲ့သည်။ ယခင်က ၎င်းတို့သည် ရေမရှိသဖြင့် ရွှံ့ရေကိုသာ ပက်ဖျန်းခဲ့ရသော်လည်း ယခုအခါတွင် သန့်ရှင်းသော ရေသန့်များသည် လေထဲတွင် အလှပဆုံးသော မျဉ်းကွေးများပုံစံဖြင့် ပက်ဖျန်းနေပြီး ယင်းသည် ၎င်းတို့၏ သာယာကောင်းမွန်သော ဘဝ၏တောင်းဆုဖြစ်သကဲ့သို့ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီအား အစစ်မှန်ဆုံးသော ကျေးဇူးတင်မှုဖြစ်သည်။
တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူခံစားခြင်းနိယာမများကို လိုက်နာလျက် ကျောင်းဆောင်များ တည်ဆောက်လှူဒါန်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခဲ့သည်။ နေပြည်တော်ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း စာသင်ဆောင်သည် တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ မြန်မာနိုင်ငံတွင် လှူဒါန်းခဲ့သော အကြီးဆုံးသော ပညာရေးဆိုင်ရာစီမံကိန်းတစ်ခုဖြစ်ပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် အသုံးပြုနိုင်ခဲ့ကာ ဒေသခံလူဦးရေ ၆၀,၀၀၀နီးပါး အကျိုးခံစားခဲ့ရသည်။
ကုမ္ပဏီမှ ကိုယ်စားလှယ်များသည် လူမှုအကျိုးပြုစီမံကိန်းများထဲမှ တစ်ခုဖြစ်သော ဘုန်းတော်ကြီးပညာရေးကျောင်းသို့ ပြန်လည်လည်ပတ်စဉ် ကျောင်းထိုင်ဆရာတော်က“တရုတ်မိတ်ဆွေများအား ကလေးများအတွက် လုပ်ဆောင်ပေးခဲ့သည်များကို အထူးကျေးဇူးတင်ပါတယ်။ နှစ်အနည်းငယ်အတွင်း လှူဒါန်းထားတဲ့ စာသင်ခန်းများမှာ စာဖတ်ပြီး စာမေးပွဲဖြေဆိုခဲ့တဲ့ ကလေးအများအပြားရှိပြီး အလွန်ထူးချွန်ထက်မြက်သော ဘွဲ့ရကျောင်းသားများဟာ ဒီဝေးလံတဲ့ ကျေးလက်ကျေးရွာမှာ ဆရာအဖြစ် ပညာသင်ကြားပို့ချရန် ရွေးချယ်ခဲ့ကြတယ်။ ဒီပြောင်းလဲမှုအားလုံးဟာ နယ်စပ်ဖြတ်ကျော်ပြီး ကူညီသူများ၏ နက်ရှိုင်းတဲ့သံယောဇဉ်မေတ္တာများ ဖြစ်ပါတယ်”ဟု ဟောကြားခဲ့သည်။
“ပေါက်ဖော်”ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းလာစေရန် ချစ်ကြည်ရေး၏ ပန်းချီကားသစ်ကို အတူရေးဆွဲကြမည်
“Belt and Road”စီမံကိန်း၏ ရှေ့ပြေးနမူနာစီမံကိန်းဖြစ်သော တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် စွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန် အကျိုးကျေးဇူးရရှိမည့်လမ်းကြောင်းကို ရှာဖွေပေးရန်အတွက် အလင်ပေးရုံသာမက နှစ်နိုင်ငံပြည်သူများ၏“ပေါက်ဖော်”ချစ်ကြည်ရေးကိုလည်း ချိတ်ဆက်ပေးလျက်ရှိသည်။
တရုတ်နှင့် မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေများ ထိဆက်လျက်ရှိပြီး ယဉ်ကျေးမှု၊ ရောယှက်မှုသမိုင်းသည် ရှည်လျားလှသည်။ ၂၀၂၃ခုနှစ် တရုတ်ရိုးရာလမုန့်ပွဲတော် (ဆောင်းဦးလယ်ပွဲတော်) အခါသမယတွင်“လှပသောပန်းများနှင့် လပြည့်နေ့”နိုင်ငံဖြတ်ကျော်ဆောင်းဦးရာသီပွဲတော် ပဒေသာအကအလှဖျော်ဖြေတင်ဆက်ပွဲကို ရှုခင်းသာယာသော မဒေးကျွန်းတွင် စတင်ဖျော်ဖြေခဲ့သည်။ ယူနန်ပြည်နယ် အနုပညာအဖွဲ့မှ ဖျော်ဖြေသူများနှင့် ကုမ္ပဏီဝန်ထမ်းများသည် ကျွမ်းကျင်စွာဖြင့်“လဝန်း”နှင့်ဆိုင်သော ဇာတ်လမ်းအပြင် ပြန်လည်ဆုံဆည်းခြင်း၊ ချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ စိတ်လှုပ်ရှားဖွယ်ဇာတ်လမ်းများကိုလည်း ပူးပေါင်းဖျော်ဖြေခဲ့ကြသည်။ ကုမ္ပဏီဝန်ထမ်းများ၊ ဒေသခံများအပါအဝင် စုစုပေါင်းကြည့်ရှုသူ၅၀၀ကျော်တို့သည် ဤပျော်ရွှင်ကြည်နူးဖွယ်ရာဖျော်ဖြေပွဲကို အတူရှုစားခဲ့ကြပါသည်။
တောက်ပသော မီးရောင်အောက်တွင် ဂီတသံအစပြုလာချိန် မဒေးကျွန်းကျောက်ဖြူစီမံခန့်ခွဲရေးရုံးမှ မြန်မာအမျိုးသမီးဝန်ထမ်း၁၆ဦးသည် အရောင်စုံဝတ်စုံများကို ဝတ်ဆင်ကာ မြန်မာရိုးရာအကကို ကပြခဲ့ကြသည်။ သူမတို့၏ ကိုယ်ဟန်များသည် ပေါ့ပါးလှပပြီး ခြေလှမ်းများသည် တီးလုံးသံနှင့်အတူ ပျော်ရွှင်စွာ ရွေ့လျားနေသည်။ ကကွက်တိုင်းတွင် တိကျသော လိုက်လျောညီထွေမှုရှိပြီး၊ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို အပြည့်အဝ ပြသခဲ့ကြသည်။ တင်ဆက်မှု တစ်ခုပြီးသွားသောအခါ ခန်းမတစ်ခုလုံးမှာ လက်ခုပ်သံများနှင့် ပြည့်နေသည်။“ကျွန်တော်တို့ဟာ သန့်ရှင်းရေး၊ လုံခြုံရေး၊ စားဖိုမှူး၊ယာဉ်မောင်း စသည့်အလုပ်ဌာနအမျိုးမျိုးတို့မှာ လုပ်ကိုင်နေကြသော်လည်း ဤစီမံကိန်း၏ တည်ဆောက်သူများဖြစ်ရတာကို ဂုဏ်ယူပါတယ်။ မိမိတာဝန်နေရာများတွင် တာဝန်ယူလုပ်ကိုင်နေကြသော မြန်မာ-တရုတ်လုပ်ဖော်ကိုင်ဖက်များအား ဤအခွင့်အရေးဖြင့် ဂုဏ်ပြုလိုပါတယ်”ဟု ဖျော်ဖြေသူများထဲမှ တစ်ဦးဖြစ်သော မြန်မာဝန်ထမ်းအောင်ကျော်စိုးက ဖျော်ဖြေပြီးနောက် စိတ်လှုပ်ရှားစွာ ပြောကြားခဲ့သည်။ ထိုအချိန်က စင်ပေါ်ရှိ သူတို့သည် ကပြတင်ဆက်သူများဖြစ်သည်သာမက တရုတ်-မြန်မာချစ်ကြည်ရေး၏သံတမန်များလည်းဖြစ်ကာ အကဖြင့် နှစ်နိုင်ငံပြည်သူများ၏ နက်ရှိုင်းသော မေတ္တာများကို ဖော်ကျူးနေခဲ့ကြသည်။
၂၀၂၄ခုနှစ် ဇွန်လတွင် အထူးအရေးပါသော“Gen Z”လူငယ်များဆွေးနွေးပွဲကို ပေကျင်းမြို့တွင် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီမှ ဝန်ထမ်းZuo Pingနှင့် Cui Shanglinတို့သည် တရုတ်-မြန်မာစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုအတွင်း ယဉ်ကျေးမှုရောစပ်မှုနှင့် နှစ်နိုင်ငံပြည်သူများကြား အချိန်ကာလ ကြာမြင့်စွာ တည်တံ့နေသော“ပေါက်ဖော်”ချစ်ကြည်ရေးအကြောင်းကို စိတ်ရင်းမှန်ဖြင့် ရှင်းလင်းပြောကြားခဲ့ကြသည်။“တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် မိမိတို့ရောက်ရှိနေသော နိုင်ငံ၏ ဘာသာရေးယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများကို လေးစားခြင်းအား ဝန်ထမ်းများ၏ အပြုအမူစည်းမျဉ်းအဖြစ် သတ်မှတ်ထားပြီး ဘက်ပေါင်းစုံအပြန်အလှန်ဆက်ဆံရေး ပလက်ဖောင်းများ တည်ဆောက်ပေးခြင်းဖြင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်သော ဇာတ်ခုံပေါ်တွင် တရုတ်-မြန်မာနှစ်နိုင်ငံ ပေါက်ဖော်ချစ်ကြည်ရေးကို သရုပ်ဖော်ဆောင်နေပါတယ်”ဟု တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Wang Qiang ကပြောပါသည်။
ယဉ်ကျေးမှုလမ်းကြောင်းကို ဦးဆောင်ပေးကာ ပေါင်းစပ်ခြင်းအခန်းသစ်များကို အတူတူရေးသားကြမည်
“Belt and Road”အဆိုပြုချက်အကောင်အထည်ဖော်လာသည်နှင့်အမျှ တရုတ်-မြန်မာနှစ်နိုင်ငံသည် ကုန်သွယ်ရေး၊ ယဉ်ကျေးမှုစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာပြီး အတူတကွဖွံ့ဖြိုးတိုးတက်နေသည့် အလှပဆုံးသော ပန်းချီကားတစ်ချပ်ကို ရေးဆွဲလျက်ရှိသည်။ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည် ဤလုပ်ငန်းစဉ်အား အပြုသဘောဆောင်စွာ တုံ့ပြန်ကာ ဘက်ပေါင်းစုံအပြန်အလှန်ဆက်ဆံရေးပလက်ဖောင်းများ တည်ဆောက်ခြင်းဖြင့် နှစ်နိုင်ငံမှဝန်ထမ်းများ၏ နှလုံးသားများကို တံတားအဖြစ် ဆက်သွယ်ပေးလျက် အချင်းချင်းနားလည်မှုနှင့် ကျွမ်းကျင်မှုများ ဖလှယ်နိုင်ရန် အားပေးလျက်ရှိသည်။
ကုမ္ပဏီသည် ယဉ်ကျေးမှုဖလှယ်ရေး၏ အရေးပါမှုကို နက်နက်ရှိုင်းရှိုင်းနားလည်ထားပြီး နှစ်စဉ်မြန်မာဝန်ထမ်းများအား တရုတ်နိုင်ငံသို့ အပတ်စဉ်အလိုက်သွားရောက်လေ့လာစေကာ တရုတ်ယဉ်ကျေးမှု၏ ကျယ်ပြန့်နက်ရှိုင်းမှုနှင့် ရေနံလုပ်ငန်း၏ ထူးခြားသော သဘောသဘာဝများကို ကိုယ်တိုင်ခံစားသိရှိစေပါသည်။ ဤသို့ဖြင့် ဒေသခံဝန်ထမ်းများ၏ နိုင်ငံတကာအမြင်ကို ကျယ်ပြန့်စေပြီး တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများ၏ နက်ရှိုင်းသောချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းလာစေပါသည်။
ယဉ်ကျေးမှုဖလှယ်ရေးလုပ်ငန်းများအတွက် အရေးပါသောနေရာတစ်ခုဖြစ်သည့် မန္တလေးရှိ ကုမ္ပဏီ၏ ဌာနချုပ်၌တည်ရှိသော“ပိုးလမ်းမစာကြည့်တိုက်”၌ တရုတ်နှင့် မြန်မာဝန်ထမ်းများသည် မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် ဓလေ့ထုံးတမ်းများကို ယဉ်ကျေးမှုအခမ်းအနားများစွာတွင် မျှဝေကြပါသည်။တရုတ်ရိုးရာယဉ်ကျေးမှုဟောပြောပွဲများ၊ စက္ကူညှပ်အနုပညာ၊ ဝူရှူးကိုယ်ခံပညာ၏ ခိုင်မာမှုနှင့် ပျော့ပျောင်းမှု၊ တရုတ်ကြိုးထုံးခြင်းများ၊ တရုတ်စုတ်တံစာပေရေးသားခြင်း၏ ချောမွေ့သော အရေးအသားစသည်တို့က မြန်မာဝန်ထမ်းများအား တရုတ်ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားလာစေခြင်းကို အဆက်မပြတ် လှုံ့ဆော်ပေးလျက်ရှိသည်။
မြန်မာ့ရိုးရာအခမ်းအနားများတွင် အကြီးကျယ်ဆုံးဖြစ်သော သင်္ကြန်ပွဲတော်သည် နှစ်ဟောင်းကအညစ်အကြေးများကို ဆေးကြောပြီး အသစ်တစ်ဖန်မွေးဖွားခြင်း၏ ကောင်းမွန်သော အဓိပ္ပာယ်ကို သရုပ်ဖော်သည့် ထူးခြားသော ဓလေ့တစ်ခု ဖြစ်သည်။ သင်္ကြန်ပွဲတော်ကာလတိုင်းတွင် တရုတ်နှင့် မြန်မာဝန်ထမ်းများသည် ပွဲတော်ဝတ်စုံများကို ဝတ်ဆင်ကာ ရေပက်ကစားရင်း အတူတကွကပြကြပြီး အဆုံးမရှိသော ရယ်မောသံများနှင့် ကောင်းချီးများဖြင့် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြပါသည်။ ဤသို့ဖြင့် တရုတ်-မြန်မာချစ်ကြည်ရေး၏ အလှပဆုံးသော ပန်းချီကားများကို အတူတကွရေးဆွဲကြပြီး နှစ်နိုင်ငံပြည်သူများအကြားရှိ ဆက်နွယ်မှုကို ပိုမိုနက်ရှိုင်းစေခဲ့ပါသည်။
သင်္ကြန်ပွဲတော်ကဲ့သို့သော ရိုးရာပွဲတော်များအပြင် တရုတ်နှင့် မြန်မာ၏ အရေးပါသော ပွဲတော်များတွင် ကုမ္ပဏီနှင့် စီမံကိန်းလမ်းကြောင်းတစ်လျှောက်ရှိ ဌာနခွဲများသည် နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲများ၊ ဆွေးနွေးပွဲများ၊ ပွဲတော်အခါသမယတွင် နှုတ်ခွန်းဆက်ခြင်းများ၊ လုပ်ဖော်ကိုင်ဖက်များဆီသို့ သွားရောက်တွေ့ဆုံခြင်းနှင့် မြန်မာဝန်ထမ်းများ ဟောပြောပွဲပြိုင်ပွဲများ စသည့်လှုပ်ရှားမှုများကို ကျင်းပခြင်းဖြင့် တရုတ်နှင့် မြန်မာဝန်ထမ်းများအကြား နားလည်မှုနှင့် ချစ်ကြည်ရေးကို မြှင့်တင်ပေးပြီး“တရုတ်နှင့် မြန်မာဝန်ထမ်းများ၏ မိသားစုပမာ”လှပသော မြင်ကွင်းကို ပြသလျက်ရှိသည်။
မြန်မာ-တရုတ် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုရောစပ်မှုတို့၏ စံနမူနာအဖြစ် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည်“Belt and Road”အဆိုပြုချက်၏ နက်ရှိုင်းသော အဓိပ္ပာယ်ကို ဖော်ပြနေပါသည်။ တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီသည်“လူသားကို အခြေခံခြင်း၊ရိုးသားစွာ အလုပ်လုပ်ခြင်း၊ ဘေးကင်းလုံခြုံမှုနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အပြန်အလှန်အကျိုးကျေးဇူးရရှိခြင်း”စသည့် အဓိကတန်ဖိုးများကို အမြဲတစေလိုက်နာလျက်ရှိပြီး အောင်မြင်သော ယဉ်ကျေးမှုဖလှယ်ရေးလှုပ်ရှားမှုများနှင့် လုပ်ငန်းဆိုင်ရာ လူမှုတာဝန်ထမ်းဆောင်မှုလုပ်ငန်းများမှတစ်ဆင့်‘‘Belt and Road’’၏ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမြင်သာပြီး အားလုံးပါဝင်မှု၊ အချင်းချင်းလေ့လာဖလှယ်မှုနှင့် အပြန်အလှန်အကျိုးပြုခြင်းစိတ်ဓာတ်များကို တရုတ်နှင့် မြန်မာပြည်သူများ၏ နှလုံးသားများတွင် အမြစ်တွယ်စေပြီး တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် သစ်လွင်သော လှုပ်ရှားမှုကို အဆက်မပြတ် ထည့်သွင်းပေးလျက်ရှိနေပါသည်။