《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】携手七十五载 共绘中缅友谊新篇章
优秀奖
携手七十五载 共绘中缅友谊新篇章
中国港湾工程有限责任公司 阎彩秀
2025年,时光的车轮缓缓驶至中国与缅甸建交75周年的重要节点。75年,在历史长河中不过短暂一瞬,却足以让中缅两国在风雨同舟中,将“胞波”情谊酿成醇厚佳酿。
我,一个在缅甸这片土地出生、长大的华裔,仿佛是命运的使者,亲身经历并见证着中缅两国友好合作的每一个动人瞬间。小时候,我总爱依偎在祖辈身旁,听他们娓娓道来那段漂洋过海、远赴缅甸创业的艰辛历程。那些故事,如同夜空中闪烁的繁星,照亮了我幼小的心灵,也让我对中缅之间的情谊有了最初的懵懂认知。
上学时,我就感受到中国对缅甸教育事业倾注的支持。奖学金如同希望的火种,点燃了无数缅甸学子追求知识的梦想;捐赠的教学书籍和设备,为学校的教学带来了新的活力;组织学生到中国学习交流的夏令营,让缅甸学生开阔了眼界,结识了来自中国的朋友;邀请缅甸教师到中国进修,提升了当地的教学水平;无偿的技能培训项目,如烘焙、手工艺等,让缅甸青年掌握了一技之长,为他们的未来增添了更多可能。此外,旅游业、餐饮业、法律行业等领域的交流活动,促进了滇缅经贸合作;商品展、投资贸易洽谈,让两国人民更加了解彼此的文化,双边关系在交流中愈发紧密。
长大后,我亲眼目睹了中资企业在缅甸这片充满希望的土地上蓬勃发展。它们如同一颗颗璀璨的明珠,镶嵌在缅甸的大街小巷,为这片土地带来了翻天覆地的变化。中资企业不仅推动了缅甸经济的飞速发展,更为本地居民创造了数不清的就业机会,让他们的生活变得更加便捷、美好。如今,我有幸成为中国港湾工程有限责任公司的一员,全身心投入到缅甸的基础设施建设之中。在这条充满挑战与机遇的道路上,我既是历史的见证者,更是积极的参与者,用双手书写着中缅友谊的新篇章。
我所工作的中国港湾工程有限责任公司是中国交通建设股份有限公司的子公司,深耕缅甸多年——仰光外海引航站项目工程,宛如一座灯塔,为过往船只指引方向,提升了缅甸航运的安全与效率;中缅原油码头项目工程,像一条能源动脉,让缅甸的能源供应更加稳定,推动着工业的发展;而MITT码头,更是中港在缅最早期完成的工程。它全面投入使用后,缅甸的港口物流效率大幅提升,货物进出口更加顺畅,缅甸国际贸易的版图也因此不断拓展。
在建设过程中,中国港湾的建设团队不仅追求工程的高质量,更注重技术的传承。他们耐心地向当地员工传授先进技术和机械维护知识,让许多缅甸青年有机会接触到国际前沿的工程理念。这些青年如同破土的新芽,在中国技术人员的悉心浇灌下,逐渐成长为能够独当一面的专业人才,融入国际工程领域。中国港湾,用一座座坚固的港口、一条条平坦的道路、一座座雄伟的桥梁,将中缅两国人民的心紧紧相连,成为了中缅合作最生动的见证者和最积极的参与者。
在漫长的岁月中,我们见证了彼此的成长,也让我们深刻体会到“胞波”情谊的珍贵。缅中“胞波”之谊历经时代变幻的考验,我们深知其中的深刻含义。未来,我们期待中缅友谊之花绽放得更加绚烂,携手构建更加紧密的中缅命运共同体,共同书写中缅友谊的新篇章。
由中国港湾承建的缅甸仰光外海引航站项目
China Harbour Engineering Company Ltd (CHEC) မှ တာဝန်ယူတည်ဆောက်သော ရန်ကုန်မြစ်ဝမှ ကမ်းလွန်ပင်လယ်ပြင် အခြေစိုက် ရေကြောင်းပြ အဆောက်အအုံစီမံကိန်း
ထူးချွန်ဆု
၇၅ နှစ်တာ အတူလက်တွဲကာ တရုတ်-မြန်မာ ချစ်ကြည်ရေး အခန်းသစ်များကို ရေးဆွဲမည်
Yan Caixiu
China Harbour Engineering Company Ltd (CHEC)
၂၀၂၅ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး အချိန်ကာလသည် နှစ်ပေါင်း ၇၅ နှစ်မြောက်သည့် အရေးပါသော အထိမ်းအမှတ်နှစ်ဆီသို့ တဖြည်းဖြည်း ရွေ့လျားခဲ့ပြီဖြစ်သည်။ ၇၅နှစ်သည်ရှည်ကြာသော သမိုင်းတွင် တဒင်္ဂမျှသာဖြစ်သော်လည်း ဤကာလအတွင်း တရုတ်နှင့် မြန်မာ နှစ်နိုင်ငံအား တစ်လှေတည်းစီး တစ်ခရီးတည်းသွားသည့်“ပေါက်ဖော်”ဆက်ဆံရေးကို အနှစ်သာရပြည့်ဝစေခဲ့သည်။
ကျွန်မသည် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော တရုတ်မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် ကံကြမ္မာ၏ သံတမန်အဖြစ် တရုတ်-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ စိတ်ကြည်နူးဖွယ်ကာလများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူဖြစ်သည်။ ငယ်စဉ်က ဘိုးဘွားများထံ၌ တရုတ်ပြည်မှ မြန်မာပြည်သို့ သူတို့ကူးပြောင်းလာကာ စီးပွားရေးတည်ဆောက်ခဲ့ကြပုံများကို ပြောနေသည်ကို အမြဲကြားဖူးခဲ့သည်။ ထိုပုံပြင်များသည် ညကောင်းကင်ထက်ရှိ ကြယ်တာရာများကဲ့သို့ ကျွန်မ၏ နုနယ်သောစိတ်ကို အလင်းပေးခဲ့ပြီး တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ဆက်ဆံရေးအပေါ် အခြေခံသိမြင်မှုကို ဖြစ်ပေါ်စေခဲ့သည်။
ကျောင်းသားဘဝတုန်းက တရုတ်နိုင်ငံမှ မြန်မာ့ပညာရေးကဏ္ဍအတွက် ပံ့ပိုးဆောင်ရွက်ပေးမှုများကို သိရှိခံစားခဲ့မိသည်။ ပညာသင်ဆုများသည် မြန်မာကျောင်းသားများ၏ အိပ်မက်များကို မီးထွန်းပေးသည့် မျှော်လင့်ချက် မီးတောက်များပမာ ဖြစ်နေသည်။ လှူဒါန်းသော စာအုပ်နှင့် သင်ကြားရေးအထောက်အပံ့ပစ္စည်းများသည် ကျောင်း၏ သင်ကြားမှုကို အသစ်တဖန်နိုးကြားလာစေခဲ့သည်။ တရုတ်နိုင်ငံသို့ သွားရသော နွေရာသီကျောင်းပိတ်ရက်စခန်းခရီးစဉ်များသည် မြန်မာကျောင်းသားများ၏ အမြင်ကို ကျယ်ပြန့်စေပြီး တရုတ်မိတ်ဆွေများနှင့် မိတ်ဖွဲ့နိုင်ခဲ့သည်။ မြန်မာဆရာ/ဆရာမများအား တရုတ်နိုင်ငံတွင် လေ့လာဆည်းပူးရန် ဖိတ်ခေါ်မှုများသည် ဒေသတွင်း သင်ကြားမှုအဆင့်အတန်းကို မြှင့်တင်ပေးခဲ့သည်။ အခမဲ့ကျွမ်းကျင်မှုသင်တန်းပရောဂျက်များ ဥပမာမုန့်ဖုတ်ခြင်း၊ လက်မှုပညာများစသည်တို့သည် မြန်မာလူငယ်များအား အသက်မွေးဝမ်းကျောင်းပညာရပ်များကို ပိုင်ဆိုင်စေကာ ၎င်းတို့၏ အနာဂတ်အလားအလာအခွင့်အလမ်းများကို များစွာရရှိစေနိုင်ခဲ့သည်။ ထို့ပြင် ခရီးသွားလုပ်ငန်း၊ အစားအသောက်လုပ်ငန်း၊ ဥပဒေနယ်ပယ်စသည့် နယ်ပယ်များရှိ ဖလှယ်မှုများသည် ယူနန်နှင့် မြန်မာ့စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးခဲ့သည်။ ကုန်ပစ္စည်းပြပွဲများ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများသည် နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုများကို အပြန်အလှန်ပိုမိုနားလည်စေပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့သည်။
အရွယ်ရောက်လာသည်နှင့်အမျှ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်မာနိုင်ငံ၏ မြေပေါ်တွင် ဖွံ့ဖြိုးတိုးတက်လာပုံကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ ထိုလုပ်ငန်းများသည် တောက်ပသော ပုလဲပမာ မြန်မာနိုင်ငံ၏ လမ်းများ၊ ရပ်ကွက်များတွင် တန်ဆာဆင်ထားပြီး ဤမြေပြင်ကို ကြီးမားစွာ ပြောင်းလဲစေခဲ့သည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုခဲ့သည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းမြောက်များစွာကို ဖန်တီးပေးခဲ့ပြီး ၎င်းတို့၏ နေထိုင်မှုဘဝကို ပိုမိုလှပပြီး လွယ်ကူချောမွေ့စေခဲ့သည်။ ယခုအခါ ကျွန်မသည် China Harbour Engineering Company Ltd (CHEC)တွင် အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် စိတ်အားထက်သန်စွာ ပါဝင်ဆောင်ရွက်နေပါသည်။ ဤစိန်ခေါ်မှုနှင့် အခွင့်အလမ်းများ ပြည့်နှက်နေသော ခရီးလမ်းကြောင်းတွင် ကျွန်မသည် သမိုင်း၏ မျက်မှောက်ကာလတွင် သက်သေဖြစ်သူသာမက တက်ကြွစွာ ပါဝင်သူလည်းဖြစ်ကာ တရုတ်-မြန်မာချစ်ကြည်ရေး၏ အခန်းသစ်များကို ကိုယ်တိုင်ရေးသားနေသူလည်းဖြစ်သည်။
ကျွန်မအလုပ်လုပ်ကိုင်နေသော China Harbour Engineering Company Ltd (CHEC) သည် China Communications Construction Company Limted (CCCC) ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ရင်းနှီးလုပ်ကိုင်ခဲ့သည်။ ရန်ကုန်မြစ်ဝမှ ကမ်းလွန်ပင်လယ်ပြင်အခြေစိုက် ရေကြောင်းပြအဆောက်အအုံစီမံကိန်းသည် သင်္ဘောများအတွက် မီးပြတိုက်ပမာတည်ရှိနေပြီး မြန်မာနိုင်ငံ၏ ရေကြောင်းသွားလာရေးအား ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုရရှိခြင်းကို မြှင့်တင်ပေးခဲ့သည်။ တရုတ်-မြန်မာရေနံဆိပ်ကမ်းစီမံကိန်းသည် စွမ်းအင်သွေးကြောကြီးပမာ မြန်မာနိုင်ငံ၏ စွမ်းအင်ထောက်ပံ့မှုကို ပိုမိုတည်ငြိမ်စေပြီး စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို အားပေးခဲ့သည်။ MITTဆိပ်ကမ်းသည် CHEC၏ မြန်မာနိုင်ငံတွင် အစောဆုံးပြီးစီးခဲ့သော စီမံကိန်းဖြစ်သည်။ ယင်းဆိပ်ကမ်းကို အပြည့်အဝလက်တွေ့အသုံးပြုပြီးနောက် မြန်မာနိုင်ငံ၏ ဆိပ်ကမ်းလုပ်ငန်းသယ်ယူပို့ဆောင်မှုအပိုင်းတွင် သိသိသာသာမြင့်တက်လာကာ ကုန်သွယ်ရေး ပိုမိုချောမွေ့စေပြီး မြန်မာနှင့် နိုင်ငံတကာကုန်သွယ်ရေးမြေပုံမှာလည်း အဆက်မပြတ် တိုးချဲ့နိုင်ခဲ့သည်။
ဤတည်ဆောက်မှုလုပ်ငန်းစဉ်အတွင်း CHECအဖွဲ့သည် အရည်အသွေးမြင့်သော အင်ဂျင်နီယာစီမံကိန်းလုပ်ငန်းများကို လုပ်ဆောင်ရုံသာမက နည်းပညာအမွေအနှစ်လက်ဆင့်ကမ်းမှုကိုလည်း အလေးထားဆောင်ရွက်ခဲ့သည်။ သူတို့သည် ဒေသခံဝန်ထမ်းများအား အဆင့်မြင့်နည်းပညာများနှင့် စက်ပြင်ဆင်မှုဆိုင်ရာ အသိပညာများကို စိတ်ရှည်လက်ရှည် သင်ကြားပေးခဲ့သည်။ မြန်မာလူငယ်များသည် နိုင်ငံတကာအင်ဂျင်နီယာနယ်ပယ်မှ ခေတ်သစ်နည်းပညာများကို ထိတွေ့နိုင်ခွင့် ရရှိခဲ့သည်။ ထိုလူငယ်များသည် အခုမှ အညှောက်ပေါက်သော ပျိုးပင်များကဲ့သို့ တရုတ်နည်းပညာရှင်များ၏ ဂရုတစိုက်လမ်းညွှန်သွန်းလောင်းမှုဖြင့် တစ်ကိုယ်ရည်အရည်အချင်းပြည့်ဝသော ကျွမ်းကျင်ထူးချွန်သူများဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာ အင်ဂျင်နီယာနယ်ပယ်သို့ ဝင်ဆံ့နိုင်ခဲ့သည်။ CHECသည် ခိုင်ခံ့သောဆိပ်ကမ်းများ၊ ညီညာချောမွေ့သော လမ်းများ ကြီးမားခမ်းနားသော တံတားများဖြင့် တရုတ်-မြန်မာပြည်သူများ၏ နှလုံးသားများကို ချိတ်ဆက်ပေးခဲ့ပြီး တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှု၏ အသက်ဝင်ဆုံးသော မျက်မြင်သက်သေတွေ့ရှိသူနှင့် အစွမ်းကုန်ပါဝင်သူဖြစ်လာခဲ့သည်။
နှစ်ပေါင်းများစွာကာလအတွင်း ကျွန်မတို့သည် နှစ်ဦးနှစ်ဖက်၏ ဖွံ့ဖြိုးလာမှုကို တွေ့ရှိခဲ့ရပြီး “ပေါက်ဖော်” ချစ်ကြည်ရေး၏ တန်ဖိုးကို နက်နက်ရှိုင်းရှိုင်း နားလည်ခဲ့ကြသည်။ တရုတ်-မြန်မာ“ပေါက်ဖော်”ဆက်ဆံရေးသည် ခေတ်အဆက်ဆက်စမ်းသပ်မှုများကို ကျော်လွှားခဲ့ပြီး ၎င်း၏ နက်နဲသောအဓိပ္ပာယ်ကို ကျွန်မတို့သာ နားလည်ကြသည်။ အနာဂတ်တွင် တရုတ်-မြန်မာချစ်ကြည်ရေးပန်းများ ပိုမိုတောက်ပစွာပွင့်ဖူးလာမည်ဟု မျှော်လင့်ပါသည်။ ပိုမိုရင်းနှီးသော တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းကို အတူတကွလက်တွဲတည်ဆောက်ကာ တရုတ်-မြန်မာချစ်ကြည်ရေး၏အခန်းသစ်များကို အတူတကွ ရေးသားကြမည်ဖြစ်ပါသည်။