> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】我与我的飞行梦

优秀奖

我与我的飞行梦

中国国际航空股份有限公司亚太大区仰光营业部 苏雪英

2025年是中缅建交75周年。回望这段跨越时光的友谊,我深感荣幸——作为在中国国际航空公司工作11年的员工,亲历并见证了两国人民之间的深厚情谊。而在这份情谊的传递中,国航的航班不仅承载着乘客,更架起了文化交流、经济合作与人民友谊的桥梁。

2014年,我怀揣梦想加入国航,那时尚是未婚的年轻女孩;如今,我已为人母,膝下有一稚子,而国航早已成为我生命中不可或缺的部分。这十一年间,国航不仅给予我事业成长的舞台,更让我有幸成为中缅友谊苍穹中的一颗星子。

中国国际航空股份有限公司简称“国航”,英文名称为“Air China Limited”,简称“Air China”,成立于1988年。国航是中国唯一载国旗飞行的民用航空公司,亦是世界最大航空联盟——星空联盟成员。国航的北京-仰光航线是其最早的国际航线之一,可追溯至1956年4月,69载风雨兼程。仰光是印度洋畔的重要港口,是缅甸人民心中的文化、经济中心,更是中缅交流的枢纽,亦是“一带一路”上的关键节点。国航北京-仰光航线的正常运营,既极大促进了中缅人民往来,亦为“一带一路”互联互通添砖加瓦。

作为一名国航员工,驻守仰光营业部,我深感自豪,更明晰这份职业的意义与价值。这份荣耀,源于岗位之责、旅客之信、国航之兴,亦源于中缅友谊的见证。11年间,我接待过无数往返中缅的旅客——有赴华求学的缅甸学子,有赴缅投资的中国企业家,有趁假期返乡探亲的华侨家庭,亦有赴华游览名胜的旅人。每一张机票背后,皆是一段独特的中缅故事。除中缅航线外,国航亦拥有强大的国内及国际联程运输能力。旅客可经北京中转至世界各地,顺畅的航班衔接、优质的服务与票价,吸引众多中国政府机构及商务旅客。

无论是赈灾救急,还是促进中缅友好,国航皆多次出色完成紧急救援任务。如2020年抗击新冠疫情期间,国航迅速调配运力,承担医疗物资与人员运输重任;2024年缅甸洪灾与2025年缅甸地震救援中,国航亦第一时间投入紧急运输,为受灾地区提供关键支撑。

在国航的工作中,我有幸与一群优秀的同事并肩。我们的团队由总经理、销售经理、财务经理、航站经理、客运营销员及航站业务员等组成,人人皆是领域精英。团队风格洒脱,既能高效工作,亦懂诗意生活。任务来临时,全员全情投入、协作无间,确保每一航班、每张机票、每项服务精准无误;工作之余,我们亦共享经验、增进情谊,让紧张的节奏平添温暖与动力。这样的团队伙伴,令我每日工作皆充满激情与意义。

工作中,我亦会遇沟通不畅的旅客。他们或因行程变更而焦虑,或因航班延误而不满,甚至偶有抱怨投诉、语气急躁。面对此景,我常提醒自己:理解是沟通的桥梁,耐心是解难的钥匙。每当旅客情绪激动,我必先耐心倾听,待其倾诉心声,而非急于辩解或反驳。旅客所需,往往非仅一纸答案,而是一份倾听与共情,以及力所能及的解决方案。若遇不可抗力,如天气导致的航班延误,我必向旅客详述缘由,并竭力提供替代方案,如调整行程、安排住宿、提供必要协助等。旅客的满意,是对我最大的认可。我坚信,唯以热爱之心服务,方能赢得理解与信任;选择此职,便是选择责任与担当。无论风雨几何,我皆无悔无怨,唯在突破自我中,体悟工作的价值与意义。

在国航的十一年,是我人生中最珍贵的时光。感谢国航予我成长之平台,亦让我有幸成为中缅友好的见证者与参与者。身为母亲,我常对孩子说:“妈妈售卖的不仅是机票,更是中缅友谊的‘小翅膀’。”当稚子在仰光机场指着国航飞机唤“妈妈的公司”时,是我最幸福的时刻。值此中缅建交75周年之际,愿两国友谊如国航航班翱翔蓝天,历久弥坚!


ထူးချွန်ဆု

ကျွန်မနှင့် ကျွန်မ၏ ပျံသန်းနေသော အိပ်မက်

ဇွန်သီရိထွန်း

Air China Limited (Myanmar Branch)

၂၀၂၅ခုနှစ်သည် တရုတ်နှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဤသို့ အချိန်တွေကြာလာခဲ့ပြီဖြစ်သော ချစ်ကြည်ရင်းနှီးမှုကို ပြန်တွေးကြည့်မိလျှင် ကျွန်မအတွက် လွန်စွာဂုဏ်ယူမိပါသည်။ Air Chinaတွင် ၁၁နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော ဝန်ထမ်းတစ်ဦးအနေဖြင့် ကျွန်မသည် နှစ်နိုင်ငံအကြား နက်နဲသော ချစ်ကြည်ရင်းနှီးမှုကို ကိုယ်တွေ့တွေ့ကြုံခံစားခဲ့ရပြီး မျက်မြင်တွေ့ရှိခဲ့ရပါသည်။ ဤအပြန်အလှန်ချစ်ကြည်ရင်းနှီးမှုတွင် Air Chinaလေကြောင်းလိုင်းသည် ခရီးသည်များကို သယ်ဆောင်ရုံသာမက ယဉ်ကျေးမှုဖလှယ်ခြင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့၏ ပေါင်းကူးတံတားတစ်ခုလည်း ဖြစ်ပါသည်။

၂၀၁၄ခုနှစ်တွင် ကျွန်မသည် အိပ်မက်များဖြင့် Air Chinaသို့ ဝင်ရောက်ခဲ့ပါသည်။ ထိုအချိန်က ကျွန်မသည် အိမ်ထောင်မကျသေးသော အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး ယခုအခါတွင်မူ ချစ်စရာကောင်းသော သမီးလေးကို ပိုင်ဆိုင်ထားသည့် မိခင်တစ်ဦးလည်း ဖြစ်နေပါပြီ။ Air Chinaသည်လည်း ကျွန်မဘဝ၏ မရှိမဖြစ်သော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ဤ၁၁နှစ်တာကာလအတွင်း Air Chinaသည် ကျွန်မ၏ အသက်မွေးဝမ်းကျောင်းကို မြှင့်တင်ပေးရုံသာမက တရုတ်-မြန်မာချစ်ကြည်ရေးကောင်းကင်ကြီး၏ ကြယ်တစ်ပွင့်အဖြစ် ပါဝင်ခွင့်ပေးခဲ့ပါသည်။

Air China Limitedကို“Air China”ဟုခေါ်ဆိုပြီး 1988ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ Air Chinaသည် တရုတ်နိုင်ငံတွင် တစ်ခုတည်းသော အရပ်ဘက် တရုတ်နိုင်ငံအလံတင်လေကြောင်းလိုင်းဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးလေကြောင်း မဟာမိတ်ဖြစ်သော Star Alliance၏ အဖွဲ့ဝင်လည်း ဖြစ်ပါသည်။ ပေကျင်း-ရန်ကုန်ပျံသန်းမှုလမ်းကြောင်းသည် Air China၏ အစောဆုံးနိုင်ငံတကာလမ်းကြောင်းများထဲမှတစ်ခုဖြစ်ပြီး လွန်ခဲ့သော ၆၉နှစ်ဖြစ်သည့် ၁၉၅၆ခုနှစ် ဧပြီလတွင် စတင်ခဲ့ပါသည်။ ရန်ကုန်မြို့သည် မြန်မာလူမျိုးများ၏ နှလုံးသားထဲတွင် ယဉ်ကျေးမှုနှင့် စီးပွားရေးအချက်အချာကျရုံသာမက တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ကူးသန်းဖလှယ်ရေးစင်တာလည်း ဖြစ်ပါသည်။ ထို့ပြင် အိန္ဒိယသမုဒ္ဒရာရှိ အရေးကြီးသော ဆိပ်ကမ်းတစ်ခုလည်းဖြစ်ပြီး“ပိုးလမ်းမစီမံကိန်း”၏ အရေးကြီးသော ဆုံမှတ်တစ်ခုလည်းဖြစ်ပါသည်။ Air China၏ ပေကျင်း- ရန်ကုန်လေကြောင်းလိုင်း ပုံမှန်လည်ပတ်မှုသည် တရုတ်နှင့် မြန်မာအကြား ကူးလူးဆက်သွယ်မှုကို ကြီးမားစွာ အားပေးရုံသာမက“ပိုးလမ်းမစီမံကိန်း”၏ ချိတ်ဆက်မှုတွင်လည်း လွန်စွာအရေးပါလှပါသည်။

Air Chinaဝန်ထမ်းတစ်ယောက်အနေဖြင့် ရန်ကုန်ရုံးခွဲတွင် တာဝန်ထမ်းဆောင်ရသည်ကို ဂုဏ်ယူမိရုံတင်သာမက ဤလုပ်ငန်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးကိုလည်း လေးနက်စွာ ခံစားရပါသည်။ ဤဂုဏ်ယူမှုသည် ကျွန်မ၏ ရာထူးတာဝန်၊ ခရီးသည်များ၏ ယုံကြည်ကိုးစားမှု၊ Air China ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်-မြန်မာချစ်ကြည်ရေး၏ သက်သေများမှ လာပါသည်။ Air Chinaတွင် တာဝန်ထမ်းဆောင်ခဲ့သော ၁၁နှစ်တာကာလအတွင်း တရုတ်နှင့် မြန်မာအကြား ကူးသန်းသွားလာနေသည့် ခရီးသည်များစွာကို ဝန်ဆောင်မှုပေးခဲ့ပါသည်။ ဤခရီးသည်များတွင် တရုတ်နိုင်ငံကို ပညာသင်သွားသော မြန်မာကျောင်းသားများ၊ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြသော တရုတ်လုပ်ငန်းရှင်များ၊ ပိတ်ရက်တွင် ဆွေမျိုးများထံသို့ အလည်အပတ်သွားရောက်ကြမည့် ပင်လယ်ရပ်ခြားရောက် တရုတ်နွယ်ဖွားမိသားစုများ၊ ထို့ပြင် တရုတ်နိုင်ငံ၏ ရှုခင်းနှင့် သမိုင်းဝင်နေရာများကို သွားရောက်လည်ပတ်ကြမည့် ခရီးသည်များစွာ ပါဝင်ပါသည်။ လေယာဉ်လက်မှတ်တစ်စောင်စီတိုင်း၏ နောက်ကွယ်တွင် ထူးခြားသော တရုတ်-မြန်မာ ဇာတ်လမ်းလေးတစ်ပုဒ်စီ ရှိနေပါသည်။ တရုတ်-မြန်မာလမ်းကြောင်းအပြင် Air Chinaသည် ပြည်တွင်းနှင့် နိုင်ငံတကာချိတ်ဆက်သယ်ယူပို့ဆောင်ရေးတွင်လည်း အားသာချက်များစွာ ရှိပါသည်။ ခရီးသည်များသည် ပေကျင်းမှတဆင့် ကမ္ဘာအရပ်ရပ်သို့ သွားလာနိုင်ပြီး အဆင်ပြေသော လေကြောင်းချိတ်ဆက်မှု၊ သာလွန်ကောင်းမွန်သော ဝန်ဆောင်မှုများနှင့် သင့်တင့်သော စျေးနှုန်းများသည် တရုတ်အစိုးရအေဂျင်စီများနှင့် စီးပွားရေးခရီးသွားများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက်သော်လည်းကောင်း၊ တရုတ်-မြန်မာချစ်ကြည်ရေး မြှင့်တင်ရန်အတွက်သော်လည်းကောင်း Air Chinaသည် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို အကြိမ်များစွာ အောင်မြင်ပြီးမြောက်ခဲ့ပါသည်။ ဥပမာအားဖြင့် ၂၀၂၀ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါကို တိုက်ဖျက်ရာတွင် Air Chinaသည် သယ်ယူပို့ဆောင်ရေးအင်အားကို အလျင်အမြန် ညှိနှိုင်းပြီး ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် ဝန်ထမ်းများအား သယ်ယူပို့ဆောင်ခြင်းတာဝန်ကို အဓိကထားဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၄ခုနှစ် မြန်မာရေဘေးနှင့် ၂၀၂၅ခုနှစ် မြန်မာငလျင်ဒဏ်ကူညီကယ်ဆယ်ရေးကာလအတွင်း Air Chinaသည် သဘာဝဘေးဒဏ်သင့်ဒေသများအတွက် အရေးကြီးသော အကူအညီများပေးရန် အရေးပေါ်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်း မဆိုင်းမတွ လုပ်ဆောင်ခဲ့ပါသည်။

Air Chinaတွင် အလုပ်လုပ်နေစဉ်ကာလအတွင်း ထူးချွန်သော လုပ်ဖော်ကိုင်ဖက်များနှင့် တွဲလုပ်ခွင့်ရခြင်းမှာလည်း ကျွန်မအတွက် အလွန်ကံကောင်းလှပါသည်။ ကျွန်မတို့၏အဖွဲ့တွင် အထွေထွေမန်နေဂျာ၊ အရောင်းမန်နေဂျာ၊ ဘဏ္ဍာရေးမန်နေဂျာ၊ လေဆိပ်မန်နေဂျာ၊ လေယာဉ်လက်မှတ်အရောင်းဝန်ထမ်းနှင့် လေဆိပ်ဝန်ထမ်းများပါဝင်ပြီး ဝန်ထမ်းအားလုံးသည် သက်ဆိုင်ရာနယ်ပယ်များတွင် ထူးချွန်သူများ ဖြစ်ကြပါသည်။ ကျွန်မတို့အဖွဲ့သည် လုပ်ငန်းခွင်တွင်သော်လည်းကောင်း၊ လူမှုရေးတွင်သော်လည်းကောင်း ပျော်ရွှင်တက်ကြွမှု ရှိကြပါသည်။ လုပ်ငန်းတာဝန်ရှိသောအခါ ဝန်ထမ်းတိုင်းသည် မိမိတာဝန်အလိုက် မခိုမကပ်လုပ်ဆောင်ကြပြီး လေယာဉ်တိုင်း၊ လက်မှတ်တိုင်းနှင့် ဝန်ဆောင်မှုတိုင်းတွင် တိကျသေချာစွာ ပူးပေါင်းဆောင်ရွက်ကြပါသည်။ အလုပ်ချိန်ပြင်ပတွင် ကျွန်မတို့သည် ဘဝကို မည်သို့ပျော်ရွှင်စွာဖြတ်သန်းရမည်ကိုသိရှိပြီး အချင်းချင်းအတွေ့အကြုံများကို မျှဝေကြလျက် ခင်မင်ရင်းနှီးမှုကို မြှင့်တင်ကာ ဖိအားများသော လုပ်ငန်းခွင်ကို ပိုမိုသက်သောင့်သက်သာ ဖြစ်စေပါသည်။ ဤကဲ့သို့သော လုပ်ဖော်ကိုင်ဖက်များရှိနေခြင်းသည် ကျွန်မအတွက် နေ့စဉ်အလုပ်ခွင်တွင် စိတ်အားထက်သန်မှုများနှင့် အဓိပ္ပာယ်ရှိနေစေပါသည်။

တစ်ခါတစ်ရံတွင်လည်း ကျွန်မသည် အလုပ်ခွင်တွင် ပြောဆိုရခက်ခဲသော ခရီးသည်များနှင့်လည်း ကြုံတွေ့ရတတ်ပါသည်။ခရီးသည်များသည် ခရီးစဉ်အပြောင်းအလဲများကြောင့် စိတ်ပူပန်နိုင်သည် သို့မဟုတ် လေယာဉ်နှောင့်နှေးခြင်းကြောင့် မကျေနပ်မှုများ ဖြစ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် စိတ်မရှည်တင်းမာမှုများနှင့် မကျေနပ်ချက်များကို ရုံးချုပ်အား တိုင်ကြားနိုင်ပါသည်။ ထိုသို့အခြေအနေများနှင့် ရင်ဆိုင်ရချိန်တွင် နားလည်မှုသည် ပြောဆိုဆက်ဆံရေး၏ တံတားဖြစ်ပြီး စိတ်ရှည်ခြင်းသည် ပြဿနာကို ဖြေရှင်းမှုအတွက် သော့ချက်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကို အမြဲသတိပေးပါသည်။ ထို့ကြောင့် ခရီးသည်တစ်ယောက် စိတ်ပူပန်မှုဖြစ်လာသည့်အခါတိုင်းတွင် ကျွန်မသည် အရင်ဆုံးစိတ်ရှည်ရှည်နှင့် နားထောင်ပေးပါသည်။ ခရီးသည်ကို အလောတကြီးရှင်းပြမည့် (သို့မဟုတ်) ချေပမည့်အစား သူတို့၏အတွေးကို အရင်ထုတ်ဖော် ပြောဆိုခွင့်ပေးလိုက်ပါသည်။ အခြေအနေတော်တော်များများတွင် ခရီးသည်များ အမှန်တကယ်လိုအပ်သောအရာသည် အဖြေတစ်ခုရရန်သာမဟုတ်ဘဲ သူတို့၏စိုးရိမ်ပူပန်မှုများကို နားထောင်ပေးပြီး နားလည်သဘောပေါက်ပေးနိုင်သူရှိရန် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ခရီးသည်များအတွက် အဆင်ပြေနိုင်သော ဖြေရှင်းနည်းအမျိုးမျိုးကို ပေးစွမ်းနိုင်ရန် ကြိုးစားရမည်ဖြစ်ပါသည်။

အကယ်၍ ရာသီဥတုကြောင့် လေယာဉ်နောက်ကျခြင်းကဲ့သို့သော မလွှဲမရှောင်သာ ပြဿနာရှိလာပါက ခရီးသည်များအား အခြေအနေကို အသေးစိတ်ရှင်းပြပြီး တတ်နိုင်သမျှ ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ကူညီပေးပါသည်။ ဥပမာ နောက်ဆက်တွဲခရီးစဉ်များကို ချိန်ညှိပေးခြင်း၊ နေရာထိုင်ခင်းနှင့် လိုအပ်သော အကူအညီများပေးခြင်း စသည်ဖြင့် လုပ်ဆောင်ပေးပါသည်။ ခရီးသည်များ၏ ကျေနပ်မှုသည် ကျွန်မ၏ အကြီးမားဆုံးသော အသိအမှတ်ပြုမှု ဖြစ်ပါသည်။ ဤအလုပ်ကို အမှန်တကယ်ချစ်မြတ်နိုးမှသာလျှင် ကျွန်မတို့သည် နှလုံးသားဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး ထိုသို့နှလုံးသားဖြင့် ဝန်ဆောင်မှုပေးနိုင်မှသာလျှင် ခရီးသည်များ၏ နားလည်မှုနှင့် ယုံကြည်မှုကို နောက်ဆုံးတွင် ရရှိနိုင်မည်ဖြစ်ပါသည်။ ဤအလုပ်ကို ရွေးချယ်ခြင်းသည် တာဝန်ယူမှုနှင့် ကတိကဝတ်များအား ရွေးချယ်ခြင်းပင် ဖြစ်ပါသည်။ အခက်အခဲစိန်ခေါ်မှု မည်မျှပင်ကြုံလာပါစေ ကျွန်မအတွက် နောင်တရစရာမရှိပါ။ မိမိကိုယ်တိုင် အဆက်မပြတ် ဖြတ်ကျော်နေမှသာလျှင် အလုပ်၏ အဓိပ္ပာယ်နှင့် တန်ဖိုးကို နားလည်နိုင်မည် ဖြစ်ပါသည်။

Air Chinaနှင့် ဖြတ်သန်းခဲ့ရသော ၁၁နှစ်တာကာလသည် ကျွန်မဘဝအတွက် အဖိုးအတန်ဆုံးအချိန်တွေပဲ ဖြစ်ပါသည်။ တရုတ်-မြန်မာချစ်ကြည်ရေးမှာ သက်သေအနေနှင့်သာမက ပါဝင်ဆောင်ရွက်သူအဖြစ်ပါ ကျွန်မကို ကြီးပြင်းလာဖို့ ပလက်ဖောင်းတစ်ခုပေးခဲ့သော Air Chinaကို ကျေးဇူးတင်ရှိပါသည်။ အမေတစ်ယောက်အနေဖြင့်“မေမေရောင်းတဲ့ လေယာဉ်လက်မှတ်လေးတွေက လက်မှတ်တင်မဟုတ်ဘဲ တရုတ်-မြန်မာချစ်ကြည်ရေးရဲ့‘အတောင်ပံလေးတွေ’လည်း ဖြစ်တယ်”ဟု ကျွန်မ၏ကလေးတွေကို အမြဲပြောလေ့ရှိပါသည်။ ကျွန်မ၏ ကလေးသည် ရန်ကုန်လေဆိပ်မှာ Air Chinaလေယာဉ်ကို ညွှန်ပြပြီး“မေမေ့ရဲ့ကုမ္ပဏီ”ဟု အော်လိုက်သောအချိန်သည် ကျွန်မ၏ အပျော်ဆုံးအခိုက်အတန့်ပင် ဖြစ်ပါသည်။ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုသည် အပြာရောင်ကောင်းကင်ယံထက်တွင် ပျံသန်းနေသော Air Chinaလေကြောင်းလိုင်းများကဲ့သို့ ထာဝရတည်တံ့နေမည်ဟု မျှော်လင့်ပါသည်။

分享到: