《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】文缘与佛缘
优秀奖
文缘与佛缘
新华社仰光分社前首席记者 张云飞
我与缅甸有缘,缘分不浅,弥足珍贵。一般而论,人生中,凡遇见的人,碰到的事,一切尽是缘。人缘事缘时时缘,文缘佛缘处处缘。
这正是:缘分胜万金,真情更无价。
在长达22年的驻缅工作中,我,作为一名国社外派记者,采访过无数缅甸人,上至国家总统,下至黎民百姓;也结识过很多名人,有风云人物,也有文化大家。蓦然回首,其中总有一些人和一些事,令我终身难忘。那些过往,每每回忆起来,就是一种精神享受。
话说文缘,我心里一直回荡着这样一个友好故事:缅甸大文豪与中国《红楼梦》。这是中缅文化交流的佳话,也是两国文明互鉴的传奇。1988年的一天,我如约来到缅甸著名作家、诗人和翻译家妙丹丁大师的住所。此行的目的就是采访妙丹丁大师精心翻译《红楼梦》的殊勋茂绩。当我来到仰光一个普通住宅区,走近妙丹丁大师的家,就听到老式打字机的敲击声,仿佛觉得那声音就是他文思喷涌之歌。
我慢慢踏进妙丹丁大师的房间,呈现在我眼前的是简陋的家具陈设,大师的衣着朴素,目不忍睹的感觉油然而生,我内心里直发酸。大师的生活尽管如此清贫,但他依然满面春风,襟怀坦荡,笔耕不辍,笑傲文坛。妙丹丁大师一生为缅甸留下了118部作品,其中包括他翻译的不少外国文学作品,比如:俄罗斯作家高尔基的《童年》和托尔斯泰的《战争与和平》以及美国作家米切尔的《飘》。
妙丹丁大师接受采访时对我说,中缅两国山水相连,胞波友谊源远流长,中国文化博大精深。他还说,他很喜欢中国,也很喜欢中国文学作品,尤其是四大古典名著和现代文豪大作。他告诉我,他除了翻译中国名著《红楼梦》外,其它已译成缅文出版的有关中国的作品还有曹禺的《日出》和《雷雨》、老舍的《茶馆》、韩素音的《毛泽东与中国革命》以及斯诺的《红星照耀中国》,等等。
妙丹丁大师根据《红楼梦》英文译本翻译缅文,缅文译本共有9卷。妙丹丁大师精通英文,缅甸文学功底深厚,翻译技巧娴熟,翻译经验丰富,但是他不懂中文。显而易见,翻译《红楼梦》对妙丹丁大师来说,的确是巨大的挑战。我向妙丹丁大师提问:翻译中如何忠实原文把准原意?他向我透露说,他读了很多介绍《红楼梦》的书籍,以加深了解中国古典文化以及《红楼梦》的社会历史背景。他还请了精通中文的缅甸华人解读《红楼梦》,以便吃透《红楼梦》的中心思想和文学表达。
《红楼梦》最精华的是诗词曲赋,但对于外国翻译者而言,无疑是最困难的部分。妙丹丁大师在深刻理解了诗词曲赋原意的基础上进行了再创作,充分发挥他的文学诗歌才华,把缅甸的文化和文学因素悄然融入其中,诗词曲赋译文的优美程度不亚于原文。缅甸评论家认为,这是一项艰苦卓绝的工作,也是一项意义非凡的成就。妙丹丁大师的翻译水平和艺术成就都达到了后人难以逾越的高度。《红楼梦》缅译本出版当年,妙丹丁大师又一次获得了国家最高荣誉缅甸文学翻译大奖。
在我接触的缅甸文人墨客中,我认为妙丹丁大师无疑是缅甸最伟大的文学家。他是中缅文化交流的热心践行者,是中缅胞波友谊的非凡促进者。妙丹丁大师生于1929年5月23日,于1998年2月18日因病在仰光逝世,享年69岁。值此中缅建交75周年友好故事征文之际,我聊以本文,深切缅怀缅甸文学大师、中缅友好使者妙丹丁先生千古!
文化交流滋润胞波友谊,佛教交流惠泽两国人民。为了增进中缅友好关系不断发展,满足缅甸佛教信众拜佛需求,供奉在北京灵光寺的国宝佛牙舍利于1956年、1994年、1996年和2011年先后四次赴缅甸供奉巡礼。这不仅仅是缅甸广大信众的佛缘,而且也是所有佛事参与者的佛缘。
2011年是佛牙舍利第四次应邀到缅供奉巡礼,我有幸参与了报道这桩象征友好的佛教交流盛事。那一天,我提前来到仰光机场,只见数千人列队盛装迎接运载中国佛牙舍利的专机抵达。我见证了迎佛牙的宏大场面,是那样的隆重,那样的虔诚,那样的震撼,我迄今都历历在目。那一天,在迎佛牙仪仗队的簇拥和护送下,大象彩车宝辇运载佛牙舍利,浩浩荡荡从仰光机场前往供奉地和平塔,数公里沿途两侧十几万信众手持鲜花和六色佛教旗,跪拜顶礼,恭迎佛牙,祈福积德。
佛牙舍利在仰光供奉巡礼的日子里,每天都有数万人前往和平塔瞻仰朝拜。一位缅甸佛教信徒在现场对我发表感慨说,你瞧瞧,这长长的人流,满满的虔诚,就是信众祈求的大大功德和心满意足。缅甸友人在现场评论说,我们信众诚心祈求佛祖保佑国泰民安,祈祷佛牙舍利的功德加佑人民幸福吉祥、国家转型成功以及全国和平持久。
在漫长的驻缅记者生涯中,我不时有机会伫立缅甸伊洛瓦底江畔,欣赏伊江上行船悠悠和江流潺潺。每当此时此刻,我就会情不自禁地遥望北方祖国那条滚滚的万里长江,也总能联想起陈毅副总理陪同周恩来总理访问缅甸时写就的生动诗句:“我住江之头,君住江之尾,彼此情无限,共饮一江水。”这首壮丽诗篇向世人昭示一个睦邻友好的真理:中缅传统胞波友谊,就像长江和伊洛瓦底江一样,在两国人民心中世代流淌不停,奔腾向前不息。
ထူးချွန်ဆု
စာပေသံယောဇဉ်နှင့် ဗုဒ္ဓသံယောဇဉ်
Zhang Yunfei
သတင်းထောက်ချုပ်ဟောင်း၊ ဆင်ဟွာသတင်းဌာန (ရန်ကုန်ရုံးခွဲ)
ကျွန်တော်နှင့် မြန်မာနိုင်ငံသည် နက်နဲပြီး အဖိုးတန်သော သံယောဇဉ်ရှိပါသည်။ ယေဘုယျအားဖြင့်ပြောရလျှင် လူ့ဘဝတွင် တွေ့ကြုံရသော လူပုဂ္ဂိုလ်တိုင်း၊ ဖြစ်စဉ်တိုင်းသည် သံယောဇဉ်ရေစက်ပင် ဖြစ်ပါသည်။ လူမှုဆက်ဆံရေးသံယောဇဉ်၊ ဖြစ်ရပ်မှန်သံယောဇဉ်၊ စာပေသံယောဇဉ်နှင့် ဗုဒ္ဓသံယောဇဉ်တို့သည် မည်သည့်နေရာတွင်မဆို တွေ့နိုင်သည်။ ဤသည်မှာ အမှန်ပင်ဖြစ်သည်။ သံယောဇဉ်သည် ရွှေထက်တန်ဖိုးရှိပြီး စစ်မှန်သောမေတ္တာသည် ပို၍ပင်အဖိုးမဖြတ်နိုင်ပါ။
ကျွန်တော်သည် ဆင်ဟွာသတင်းဌာန၏ ပြည်ပတွင် တာဝန်ခန့်အပ်ထားသော သတင်းထောက်အဖြစ် မြန်မာနိုင်ငံတွင် ၂၂နှစ်ကြာ အလုပ်လုပ်ခဲ့စဉ်အတွင်း နိုင်ငံတော်သမ္မတမှ သာမန်လူများအထိ မရေမတွက်နိုင်သော မြန်မာလူမျိုးများကို တွေ့ဆုံမေးမြန်းခဲ့ရပါသည်။ ထို့ပြင် အထင်ကရပုဂ္ဂိုလ်များ၊ စာပေပညာရှင်များကိုလည်း မကြာခဏတွေ့ဆုံခဲ့ရပါသည်။ နောက်ကြောင်းပြန်စဉ်းစားကြည့်သော် အချို့သော လူပုဂ္ဂိုလ်များနှင့် ဖြစ်စဉ်များသည် ကျွန်တော့ဘဝတစ်လျှောက်တွင် မမေ့နိုင်စရာ အမှတ်တရဖြစ်နေဆဲဖြစ်သည်။ ထိုသို့သော အမှတ်တရများကို ပြန်လည်သတိရတိုင်း စိတ်ပျော်ရွှင်မှုတစ်ခုလည်း ဖြစ်လာပါသည်။
စာပေသံယောဇဉ်အကြောင်းပြောရမည်ဆိုလျှင် ခင်မင်ရင်းနှီးသည့် ဇာတ်လမ်းတစ်ပုဒ် စိတ်ထဲမှာ အမြဲထင်ဟပ်နေခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာကြီးနှင့် တရုတ်နိုင်ငံ၏“ခန်းဆောင်နီအိပ်မက်”ပင်ဖြစ်သည်။ ယင်းမှာ တရုတ်နှင့် မြန်မာကြား ယဉ်ကျေးမှုဖလှယ်ခြင်း၏ လှပသောဇာတ်လမ်းဖြစ်ပြီး ယဉ်ကျေးမှုနှစ်ခုကြား အပြန်အလှန်သင်ယူမှုဒဏ္ဍာရီလည်း ဖြစ်သည်။ ၁၉၈၈ခုနှစ် တစ်နေ့တွင် ကျွန်တော်သည် ချိန်းထားသည့်အချိန်အတိုင်း ကျော်ကြားသော မြန်မာနိုင်ငံစာရေးဆရာ၊ ကဗျာဆရာနှင့် ဘာသာပြန်ဆရာကြီးမြသန်းတင့်၏ နေအိမ်သို့ ရောက်ရှိခဲ့ပါသည်။ ဤသို့ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်မှာ“ခန်းဆောင်နီအိပ်မက်”ကို သေသေချာချာ ဘာသာပြန်ထားသည့် ဆရာကြီးမြသန်းတင့်ကို တွေ့ဆုံမေးမြန်းရန်ဖြစ်ပါသည်။ ရန်ကုန်က သာမန်လူနေရပ်ကွက်တစ်ခုကိုရောက်ပြီး ဆရာကြီးမြသန်းတင့်၏ အိမ်နားကိုရောက်သည့်အခါ ကြားလိုက်ရသော လက်နှိပ်စက်အဟောင်းတစ်လုံး၏ စာရိုက်သံကို ဆရာကြီး၏ စာရေးသည့် စိတ်နှင့်စိတ်ကူးစိတ်သန်းများ လွှမ်းခြုံနေသည့် တေးသံတစ်ပုဒ်ပမာ ခံစားသွားမိပါသည်။
ဆရာကြီးမြသန်းတင့်၏ အခန်းထဲသို့ ဖြည်းဖြည်းချင်းဝင်လာရာတွင် ရိုးရှင်းသော ပရိဘောဂများနှင့် ဆရာကြီး၏ရိုးရှင်းသောအဝတ်အစားတွေကို ကျွန်တော်မြင်တွေ့လိုက်ရသည့်အခါ ကျွန်တော့ရင်ထဲမှာ တင်းကျပ်လာသလို ခံစားမိပါသည်။ဆရာကြီး၏ဘဝမှာ သာမန်ဖြစ်သော်လည်း သူ၏မျက်နှာသည် အမြဲရွှင်လန်းနေသည်။ သူသည် စိတ်ဓာတ်မြင့်မားပြီး ပွင့်လင်းမြင်သာစွာ စာပေများ အဆက်မပြတ်ရေးသားကာ စာပေလောကကို လွှမ်းမိုးထားသည်။ ဆရာကြီးမြသန်းတင့်သည် သူ၏တစ်သက်တာလုံးတွင် မြန်မာနိုင်ငံအတွက် စာပေလက်ရာ ၁၁၈ပုဒ် ချန်ရစ်ခဲ့လေသည်။ ယင်းအထဲတွင် ဆရာကြီးဘာသာပြန်သည့် နိုင်ငံခြားစာပေလက်ရာများဖြစ်သည့် ရုရှားစာရေးဆရာဂေါ်ကီ၏“အရွယ်မတိုင်မီ”၊ တော်စတွိုင်း၏“စစ်နှင့်ငြိမ်းချမ်းရေး”နှင့် အမေရိကန်စာရေးဆရာမစ်ချယ်၏“လေရူးသုန်သုန်”စသည်များ ပါဝင်သည်။
တွေ့ဆုံမေးမြန်းစဉ် ဆရာကြီးမြသန်းတင့်က တရုတ်နှင့် မြန်မာတို့သည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ပေါက်ဖော်ချစ်ကြည်ရေးမှာ ရှည်လျားသောသမိုင်းကြောင်းရှိကာ တရုတ်ယဉ်ကျေးမှုသည် လေးနက်ကြောင်း ပြောကြားခဲ့သည်။ သူသည် တရုတ်နိုင်ငံကို အလွန်နှစ်သက်ပြီး တရုတ်စာပေလက်ရာများကိုလည်း နှစ်သက်ကြောင်း၊ အထူးသဖြင့် ရှေးဟောင်းဂန္ထဝင်လက်ရာကြီးလေးခုနှင့် ခေတ်သစ်စာပေပညာရှင်တို့၏ လက်ရာများကို နှစ်သက်ကြောင်းလည်း ပြောကြားခဲ့သည်။ သူသည် နာမည်ကြီးတရုတ်ဝတ္ထု“ခန်းဆောင်နီအိပ်မက်”ကို မြန်မာဘာသာသို့ပြန်ဆိုခဲ့သည့်အပြင် မြန်မာဘာသာသို့ ပြန်ဆိုထုတ်ဝေခဲ့သည့် အခြားတရုတ်စာပေလက်ရာများလည်း ရှိပါသည်။ ယင်းတို့မှာ ချောင်ယွိ၏“နေထွက်ခြင်း”နှင့်“မိုးကြိုးနှင့်မိုး”၊ လောင်ဇီ၏“လက်ဖက်ရည်ဆိုင်”၊ ဟန်ဆုရင်း၏“ဒီရေမြင့်သစ် (သို့မဟုတ်) မော်စီတုန်းနှင့်တရုတ်တော်လှန်ရေး”နှင့် အဂ္ဂါစနိုး၏“တောင်များ၏တောင်ဘက်မှပင်လယ်များ၏မြောက်ဘက်သို့”စသည်တို့ ပါဝင်သည်။
ဆရာကြီးမြသန်းတင့်သည် အင်္ဂလိပ်ဘာသာဗားရှင်းကိုအခြေခံ၍“ခန်းဆောင်နီအိပ်မက်”ကို မြန်မာဘာသာပြန်ဆိုထားပြီး မြန်မာဘာသာပြန်တွင် အတွဲ၉တွဲ ပါဝင်ပါသည်။ ဆရာကြီးမြသန်းတင့်သည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး မြန်မာစာပေတွင် အခြေခံအုတ်မြစ်ခိုင်ခိုင်မာမာရှိကာ ဘာသာပြန်ကျွမ်းကျင်ပြီး ဘာသာပြန်အတွေ့အကြုံများ ကြွယ်ဝသော်လည်း တရုတ်စာကို နားမလည်ပေ။ “ခန်းဆောင်နီအိပ်မက်”ကို ဘာသာပြန်ဆိုခြင်းသည် ဆရာကြီးမြသန်းတင့်အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်။ ကျွန်တော်သည် ဆရာကြီးမြသန်းတင့်အား “ဘာသာပြန်ရာတွင် မူရင်းစာအုပ်၏ အကြောင်းအရာနှင့် အဓိပ္ပာယ်မှန်ကို မှန်ကန်စွာ ဘယ်လိုလုပ်ဆောင်ပါသလဲ။”ဟု မေးမြန်းခဲ့ပါသည်။ ဆရာကြီးက မိမိသည် တရုတ်၏ ရှေးဟောင်းယဉ်ကျေးမှုနှင့်“ခန်းဆောင်နီအိပ်မက်”၏ လူမှုရေး၊ သမိုင်းအခြေခံနောက်ခံကို ပိုမိုနက်နဲစွာနားလည်နိုင်ရန်“ခန်းဆောင်နီအိပ်မက်”ကို မိတ်ဆက်ထားသော စာအုပ်များစွာ ဖတ်ရှုခဲ့သည်။ ထို့ပြင် တရုတ်ဘာသာကျွမ်းကျင်သည့် မြန်မာပြည်ရှိ တရုတ်လူမျိုးများအား“ခန်းဆောင်နီအိပ်မက်”၏ အနက်အဓိပ္ပာယ်ကို ရှင်းပြပေးစေပြီး ၎င်းဝတ္ထု၏ အဓိကအတွေးအခေါ်များနှင့် စာပေအဖွဲ့စည်းမှုများကို နားလည်နိုင်စေရန် ကြိုးပမ်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
“ခန်းဆောင်နီအိပ်မက်”တွင် အပြောင်မြောက်ဆုံးအကြောင်းအရာမှာ ကဗျာ၊ သီချင်း၊ သံစဉ်နှင့် ဘွဲ့သီချင်းတို့ ဖြစ်သည်။ သို့ရာတွင် ပြည်ပမှ ဘာသာပြန်သူများအတွက်ဆိုလျှင် ထိုအပိုင်းများသည် အခက်ခဲဆုံးဖြစ်မည်ဖြစ်သည်။ ဆရာကြီးမြသန်းတင့်သည် မူရင်းကဗျာ၊ သီချင်း၊ သံစဉ်နှင့် ဘွဲ့သီချင်းများ၏ အနက်အဓိပ္ပာယ်များကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ပြီးနောက်၌ မိမိ၏ စာပေလက်ရာအရည်အချင်းကို အသုံးချကာ ဖန်တီးမှုအသစ်ဖြင့် ဘာသာပြန်ခဲ့သည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုနှင့် စာပေအနုပညာအရသာများကိုလည်း ထည့်သွင်းပေါင်းစပ်ထားသဖြင့် ကဗျာ၊ သီချင်း၊ သံစဉ်နှင့် ဘွဲ့သီချင်းများ၏ မြန်မာဘာသာပြန်ဆိုခြင်းသည် မူရင်းအတိုင်းပင် လှပသည်။ မြန်မာစာပေပြန်ဆိုရေးအကဲဖြတ်သူများက ၎င်းကို အလွန်ခက်ခဲသည့်အလုပ်ဖြစ်ပြီး စွန့်ဦးတီထွင်မှု အလွန်ကြီးမားသည့် စွမ်းဆောင်မှုတစ်ရပ် ဖြစ်သည်ဟု ချီးမွမ်းထားကြသည်။ ဆရာကြီးမြသန်းတင့်၏ ဘာသာပြန်အရည်အချင်းနှင့် အနုပညာဆိုင်ရာအောင်မြင်မှုတို့သည် နောင်လာနောက်သားများ ကျော်တက်ရန်ခက်ခဲသော အမြင့်သို့ရောက်ရှိနေသည်ဟု ယူဆကြသည်။ “ခန်းဆောင်နီအိပ်မက်”ကို မြန်မာဘာသာပြန်ထုတ်ဝေခဲ့သည့်နှစ်တွင် ဆရာကြီးမြသန်းတင့်သည် နိုင်ငံ၏ အမြင့်ဆုံးသော အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆုကို ထပ်မံရရှိခဲ့သည်။
ကျွန်တော်နှင့် ထိတွေ့ဆက်ဆံဖူးသော မြန်မာစာရေးဆရာများထဲတွင် ဆရာကြီးမြသန်းတင့်သည် အကြီးမြတ်ဆုံးသော မြန်မာစာရေးဆရာကြီးပင် ဖြစ်ပါသည်။ သူသည် တရုတ်- မြန်မာယဉ်ကျေးမှုဖလှယ်မှုကို စိတ်အားထက်သန်စွာ ဆောင်ရွက်သူဖြစ်သလို ပေါက်ဖော်ချစ်ကြည်ရေးကို တက်ကြွစွာ မြှင့်တင်သူလည်း ဖြစ်သည်။ ဆရာကြီးမြသန်းတင့်ကို ၁၉၂၉ခုနှစ် မေလ ၂၃ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၉၈ခုနှစ် ဖေဖော်ဝါရီ ၁၈ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၉)နှစ်ရှိပြီ ဖြစ်သည်။ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅)နှစ်မြောက် အထိမ်းအမှတ်ချစ်ကြည်ရေးဆောင်းပါးများ ဖိတ်ခေါ်ရေးသားသည့်အချိန်တွင် မြန်မာစာပေပညာရှင်ဆရာကြီးတစ်ဦးဖြစ်သည့်အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးသံတမန်တစ်ဦးလည်းဖြစ်သည့် ဆရာကြီးမြသန်းတင့်အား ဂုဏ်ပြုသောအားဖြင့် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။
ယဉ်ကျေးမှုဖလှယ်မှုများသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်မှုကို တိုးပွားစေပြီး ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုသည် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးရှိစေပါသည်။ တရုတ်-မြန်မာချစ်ကြည်ရေး ဆက်ဆံရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ပေကျင်းမြို့ရှိ လင်ကွမ်းဘုရားကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်သည် ၁၉၅၆ခုနှစ်၊ ၁၉၉၄ခုနှစ်၊ ၁၉၉၆ခုနှစ်နှင့် ၂၀၁၁ခုနှစ်တို့တွင် မြန်မာနိုင်ငံသို့ လေးကြိမ်တိုင်တိုင် ဒေသစာရီကြွချီတော်မူခဲ့ပါသည်။ ဤသည်မှာ မြန်မာနိုင်ငံ၏ ကိုးကွယ်ယုံကြည်သူအများစု၏ ဗုဒ္ဓသံယောဇဉ်ရေစက်ဖြစ်ပြီး ပါဝင်ဆောင်ရွက်သူအားလုံး၏ ဗုဒ္ဓသံယောဇဉ်ရေစက်လည်း ဖြစ်ပါသည်။
၂၀၁၁ခုနှစ်တွင် ပင့်ဖိတ်ချက်အရ ဗုဒ္ဓမြတ်စွယ်တော်သည် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် ဒေသစာရီကြွချီတော်မူခဲ့ပါသည်။ ချစ်ကြည်ရင်းနှီးသော ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုအထိမ်းအမှတ်အဖြစ် ဤကြီးကျယ်ခမ်းနားသော အခမ်းအနားသို့ ပါဝင်တက်ရောက်ခွင့်ရခဲ့ပြီး သတင်းဖော်ပြရခြင်းအတွက် ဂုဏ်ယူမိခဲ့ပါသည်။ ထိုနေ့တွင် ကျွန်တော်သည် ရန်ကုန်လေဆိပ်သို့ စောစီးစွာ ရောက်လာခဲ့ပါသည်။ ဗုဒ္ဓမြတ်စွယ်တော်ကို သယ်ဆောင်လာသည့် အထူးလေယာဉ်ရောက်ရှိလာခြင်းကို ကြိုဆိုရန်အတွက် အဝတ်အစားများကောင်းမွန်သပ်ရပ်စွာ ဝတ်ဆင်ပြီး တန်းစီနေသော လူထောင်ပေါင်းများစွာကို တွေ့ခဲ့ရပါသည်။ ဗုဒ္ဓမြတ်စွယ်တော်အား ကြိုဆိုသည့်ခမ်းနားသော မြင်ကွင်းကို ကျွန်တော်တွေ့မြင်ခဲ့ရပြီး အလွန်ကြီးကျယ်ခမ်းနားပြီး အံ့ဩကြည်ညိုစရာ ကောင်းလှပါသည်။ ကျွန်တော်ယနေ့ထိတိုင် မှတ်မိနေဆဲ ဖြစ်ပါသည်။ ထိုနေ့တွင် ဗုဒ္ဓမြတ်စွယ်တော်အား ရတနာရထားယာဉ်ပေါ်သို့ ပင့်ဆောင်ပြီး ရန်ကုန်လေဆိပ်မှ ကိန်းဝပ်စံပယ်မည့် ကမ္ဘာအေးစေတီတော်ဆီသို့ ပို့ဆောင်ခဲ့သည်။ကီလိုမီတာများစွာ ကွာဝေးသော လမ်းတစ်လျှောက်တွင် လမ်းနှစ်ဖက်စလုံးမှ သိန်းနှင့်ချီသော ကိုးကွယ်ယုံကြည်သူများသည် ပန်းများနှင့် သာသနာ့အလံများကို ကိုင်ဆောင်လျက် ဗုဒ္ဓမြတ်စွယ်တော်အား ရိုသေစွာ ဒူးထောက်ရှိခိုးဦးချဖူးမြော်ကြပါသည်။
ဗုဒ္ဓမြတ်စွယ်တော် ရန်ကုန်မြို့၌ ကိန်းဝပ်စံပယ်တော်မူသည့် ကာလများအတွင်း နေ့စဉ်သောင်းနှင့်ချီသော ပြည်သူများသည် ကမ္ဘာအေးစေတီသို့ လာရောက်ဖူးမြော်ကြသည်။ ဗုဒ္ဓမြတ်စွယ်တော်အား လာရောက်ဖူးမြော်သည့် မြန်မာဗုဒ္ဓဘာသာယုံကြည်သူတစ်ဦးကလည်း“ကြည့်ပါဦး၊ ဒီလူအုပ်ကြီးဟာ ကြည်ညိုလေးစားမှုတွေနဲ့ ပြည့်နေပြီး ယုံကြည်သူတွေ ဆုတောင်းတဲ့ ကြီးကျယ်တဲ့ ကုသိုလ်နဲ့ ကျေနပ်မှုပဲ”လို့ ပြောကြားခဲ့ပါသည်။ဗုဒ္ဓမြတ်စွယ်တော်အား လာရောက်ဖူးမြော်သည့် မြန်မာမိတ်ဆွေတစ်ဦးက“မြန်မာပြည်သူပြည်သားများ ငြိမ်းချမ်းသာယာပါစေကြောင်း ဗုဒ္ဓမြတ်စွာဘုရားထံ ရိုသေစွာဆုတောင်းမေတ္တာပို့သရင်း ဗုဒ္ဓမြတ်စွယ်တော်ကုသိုလ်တရားများသည် ပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြောင်းလဲမှုအောင်မြင်ခြင်းနှင့် တစ်နိုင်ငံလုံးအေးချမ်းတည်ငြိမ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်”ဟု ဆုတောင်းပေးခဲ့သည်။
မြန်မာနိုင်ငံမှာ သတင်းထောက်အဖြစ် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ရင်း ဧရာဝတီမြစ်ကမ်းပါးမှာ ရပ်ပြီး မြစ်ကမ်းစပ်မှာ ရွက်လွှင့်နေသည့် လှေများနှင့် မြစ်ရေစီးကြောင်းကို ကြည့်ရှုခံစားခွင့်ရခဲ့ပါသည်။ ထိုအခိုက်အတန့်တိုင်း၌ အမိနိုင်ငံမြောက်ပိုင်းက ရှည်လျားတဲ့ယန်စီမြစ်ကို သတိရလာပြီး ဝန်ကြီးချုပ်ချူအင်လိုင်းနှင့်အတူ ဒုတိယဝန်ကြီးချုပ်ချင်ယီ မြန်မာနိုင်ငံသို့လာရောက်လည်ပတ်စဉ် ရေးဖွဲ့ခဲ့သည့်“ကျွန်ုပ်က မြစ်ညာမှာနေပြီး၊အဆွေတော်က မြစ်အကြေမှာနေ။ တစ်မြစ်ထဲကရေကို အတူသောက်သုံး၊ အပြန်အလှန်သံယောဇဉ်အနန္တ။”ဟူသော ကဗျာကို အမြဲတမ်းတနေပါသည်။ ဤခမ်းနားထည်ဝါသောကဗျာသည် ကမ္ဘာနှင့်အဝန်း ချစ်ကြည်ရင်းနှီးမှုနှင့် ချစ်ကြည်ရင်းနှီးမှု၏ အမှန်တရားကို ပြသသည်။တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အစဉ်အလာသည် ယန်စီမြစ်နှင့် ဧရာဝတီမြစ်တို့ကဲ့သို့ နှစ်နိုင်ငံပြည်သူများ၏ နှလုံးသားထဲတွင် မျိုးဆက်တစ်ခုမှတစ်ခုသို့အဆက်မပြတ်စီးဆင်းနေပြီးရှေ့သို့လည်းတဟုန်ထိုးစီးဆင်းလျက်ရှိနေပါသည်။