> 首页 > 文旅

《胞波心语——中缅建交75周年故事集》特别专栏丨【优秀奖】中文课上的缅甸蒲桃

优秀奖

中文课上的缅甸蒲桃

曼德勒新世纪国际中文学校教师 韦汉琳

作为一名汉语老师,我常常在课堂上给孩子们讲述“托物言志”这种充满韵味的写作手法。记得那天,刚教完《爱莲说》,我便布置大家写一篇托物言志的小短文。孩子们一个个抓耳挠腮,苦思冥想。此时,瓦城的烈日正毫不留情地炙烤着教室的屋顶,后排的吴敏敏突然高高地举起了手,兴奋地说:“老师,周敦颐写莲花,我们能写缅甸的Padauk(蒲桃,学名:黄香楝花)吗?”顺着她手指的方向,我看到她发间别着一小簇金黄的花朵,那正是泼水节前后在缅甸随处可见、肆意盛放的蒲桃花。那一刻,我仿佛看到了一扇通往中缅文化交融、胞波情谊升温的大门正缓缓打开。

花瓣串语法,编织中缅情感纽带

第二节课,我从校园里的蒲桃树上精心摘下一枝鹅黄色的蒲桃花,带到课堂上。我笑着对孩子们说:“大家仔细观察蒲桃花的特性,然后用‘虽然……但是……’这个句式来造句。”只见穿着传统笼基的建豪,眼睛紧紧盯着那朵已经有些半蔫的花,认真地说:“虽然蒲桃明天就会凋谢,但是它今天开得像我穿筒裙的阿姐一样好看。”在缅甸,筒裙是姑娘们日常穿着,承载着家庭与民族的美,建豪把蒲桃花与穿筒裙的阿姐相比,巧妙地将蒲桃与家庭情感联系在了一起。

再看把黄香楝涂成两片叶子形状抹在脸颊的欣欣,她轻轻对着阳光端详着花瓣,温柔地说:“虽然蒲桃花开得很小,但是它的香气会一直留在我心里,就像老师教我的知识一样。”敏敏回想蒲桃树干上旋转的花纹,轻轻地笑道:“虽然汉字比缅文难,但是像蒲桃木纹,越刻越有味道。”

我突然明白,汉语的种子,并不在堆积如山的题库里,而在让蒲桃花影爬上作业本的横线上,让蝉鸣押韵“的地得”的平仄中。就如同蒲桃花,香气虽淡,却能长久萦绕,汉语学习虽难,但日后会成为他们珍贵的财富,中缅之间的情感纽带便在这字里行间悄然编织。

汉字解剖课,深植中缅文化交融之根

汉字教学,生字生词是重点。我常常会给孩子们讲解形声字里形旁的含义,帮助他们区分错别字。有一次讲到“木”字旁,我以蒲桃木为例,和孩子们一起拆解蒲桃木的“命运”。我指着黑板说:“瞧,‘板’是木的反叛,它宁愿被斧削成扁平,成为实用的工具;‘床’是木的慈悲,它驮起所有流浪的梦,给人们带来温暖与安宁;而‘休’字最妙——人靠在木旁,便有了片刻清凉,仿佛忙碌一天后在大树下乘凉。”孩子们似懂非懂地点点头,发丝间漏下的光斑在纸上欢快地跳动。

这时,敏敏忽然眼睛一亮,问道:“那‘树’字呢?‘又’‘寸’‘木’凑在一起,是不是说,木头一次次被丈量,才能长成树?”满堂哄笑中,我不禁陷入了沉思。窗外蒲桃的老枝正把影子投进教室,仿佛一位旁听的退休教授,褶皱里藏着一季又一季落花的教案。敏敏的这个问题,不仅仅是对汉字结构的思考,更是中缅文化在思维层面的交流。在汉语的世界里,孩子们用独特的视角解读汉字,而这些解读又融入了他们对缅甸自然事物的观察,中缅文化在这小小的汉字课堂上相互交融、相互影响,为中缅胞波情谊的深厚发展埋下了文化的种子。

跨文化花开,绽放中缅友谊绚丽之花

在课堂上,我们一起学习《诗经》首篇《关雎》:“关关雎鸠,在河之洲——”教室里的“窈窕淑女”和“青青子衿”们,声韵琅琅,放声诵读。那高低错落的读书声,如同风起时落进书页的花瓣,恰似四声标注:一朵阴平,两瓣阳平,三片拐着上声的旋,而整场花雨,都是去声的叹息,慨叹着青葱岁月的匆匆。这不仅仅是一堂汉语课,更是一场中缅文化交融的盛宴。

为了学习“比兴”手法,我布置了相关的小练笔。欣欣写道:“大金塔后面的蒲桃,开花时像佛陀身边的天女在撒金币。”在缅甸,大金塔是神圣的象征,蒲桃开花如同天女撒金币,将缅甸的宗教文化与蒲桃的美丽相结合,再用汉语生动地表达出来,这是中缅文化在文学创作中的完美融合。建豪则写道:“蒲桃像我们寨子里面的老井,旱季沉默不说话,雨季就涌出了歌。”蒲桃与寨子里的老井相联系,老井是缅甸乡村生活的象征,承载着人们的记忆与情感,建豪用汉语赋予了蒲桃这样的文化内涵,让汉语充满了缅甸的生活气息。

批改作业时,我的红笔悬在半空,心中感慨万千。语言不过是容器,而孩子们用汉语盛放的是各自文化的晨露。这些被缅甸太阳晒过的汉语,终将长出紫檀般的异色年轮,一圈又一圈,年年复年年。这些句子,是用汉语的根,开出缅甸的花。汉语教学就像一座桥梁,让中缅两国的孩子们在交流中相互了解、相互欣赏,让中缅胞波情谊在文化的滋养下,如蒲桃花般绚丽绽放,年年芬芳。


ထူးချွန်ဆု

တရုတ်ဘာသာစာသင်ခန်းထဲက မြန်မာပိတောက်ပန်း

Wei Hanlin

ဆရာမ၊ မန္တလေးရာစုသစ်ကိုယ်ပိုင်အထက်တန်းကျောင်း (CPEC)

တရုတ်ဘာသာစကားဆရာမတစ်ဦးအနေဖြင့် ကျွန်မသည် စာသင်ခန်းထဲတွင် ကျောင်းသူ၊ ကျောင်းသားများကို“အရာဝတ္ထုတစ်ခုကို အသုံးပြု၍ အတွေးများကိုဖော်ပြခြင်း”ဟူသော အနက်အဓိပ္ပာယ်ရှိသည့် စာပေရေးသားနည်းစနစ်ကို မကြာခဏ သင်ကြားပြသလေ့ရှိပါသည်။ ထိုနေ့က“ကြာပန်းကိုချစ်မြတ်နိုးခြင်း”ဆောင်းပါးကို သင်ကြားပြီးနောက်တွင် ကျွန်မသည် ကလေးများအား အရာဝတ္ထုတစ်ခုကို အသုံးပြု၍ အတွေးများကို ဖော်ပြသည့် ဆောင်းပါးတိုတစ်ပုဒ် ရေးသားရန် တာဝန်ပေးလိုက်ပါသည်။ ကလေးများသည် ခေါင်းကိုကုတ်ကာ စဉ်းစားသွားကြပါသည်။ ထိုအချိန်တွင် စာသင်ခန်းခေါင်မိုးထပ်ပေါ်သို့ မန္တလေးမြို့၏ ပြင်းထန်သော နေရောင်ခြည်က ဖြာကျလျက်ရှိနေသောကြောင့် အားလုံးလည်း ချွေးတလုံးလုံးနှင့် ဖြစ်နေကြစဉ် စာသင်ခန်း၏ နောက်ဆုံးတန်းက ဝူမင်မင်သည် လက်ထောင်ကာ စိတ်လှုပ်ရှားစွာဖြင့်“ဆရာမ… ကျိုးသွန်းရီက ကြာပန်းအကြောင်းရေးတယ်ဆိုတော့ ကျွန်မတို့က မြန်မာပိတောက်ပန်းအကြောင်း ရေးလို့ရမလား”ဟု သူ့ခေါင်းကို လက်ညှိုးထိုးပြရင်း မေးပါသည်။ သူလက်ညှိုးထိုးပြရာသို့ ကျွန်မကြည့်လိုက်သောအခါ သူ၏ဆံကေသာပေါ်တွင် ရွှေဝါရောင်ပန်းပွင့်လေးအချို့ကို စည်း၍ ညှပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုပန်းပွင့်လေးများမှာ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံအနှံ့အပြား၌ ပွင့်လေ့ရှိသော ပိတောက်ပန်းများပင် ဖြစ်ပါသည်။ ထိုအချိန်တွင် ကျွန်မသည် တရုတ်နှင့် မြန်မာ ယဉ်ကျေးမှုပေါင်းစည်းခြင်းနှင့် ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်တိုးပွားလာမည့် တံခါးတစ်ချပ် တဖြည်းဖြည်းချင်း ပွင့်လာတာကို မြင်လိုက်ရသလို ခံစားလိုက်ရပါသည်။

ပန်းပွင့်များကို သီကုံးအလှဆင်သကဲ့သို့ ဝါကျဖွဲ့နည်းများဖြင့် တရုတ်နှင့် မြန်မာချစ်ကြည်ရင်းနှီးမှု နှောင်ကြိုးကို ရက်လုပ်ခြင်း

ဒုတိယစာသင်ချိန်တွင် ကျွန်မသည် ကျောင်းဝင်းအတွင်းရှိ ပိတောက်ပင်ပေါ်က ရွှေဝါရောင်ပိတောက်ပန်းတစ်ခက်ကို ကျကျနနခူးလိုက်ပြီး စာသင်ခန်းထဲသို့ ယူဆောင်လာပါသည်။ ကျွန်မသည် ကလေးများကို“ပိတောက်ပန်းရဲ့သဘာဝကို သေသေချာချာလေ့လာပြီး ‘...သော်လည်း...’ဆိုတဲ့ ဝါကျပုံစံနဲ့ ဝါကျဖွဲ့ကြည့်ကြပါ”ဟု ပြုံးရင်းပြောလိုက်ပါသည်။ အမြဲတစေ ရိုးရာလုံချည်ဝတ်ဆင်လေ့ရှိသော ကျန်းဟောက်သည် ပန်းပွင့်ကို အာရုံစူးစိုက်စွာကြည့်ရင်း “ပိတောက်ပန်းသည် မနက်ဖြန်ဆိုလျှင် ညှိုးနွမ်းသွားနိုင်သော်လည်း ယနေ့တွင်မူ ပန်းပွင့်လုံချည်ဝတ်ဆင်ထားသော ကျွန်တော့အစ်မကဲ့သို့ပင် လှပနေပါသည်”ဟု သူ၏ဝါကျကို စိတ်ဝင်တစားဖွဲ့ပြပါသည်။ မြန်မာနိုင်ငံတွင် နေ့စဉ်လုံချည်ဝတ်ဆင်သည့်မိန်းကလေးများသည် သူတို့၏မိသားစုနှင့် လူမျိုး၏ အလှတရားကို ထင်ဟပ်စေပါသည်။ ကျန်းဟောက်၏ ဝါကျသည် ပိတောက်ပန်းနှင့် လုံချည်ဝတ်ဆင်ထားသော သူ့အစ်မ၏ အလှတရားကို နှိုင်းယှဉ်ထားပြီး ပိတောက်ပန်းနှင့် မြန်မာမိသားစုတို့၏ဘဝကို လှပစွာ ချိတ်ဆက်ပြထားသည်ဟု ကျွန်မခံစားမိလိုက်ပါသည်။

ထို့နောက် ပါးနှစ်ဖက်ပေါ်တွင် သစ်ရွက်ပုံဖော်၍ သနပ်ခါးလိမ်းထားသော ရှင်ရှင်သည် နေရောင်အောက်တွင် ပန်းပွင့်ကို သေချာစွာကြည့်ရင်း “ပိတောက်ပန်း ကသေးငယ်သော်လည်း သူ၏ရနံ့မှာ ကျွန်မစိတ်ထဲတွင် ဆရာမသင်ကြားပေးသော အသိပညာများကဲ့သို့ အမြဲတမ်းကျန်ရစ်နေလိမ့်မည်”ဟု သူ၏ဝါကျကို နူးနူးညံ့ညံ့ကလေး ဖွဲ့ပြလာပါသည်။ မင်မင်ကမူ ပိတောက်ပင်စည်၏ အရစ်အဝိုင်းများကို ပြန်လည်စဉ်းစားရင်း “တရုတ်စာလုံးများသည် မြန်မာစာလုံးများထက်ခက်ခဲသော်လည်း ပိတောက်သား၏ အရစ်အဝိုင်းကလေးများကဲ့သို့ လေ့လာလေလေ စိတ်ဝင်စားစရာကောင်းလေလေဖြစ်သည်”ဟု သူ၏ဝါကျကို ဖြည်းညင်းစွာ ပြောပါသည်။

ထိုအချိန်တွင် ကျွန်မ ရုတ်တရက်နားလည်သဘောပေါက်သကဲ့သို့ ဖြစ်သွားသည်မှာ တရုတ်ဘာသာစကားလေ့လာမှု၏ အခြေခံသည် စာမေးပွဲမေးခွန်းများစွာ စုဆောင်းထားသည့် စာအုပ်များထဲတွင်မရှိဘဲ အိမ်စာစာအုပ်များပေါ်တွင် ဖြာကျနေသည့် ပိတောက်ပန်းရိပ်များထဲ၊ ပတ်ဝန်းကျင်တွင် ကြားနေရသော ပုရစ်ကလေးများ၏ စီစီညံညံအသံများနှင့်“的、地、得”စသည့် တရုတ်စကားလုံးများ၏ အသံထွက်များကို စည်းချက်ညီညီဆိုစေသည့် အထဲတို့တွင် ရှိနေသည်ဟူသော အတွေးပင် ဖြစ်ပေသည်။ ပိတောက်ပန်းများ၏ ရနံ့သည် သင်းသင်းလေးသာ ရှိပေမယ့် ကြာရှည်စွာ စွဲကျန်နေနိုင်သလို တရုတ်ဘာသာစကားသင်ယူခြင်းသည် ခက်ခဲသော်လည်း နောင်တွင် ၎င်းတို့အတွက် တန်ဖိုးမဖြတ်နိုင်ဖြစ်လာမည်ပင်ဖြစ်သည်။ တရုတ်နှင့် မြန်မာ ချစ်ကြည်ရေးနှောင်ကြိုးသည်လည်း ထိုစာလုံးများကြားတွင် တိတ်တဆိတ် ယှက်ဖွဲ့လျက်ရှိပေသည်။

တရုတ်စာလုံးများကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းဖြင့် တရုတ်နှင့် မြန်မာ ယဉ်ကျေးမှုပေါင်းစည်းရေး အခြေခံအုတ်မြစ်ကို ခိုင်မာစွာ တည်ဆောက်ခြင်း

တရုတ်စာလုံးများကို သင်ကြားရာတွင် စကားလုံးနှင့် ဝေါဟာရများ ဖြစ်ပေါ်လာပုံသည် အဓိကကျသည်။ ပုံသဏ္ဌာန်နှင့် အသံနှစ်မျိုးလုံး ပါဝင်သော စာလုံးများတွင် ပုံသဏ္ဌာန်နှင့် ဆက်စပ်နေသည့် အဓိပ္ပာယ်များကို ကျွန်မက ကလေးများကို မကြာခဏ ရှင်းပြပေးလေ့ရှိပါသည်။ တစ်နေ့တွင်“သစ်သား(木)”ဟူသော ပုံသဏ္ဌာန်နှင့် ဆက်စပ်နေသော စာလုံးကို သင်ကြားရာတွင် ကျွန်မသည် ပိတောက်သားကို ဥပမာအဖြစ်ထားပြီး ကလေးများနှင့်အတူ ထိုစကားလုံး၏“သဘောသဘာဝ”ကို ခွဲခြမ်းစိတ်ဖြာ ကြည့်ကြသည်။ ကျွန်မက ကျောက်သင်ပုန်းကို ညွှန်ပြရင်း“ဒီမှာကြည့်၊‘ကျောက်သင်ပုန်း(板)’ဆိုတာ သစ်သားရဲ့ မူလသဘာဝကို စတေးလိုက်တာပဲ။ သစ်သားဟာ သူ့ကိုယ်သူ ပြားချပ်သွားအောင် ဖြတ်တောက် ထုဆစ်တာတွေ ခံပြီး တခြားပုံစံတစ်မျိုးနဲ့ အသုံးဝင်တဲ့ ပစ္စည်းတစ်ခု ဖြစ်လာစေတယ်။ ‘ကုတင်(床)’ဆိုတာကတော့ သစ်သားရဲ့ ကရုဏာတရားပဲ။ သူက လမ်းပျောက်နေတဲ့ အိပ်မက်တွေကို ထမ်းပိုးထားပြီး လူတွေကို နွေးထွေးမှုနှင့် ငြိမ်းချမ်းမှုတွေကို ယူဆောင်ပေးတယ်။‘အနားယူ(休)’ဆိုတဲ့ စာလုံးကတော့ အဲဒီအထဲမှာ အကောင်းဆုံးပဲ။ လူဟာ သစ်ပင်ကို မှီလိုက်တာနဲ့ အဲဒီမှီခိုနေတဲ့ခဏအတွက် အေးမြမှုကို ရရှိစေမှာပဲ။ နေ့တိုင်းအလုပ်တွေ အများကြီးလုပ်ပြီးသွားတဲ့အခါ သစ်ပင်ကြီးအောက်မှာ အနားယူလိုက်ရသလိုပဲဆိုတာကို ဒီစကားလုံးကဖော်ပြနေတယ်”စသည်ဖြင့် ကျွန်မရှင်းပြလိုက်သည့်အခါ ကလေးများသည် နားလည်သွားပြီး သူတို့၏ ခေါင်းကလေးများကို တညိတ်ညိတ် လုပ်နေကြတော့သည်။ ထိုစဉ် သူတို့၏ ဆံပင်များပေါ်သို့ ကျရောက်နေသော အလင်းရောင်များကတစ်ဆင့် အရိပ်ကလေးများသည်လည်း စာရွက်ပေါ်တွင် လှုပ်ရှားနေကြပါသည်။

ထိုအချိန်တွင် မင်မင်သည် ရုတ်တရက်မျက်လုံးအပြူးသားဖြင့်“ဆရာမ၊‘သစ်ပင်(树)’ဆိုတဲ့ စာလုံးကရော။ အဲဒီစာလုံးက‘ထပ်(又)’၊‘လက်မ(寸)’၊‘သစ်သား(木)’ဆိုတဲ့ စာလုံးတွေကို ပေါင်းထားတာလား။ သဘောက သစ်သားတုံးတွေကို အကြိမ်ကြိမ် စုပုံထပ်ပြီးတော့မှ သစ်ပင်ကြီးဖြစ်လာနိုင်သလား”ဟု မေးလိုက်ရာ စာသင်ခန်းတစ်ခန်းလုံး ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့သည်။ ကျွန်မလည်း ရုတ်တရက် အတွေးနယ်ချဲ့မိသွားသည်။ ပြတင်းပေါက်၏ အပြင်ဘက်တွင်ရှိသော ပိတောက်ပင်ကြီး၏ အကိုင်းအခက်များသည် စာသင်ခန်းအတွင်းသို့ အရိပ်ထိုးနေသည်။ ယင်းမှာ ရာသီတစ်ခုပြီးတစ်ခု ဖူးပွင့်နေသော ပန်းပွင့်များသည် သင်ခန်းစာများအဖြစ် ဥပမာဆောင်လျက် ဗဟုသုတများ ပြည့်လျှံနေသည့် အငြိမ်းစားပါမောက္ခကြီးတစ်ဦးက နားထောင်နေသကဲ့သို့ ဖြစ်ပေသည်။ မင်မင်၏ မေးခွန်းသည် တရုတ်စာလုံးဖွဲ့စည်းပုံကို အခြေခံ၍ တွေးခြင်းဖြစ်ရုံသာမက တရုတ်နှင့် မြန်မာ ယဉ်ကျေးမှုအခြေခံအတွေးအခေါ်ပိုင်းတွင် အပြန်အလှန် ဖလှယ်မှုကိုလည်း ဖြစ်စေသည်။ တရုတ်ဘာသာစကားကမ္ဘာထဲတွင် ကလေးများသည် တရုတ်စာလုံးများကို ထူးခြားသောအမြင်ဖြင့် အဓိပ္ပာယ်ကောက်ယူကြသည်။ ထိုအဓိပ္ပာယ်ကောက်ယူမှုများသည် ၎င်းတို့ မြန်မာနိုင်ငံ၌ သဘာဝအလျောက်ရှိနေသည့် အရာများနှင့် ပေါင်းစပ်ရှုမြင်သည့် အမြင်ဖြစ်သည်။ တရုတ်နှင့် မြန်မာတို့၏ ယဉ်ကျေးမှုများသည် ဤသေးငယ်သော တရုတ်စာစာသင်ခန်းအတွင်း အပြန်အလှန် ပေါင်းစည်းလျက်ရှိနေပြီး တရုတ်နှင့် မြန်မာတို့ကြားက ဆွေမျိုးပေါက်ဖော်စိတ်ဓာတ်ကို နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်စေရန် ယဉ်ကျေးမှုမျိုးစေ့များ ချပေးလိုက်သည်နှင့် တူနေပေတော့သည်။

ယဉ်ကျေးမှုများ ပွင့်လန်းခြင်း - တရုတ်နှင့် မြန်မာ ချစ်ကြည်ရေးပန်း ပွင့်လန်းခြင်း

စာသင်ခန်းထဲတွင် ကျွန်မတို့သည် “ကဗျာကျမ်း”၏ ပထမဆုံးအပုဒ်ဖြစ်သော “ကွမ်းကွမ်းမြည်သော ချိုးငှက်ငယ်” ကဗျာပါ “ကွမ်းကွမ်းမြည်သော ချိုးငှက်ငယ်ကလေးများ၊ မြစ်ကမ်းပါးတွင် နားနေကြ၏...”ဟူသော စာသားများကို အတူတကွ လေ့လာနေကြသည်။ စာသင်ခန်းထဲရှိ“အိန္ဒြေရလှပတဲ့မိန်းကလေး”များနှင့်“ရိုးသားကြိုးစားတဲ့လူငယ်လေး”များသည် စာသားများကို ချောမွေ့စွာ ရွတ်ဆိုနေကြသည်။

၎င်းတို့၏ အသံအနိမ့်အမြင့်တို့ဖြင့် စည်းချက်ညီညီရွတ်ဆိုနေသော စာဖတ်သံများသည် လေတိုက်သောအခါ စာရွက်များပေါ်သို့ ကျရောက်လာသော ပန်းပွင့်ဖတ်များကဲ့သို့ လှပနေပြီး လေယူလေသိမ်း(၄)မျိုးကို မှတ်သားထားသကဲ့သို့ ဖြစ်နေပါသည်။ ပထမအသံအတွက် ပန်းပွင့်တစ်ဖတ်၊ ဒုတိယအသံအတွက် ပန်းပွင့်နှစ်ဖတ်၊ အသံလိမ်ပြီး အထက်သို့ တက်သွားသော တတိယအသံအတွက် ပန်းပွင့်သုံးဖတ်၊ ပန်းမိုးတစ်ခုလုံးမှာ စတုတ္ထအသံ၏ သက်ပြင်းချသံဖြစ်ပြီး နုပျိုသော အရွယ်၏ လျင်မြန်စွာ ကုန်လွန်သွားခြင်းကို ညည်းညူနေသကဲ့သို့ ဖြစ်နေပါသည်။ ဤသည်မှာ တရုတ်ဘာသာသင်တန်းတစ်ခုသာမကဘဲ တရုတ်-မြန်မာ ယဉ်ကျေးမှုပေါင်းစည်းခြင်း၏ ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခုလည်း ဖြစ်ပါသည်။

“စိတ်ကူးဖြင့် နှိုင်းယှဉ်ခြင်း”ဟူသော နည်းစနစ်ကို လေ့လာရာ၌ အထောက်အကူပြုရန်အတွက် ဝါကျတစ်ခုစီ ရေးသားကြရန် ကျွန်မက ကလေးများကို တာဝန်ပေးလိုက်ပါသည်။ ရှင်ရှင်က “ရွှေတိဂုံစေတီတော် အနောက်ဘက်စောင်းတန်းအနီးရှိ ပိတောက်ပန်းများသည် အပွင့်ပွင့်သောအခါ ဗုဒ္ဓဘုရားရှင်၏ အနီးတွင်ရှိနေသော နတ်ကောင်းနတ်မြတ်များက ရွှေဒင်္ဂါးများ ကြဲချပေးနေသကဲ့သို့ဖြစ်သည်”ဟု ရေးလာသည်။ မြန်မာနိုင်ငံတွင် ရွှေတိဂုံဘုရားကို တန်ခိုးကြီး၍ မြင့်မြတ်သော အမှတ်သင်္ကေတအဖြစ် မှတ်ယူကြပါသည်။ ပိတောက်ပန်းသည် နတ်ကောင်းနတ်မြတ်များက ရွှေဒင်္ဂါးများကြဲချပေးနေသကဲ့သို့ ပွင့်လန်းနေသည်ဟု တင်စားထားသည်။ ဤသည်မှာ ဘာသာရေးယဉ်ကျေးမှုတန်ဖိုးနှင့် ပိတောက်ပန်း၏ အလှတရားကို ပေါင်းစပ်ကာ တရုတ်ဘာသာစကားဖြင့် အသက်ဝင်အောင် သရုပ်ဖော်ထားခြင်းပင် ဖြစ်ပါသည်။ ယင်းမှတစ်ဆင့်တက်၍ တွေးကြည့်သော် တရုတ်နှင့် မြန်မာတို့၏ ယဉ်ကျေးမှုသည် စာပေဖန်တီးမှုတွင် ပြီးပြည့်စုံစွာ ပေါင်းစည်းနိုင်ခြင်းဟု မှတ်ယူရပေမည်။ ကျန်းဟောက်က “ပိတောက်ပန်းသည် ကျွန်တော်တို့ ရွာရှိ ရေတွင်းအိုကဲ့သို့ ဖြစ်ပါသည်။ ပူပြင်းသော ရာသီတွင် တိတ်ဆိတ်စွာ ရှိနေတတ်ပြီး မိုးရာသီတွင် သီချင်းသံစဉ်များနှင့်အတူ ထွက်ပေါ်လာသည်”ဟု ရေးလာသည်။ ပိတောက်ပန်း၏ သဘာဝကို ရွာ၌ရှိသော ရေတွင်းအိုနှင့် ဆက်စပ်ကာ ဝါကျဖွဲ့ထားသည်။ ရေတွင်းအိုသည် မြန်မာကျေးလက်၏ အမှတ်သင်္ကေတဖြစ်ပြီး တောသူတောင်သားများ၏ အမှတ်တရများနှင့် စိတ်ခံစားမှုများကို သယ်ဆောင်ထားသည့် အရာတစ်ခုဖြစ်ပါသည်။ ကျန်းဟောက်က ပိတောက်ပန်းကို ဤကဲ့သို့ ယဉ်ကျေးမှုအဓိပ္ပာယ်များ ဖြည့်စွက်ကာ တရုတ်ဘာသာစကားဖြင့် ဝါကျဖွဲ့လိုက်သည်။ ဤသို့ဖြင့် တရုတ်ဘာသာစကားသည် မြန်မာ့လူနေမှုဘဝ၏ အသက်ဝင်မှုနှင့် ရောနှောသွားတော့သည်။

ကလေးများ၏ လေ့ကျင့်ခန်းများကို စစ်ဆေးနေစဉ် ကျွန်မ၏ အနီရောင်ဘောပင်ဟာ ရပ်တန့်နေပြီး ကျွန်မ၏ စိတ်ထဲတွင် ခံစားချက်များ ပြည့်နှက်နေပါသည်။ ဘာသာစကားဆိုတာ သူ့ချည်းဆိုလျှင် ခွက်တစ်ခုနဲ့တူပြီး ကလေးများဟာ နံနက်ခင်းနှင်းစက်များကို ထိုခွက်ထဲမှာ စုဆောင်းသကဲ့သို့ သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေကို တရုတ်ဘာသာစကားကို အသုံးပြုထည့်သွင်းမှ ပိုပြီးအဓိပ္ပာယ်ရှိလာပါသည်။ မြန်မာ့ယဉ်ကျေးမှုနေရောင်နှင့် ထိတွေ့ထားသည့် တရုတ်ဘာသာစကားသည် နောက်ဆုံးတွင် ပိတောက်ပင်စည်၏ ကန့်လန့်ဖြတ်မျက်နှာပြင်တွင်ရှိသည့် ထင်ရှားသော အရစ်အဝိုင်းကွင်းများကဲ့သို့ တစ်နှစ်ပြီးတစ်နှစ် တစ်ရစ်ပြီး တစ်ရစ် ပေါ်လာလိမ့်မည်ဟု တွေးနေမိပါသည်။ အဆိုပါဝါကျများသည် တရုတ်ဘာသာစကားအပင်မှ ဖူးပွင့်လာသော မြန်မာပန်းကလေးများသဖွယ် ဖြစ်ပါသည်။ တရုတ်ဘာသာစကားသင်ကြားမှုသည် တံတားတစ်စင်းကဲ့သို့ တရုတ်နှင့် မြန်မာနိုင်ငံမှ ကလေးများကို အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုရှိစေမည် ဖြစ်ပါသည်။ တရုတ်နှင့် မြန်မာလူမျိုးတို့အကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို ပိတောက်ပန်းများ ပွင့်ဖူးသကဲ့သို့ ယဉ်ကျေးမှု၏ အာဟာရဖြင့် လှပစွာ ပွင့်လန်းစေလျက် အစဉ်အမြဲ ရနံ့သင်းပျံ့နေစေမည် ဖြစ်ပါသည်။

分享到: